ဟိမဝန္တာကို ကျော်လွန်၍

တီဗွီဖန်သားပြင်ပေါ်ထင်ဟပ်တဲ့အဲဒီပုံရိပ်က ကျွန်တော့်ကို ပထမဆုံးအကြိမ် နက်နက်ရှိုင်းရှိုင်း တုန်လှုပ်စေခဲ့ပါတယ်။ အစီအစဉ်တင်ဆက်သူလိုပဲ ဒါဟာ ကျွန်တော့်ကို ပထမဆုံးအကြိမ် ရင်နင့်မျက်ရည်ကျစေတဲ့ မြင်ကွင်းဖြစ်ပါတယ်။ အဲဒီမြင်ကွင်းက CCTV အသံလွှင့်ဌာနကထုတ်လွှင့်တဲ့ “Our Earth”ဆိုတဲ့အစီအစဉ်ထဲမှာ ကြည့်ခဲ့ရတာဖြစ်ပါတယ်။ဟိမဝန္တာတောင်ကို ကမ္ဘာ့အမြင့်ဆုံးတောင်လို့ လူတွေတင်စားကြပါတယ်။ “ငှက်တောင်မှ ဖြတ်ကျော်ပျံသန်းလို့မရတဲ့တောင်”လို့လည်း ဆိုကြပါတယ်။ ဟိမဝန္တာတောင်ရဲ့အမြင့်ဆုံးတောင်ထိပ် – ဧဝရက်တောင်ကိုတက်ကြတဲ့ လူ၁ဝယောက်လောက်မှာ ၁ယောက်ကသေဆုံးရပါတယ်။တောင်ထိပ်အရောက်တက်နိုင်ခဲ့ရင်တောင် ကြာရှည်မနေနိုင်ခဲ့ကြပါဘူး။ဒါပေမယ့် နှစ်စဉ်နှစ်တိုင်း Demoiselle ကြိုးကြာငှက် ၅သောင်းခန့်ဟာ အိန္ဒိယဘက်ဆီဆောင်းခိုဖို့ ဟိမဝန္တာတောင်ကို ဖြတ်ကျော်ပျံသန်းကြပါတယ်။ဒါဟာ ကမ္ဘာပေါ်မှာ အခက်ခဲဆုံးရွေ့ပြောင်းမှုတစ်ခုပါ။ မနက်ပိုင်းဆိုရင် တောင်ထိပ်မှာလေကြမ်းတိုက်ခိုက်ပါတယ်။ Demoiselle ကြိုးကြာငှက်တွေက လုံလောက်တဲ့အမြင့်ဆီ ပျံသန်းနိုင်မှသာလျှင် လေကြမ်းကိုရှောင်နိုင်မှာဖြစ်တယ်။ ဒါပေမယ့် ပြင်းထန်တဲ့လေထုနဲ့ကြုံရင် သူတို့လမ်းကြောင်းပြန်လှည့်ရပါတယ်။ ပြန်မလှည့်ရင် သူတို့သေဆုံးရပါတယ်။ နေ့သစ်မှာ မျှော်လင့်ချက်အ သစ်နဲ့ သူတို့ပျံသန်းကြပြန်ပါတယ်။ အချင်းချင်း နီးနီးကပ်ကပ်နဲ့ ညာသံပေးပြီး ပျံသန်းကြပြန်ပါတယ်။ အစာရေစာချို့တဲ့လို့ သူတို့ဟာ အင် အားချိနဲ့နေကြပါပြီ။ အပေါ်ဘက်ဆီထိုးတက်တဲ့ လေနွေးငွေ့ကို အားပြု ပြီး ကိုယ့်ကိုယ်ကိုအမြင့်ကိုရောက်ဖို့ သူတို့ပျံသန်းကြပါတယ်။Demoiselle ကြိုးကြာငှက်အများအတွက်တော့ ဒါဟာ ပထမဆုံးအကြိမ် ဟိမဝန္တာတောင်ကို ဖြတ်ကျော်ကြတာပါ။ တချို့Demoiselle ကြိုးကြာငှက်အတွက်တော့ ဒါဟာ နောက်ဆုံးတစ်ကြိမ်လည်း ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သားရိုင်းတစ်မျိုးဖြစ်တဲ့ golden eagle ရွှေလင်းယုန်ငှက်တွေက သူတို့ကိုဖမ်းစားဖို့ စောင့်နေကြလို့ပါ။ ရွှေလင်းယုန်တွေဟာ စုံလိုက်ဆီးစောင့်နေပြီး ငယ်ရွယ်တဲ့ Demoiselle ကြိုးကြာငှက်တွေကို အုပ်စုထဲကနေခွဲထုတ်ပစ်ပြီး သူတို့ရဲ့ချွန်ထက်တဲ့လက်သည်းနဲ့ ဖမ်းကုတ်စားသောက်ပါတယ်။

