သံကိုကြွက်စား သားကိုစွန်ချီ

ရှေးအခါက လှေသူကြီးနဲ့ကုန်သည်တို့ဟာ ခင်ခင်မင်မင်နဲ့ အဆွေခင်ပွန်းများဖွဲ့ပြီး နေထိုင်ကြသတဲ့။ တစ်နေ့တော့ လှေသူကြီးဟာ သူ့မိတ် ဆွေကုန်သည်ရဲ့ သားကို သူ့လှေများမှာ အလုပ်သင်အဖြစ် လက်ခံထားတယ်။အဲဒီလိုလက်ခံပြီး ပညာသင်ပေးနေရင်းမှာပဲ တစ်နေ့တော့ သံဈေးတွေကျလာတာကြောင့် စီးပွားသမားသူကြီးဟာ နောင်များမှာ သူ့လှေများတွင် အသုံးပြုရန်အတွက် သံအမြောက်အမြားဝယ်ပြီးသူ့မိတ် ဆွေကုန်သည်ကြီးရဲ့ ကုန်သိုလှောင်ရုံမှာ သိမ်းထားခဲ့တယ်။အဲဒီနောက် လှေသူကြီးဟာ မြစ်ညာကိုဆန်ပြီး တက်သွားရသတဲ့။ ကံဆိုးချင်တော့ သံဈေးနှုန်းတွေဟာ လှေသူကြီးမရှိတော့တဲ့အချိန်မှာ အဆမတန်ဈေးတက်လာတယ်။ ဒါကြောင့် လောဘကြီးတဲ့မိတ်ဆွေကုန် သည်ကြီးဟာ သူကြီးရဲ့ သံများကို သူ့သဘောနဲ့ သူရောင်းပစ်လိုက်သတဲ့။ ဒီလိုနဲ့ လှေသူကြီးပြန်ရောက်လာတဲ့အခါမှာတော့ မိတ်ဆွေကုန်သည် ကြီးက ”သူငယ်ချင်းရေ၊ မင်းမရှိတုန်းမှာ သိုလှောင်ထားတဲ့သံတွေကို ကြွက်တွေကိုက်စားတာ ကုန်ပါရောကွာ”လို့ပြောလိုက်တာကြောင့် လှေသူကြီးလည်း တအံ့တဩဖြစ်ကာအလိမ်ခံရပြီဆိုတာ သိရှိလိုက်တယ်။ဒါပေမယ့် ပညာရှိတဲ့လှေသူ ကြီးဟာ သူ့ရဲ့ အတွင်းစိတ်ကိုဖုံး ကွယ်ရင်း တည်တည်ငြိမ်ငြိမ်နဲ့ပဲ ”အေးပေါ့ကွာ၊ ငါကလည်း မင်းကုန်လှောင်ရုံမှာ ကြွက်တွေသောင်းကျန်းနေတာသိဖို့ ကောင်းပါတယ် ”လို့ ကိုယ့်ကိုယ်ကိုပင် အပြစ်တင်တဲ့ပုံစံနဲ့ ပြောပြီး ပြန်လာခဲ့တယ်။အဲဒီနောက် လှေသူကြီးဟာ လိမ်ညာလှည့်ဖျားတတ်တဲ့ သူ့ရဲ့မိတ် ဆွေကုန် သည်ကြီးကို ပြန်လည်ဒဏ်ခတ်ဖို့အတွက် အချိန်ရတိုင်းကြံစည်တွေးတောနေတဲ့။ ဒီလိုနဲ့ ရက်အနည်းငယ်ကြာတဲ့အခါမှာတော့ လှေသူ ကြီးဟာ မြစ်ညာကိုဆန်ပြီး တက်သွားပြန်တယ်။ဒီနောက် လှေပေါ်မှာ ပညာသင်လိုက်လာတဲ့ သူ့မိတ်ဆွေကုန်သည်ကြီးရဲ့ သားကို ဝေးလံတဲ့ရွာတစ်ရွာမှာ ဝှက် ထားပစ်ခဲ့ပြီးပြန်လာခဲ့တယ်။

