သံသရာလည်မှာကြောက်တဲ့ ဘုရင်ကြီး

တစ်ခါတုန်းက အလွန်ရက်စက် ကြမ်းကြုတ်တဲ ဘုရင်တပါး ရှိတယ်။ တစ်ရက်မှာတော့ ဘုရင်ကြီးဟာ ရုတ်တရက်ပဲ ပြုပြင်ပြောင်းလဲမှုတွေလုပ်တော့မယ်လို့ ကြေငြာလိုက်တယ်။ရက်စက်ကြမ်းကြုတ်မှုတွေ မရှိစေရဘူး မတရား​မှုတွေ မရှိစေရဘူး လို့ပြည်သူလူထုကို ကတိပေးလိုက်တယ်။ သူပြောခဲ့သလိုပဲ ကတိတည်စွာ နေထိုင်ခဲ့တယ်။ ကြီးမြတ်သော တရားမျှတသော ဧကရာဇ် ဖြစ်လာခဲ့တယ်။ပြောင်းလဲခဲ့ပြီး လအတန်ကြာတော့ ဝန်ကြီးတစ်ဦးဟာ အဘယ်ကြောင့် ဘုရင်ကြီးရဲ. စိတ်ထားပြောင်းလဲသွားရတာလဲဆိုတာကို မေးရဲလာခဲ့တယ်။ ဘုရင်ကြီးပြန်ဖြေတာက “ငါတောနက်ထဲကို မြင်းကစုန်ပေါက်စီးပြီးဝင်သွားတုန်းက မြေခွေးတစ်ကောင်ကို အမဲလိုက်ခွေးတစ်ကောင်က လိုက် ဖမ်း​နေတာတွေ့လိုက်တယ်၊ မြေခွေးဟာ သူ့ရဲ့မြေတွင်းထဲပြေးဝင်လွတ်မြောက်သွားတယ်၊ ဒါပေမယ့် သူ့ခြေထောက်ကတော့ အမဲလိုက်ခွေးရဲ့ အကိုက်ခံလိုက်ရလို့ တသက်လုံးခြေဆာနေတော့မှာ။

ငါ သွားရင်းနဲ့ ရွာတစ်ရွာ ရောက်တော့ ခုနက အမဲလိုက်ခွေးက လူတစ်ယောက်ကိုဟောင်နေတာ တွေ့လိုက်တယ်၊ အဲ့ဒီလူက ဒေါသထွက်ပြီး ကျောက်ခဲကြီးနဲ့ပေါက်လိုက်တာ ခွေးခြေထောက် ကျိုးသွားတယ်။ ဘေးနားမှာရှိတဲ့ မြင်းကလန့်ပြီးကန်လိုက်တာ ခုနကလူရဲ့ ဒူးထိသွားပြီး ဒူးရိုးကျိုးပြီး လဲကျသွားတယ်၊ သူလဲတဘဝလုံး မသန်စွမ်းဖြစ်တော့မှာပဲ။ မြင်းကလဲ ကန်ပြီးလန့်ပြေးတော့ တွင်းပေါက်တစ်ခုထဲ ခြေ ထောက်ဝင်သွားပြီး ခြေထောက်ကျိုးသွားတယ်၊ အားလုံးကို ဆက်စပ်စဥ်းစားလိုက်ရင် သံသရာလည်တာပါပဲ။ ငါ အရင်အတိုင်း ရက်စက်ကြမ်းကြုတ်မှုတွေလုပ်နေရင် မတရားမှုတွေလုပ်နေရင် ငါလဲပြန်ခံရမှာပဲဆိုတာ သဘောပေါက်သွားတယ်၊ ဒါကြောင့်ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်တာ။”ဝန်ကြီးလဲ ဒီအချိန်ဟာ ဘုရင်ကိုနန်းချပြီး ကိုယ်တိုင် ဘုရင်လုပ်ရမယ့် အချိန်ဟု ယုံကြည်ပြီးပြန်လာခဲ့တယ်။ သူစဥ်းစားရင်းနဲ့ ပြန်လာတော့ ရှေ့ကအဆင်းလှေခါးထစ်တွေကို မမြင်တော့ပဲလိမ့်ကျသွားကာ ဇက်ကျိုးသွားပါတော့တယ်။သင်ခန်းစာ – ကိုယ်​ပြုသောကံ ကိုယ့်ထံပြန်လာပါသည်။ သံသရာလည်တတ်ပါသည်။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မည် မကောင်းတာလုပ်ရင် မကောင်းတာဖြစ်ပါမည်။

မူရင်း – Credit

[zawgyi]