အဖွဲ့ဝင်တွေ တဖြုတ်ဖြုတ်ဆုံးရှုံးသွားတာနဲ့ကြုံရတဲ့ Demoiselle ကြိုးကြာငှက်တွေဟာ ဘာမှမတတ်နိုင်ဘဲ ဆက်လက်ပျံသန်းကြပါတယ်။ဆိုးဝါးတဲ့ရာသီဥတု၊ ရက်စက်တဲ့ဝိုင်းအုံမှုတွေက ဟိမဝန္တာတောင်ကို ဖြတ်ကျော်ပျံသန်းမယ့် Demoiselle ကြိုးကြာငှက်ရဲ့ဆုံးဖြတ်ချက်ကို မတွန်းလှန်နိုင်ခဲ့ပါဘူး။ အမြင့်ဆုံးတောင်ထိပ်ဆီ သူတို့တစ်ဟုန်ထိုးပျံတက်ကြတယ်။ အထူးသဖြင့် အမြင့်ဆုံးနေရာကိုရောက်ချိန်မှာ တောင် ပံတစ်ချက်ခတ်တာတောင် သူတို့ အရမ်းအားယူကြရပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ ဟိမဝန္တာတောင်ကို သူတို့ဖြတ်ကျော်ပျံသန်းနိုင်ခဲ့ကြပါတယ်။ Demoiselle ကြိုးကြာငှက်က ကြိုးကြာငှက်မျိုးနွှယ်ထဲမှာ ခန္ဓာကိုယ်အသေးဆုံးဖြစ်တယ်။ ဒါပေမယ့် သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာတော့ ကြီးမားတဲ့အင်အားတစ်ခုက ခိုအောင်းနေခဲ့ပါတယ်။ အဲဒီအင်အားက ကျွန်တော်တို့ကို အံ့သြတုန်လှုပ်စေခဲ့ပါတယ်။ဟိမဝန္တာတောင်က “ငှက်တွေတောင် ဖြတ်ကျော်ပျံသန်းလို့မရတဲ့တောင်” မဟုတ်ဘူးဆိုတာကို Demoiselle ကြိုးကြာငှက်က ကျွန်တော်တို့ကို သက်သေပြခဲ့ပါတယ်။ဟုတ်ပါတယ်.. စိတ်မြင့်သလောက် မိုးကောင်းကင်ကြီး လိုက်မြင့်ပါတယ်၊ စိတ်ကျယ်ပြောသလောက် လောကကြီးလိုက်ကျယ်ပြောပါတယ်။ နပိုလီယံပြောခဲ့သလိုပါပဲ..”လူတစ်ယောက် ဘယ်လောက်မြင့်မြင့်ပျံသန်းနိုင်မယ်ဆိုတာကို တခြားအကြောင်းရင်းတွေနဲ့ ဆုံး ဖြတ်တာမဟုတ်ပါဘူး.. သူ့ရဲ့စိတ်နဲ့ပဲ ဆုံးဖြတ်ပါတယ်”တဲ့။ဒီလောကမှာ လူအများကင်းမဲ့နေတာက စိတ်ကူးအတွေးတွေမဟုတ်ပါဘူး.. သူတို့ကင်းမဲ့နေတာက လက်တွေ့လုပ်ဆောင်တဲ့ကြိုးစားမှုနဲ့ လုံ့လပါ။ လူတိုင်းရဲ့ရှေ့မှာ ကန့်လန့်ခံနေတဲ့ “ဟိမဝန္တာတောင်”တွေ အများကြီး ရှိကောင်းရှိပါလိမ့်မယ်။ လူအများက ဒါကို ဖြတ်ကျော်ပျံသန်းဖို့ခက်ခဲနေခဲ့တာဟာ သူတို့မှာ ကြံ့ခိုင်သန်မာမှုတစ်မျိုး၊ ဇွဲလုံ့လတစ်ခုနဲ့ တောင့်ခံမှုတစ်ခုလေးပဲ ကင်းမဲ့နေခဲ့တဲ့အတွက်ကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