ပြီးတော့ မိတ်ဆွေကုန်သည်ကြီးဆီသွားပြီး သူတို့မြစ်ဖျားဒေသကိုရောက်စဉ်မှာ မိတ်ဆွေကြီးရဲ့ သားကို စွန်ငှက်ကြီးတစ်ကောင်က ချီယူ သွားကြောင်း ပြောကြားလိုက်သတဲ့။ ကုန်သည်ကြီးလည်း လှေသူကြီးစကားကိုကြားတော့ အလွန်ဒေါသထွက်သွားတာပေါ့။ဒါကြောင့် ရွာ သူကြီးထံကို တိုင်ကြားလိုက်ပါရဲ့။ အဲဒီအခါ ရွာသူကြီးလည်း အမှုမှန်ကို မဆုံးဖြတ်နိုင်တာကြောင့် ခုံတော်တရားသူကြီးမင်းသမီးသုဓမ္မစာရီထံကို တင်ပြပြီး လှေသူကြီးနဲ့ကုန်သည်ကြီးတို့ကို အဆုံးအဖြတ်ခံယူစေလိုက်ပါတယ်။ခုံတော်သုဓမ္မစာရီ မင်းသမီးက အမှုအကြောင်းကို သေချာစုံစမ်းစစ်ဆေးပြီးတဲ့အခါမှာတော့ ကုန်သည်ကြီးဟာ ပစ္စည်းထိန်းဖြစ်တဲ့အတွက် ပျောက်ဆုံးသွားတဲ့ လှေသူကြီးရဲ့ သံတွေအ တွက်တာဝန်ရှိပါတယ်။ လှေသူကြီးလည်း ပျောက်ဆုံးသွားတဲ့ ကုန်သည်ကြီးရဲ့ သားအတွက် တာဝန်ရှိပါတယ်။ သံကိုကြွက်မစားနိုင်သလိုသားကို လည်း စွန်မချီနိုင်ပါ။ ဒီအဖြစ်အပျက်တွေအားလုံးအတွက်ကုန်သည်ကြီးမှာ တာဝန်ရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကုန်သည် ကြီးဟာ သူတစ်ပါးယုံကြည်စွာ အပ်နှံမှုကို ရှေးဦးစွာ ချိုးဖောက်သောကြောင့်ဖြစ်တယ်။ဒါကြောင့် ကုန်သည်ကြီးဟာ လှေသူကြီးကို သံများ အ စားပြန်ပေးစေ၊ လှေသူကြီးကလည်း ကုန်သည်ကြီးရဲ့သားကို ပြန်ပေးစေ..သင်တို့နှစ်ဦး အဆွေ ခင်ပွန်းများအဖြစ် ပြန်လည်ဆက်ဆံပြီး သင့် မြတ်ပျော်ရွှင်စွာ နေထိုင်ကြစေလို့ ဆုံးဖြတ်ချက်ချလိုက်သတဲ့။”ကမ္ဘာ့ရန်ဖြစ်သော ကြောင်နဲ့ကြွက်”ပုံပြင်စာအုပ်မှ ပြန်လည်ဝေမျှပါသည်။

Credit – phoo myat chal

[zawgyi]

