အင်းဝခေတ်က သမိုင်းတွင်သည့် မြင့်မြတ်သော နှလုံးသား ပိုင်ရှင်

အို .. ကျွန်ုပ်ဦးခိုက်ရှိခိုးလိုက်ပါသည်။ မြင့်မြတ်လှသော ဟံသာဝတီပြည့်ရှင် သုရှင်ရာဇာဓိရာဇ်မင်းတရား။ ကျွန်ုပ်သည် ပဒေသရာဇ်ခေတ် ၏ သားကောင်းလည်းဖြစ်၊ သူရဲကောင်းလည်းဖြစ်သော သမိန်ဗရမ်းဖြစ်ပေသည်။ အင်းဝနှင့်ဟံသာဝတီကြား တံတိုင်းခြား၍ အမုန်းမီးများလျှံချိန်ဝယ် ကျွန်ုပ်သည် သုရှင်ရာဇာဓိရာဇ်မင်းတရားမှတစ်ပါး အခြားသောမင်းများ၏ လက်အောက်ကိုမခံ အသက်ကိုသာ အသေခံသွားမည် ဖြစ်ပါသည်။ အင်းဝက ဟံသာဝတီကို လာကျူးကျော်လိုက် ဟံသာဝတီက အင်းဝကို သွားတိုက်လိုက်ဖြင့် ဤအနှစ် (၄၀)စစ်မီးကြီးသည် ဘယ်‌သောအခါမျှ ပြီးစီးနိုင်မည်‌ဆို သည်‌ကို မည်‌သူမျှမသိ။ ဤစစ်မီးလျှံကြား ကံဆိုးလှသည့်ကျွနု်ပ် ရန်သူ့လက်တွင်း သုံ့ပန့်အဖြစ်သို့ သက်ဆင်းရလေပြီ။ ဇာတိမြေခြား၍ အင်းဝမှာ သုံ့ပန့်ဖြစ်နေရသော်လည်း အကျွန့်လူမျိုး အကျွန့်အရှင် သခင်မင်းကြီးကိုသာ တစ်နေ့မပြတ် သတိရလျက် ဖြေမဆည်နိုင်ခဲ့သည်မှာ မှန်သောသစ္စာစကားပါအရှင်။ ဟော .. ယခုကျွန်ုပ်ကို ဖမ်းဆီးထားသည့် အင်းဝကို စစ်ပြုဖို့ တစ်ပြည်ခြားသည့် စိန့်တိုင်းသားတို့ ဝိုင်းရံလို့နေပါပြီ။ စိန့်တို့သခင် စိန့်တိုင်းရှင်က တရုတ်သူရဲကောင်း ဂါမဏိကို အားကိုးကာ ”သူရဲ ကောင်းချင်း စစ်ထိုးမည်လော၊ တိုင်းပြည်ကို အသာတကြည် အပ်မည်လော”ဆိုသည့် ရာဇသံပေးရင်း ကျူးကျော်ဖို့ပြင် အကွက်ဆင်နေပါပြီ။ အင်းဝဘက်ကလည်း သူရဲကောင်းအရှာထွက်ရာ တစ်ပြည်လုံး ကြေညာမောင်းခတ် အရပ်ရပ်လှည့် လည်ရှာသော်လည်း သံမဏိကိုယ် စား မွေးဖွားလာခဲ့သည့် ဂါမဏိကို ယှဉ်ပြိုင်သူရှားကာ အပူမီးပွါးနေကြပါပြီ။ ကြာလျှင် စိတ်ရိုင်းသည့်စိန့်တိုင်းက အင်းဝကိုသိမ်းပိုက်ပြီး စိန့်တိုင်းသားတို့ ရုံးစိုက်တော့မှာ အသေချာပါ။ ဝမ်းနည်းပြီး ပူဆွေးငိုကြွေးနေကြသည့် အင်းဝသားတို့၏ရှိုက်သံများ ကျွန်ုပ်ရင်ဝမှာ မြားလာစိုက်တာ အမှန်ပါအရှင်။

