အကျိူးပေးကောင်းတဲ့ သည်းခံခြင်း

လွန်လေပြီးသောအခါ ဗာရာဏသီပြည်တွင် ကလာဗုမင်း အုပ်စိုးစဉ် ကုဋေရှစ်ဆယ် ကြွယ်ဝသော လုလင်တဦး ရှိလေတယ်။ အမည်ကား ကုဏ္ဍလ လုလင်ဟု ခေါ်တွင်လေတယ်။ထိုလုလင်မှာ အရွယ်ရောက်သော် ပညာသင်ယူပြီး တတ်မြောက် ပြီးစီးချိန်တွင် မိဘနှစ်ပါးလုံးမှာ ကွယ်လွန် သွားလေတယ်။ ထိုသို့ မိဘနှစ်ပါး၏ ကွယ်လွန်မှုကြောင့် လုလင်မှာ သတိ သံဝေဂ ရသွားကာ ပိုင်ဆိုင်သမျှ ပစ္စည်းအားလုံးကို လှူဒါန်း စွန့်ကြဲလို့ ဟိမဝန္တာ တောထဲတွင် ရသေ့ဝတ်လျက် နေထိုင်လေတယ်။တနေ့တွင် ရသေ့မှာ ချဉ်ဆား မှီဝဲရန် ဗာရာဏသီ ပြည်သို့ ရောက်လေသော် စစ်သူကြီးမှ ကြည်ညို သောကြောင့် ရသေ့သီတင်းသုံးရန် မင်းဉယျာဉ်တွင်း၌ ကျောင်းဆောင် ဆောက်လုပ်လို့ ကိုးကွယ် ထားလေတယ်။တနေ့သော် ကလာဗုမင်းမှာ အရက်သေစာ သောက်စားပြီး ကချေသည်များ ခြံရံလျက် ဉယျာဉ်တော် တွင်းတွင် မင်းစည်း စိမ်ကို ခံစား နေလေတယ်။ ကလာဗုမင်းသည် မင်္ဂလာ ကျောက်ဖျာပေါ်၌ အမျိုးသမီးတဦး ရင်ခွင်တွင် ကျိန်းစက် နေလေတယ်။ကချေသည်တို့ ကလည်း သီဆိုတီးမှုတ် ကခုန်များနှင့် ဖျော်ဖြေနေရာ မင်းကြီး အိပ်ပျော်သွားသဖြင့် ကချေသည် အုပ်စုသည် ဉယျာဉ်တွင်းသို့ လှည့် လည် ကြည့်ရှုကြ လေတယ်။ ထိုအခါ အင်ကြင်းပင်ရင်းတွင် ထိုင်ကာ တရားအာရုံ ပြုနေသော ရသေ့မင်းအား ကြည်ညို လှသဖြင့် ဝင်ရောက် ရှိခိုးကြလေတယ်။ထို့နောက် တရားတော်များ ချီးမြှင့်ပေးလို့ ဆုံးမတော် မူပါရန် လျှောက်ထားလေတယ်။ သို့နှင့် ဘုရားအ လောင်း ရသေ့မင်းလည်း တရားရေအေးများ ဟောကြားပေးသော် ကချေသည်များမှာ ကောင်းစွာ နာယူကြလေတယ်။အချိန်အတန် ကြာသော် ကလာဗုမင်းသည် အိပ်နေရာမှ နိုးလာပြီး ကချေသည်များကို မမြင်သော် ရင်ခွင်အပ်လို့ ကျိန်းစက်နေသော အမျိုးသမီးကို မေးလေတယ်။ အ မျိုးသမီးက အကျိုးအကြောင်းကို လျှောက်ထားသော် မင်းကြီးသည် ဒေါသအမျက် ထွက်လို့ သန်လျက်ကို စွဲကိုင်ကာ ရသေ့မင်းထံ အပြေး အလွှား သွားလေတယ်။

