အင်းဝ _ ဟံသာဝတီ အနှစ် (၄၀) စစ်ပွဲထဲက ငြိမ်းချမ်းရေးသမား(သို့) စကြိုသူမြတ်

အင်းဝဘုရင် မင်းခေါင် နှင့် ဟံသာဝတီဘုရင် ရာဇာဓိရာဇ်တို့ တိုက်ခိုက်ခဲ့သော အင်းဝ-ဟံသာဝတီ အနှစ် ၄၀ တိုက်ပွဲအကြောင်း အားလုံးသိဖူး၊ကြားဖူးကြမှာပါ။အင်းဝကို တိုက်ရန် ဟံသာဝတီဘုရင် ရာဇာဓိရာဇ်ဟာ အလုံးအရင်းနဲ့ ချီတက်လာခဲ့ပါတယ်။ဆက်လက်တိုက်ခိုက်မယ် ဆိုပါက အင်းဝကို အလွယ်လေးနိုင်နိုင်တဲ့ အခြေအနေပါ။ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီအချိန်မှာအင်းဝ ဘုရင်မင်းခေါင်ဟာ နန်းတက်စဖြစ်ပြီး နန်းတွင်းအာဏာကို တည်ဆောက်နေရဆဲ အချိန်ဖြစ်လို့ပါပဲ။ဒီအချိန်မှာ အင်းဝကို ကယ်မယ့်သူပေါ်လာပါတယ်။ သူကတော့ ရဟန်းတစ်ပါးပဲ ဖြစ်ပါတယ်။သမိုင်းတစ်လျှောက် နိုင်ငံအဓိကအချိန်တွေမှာ ငြိမ်းချမ်းရေးဆရာတော်တွေ ကြားဝင်ဆောင်ရွက်ခဲ့ရပါတယ်။အထင်ရှားဆုံးကတော့ ပုဂံကို တိုက်ခိုက်ဖျက်စီးရန် လာတဲ့ မွန်ဂိုဘုရင်ကူဗလိုင်ခန့်ကို တားခဲ့တဲ့ ရှင်ဒီသာပါမောက်(ဦးကျဉ်ပွေ့) ၊မင်းရှင်စော နဲ့ နရသူတို့အကြား ဖြန်ဖြေခဲ့တဲ့ ပံ့သကူမထေရ် နဲ့ အင်းဝကိုတိုက်ခိုက်ရန်လာတဲ့ ဟံသာဝတီဘုရင်ရာဇာဓိရာဇ်ကို တားခဲ့တဲ့ စကြိုသူမြတ် တို့ ဖြစ်ကြပါတယ်။ရှင်ဒီသာပါမောက်ရဲ့ ငြိမ်းချမ်းရေးဆောင်ရွက်ချက်ကြောင့် မွန်ဂိုဘုရင် ကူဗလိုင်ခန်ဟာ သူ့တပ်များကို ဆုတ်စေတဲ့အတွက် ပုဂံကိုကယ်တင်နိုင်ခဲ့ပါတယ်။ပံ့သကူမထေရ်ကတော့ ကြားဝင်ဖြန်ဖြေပေးခဲ့ပေမယ့် စေတနာအမှားဖြစ်ခဲ့ပါတယ်။နရသူဟာ ပံသကူမထေရ်ကို လိမ်ညာအကာအကွယ်ယူပြီး နောင်တော်မင်းရှင်စောကို လုပ်ကြံခဲ့တာကြောင့်ပါ။ဒီဖြစ်ရပ်ကြောင့်ပံ့သကူမထေရ်ဟာ မင်းဆိုးမင်းညစ်တိုင်းပြည်မှာ မနေ ဟု ဆိုကာ သီဟိုဠ်သို့ ကြွသွားခဲ့ပါတယ်။စကြိုသူမြတ် ရာဇာဓိရာဇ်ကို တားတဲ့အချိန်မှာ ရာဇာဓိရာဇ်ရဲ့တပ်ဟာ ရွှေကြက်ယက်အထိ ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ထိုစဉ်က စကြိုသူမြတ်မှာ သက်တော် ၃၁ ဝါတော်(၁၁) ဝါ သာရှိပါသေးတယ်။စကြိုသူမြတ် ရာဇာဓိရာဇ်စခန်းချရာ နေရာကို ရောက်တဲ့အခါ အစပထမမှာ ရာဇာဓိရာဇ်ဟာ ဆရာတော်တို့ရောက်နေတာကို မမြင်ဟန်ဆောင်ပါတယ်။