မူရင်း – နိုင်းနိုင်းစနေ

[zawgyi]

တီဗြီဖန္သားျပင္ေပၚထင္ဟပ္တဲ့အဲဒီပုံရိပ္က ကြၽန္ေတာ့္ကို ပထမဆုံးအႀကိမ္ နက္နက္ရႈိင္းရႈိင္း တုန္လႈပ္ေစခဲ့ပါတယ္။ အစီအစဥ္တင္ဆက္သူလိုပဲ ဒါဟာ ကြၽန္ေတာ့္ကို ပထမဆုံးအႀကိမ္ ရင္နင့္မ်က္ရည္က်ေစတဲ့ ျမင္ကြင္းျဖစ္ပါတယ္။ အဲဒီျမင္ကြင္းက CCTV အသံလႊင့္ဌာနကထုတ္လႊင့္တဲ့ “Our Earth”ဆိုတဲ့အစီအစဥ္ထဲမွာ ၾကည့္ခဲ့ရတာျဖစ္ပါတယ္။ဟိမဝႏၲာေတာင္ကို ကမာၻ႔အျမင့္ဆုံးေတာင္လို႔ လူေတြတင္စားၾကပါတယ္။ “ငွက္ေတာင္မွ ျဖတ္ေက်ာ္ပ်ံသန္းလို႔မရတဲ့ေတာင္”လို႔လည္း ဆိုၾကပါတယ္။ ဟိမဝႏၲာေတာင္ရဲ႕အျမင့္ဆုံးေတာင္ထိပ္ – ဧဝရက္ေတာင္ကိုတက္ၾကတဲ့ လူ၁ဝေယာက္ေလာက္မွာ ၁ေယာက္ကေသဆုံးရပါတယ္။ေတာင္ထိပ္အေရာက္တက္ႏိုင္ခဲ့ရင္ေတာင္ ၾကာရွည္မေနႏိုင္ခဲ့ၾကပါဘူး။ဒါေပမယ့္ ႏွစ္စဥ္ႏွစ္တိုင္း Demoiselle ႀကိဳးၾကာငွက္ ၅ေသာင္းခန႔္ဟာ အိႏၵိယဘက္ဆီေဆာင္းခိုဖို႔ ဟိမဝႏၲာေတာင္ကို ျဖတ္ေက်ာ္ပ်ံသန္းၾကပါတယ္။ဒါဟာ ကမာၻေပၚမွာ အခက္ခဲဆုံးေ႐ြ႕ေျပာင္းမႈတစ္ခုပါ။ မနက္ပိုင္းဆိုရင္ ေတာင္ထိပ္မွာေလၾကမ္းတိုက္ခိုက္ပါတယ္။ Demoiselle ႀကိဳးၾကာငွက္ေတြက လုံေလာက္တဲ့အျမင့္ဆီ ပ်ံသန္းႏိုင္မွသာလွ်င္ ေလၾကမ္းကိုေရွာင္ႏိုင္မွာျဖစ္တယ္။ ဒါေပမယ့္ ျပင္းထန္တဲ့ေလထုနဲ႔ႀကဳံရင္ သူတို႔လမ္းေၾကာင္းျပန္လွည့္ရပါတယ္။ ျပန္မလွည့္ရင္ သူတို႔ေသဆုံးရပါတယ္။ ေန႔သစ္မွာ ေမွ်ာ္လင့္ခ်က္အ သစ္နဲ႔ သူတို႔ပ်ံသန္းၾကျပန္ပါတယ္။ အခ်င္းခ်င္း နီးနီးကပ္ကပ္နဲ႔ ညာသံေပးၿပီး ပ်ံသန္းၾကျပန္ပါတယ္။ အစာေရစာခ်ိဳ႕တဲ့လို႔ သူတို႔ဟာ အင္ အားခ်ိနဲ႔ေနၾကပါၿပီ။ အေပၚဘက္ဆီထိုးတက္တဲ့ ေလေႏြးေငြ႕ကို အားျပဳ ၿပီး ကိုယ့္ကိုယ္ကိုအျမင့္ကိုေရာက္ဖို႔ သူတို႔ပ်ံသန္းၾကပါတယ္။Demoiselle ႀကိဳးၾကာငွက္အမ်ားအတြက္ေတာ့ ဒါဟာ ပထမဆုံးအႀကိမ္ ဟိမဝႏၲာေတာင္ကို ျဖတ္ေက်ာ္ၾကတာပါ။ တခ်ိဳ႕Demoiselle ႀကိဳးၾကာငွက္အတြက္ေတာ့ ဒါဟာ ေနာက္ဆုံးတစ္ႀကိမ္လည္း ျဖစ္ပါလိမ့္မယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သား႐ိုင္းတစ္မ်ိဳးျဖစ္တဲ့ golden eagle ေ႐ႊလင္းယုန္ငွက္ေတြက သူတို႔ကိုဖမ္းစားဖို႔ ေစာင့္ေနၾကလို႔ပါ။ ေ႐ႊလင္းယုန္ေတြဟာ စုံလိုက္ဆီးေစာင့္ေနၿပီး ငယ္႐ြယ္တဲ့ Demoiselle ႀကိဳးၾကာငွက္ေတြကို အုပ္စုထဲကေနခြဲထုတ္ပစ္ၿပီး သူတို႔ရဲ႕ခြၽန္ထက္တဲ့လက္သည္းနဲ႔ ဖမ္းကုတ္စားေသာက္ပါတယ္။အဖြဲ႕ဝင္ေတြ တျဖဳတ္ျဖဳတ္ဆုံးရႈံးသြားတာနဲ႔ႀကဳံရတဲ့ Demoiselle ႀကိဳးၾကာငွက္ေတြဟာ ဘာမွမတတ္ႏိုင္ဘဲ ဆက္လက္ပ်ံသန္းၾကပါတယ္။ဆိုးဝါးတဲ့ရာသီဥတု၊ ရက္စက္တဲ့ဝိုင္းအုံမႈေတြက ဟိမဝႏၲာေတာင္ကို ျဖတ္ေက်ာ္ပ်ံသန္းမယ့္ Demoiselle ႀကိဳးၾကာငွက္ရဲ႕ဆုံးျဖတ္ခ်က္ကို မတြန္းလွန္ႏိုင္ခဲ့ပါဘူး။ အျမင့္ဆုံးေတာင္ထိပ္ဆီ သူတို႔တစ္ဟုန္ထိုးပ်ံတက္ၾကတယ္။ အထူးသျဖင့္ အျမင့္ဆုံးေနရာကိုေရာက္ခ်ိန္မွာ ေတာင္ ပံတစ္ခ်က္ခတ္တာေတာင္ သူတို႔ အရမ္းအားယူၾကရပါတယ္။ ဒါေပမယ့္ ေနာက္ဆုံးမွာ ဟိမဝႏၲာေတာင္ကို သူတို႔ျဖတ္ေက်ာ္ပ်ံသန္းႏိုင္ခဲ့ၾကပါတယ္။ Demoiselle ႀကိဳးၾကာငွက္က ႀကိဳးၾကာငွက္မ်ိဳးႏႊယ္ထဲမွာ ခႏၶာကိုယ္အေသးဆုံးျဖစ္တယ္။ ဒါေပမယ့္ သူတို႔ရဲ႕ခႏၶာကိုယ္ထဲမွာေတာ့ ႀကီးမားတဲ့အင္အားတစ္ခုက ခိုေအာင္းေနခဲ့ပါတယ္။ အဲဒီအင္အားက ကြၽန္ေတာ္တို႔ကို အံ့ၾသတုန္လႈပ္ေစခဲ့ပါတယ္။ဟိမဝႏၲာေတာင္က “ငွက္ေတြေတာင္ ျဖတ္ေက်ာ္ပ်ံသန္းလို႔မရတဲ့ေတာင္” မဟုတ္ဘူးဆိုတာကို Demoiselle ႀကိဳးၾကာငွက္က ကြၽန္ေတာ္တို႔ကို သက္ေသျပခဲ့ပါတယ္။ဟုတ္ပါတယ္.. စိတ္ျမင့္သေလာက္ မိုးေကာင္းကင္ႀကီး လိုက္ျမင့္ပါတယ္၊ စိတ္က်ယ္ေျပာသေလာက္ ေလာကႀကီးလိုက္က်ယ္ေျပာပါတယ္။ နပိုလီယံေျပာခဲ့သလိုပါပဲ..”လူတစ္ေယာက္ ဘယ္ေလာက္ျမင့္ျမင့္ပ်ံသန္းႏိုင္မယ္ဆိုတာကို တျခားအေၾကာင္းရင္းေတြနဲ႔ ဆုံး ျဖတ္တာမဟုတ္ပါဘူး.. သူ႔ရဲ႕စိတ္နဲ႔ပဲ ဆုံးျဖတ္ပါတယ္”တဲ့။ဒီေလာကမွာ လူအမ်ားကင္းမဲ့ေနတာက စိတ္ကူးအေတြးေတြမဟုတ္ပါဘူး.. သူတို႔ကင္းမဲ့ေနတာက လက္ေတြ႕လုပ္ေဆာင္တဲ့ႀကိဳးစားမႈနဲ႔ လုံ႔လပါ။ လူတိုင္းရဲ႕ေရွ႕မွာ ကန႔္လန႔္ခံေနတဲ့ “ဟိမဝႏၲာေတာင္”ေတြ အမ်ားႀကီး ရွိေကာင္းရွိပါလိမ့္မယ္။ လူအမ်ားက ဒါကို ျဖတ္ေက်ာ္ပ်ံသန္းဖို႔ခက္ခဲေနခဲ့တာဟာ သူတို႔မွာ ႀကံ့ခိုင္သန္မာမႈတစ္မ်ိဳး၊ ဇြဲလုံ႔လတစ္ခုနဲ႔ ေတာင့္ခံမႈတစ္ခုေလးပဲ ကင္းမဲ့ေနခဲ့တဲ့အတြက္ေၾကာင့္လည္းျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။