တရားဟောနေသော ရသေ့ကို တွေ့သော် ဒေါသဖြင့် အော်ဟစ်မေးမြန်း လေတယ်။ ရသေ့အား မည်သည့်ဝါဒကို ခံယူထားသနည်းဟု မေးလေသော် ရသေ့မှာ ခန္တီဝါဒကို ခံယူထားကြောင်း ဖြေကြားလေတယ်။ ခန္တီဝါဒကား မိမိကိုယ် ဆဲရေး လာသူအားဖြစ်စေ၊ ရိုက်ပုတ် ညှဉ်းဆဲသူအား ဖြစ်စေ အမျက်ဒေါသ မထွက်ပဲ သည်းခံခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောပြတော် မူလေတယ်။ထိုအခါ ကလာဗုမင်းမှာ အာဏာပါးကွက်သား များကို ခေါ်လို့ ဆူးတပ်ထားသော ကြိမ်ဖြင့် ရသေ့အား ရိုက်နှက် စေပါတယ်။ ရသေ့မှာ ခွန်းတုံ့ပြန်ခြင်း မပြုပေ။ ထိုအခါ မင်းမိုက်သည် ရသေ့၏ လက်နှစ်ဖက်နှင့် ခြေနှစ်ဖက်တို့ကို ဖြတ်စေ ပြန်တယ်။ဤသည် ကိုလည်း ရသေ့မှာ မမှုလေသော် ရသေ့၏ နား၊ နှာ ခေါင်းတို့ကို ဖြတ်စေပြန်တယ်။ ရသေ့ကား သည်းခံ၍သာ နေလေတယ်။ သို့နှင့်တဖန် မင်းမိုက်မှာ ရသေ့အား ရင်ဝကို ခြေထောက်ဖြင့် ကန်ကာ ထွက်ခွာ သွားလေတယ်။မကြာမီ စစ်သူကြီး ရောက်လာသော် ရသေ့၏ ဒဏ်ရာများကို ပြုစုပေး လေတယ်။ စစ်သူကြီးမှာ ကလာဗုမင်း ကျူးလွန်သောအပြစ်ကို ထိုမင်းကိုသာ အပြစ်တင်ပါ။ ပြည်သူများ ကိုတော့ အမျက်ထွက်တော် မမူပါနှင့် ဟု တောင်းပန်လေတယ်။ ရသေ့က ငါသည် မည်သူ့ကိုမျှ အမျက်မထွက်ပါ။ငါ၏ ခြေ၊လက်၊ နားနဲ့ နှာခေါင်းတို့ကို ဖြတ်ခဲ့သော မင်းကို သက်တော်ရှည်ပါစေဟု ဆုတောင်းပါတယ်ဟု ဆိုလေတယ်။ သို့သော်ငြား မကောင်းမှု ပြုခဲ့သော ကလာဗုမင်းသည် အပြစ်မှ မလွတ်၊ ဉယျာဉ်တံခါးဝသို့ အရောက်တွင် မြေမျိုခံရပြီး အနိစ္စ ရောက်သွားလေတယ်။ ရသေ့သည်လည်း ထိုနေ့တွင်ပင် လွန်တော် မူလေတယ်။စစ်သူကြီးမှာ မင်းပရိတ်သတ်နှင့် ပြည်သူအ ပေါင်းရှေ့တွင် ရသေ့မြတ်၏ အလောင်းတော်ကို ပူဇော်လို့ ရိုသေစွာ သင်္ဂြိုဟ်ခဲ့ လေတယ်။ ရသေ့မြတ်သည် ကောင်းရာသုဂတိသို့ လားပြီး ဘဝများစွာ ကျင်လည်ပြီးနောက် နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရားအဖြစ်သို့ ရောက်ရှိတော် မူခဲ့လေတယ်။ဖော်ပြပါ အ ကြောင်းအရာကို ထောက်ရှုခြင်းအားဖြင့် သည်းခံခြင်း၏ အကျိုးသည် လက်ရှိဘဝတွင် အကျိုးများစေ နိုင်ရုံသာမက တမလွန် ဘဝများ အထိ ကောင်း ကျိုးခံစားရကာ နိဗ္ဗာန်ထိ တိုင်အောင် ကောင်းကျိုးပေး နိုင်လောက်သော ကြီးမြတ်လှတဲ့ မင်္ဂလာတပါး ဖြစ်ကြောင်း သိရှိနိုင်ပါတယ်။