အင်းဝက အကျွန့်ရန်သူမို့ မျက်နှာလွှဲခဲ့မည်ဆိုလျှင် ရေမြေခြားသည့် တိုင်းတစ်ပါးသားတို့က အင်းဝကိုလည်းသိမ်း၊ အင်းဝမှတစ်ဖန် အောက် ပြည်ကိုစုန်ပြီး ဟံသာဝတီထိ စစ်ချီခဲ့မည်ဆိုလျှင် အကျွန်မတွေးဝံ့ပါအရှင်။ ကျွန်ုပ်လူမျိုး၊ ကျွနု်ပ်တို့ပိုင်နက်၊ ကျွန်ုပ်တို့၏အချူပ်အခြာ၊ ကျွန်ုပ်တို့၏အာဏာကိုတော့ တိုင်းတစ်ပါးလက် ဝကွက်မအပ်ပါရစေနှင့်အရှင်။ မှန်ကန်သောစကားဆိုပါရစေ။ အရှင်နှင့်ကျွန်ုပ်လူမျိုးမှတစ်ပါး အခြားမရှိ၊ အရှင့်ထံပါး ဦးဆွေးဆံမြေ့ အမှုတော်ထမ်းရွက်ခဲ့သူပါ။ တိုင်းရေးပြည်ရေး နိုင်ငံရေးဟာ တိမ်တောင်သဖွယ် မင်းရေးကျယ်သမို့ အရှင့်အငြိုအငြင် မခံယူဝံ့ပါ။ သို့ပါသော်ငြား အကျွန့်လူမျိုးအတွက်သာမက တိုင်းရင်းသားအားလုံးနှင့် တစ်ပြည်လုံးအတွက် မြင့်မြတ်သော စွန့်လွှတ်ခြင်းမို့ အကျွန့်အသက်စွန့်ပါရစေ ခွင့်ပြုပါအရှင်။ တရုတ်သူရဲကောင်းဂါမဏိကို သူသေကိုယ်သေ တိုက်ပါရစေ။ သူ့ကိုယ်မှာ ချပ်ဝတ်တန်ဆာ သံချပ်ကာတွေ ဘယ်လောက်ပင်ကာထားပါစေ ကျွန်ုပ်၏စိတ်က လှံသွားကဲ့သို့ သူ့ရင်ကိုထွင်းဖောက်ပြီး ကျွန်ုပ်လက်အောက်ကို ရောက်စေရပါမည်။ မြင်းစီးရင်း ကကြိုးဆင်တော့ သူ၏အားနည်းချက်ကိုဖွေရှာ အဖြေကထွက်လာပြီ။ ကဲ .. အ သင့်ပြင်၊ စစ်ခင်း၊ စီးချင်းနင်း၍ တစ်ဟုန်ထိုးပြေးအလာ အကျွန့်ကိုခုတ်ဖို့ဟန်ပြင် လက်ရွယ်စဉ်မှာ သူ့သံချပ်လွတ်သည့် နေရာထက်ဆီသို့ လှံကိုထိုးသွင်း နှလုံးသားကိုပြင်းပြင်းစိုက် ခေါင်းငိုက်အကျမှာ ကျွနု်ပ်နိုင်ခဲ့ပါပြီအရှင်။ တရားသဖြင့် ကျွန်ုပ်နိုင်ခဲ့ပါပြီ။ ဂါမဏိကိုလည်း ကျွန်ုပ်နိုင်ခဲ့သည်၊ စိန့် တိုင်းကိုလည်း ကျွန်ုပ်နိုင်ခဲ့သည်၊ အင်းဝကိုလည်း ကျွန်ုပ်နိုင်ခဲ့လေပြီ။ ကျွန်ုပ်သည် အရှင့်အရေးနှင့် တိုင်းပြည်အရေးကို ဦးဆွေးဆံမြေ့ အမှုတော်ထမ်းခဲ့သည့် သစ္စာတော်ခံသမိန်ဗရမ်းပါ အရှင်မင်းတရားကြီး။

