သော့ညပ်နေလို့ အတင်းကလန့်ပြီးဆွဲထုတ်ရင်း သော့ကျိုးပြီးကျန်ခဲ့ရင် ဖြေရှင်နိုင်မယ့် နည်းလမ်းများ

သော့ကျိုးတယ်ဆိုတာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ခုပါ ။ညပ်နေတဲ့သော့ကိုအားနဲ့လှည့်လိုက်မယ်ဆိုရင် ထက်ပိုင်းကျိုးသွားပြီး သော့တစ် ဝက် အထဲမှာပြတ်ကျန်ခဲ့တတ်ပါတယ်။ဒီလိုအခြေအနေမျိုးမှာ သော့ဝိဇ္ဇာခေါ်ပြီး ပြုပြင်လို့ပေမယ့် အတော်လေးတော့ အကုန် အကျများပါလိမ့်မယ်။ညဘက်တွေ ၊ အားလပ်ရပ်ပိတ်ရက်မျိုးတွေမှာ သော့ပျက်ခဲ့ရင်တော့ သောင်းချီကုန်ဖို့ပြင်ထားလိုက်တော့ ။ဒီတော့ သော့ဝိဇ္ဇာခေါ်စရာမလိုပဲ ကျိုးနေတဲ့သော့ကိုဘယ်လိုဆွဲထုတ်မလဲ ။ပထမနည်းလမ်းကတော့ ညပ်နေတဲ့ သော့ဂလောက်ထဲကို ဆီအနည်းငယ်လောင်းထည့်ပါ ။ ပြီးရင်တော့ ဇာကနာတစ်ခုနဲ့ အထဲမှာတစ်နေတဲ့သော့ကို ဖြည်းဖြည်းချင်းဆွဲထုတ်လိုက်ပါ ။ ဇာဂနာထိုးထည့်လို့မရလောက်အောင် ဟိုးအတွင်းပိုင်းထဲမှာ ညပ်နေတာလား ။ ဒါဆိုရင်လည်းစိတ်ပူဖို့မလိုပါဘူး ။

အပြင်မှာရှိနေတဲ့ကျိုးနေတဲ့သော့ထိပ်ကို စူပါဂလူးနဲ့သုတ်ပြီး အထဲကိုပြန်ထိုးထည့်ပြီးတော့ ကော်ခြောက်အောင်ထားလိုက်ပါ ။စူပါဂလူးခြောက်သွားတဲ့အခါ ကျိုးနေတဲ့သော့နှစ်ခုက ဆက်သွားပြီဖြစ်တဲ့အတွက် ဆွဲထုတ်လို့ရပါပြီ ။ ဒါပေမယ့်ဖြည်းညှင်းစွာထုတ်ဖို့လိုပါတယ် ။ဒီ နည်းလမ်းနှစ်ခုလုံးအလုပ်မဖြစ်ဘူးဆိုရင်တော့ နောက်ဆုံးနည်းလမ်းကိုအသုံးပြုကြည့်ပါ ။ ဒီနည်းလမ်းကတော့ အထစ်အထစ်တွေပါတဲ့သံခေါင်းအသေးစားလေးတစ်ခုကို သော့ထဲထိုးထည့်ပြီး ပြန်ဆွဲထုတ်တဲ့နည်းလမ်းလေးပါ ။ အထစ်အထစ်တွေရှိတဲ့ဘက်ကို သော့ရဲ့အသွားဘက်မှာမျက်နှာမူပြီး သံချောင်းကိုသော့ထဲထိုးထည့်လိုက်ပါ ။ ဒါဆိုရင် သော့ကအသွားတွေနဲ့ သံချောင်းက အသွားနဲ့ချိတ်မိပြီး အလွယ်တ ကူ ဆွဲထုတ်လို့ရသွားပါလိမ့်မယ်။သော့ဖွင့်ဖို့သော့အပိုမရှိရင်လည်း ဒီကျိုးနေတဲ့သော့နှစ်ခုကို ဆိုင်မှာ သွားပြပြီးတော့ သော့တူပွားလို့ရပါတယ် ။

Credit – Min Thu ( XYZ News )

[zawgyi]