တစ္ခါတုန္းက အလြန္ရက္စက္ ၾကမ္းၾကဳတ္တဲ ဘုရင္တပါး ရွိတယ္။ တစ္ရက္မွာေတာ့ ဘုရင္ႀကီးဟာ ႐ုတ္တရက္ပဲ ျပဳျပင္ေျပာင္းလဲမႈေတြလုပ္ေတာ့မယ္လို႔ ေၾကျငာလိုက္တယ္။ရက္စက္ၾကမ္းၾကဳတ္မႈေတြ မရွိေစရဘူး မတရား​မႈေတြ မရွိေစရဘူး လို႔ျပည္သူလူထုကို ကတိေပးလိုက္တယ္။ သူေျပာခဲ့သလိုပဲ ကတိတည္စြာ ေနထိုင္ခဲ့တယ္။ ႀကီးျမတ္ေသာ တရားမွ်တေသာ ဧကရာဇ္ ျဖစ္လာခဲ့တယ္။ေျပာင္းလဲခဲ့ၿပီး လအတန္ၾကာေတာ့ ဝန္ႀကီးတစ္ဦးဟာ အဘယ္ေၾကာင့္ ဘုရင္ႀကီးရဲ. စိတ္ထားေျပာင္းလဲသြားရတာလဲဆိုတာကို ေမးရဲလာခဲ့တယ္။ ဘုရင္ႀကီးျပန္ေျဖတာက “ငါေတာနက္ထဲကို ျမင္းကစုန္ေပါက္စီးၿပီးဝင္သြားတုန္းက ေျမေခြးတစ္ေကာင္ကို အမဲလိုက္ေခြးတစ္ေကာင္က လိုက္ ဖမ္း​ေနတာေတြ႕လိုက္တယ္၊ ေျမေခြးဟာ သူ႔ရဲ႕ေျမတြင္းထဲေျပးဝင္လြတ္ေျမာက္သြားတယ္၊ ဒါေပမယ့္ သူ႔ေျခေထာက္ကေတာ့ အမဲလိုက္ေခြးရဲ႕ အကိုက္ခံလိုက္ရလို႔ တသက္လုံးေျခဆာေနေတာ့မွာ။ငါ သြားရင္းနဲ႔ ႐ြာတစ္႐ြာ ေရာက္ေတာ့ ခုနက အမဲလိုက္ေခြးက လူတစ္ေယာက္ကိုေဟာင္ေနတာ ေတြ႕လိုက္တယ္၊ အဲ့ဒီလူက ေဒါသထြက္ၿပီး ေက်ာက္ခဲႀကီးနဲ႔ေပါက္လိုက္တာ ေခြးေျခေထာက္ က်ိဳးသြားတယ္။ ေဘးနားမွာရွိတဲ့ ျမင္းကလန္႔ၿပီးကန္လိုက္တာ ခုနကလူရဲ႕ ဒူးထိသြားၿပီး ဒူး႐ိုးက်ိဳးၿပီး လဲက်သြားတယ္၊ သူလဲတဘဝလုံး မသန္စြမ္းျဖစ္ေတာ့မွာပဲ။ ျမင္းကလဲ ကန္ၿပီးလန္႔ေျပးေတာ့ တြင္းေပါက္တစ္ခုထဲ ေျခ ေထာက္ဝင္သြားၿပီး ေျခေထာက္က်ိဳးသြားတယ္၊ အားလုံးကို ဆက္စပ္စဥ္းစားလိုက္ရင္ သံသရာလည္တာပါပဲ။ ငါ အရင္အတိုင္း ရက္စက္ၾကမ္းၾကဳတ္မႈေတြလုပ္ေနရင္ မတရားမႈေတြလုပ္ေနရင္ ငါလဲျပန္ခံရမွာပဲဆိုတာ သေဘာေပါက္သြားတယ္၊ ဒါေၾကာင့္ေျပာင္းလဲဖို႔ ဆုံးျဖတ္လိုက္တာ။”ဝန္ႀကီးလဲ ဒီအခ်ိန္ဟာ ဘုရင္ကိုနန္းခ်ၿပီး ကိုယ္တိုင္ ဘုရင္လုပ္ရမယ့္ အခ်ိန္ဟု ယုံၾကည္ၿပီးျပန္လာခဲ့တယ္။ သူစဥ္းစားရင္းနဲ႔ ျပန္လာေတာ့ ေရွ႕ကအဆင္းေလွခါးထစ္ေတြကို မျမင္ေတာ့ပဲလိမ့္က်သြားကာ ဇက္က်ိဳးသြားပါေတာ့တယ္။သင္ခန္းစာ – ကိုယ္​ျပဳေသာကံ ကိုယ့္ထံျပန္လာပါသည္။ သံသရာလည္တတ္ပါသည္။ ေကာင္းတာလုပ္ရင္ ေကာင္းတာျဖစ္မည္ မေကာင္းတာလုပ္ရင္ မေကာင္းတာျဖစ္ပါမည္။