Credit – သရာဲမန်ဗညာဓရာံ

[zawgyi]

အို .. ကြၽႏ္ုပ္ဦးခိုက္ရွိခိုးလိုက္ပါသည္။ ျမင့္ျမတ္လွေသာ ဟံသာဝတီျပည့္ရွင္ သုရွင္ရာဇာဓိရာဇ္မင္းတရား။ ကြၽႏ္ုပ္သည္ ပေဒသရာဇ္ေခတ္၏ သားေကာင္းလည္းျဖစ္၊ သူရဲေကာင္းလည္းျဖစ္ေသာ သမိန္ဗရမ္းျဖစ္ေပသည္။ အင္းဝႏွင့္ဟံသာဝတီၾကား တံတိုင္းျခား၍ အမုန္းမီးမ်ားလွ်ံခ်ိန္ဝယ္ ကြၽႏ္ုပ္သည္ သုရွင္ရာဇာဓိရာဇ္မင္းတရားမွတစ္ပါး အျခားေသာမင္းမ်ား၏ လက္ေအာက္ကိုမခံ အသက္ကိုသာ အေသခံသြားမည္ ျဖစ္ပါသည္။ အင္းဝက ဟံသာဝတီကို လာက်ဴးေက်ာ္လိုက္ ဟံသာဝတီက အင္းဝကို သြားတိုက္လိုက္ျဖင့္ ဤအႏွစ္ (၄၀)စစ္မီးႀကီးသည္ ဘယ္‌ေသာအခါမွ် ၿပီးစီးႏိုင္မည္‌ဆို သည္‌ကို မည္‌သူမွ်မသိ။ ဤစစ္မီးလွ်ံၾကား ကံဆိုးလွသည့္ကြၽႏု္ပ္ ရန္သူ႔လက္တြင္း သုံ႔ပန႔္အျဖစ္သို႔ သက္ဆင္းရေလၿပီ။ ဇာတိေျမျခား၍ အင္းဝမွာ သုံ႔ပန႔္ျဖစ္ေနရေသာ္လည္း အကြၽန႔္လူမ်ိဳး အကြၽန႔္အရွင္ သခင္မင္းႀကီးကိုသာ တစ္ေန႔မျပတ္ သတိရလ်က္ ေျဖမဆည္ႏိုင္ခဲ့သည္မွာ မွန္ေသာသစၥာစကားပါအရွင္။ ေဟာ .. ယခုကြၽႏ္ုပ္ကို ဖမ္းဆီးထားသည့္ အင္းဝကို စစ္ျပဳဖို႔ တစ္ျပည္ျခားသည့္ စိန႔္တိုင္းသားတို႔ ဝိုင္းရံလို႔ေနပါၿပီ။ စိန႔္တို႔သခင္ စိန႔္တိုင္းရွင္က တ႐ုတ္သူရဲေကာင္း ဂါမဏိကို အားကိုးကာ ”သူရဲေကာင္းခ်င္း စစ္ထိုးမည္ေလာ၊ တိုင္းျပည္ကို အသာတၾကည္ အပ္မည္ေလာ”ဆိုသည့္ ရာဇသံေပးရင္း က်ဴးေက်ာ္ဖို႔ျပင္ အကြက္ဆင္ေနပါၿပီ။ အင္းဝဘက္ကလည္း သူရဲေကာင္းအရွာထြက္ရာ တစ္ျပည္လုံး ေၾကညာေမာင္းခတ္ အရပ္ရပ္လွည့္ လည္ရွာေသာ္လည္း သံမဏိကိုယ္စား ေမြးဖြားလာခဲ့သည့္ ဂါမဏိကို ယွဥ္ၿပိဳင္သူရွားကာ အပူမီးပြါးေနၾကပါၿပီ။ ၾကာလွ်င္ စိတ္႐ိုင္းသည့္စိန႔္တိုင္းက အင္းဝကိုသိမ္းပိုက္ၿပီး စိန႔္တိုင္းသားတို႔ ႐ုံးစိုက္ေတာ့မွာ အေသခ်ာပါ။ ဝမ္းနည္းၿပီး ပူေဆြးငိုေႂကြးေနၾကသည့္ အင္းဝသားတို႔၏ရႈိက္သံမ်ား ကြၽႏ္ုပ္ရင္ဝမွာ ျမားလာစိုက္တာ အမွန္ပါအရွင္။အင္းဝက အကြၽန႔္ရန္သူမို႔ မ်က္ႏွာလႊဲခဲ့မည္ဆိုလွ်င္ ေရေျမျခားသည့္ တိုင္းတစ္ပါးသားတို႔က အင္းဝကိုလည္းသိမ္း၊ အင္းဝမွတစ္ဖန္ ေအာက္ျပည္ကိုစုန္ၿပီး ဟံသာဝတီထိ စစ္ခ်ီခဲ့မည္ဆိုလွ်င္ အကြၽန္မေတြးဝံ့ပါအရွင္။ ကြၽႏ္ုပ္လူမ်ိဳး၊ ကြၽႏု္ပ္တို႔ပိုင္နက္၊ ကြၽႏ္ုပ္တို႔၏အခ်ဴပ္အျခာ၊ ကြၽႏ္ုပ္တို႔၏အာဏာကိုေတာ့ တိုင္းတစ္ပါးလက္ ဝကြက္မအပ္ပါရေစႏွင့္အရွင္။ မွန္ကန္ေသာစကားဆိုပါရေစ။ အရွင္ႏွင့္ကြၽႏ္ုပ္လူမ်ိဳးမွတစ္ပါး အျခားမရွိ၊ အရွင့္ထံပါး ဦးေဆြးဆံေျမ့ အမႈေတာ္ထမ္း႐ြက္ခဲ့သူပါ။ တိုင္းေရးျပည္ေရး ႏိုင္ငံေရးဟာ တိမ္ေတာင္သဖြယ္ မင္းေရးက်ယ္သမို႔ အရွင့္အၿငိဳအျငင္ မခံယူဝံ့ပါ။ သို႔ပါေသာ္ျငား အကြၽန႔္လူမ်ိဳးအတြက္သာမက တိုင္းရင္းသားအားလုံးႏွင့္ တစ္ျပည္လုံးအတြက္ ျမင့္ျမတ္ေသာ စြန႔္လႊတ္ျခင္းမို႔ အကြၽန႔္အသက္စြန႔္ပါရေစ ခြင့္ျပဳပါအရွင္။ တ႐ုတ္သူရဲေကာင္းဂါမဏိကို သူေသကိုယ္ေသ တိုက္ပါရေစ။ သူ႔ကိုယ္မွာ ခ်ပ္ဝတ္တန္ဆာ သံခ်ပ္ကာေတြ ဘယ္ေလာက္ပင္ကာထားပါေစ ကြၽႏ္ုပ္၏စိတ္က လွံသြားကဲ့သို႔ သူ႔ရင္ကိုထြင္းေဖာက္ၿပီး ကြၽႏ္ုပ္လက္ေအာက္ကို ေရာက္ေစရပါမည္။ ျမင္းစီးရင္း ကႀကိဳးဆင္ေတာ့ သူ၏အားနည္းခ်က္ကိုေဖြရွာ အေျဖကထြက္လာၿပီ။ ကဲ .. အသင့္ျပင္၊ စစ္ခင္း၊ စီးခ်င္းနင္း၍ တစ္ဟုန္ထိုးေျပးအလာ အကြၽန႔္ကိုခုတ္ဖို႔ဟန္ျပင္ လက္႐ြယ္စဥ္မွာ သူ႔သံခ်ပ္လြတ္သည့္ ေနရာထက္ဆီသို႔ လွံကိုထိုးသြင္း ႏွလုံးသားကိုျပင္းျပင္းစိုက္ ေခါင္းငိုက္အက်မွာ ကြၽႏု္ပ္ႏိုင္ခဲ့ပါၿပီအရွင္။ တရားသျဖင့္ ကြၽႏ္ုပ္ႏိုင္ခဲ့ပါၿပီ။ ဂါမဏိကိုလည္း ကြၽႏ္ုပ္ႏိုင္ခဲ့သည္၊ စိန႔္ တိုင္းကိုလည္း ကြၽႏ္ုပ္ႏိုင္ခဲ့သည္၊ အင္းဝကိုလည္း ကြၽႏ္ုပ္ႏိုင္ခဲ့ေလၿပီ။ ကြၽႏ္ုပ္သည္ အရွင့္အေရးႏွင့္ တိုင္းျပည္အေရးကို ဦးေဆြးဆံေျမ့ အမႈေတာ္ထမ္းခဲ့သည့္ သစၥာေတာ္ခံသမိန္ဗရမ္းပါ အရွင္မင္းတရားႀကီး။