ေရွးအခါက ေလွသူႀကီးနဲ႔ကုန္သည္တို႔ဟာ ခင္ခင္မင္မင္နဲ႔ အေဆြခင္ပြန္းမ်ားဖြဲ႕ၿပီး ေနထိုင္ၾကသတဲ့။ တစ္ေန႔ေတာ့ ေလွသူႀကီးဟာ သူ႔မိတ္ ေဆြကုန္သည္ရဲ႕ သားကို သူ႔ေလွမ်ားမွာ အလုပ္သင္အျဖစ္ လက္ခံထားတယ္။အဲဒီလိုလက္ခံၿပီး ပညာသင္ေပးေနရင္းမွာပဲ တစ္ေန႔ေတာ့ သံေဈးေတြက်လာတာေၾကာင့္ စီးပြားသမားသူႀကီးဟာ ေနာင္မ်ားမွာ သူ႔ေလွမ်ားတြင္ အသုံးျပဳရန္အတြက္ သံအေျမာက္အျမားဝယ္ၿပီးသူ႔မိတ္ ေဆြကုန္သည္ႀကီးရဲ႕ ကုန္သိုေလွာင္႐ုံမွာ သိမ္းထားခဲ့တယ္။အဲဒီေနာက္ ေလွသူႀကီးဟာ ျမစ္ညာကိုဆန္ၿပီး တက္သြားရသတဲ့။ ကံဆိုးခ်င္ေတာ့ သံေဈးႏႈန္းေတြဟာ ေလွသူႀကီးမရွိေတာ့တဲ့အခ်ိန္မွာ အဆမတန္ေဈးတက္လာတယ္။ ဒါေၾကာင့္ ေလာဘႀကီးတဲ့မိတ္ေဆြကုန္ သည္ႀကီးဟာ သူႀကီးရဲ႕ သံမ်ားကို သူ႔သေဘာနဲ႔ သူေရာင္းပစ္လိုက္သတဲ့။ ဒီလိုနဲ႔ ေလွသူႀကီးျပန္ေရာက္လာတဲ့အခါမွာေတာ့ မိတ္ေဆြကုန္သည္ ႀကီးက ”သူငယ္ခ်င္းေရ၊ မင္းမရွိတုန္းမွာ သိုေလွာင္ထားတဲ့သံေတြကို ႂကြက္ေတြကိုက္စားတာ ကုန္ပါေရာကြာ”လို႔ေျပာလိုက္တာေၾကာင့္ ေလွသူႀကီးလည္း တအံ့တဩျဖစ္ကာအလိမ္ခံရၿပီဆိုတာ သိရွိလိုက္တယ္။ဒါေပမယ့္ ပညာရွိတဲ့ေလွသူ ႀကီးဟာ သူ႔ရဲ႕ အတြင္းစိတ္ကိုဖုံး ကြယ္ရင္း တည္တည္ၿငိမ္ၿငိမ္နဲ႔ပဲ ”ေအးေပါ့ကြာ၊ ငါကလည္း မင္းကုန္ေလွာင္႐ုံမွာ ႂကြက္ေတြေသာင္းက်န္းေနတာသိဖို႔ ေကာင္းပါတယ္ ”လို႔ ကိုယ့္ကိုယ္ကိုပင္ အျပစ္တင္တဲ့ပုံစံနဲ႔ ေျပာၿပီး ျပန္လာခဲ့တယ္။အဲဒီေနာက္ ေလွသူႀကီးဟာ လိမ္ညာလွည့္ဖ်ားတတ္တဲ့ သူ႔ရဲ႕မိတ္ ေဆြကုန္ သည္ႀကီးကို ျပန္လည္ဒဏ္ခတ္ဖို႔အတြက္ အခ်ိန္ရတိုင္းႀကံစည္ေတြးေတာေနတဲ့။ ဒီလိုနဲ႔ ရက္အနည္းငယ္ၾကာတဲ့အခါမွာေတာ့ ေလွသူ ႀကီးဟာ ျမစ္ညာကိုဆန္ၿပီး တက္သြားျပန္တယ္။ဒီေနာက္ ေလွေပၚမွာ ပညာသင္လိုက္လာတဲ့ သူ႔မိတ္ေဆြကုန္သည္ႀကီးရဲ႕ သားကို ေဝးလံတဲ့႐ြာတစ္႐ြာမွာ ဝွက္ ထားပစ္ခဲ့ၿပီးျပန္လာခဲ့တယ္။ၿပီးေတာ့ မိတ္ေဆြကုန္သည္ႀကီးဆီသြားၿပီး သူတို႔ျမစ္ဖ်ားေဒသကိုေရာက္စဥ္မွာ မိတ္ေဆြႀကီးရဲ႕ သားကို စြန္ငွက္ႀကီးတစ္ေကာင္က ခ်ီယူ သြားေၾကာင္း ေျပာၾကားလိုက္သတဲ့။ ကုန္သည္ႀကီးလည္း ေလွသူႀကီးစကားကိုၾကားေတာ့ အလြန္ေဒါသထြက္သြားတာေပါ့။ဒါေၾကာင့္ ႐ြာ သူႀကီးထံကို တိုင္ၾကားလိုက္ပါရဲ႕။ အဲဒီအခါ ႐ြာသူႀကီးလည္း အမႈမွန္ကို မဆုံးျဖတ္ႏိုင္တာေၾကာင့္ ခုံေတာ္တရားသူႀကီးမင္းသမီးသုဓမၼစာရီထံကို တင္ျပၿပီး ေလွသူႀကီးနဲ႔ကုန္သည္ႀကီးတို႔ကို အဆုံးအျဖတ္ခံယူေစလိုက္ပါတယ္။ခုံေတာ္သုဓမၼစာရီ မင္းသမီးက အမႈအေၾကာင္းကို ေသခ်ာစုံစမ္းစစ္ေဆးၿပီးတဲ့အခါမွာေတာ့ ကုန္သည္ႀကီးဟာ ပစၥည္းထိန္းျဖစ္တဲ့အတြက္ ေပ်ာက္ဆုံးသြားတဲ့ ေလွသူႀကီးရဲ႕ သံေတြအ တြက္တာဝန္ရွိပါတယ္။ ေလွသူႀကီးလည္း ေပ်ာက္ဆုံးသြားတဲ့ ကုန္သည္ႀကီးရဲ႕ သားအတြက္ တာဝန္ရွိပါတယ္။ သံကိုႂကြက္မစားႏိုင္သလိုသားကို လည္း စြန္မခ်ီႏိုင္ပါ။ ဒီအျဖစ္အပ်က္ေတြအားလုံးအတြက္ကုန္သည္ႀကီးမွာ တာဝန္ရွိပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ ကုန္သည္ ႀကီးဟာ သူတစ္ပါးယုံၾကည္စြာ အပ္ႏွံမႈကို ေရွးဦးစြာ ခ်ိဳးေဖာက္ေသာေၾကာင့္ျဖစ္တယ္။ဒါေၾကာင့္ ကုန္သည္ႀကီးဟာ ေလွသူႀကီးကို သံမ်ား အ စားျပန္ေပးေစ၊ ေလွသူႀကီးကလည္း ကုန္သည္ႀကီးရဲ႕သားကို ျပန္ေပးေစ..သင္တို႔ႏွစ္ဦး အေဆြ ခင္ပြန္းမ်ားအျဖစ္ ျပန္လည္ဆက္ဆံၿပီး သင့္ ျမတ္ေပ်ာ္႐ႊင္စြာ ေနထိုင္ၾကေစလို႔ ဆုံးျဖတ္ခ်က္ခ်လိုက္သတဲ့။”ကမာၻ႔ရန္ျဖစ္ေသာ ေၾကာင္နဲ႔ႂကြက္”ပုံျပင္စာအုပ္မွ ျပန္လည္ေဝမွ်ပါသည္။