ဟိုက်ဝေးခရီးထွက်မယ်ဆိုရင် မိမိကား နဲ့ ပတ်သက်ပြီးသတိထားရမယ့် အချက်များ

ဟိုက်ဝေးခရီး ထွက်ကြမယ်ဆိုရင်ကားကို တာယာ၊ အောက်ပိုင်း၊ အင်ဂျင်၊ မီး၊ ဝိုက်ပါ၊ ဟွန်း စသည်ဖြင့်စစ်ဆေး ကြရတဲ့အပြင်နောက်ထပ် ဂရုစိုက်ဖို့ လိုအပ်တဲ့အချက် တစ်ခု ရှိပါတယ် ။အဲဒါကတော့ မိမိကားပေါ်မှာ တင်ဆောင် သယ်ပိုး ရမယ့်လူ၊ ပစ္စည်း များရဲ့ အလေးချိန်( LOAD ) ကို အတတ်နိုင်ဆုံးညီမျှနေအောင် တင်ဆောင်ဖို့ အရေးကြီးလှပါတယ်။Weight Distribution လို့ခေါ်ပါတယ်။ဟိုက်ဝေးလမ်းတွေ ကျဉ်းမြောင်းပြီးမကောင်းစဉ် အချိန်ကာလတုန်းကဟိုက်ဝေး ကုန်တင်ကား ယာဉ်မောင်းကြီးများဟာ ကားမောင်းကျွမ်းကျင်ရုံနဲ့မပြီးသေးပဲ ကုန်စည်များကိုလည်းညီမျှအောင် တင်တတ်ကြရပါတယ်။Weight ကို ညီမျှအောင်မတင်ရင်မိမိကား အောက်ပိုင်း ဘယ်လိုပဲကောင်းအောင်ပြင်ဆင်ထားလည်းအရှိန်မြင့် မောင်းနှင်စဉ် ဒုက္ခရောက်တတ်ပါတယ်။

ကားမောင်းတာဘယ်လောက်ပဲ ကျွမ်းကျင်ပါတယ်ဆိုသော်လည်း ကားတစ်စီးဟာရူပဗေဒ သဘောတရား အပေါ်သာအခြေခံပြီး သစ္စာရှိရှိ ရွေ့လျားနေတာကြောင့် ဝန်ပို တင်ဆောင် မောင်းနှင်မိလို့ ဒုက္ခရောက်ခဲ့ရသူတွေမနည်းခဲ့ပါ။ဟိုက်ဝေးလမ်းတွေပေါ် တွေ့နေကျတစ်ချို့ Mini / Light Truck တွေ ကားကလည်း ညာမောင်း နောက်ဘက်မှာ ထိုင်လိုက်နေသူ ၆ ယောက် မှာ၄ ယောက်က ညာဘက် အခြမ်းမှာ၂ ယောက်က ဘယ်ဘက် အခြမ်းမှာအဲဒီတော့ ညာဘက်မှာ ၅ယောက်ဘယ်ဘက်မှာ ၂ ယောက် ကားကလဲညာဘက် ကို စောင်းနေတာတောင်အကွေ့တွေကို ကီလို ၁၀၀ လောက်နဲ့ဝင်ကွေ့တယ်။ အကွေ့ပေါ်လည်းရောက်ရော မနိုင်တော့ ဘရိတ်ကိုကောက်နင်း လိုက်ချိန်မှာ နောက်မှာထိုင်လိုက်လာသူတွေ မြေခကြရတယ်။ကျနော် အကြံပေးလိုတာက လူတွေကိုလဲ ညီညီမျှမျှ နေရာချ ထိုင်ပါစေ ။ပစ္စည်းများကိုလည်း အပေါ်ဝိတ်ကိုလျှော့ချ ဘယ်/ညာ ညီမျှအောင် တင်ဆောင် မောင်းနှင်ပါက ကီလို ၁၀၀ နင်းကြည့်ရင်တောင် ကားမှာရပ် နေသလားတောင် ထင်ရပါသည်။

Credit – Ko Pho Kyaw Dak

[zawgyi]