credit – မူရင်း

[zawgyi]

လြန္ေလၿပီးေသာအခါ ဗာရာဏသီျပည္တြင္ ကလာဗုမင္း အုပ္စိုးစဥ္ ကုေဋရွစ္ဆယ္ ႂကြယ္ဝေသာ လုလင္တဦး ရွိေလတယ္။ အမည္ကား ကု႑လ လုလင္ဟု ေခၚတြင္ေလတယ္။ထိုလုလင္မွာ အ႐ြယ္ေရာက္ေသာ္ ပညာသင္ယူၿပီး တတ္ေျမာက္ ၿပီးစီးခ်ိန္တြင္ မိဘႏွစ္ပါးလုံးမွာ ကြယ္လြန္ သြားေလတယ္။ ထိုသို႔ မိဘႏွစ္ပါး၏ ကြယ္လြန္မႈေၾကာင့္ လုလင္မွာ သတိ သံေဝဂ ရသြားကာ ပိုင္ဆိုင္သမွ် ပစၥည္းအားလုံးကို လႉဒါန္း စြန႔္ႀကဲလို႔ ဟိမဝႏၲာ ေတာထဲတြင္ ရေသ့ဝတ္လ်က္ ေနထိုင္ေလတယ္။တေန႔တြင္ ရေသ့မွာ ခ်ဥ္ဆား မွီဝဲရန္ ဗာရာဏသီ ျပည္သို႔ ေရာက္ေလေသာ္ စစ္သူႀကီးမွ ၾကည္ညိဳ ေသာေၾကာင့္ ရေသ့သီတင္းသုံးရန္ မင္းဉယ်ာဥ္တြင္း၌ ေက်ာင္းေဆာင္ ေဆာက္လုပ္လို႔ ကိုးကြယ္ ထားေလတယ္။တေန႔ေသာ္ ကလာဗုမင္းမွာ အရက္ေသစာ ေသာက္စားၿပီး ကေခ်သည္မ်ား ၿခံရံလ်က္ ဉယ်ာဥ္ေတာ္ တြင္းတြင္ မင္းစည္း စိမ္ကို ခံစား ေနေလတယ္။ ကလာဗုမင္းသည္ မဂၤလာ ေက်ာက္ဖ်ာေပၚ၌ အမ်ိဳးသမီးတဦး ရင္ခြင္တြင္ က်ိန္းစက္ ေနေလတယ္။ကေခ်သည္တို႔ ကလည္း သီဆိုတီးမႈတ္ ကခုန္မ်ားႏွင့္ ေဖ်ာ္ေျဖေနရာ မင္းႀကီး အိပ္ေပ်ာ္သြားသျဖင့္ ကေခ်သည္ အုပ္စုသည္ ဉယ်ာဥ္တြင္းသို႔ လွည့္ လည္ ၾကည့္ရႈၾက ေလတယ္။ ထိုအခါ အင္ၾကင္းပင္ရင္းတြင္ ထိုင္ကာ တရားအာ႐ုံ ျပဳေနေသာ ရေသ့မင္းအား ၾကည္ညိဳ လွသျဖင့္ ဝင္ေရာက္ ရွိခိုးၾကေလတယ္။ထို႔ေနာက္ တရားေတာ္မ်ား ခ်ီးျမႇင့္ေပးလို႔ ဆုံးမေတာ္ မူပါရန္ ေလွ်ာက္ထားေလတယ္။ သို႔ႏွင့္ ဘုရားအ ေလာင္း ရေသ့မင္းလည္း တရားေရေအးမ်ား ေဟာၾကားေပးေသာ္ ကေခ်သည္မ်ားမွာ ေကာင္းစြာ နာယူၾကေလတယ္။အခ်ိန္အတန္ ၾကာေသာ္ ကလာဗုမင္းသည္ အိပ္ေနရာမွ ႏိုးလာၿပီး ကေခ်သည္မ်ားကို မျမင္ေသာ္ ရင္ခြင္အပ္လို႔ က်ိန္းစက္ေနေသာ အမ်ိဳးသမီးကို ေမးေလတယ္။ အ မ်ိဳးသမီးက အက်ိဳးအေၾကာင္းကို ေလွ်ာက္ထားေသာ္ မင္းႀကီးသည္ ေဒါသအမ်က္ ထြက္လို႔ သန္လ်က္ကို စြဲကိုင္ကာ ရေသ့မင္းထံ အေျပး အလႊား သြားေလတယ္။တရားေဟာေနေသာ ရေသ့ကို ေတြ႕ေသာ္ ေဒါသျဖင့္ ေအာ္ဟစ္ေမးျမန္း ေလတယ္။ ရေသ့အား မည္သည့္ဝါဒကို