ေသာ့က်ိဳးတယ္ဆိုတာ ျဖစ္ေလ့ျဖစ္ထရွိတဲ့ ကိစၥတစ္ခုပါ ။ညပ္ေနတဲ့ေသာ့ကိုအားနဲ႔လွည့္လိုက္မယ္ဆိုရင္ ထက္ပိုင္းက်ိဳးသြားၿပီး ေသာ့တစ္ဝက္ အထဲမွာျပတ္က်န္ခဲ့တတ္ပါတယ္။ဒီလိုအေျခအေနမ်ိဳးမွာ ေသာ့ဝိဇၨာေခၚၿပီး ျပဳျပင္လို႔ေပမယ့္ အေတာ္ေလးေတာ့ အကုန္အက်မ်ားပါလိမ့္မယ္။ညဘက္ေတြ ၊ အားလပ္ရပ္ပိတ္ရက္မ်ိဳးေတြမွာ ေသာ့ပ်က္ခဲ့ရင္ေတာ့ ေသာင္းခ်ီကုန္ဖို႔ျပင္ထားလိုက္ေတာ့ ။ဒီေတာ့ ေသာ့ဝိဇၨာေခၚစရာမလိုပဲ က်ိဳးေနတဲ့ေသာ့ကိုဘယ္လိုဆြဲထုတ္မလဲ ။ပထမနည္းလမ္းကေတာ့ ညပ္ေနတဲ့ ေသာ့ဂေလာက္ထဲကို ဆီအနည္းငယ္ေလာင္းထည့္ပါ ။ ၿပီးရင္ေတာ့ ဇာကနာတစ္ခုနဲ႔ အထဲမွာတစ္ေနတဲ့ေသာ့ကို ျဖည္းျဖည္းခ်င္းဆြဲထုတ္လိုက္ပါ ။ ဇာဂနာထိုးထည့္လို႔မရေလာက္ေအာင္ ဟိုးအတြင္းပိုင္းထဲမွာ ညပ္ေနတာလား ။ ဒါဆိုရင္လည္းစိတ္ပူဖို႔မလိုပါဘူး ။အျပင္မွာရွိေနတဲ့က်ိဳးေနတဲ့ေသာ့ထိပ္ကို စူပါဂလူးနဲ႔သုတ္ၿပီး အထဲကိုျပန္ထိုးထည့္ၿပီးေတာ့ ေကာ္ေျခာက္ေအာင္ထားလိုက္ပါ ။စူပါဂလူးေျခာက္သြားတဲ့အခါ က်ိဳးေနတဲ့ေသာ့ႏွစ္ခုက ဆက္သြားၿပီျဖစ္တဲ့အတြက္ ဆြဲထုတ္လို႔ရပါၿပီ ။ ဒါေပမယ့္ျဖည္းညႇင္းစြာထုတ္ဖို႔လိုပါတယ္ ။ဒီ နည္းလမ္းႏွစ္ခုလုံးအလုပ္မျဖစ္ဘူးဆိုရင္ေတာ့ ေနာက္ဆုံးနည္းလမ္းကိုအသုံးျပဳၾကည့္ပါ ။ ဒီနည္းလမ္းကေတာ့ အထစ္အထစ္ေတြပါတဲ့သံေခါင္းအေသးစားေလးတစ္ခုကို ေသာ့ထဲထိုးထည့္ၿပီး ျပန္ဆြဲထုတ္တဲ့နည္းလမ္းေလးပါ ။ အထစ္အထစ္ေတြရွိတဲ့ဘက္ကို ေသာ့ရဲ႕အသြားဘက္မွာမ်က္ႏွာမူၿပီး သံေခ်ာင္းကိုေသာ့ထဲထိုးထည့္လိုက္ပါ ။ ဒါဆိုရင္ ေသာ့ကအသြားေတြနဲ႔ သံေခ်ာင္းက အသြားနဲ႔ခ်ိတ္မိၿပီး အလြယ္တကူဆြဲထုတ္လို႔ရသြားပါလိမ့္မယ္။ေသာ့ဖြင့္ဖို႔ေသာ့အပိုမရွိရင္လည္း ဒီက်ိဳးေနတဲ့ေသာ့ႏွစ္ခုကို ဆိုင္မွာ သြားျပၿပီးေတာ့ ေသာ့တူပြားလို႔ရပါတယ္ ။