ဟိုက္ေဝးခရီး ထြက္ၾကမယ္ဆိုရင္ကားကို တာယာ၊ ေအာက္ပိုင္း၊ အင္ဂ်င္၊ မီး၊ ဝိုက္ပါ၊ ဟြန္း စသည္ျဖင့္စစ္ေဆး ၾကရတဲ့အျပင္ေနာက္ထပ္ ဂ႐ုစိုက္ဖို႔ လိုအပ္တဲ့အခ်က္ တစ္ခု ရွိပါတယ္ ။အဲဒါကေတာ့ မိမိကားေပၚမွာ တင္ေဆာင္ သယ္ပိုး ရမယ့္လူ၊ ပစၥည္း မ်ားရဲ႕ အေလးခ်ိန္( LOAD ) ကို အတတ္ႏိုင္ဆုံးညီမွ်ေနေအာင္ တင္ေဆာင္ဖို႔ အေရးႀကီးလွပါတယ္။Weight Distribution လို႔ေခၚပါတယ္။ဟိုက္ေဝးလမ္းေတြ က်ဥ္းေျမာင္းၿပီးမေကာင္းစဥ္ အခ်ိန္ကာလတုန္းကဟိုက္ေဝး ကုန္တင္ကား ယာဥ္ေမာင္းႀကီးမ်ားဟာ ကားေမာင္းကြၽမ္းက်င္႐ုံနဲ႔မၿပီးေသးပဲ ကုန္စည္မ်ားကိုလည္းညီမွ်ေအာင္ တင္တတ္ၾကရပါတယ္။Weight ကို ညီမွ်ေအာင္မတင္ရင္မိမိကား ေအာက္ပိုင္း ဘယ္လိုပဲေကာင္းေအာင္ျပင္ဆင္ထားလည္းအရွိန္ျမင့္ ေမာင္းႏွင္စဥ္ ဒုကၡေရာက္တတ္ပါတယ္။ကားေမာင္းတာဘယ္ေလာက္ပဲ ကြၽမ္းက်င္ပါတယ္ဆိုေသာ္လည္း ကားတစ္စီးဟာ႐ူပေဗဒ သေဘာတရား အေပၚသာအေျခခံၿပီး သစၥာရွိရွိ ေ႐ြ႕လ်ားေနတာေၾကာင့္ ဝန္ပို တင္ေဆာင္ ေမာင္းႏွင္မိလို႔ ဒုကၡေရာက္ခဲ့ရသူေတြမနည္းခဲ့ပါ။ဟိုက္ေဝးလမ္းေတြေပၚ ေတြ႕ေနက်တစ္ခ်ိဳ႕ Mini / Light Truck ေတြ ကားကလည္း ညာေမာင္း ေနာက္ဘက္မွာ ထိုင္လိုက္ေနသူ ၆ ေယာက္ မွာ၄ ေယာက္က ညာဘက္ အျခမ္းမွာ၂ ေယာက္က ဘယ္ဘက္ အျခမ္းမွာအဲဒီေတာ့ ညာဘက္မွာ ၅ေယာက္ဘယ္ဘက္မွာ ၂ ေယာက္ ကားကလဲညာဘက္ ကို ေစာင္းေနတာေတာင္အေကြ႕ေတြကို ကီလို ၁၀၀ ေလာက္နဲ႔ဝင္ေကြ႕တယ္။ အေကြ႕ေပၚလည္းေရာက္ေရာ မႏိုင္ေတာ့ ဘရိတ္ကိုေကာက္နင္း လိုက္ခ်ိန္မွာ ေနာက္မွာထိုင္လိုက္လာသူေတြ ေျမခၾကရတယ္။က်ေနာ္ အႀကံေပးလိုတာက လူေတြကိုလဲ ညီညီမွ်မွ် ေနရာခ် ထိုင္ပါေစ ။ပစၥည္းမ်ားကိုလည္း အေပၚဝိတ္ကိုေလွ်ာ့ခ် ဘယ္/ညာ ညီမွ်ေအာင္ တင္ေဆာင္ ေမာင္းႏွင္ပါက ကီလို ၁၀၀ နင္းၾကည့္ရင္ေတာင္ ကားမွာရပ္ ေနသလားေတာင္ ထင္ရပါသည္။