ခံယူထားသနည္းဟု ေမးေလေသာ္ ရေသ့မွာ ခႏၲီဝါဒကို ခံယူထားေၾကာင္း ေျဖၾကားေလတယ္။ ခႏၲီဝါဒကား မိမိကိုယ္ ဆဲေရး လာသူအားျဖစ္ေစ၊ ႐ိုက္ပုတ္ ညႇဥ္းဆဲသူအား ျဖစ္ေစ အမ်က္ေဒါသ မထြက္ပဲ သည္းခံျခင္း ျဖစ္ေၾကာင္း ရွင္းလင္း ေျပာျပေတာ္ မူေလတယ္။ထိုအခါ ကလာဗုမင္းမွာ အာဏာပါးကြက္သား မ်ားကို ေခၚလို႔ ဆူးတပ္ထားေသာ ႀကိမ္ျဖင့္ ရေသ့အား ႐ိုက္ႏွက္ ေစပါတယ္။ ရေသ့မွာ ခြန္းတုံ႔ျပန္ျခင္း မျပဳေပ။ ထိုအခါ မင္းမိုက္သည္ ရေသ့၏ လက္ႏွစ္ဖက္ႏွင့္ ေျခႏွစ္ဖက္တို႔ကို ျဖတ္ေစ ျပန္တယ္။ဤသည္ ကိုလည္း ရေသ့မွာ မမႈေလေသာ္ ရေသ့၏ နား၊ ႏွာ ေခါင္းတို႔ကို ျဖတ္ေစျပန္တယ္။ ရေသ့ကား သည္းခံ၍သာ ေနေလတယ္။ သို႔ႏွင့္တဖန္ မင္းမိုက္မွာ ရေသ့အား ရင္ဝကို ေျခေထာက္ျဖင့္ ကန္ကာ ထြက္ခြာ သြားေလတယ္။မၾကာမီ စစ္သူႀကီး ေရာက္လာေသာ္ ရေသ့၏ ဒဏ္ရာမ်ားကို ျပဳစုေပး ေလတယ္။ စစ္သူႀကီးမွာ ကလာဗုမင္း က်ဴးလြန္ေသာအျပစ္ကို ထိုမင္းကိုသာ အျပစ္တင္ပါ။ ျပည္သူမ်ား ကိုေတာ့ အမ်က္ထြက္ေတာ္ မမူပါႏွင့္ ဟု ေတာင္းပန္ေလတယ္။ ရေသ့က ငါသည္ မည္သူ႔ကိုမွ် အမ်က္မထြက္ပါ။ငါ၏ ေျခ၊လက္၊ နားနဲ႔ ႏွာေခါင္းတို႔ကို ျဖတ္ခဲ့ေသာ မင္းကို သက္ေတာ္ရွည္ပါေစဟု ဆုေတာင္းပါတယ္ဟု ဆိုေလတယ္။ သို႔ေသာ္ျငား မေကာင္းမႈ ျပဳခဲ့ေသာ ကလာဗုမင္းသည္ အျပစ္မွ မလြတ္၊ ဉယ်ာဥ္တံခါးဝသို႔ အေရာက္တြင္ ေျမမ်ိဳခံရၿပီး အနိစၥ ေရာက္သြားေလတယ္။ ရေသ့သည္လည္း ထိုေန႔တြင္ပင္ လြန္ေတာ္ မူေလတယ္။စစ္သူႀကီးမွာ မင္းပရိတ္သတ္ႏွင့္ ျပည္သူအ ေပါင္းေရွ႕တြင္ ရေသ့ျမတ္၏ အေလာင္းေတာ္ကို ပူေဇာ္လို႔ ႐ိုေသစြာ သၿဂႋဳဟ္ခဲ့ ေလတယ္။ ရေသ့ျမတ္သည္ ေကာင္းရာသုဂတိသို႔ လားၿပီး ဘဝမ်ားစြာ က်င္လည္ၿပီးေနာက္ ေနာက္ဆုံးဘဝတြင္ ေဂါတမျမတ္စြာဘုရားအျဖစ္သို႔ ေရာက္ရွိေတာ္ မူခဲ့ေလတယ္။ေဖာ္ျပပါ အ ေၾကာင္းအရာကို ေထာက္ရႈျခင္းအားျဖင့္ သည္းခံျခင္း၏ အက်ိဳးသည္ လက္ရွိဘဝတြင္ အက်ိဳးမ်ားေစ ႏိုင္႐ုံသာမက တမလြန္ ဘဝမ်ား အထိ ေကာင္း က်ိဳးခံစားရကာ နိဗၺာန္ထိ တိုင္ေအာင္ ေကာင္းက်ိဳးေပး ႏိုင္ေလာက္ေသာ ႀကီးျမတ္လွတဲ့ မဂၤလာတပါး ျဖစ္ေၾကာင္း သိရွိႏိုင္ပါတယ္။