အတန်ကြာမှ“အရှင်ဘုရားတို့ ဘယ်တုန်းတည်းကရောက်နေကြပါသနည်း”လို့မေးတဲ့အခါ စကြိုသူမြတ်က“ဟံသာဝတီပြည့်ရှင်မင်းကြီး မြင်တော်မူကတည်းက ငါတို့ရောက်နေကြသည်”လို့ ပြန်ဖြေပါတယ်။ အဲဒီနောက်တော့ စကြိုသူမြတ်ဟာ စစ်ဘုရင် ရာဇာဓိရာဇ် နဲ့ အမေးအဖြေလုပ်ပါတယ်။စကြို – မွန်ဒေသက အညာအင်းဝအထိ ဆန်တက်လာတာ ဘာကိစ္စရှိလို့ပါလဲ။ရာဇာဓိရာဇ် – အကြောင်းလေးပါး လိုလို့ ဆန်တက်လာပါတယ် အရှင်။စကြို – ဘယ်လိုအကြောင်းလေးပါးလဲ။ရာဇာဓိရာဇ် – ၁။ အထူးထူးသော အရပ်ကို ကြည့်တော်မူလိုခြင်း ၂။ ဘုန်းလက်ရုံးခွန်အားကို ပြတော်မူလိုခြင်း ၃။ တိုင်းပြည်နယ်မြေ ချဲ့ထွင်လိုခြင်း ၄။ အင်းဝမှ များပြားလှတဲ့ဓာတ်တော်မွေတော် စေတီဆင်းတုတွေကို ဖူးမြော်လိုခြင်း စတဲ့အချက်တွေပါ။ စကြို – ထိုအကြောင်းလေးပါးတွင် သုံးပါးသောအကြောင်းက မသင့်လျော်ပါ။ကျန်တစ်ပါးကတော့ ကုသိုလ်ဖြစ်တဲ့အတွက် မြတ်တဲ့အကျိုးကို ရမှာပါ။တခြားအကြောင်းသုံးပါးကတော့လောဘဇောနဲ့ စပ်တဲ့အရာဖြစ်လို့ နတ်ရွာနိဗ္ဗာန်နဲ့ ဖီလာပါပဲ။ရာဇာဓိရာဇ် – ဘယ်လိုမိန့်တော်မူပါသလဲ။စကြို – ဒကာတော်ဟာ ရှေးက ကောင်းမူကုသိုလ်တွေကြောင့် ဟံသာဝတီမှာ မင်းပြုရတယ်။ရတနာပူရ အင်းဝနေပြည်တော်ကြီးကလည်း ဘုရားသခင်ဗျာဒိတ်တော်ရတဲ့ ပြည် ၊သာသနာတည်ရာ ပြည်ပါပဲ။ စိတ်ရှိတိုင်းသာ ပြုမယ်ဆိုရင် မကောင်းမှု အကုသိုလ်ပွားများပြီး ရန်ငြိုးကြီးစွာ ဖြစ်စေမပေါ့။ဒကာကြီးတို့ ဧကရာဇ်နှစ်ပါးတိုက်ခိုက်ကြတဲ့အခါ ခပ်သိမ်းသော သတ္တဝါများ ပျက်စီးဆင်းရဲရပါလိမ့်မယ် ၊သတ္တဝါတွေ ချမ်းသာမှ သာသနာစည်ပင်ပြန့်ပွားမယ် မဟုတ်လား ၊သင့်ရဲ့ခမည်းတော် ဗညားဦး နဲ့ အင်းဝဘုရင် မင်းကြီးစွာတို့ လက်ထက်က နှစ်ပြည်ထောင် အပြန်အလှန် သံတမန်စေလွှတ်လို့ စည်ပင်ဝပြောခဲ့ရတယ်။သာသနာဒါယကာ မင်းကောင်းမင်းမြတ်တို့မည်သည် ရှေးမင်းဆက်တွေရဲ့ အစဉ်အလာကို မဖျက်သင့်ပါဘူး။ရာဇာဓိရာဇ် – ဆရာတော်တရားနဲ့ အညီဟောကြားတာဖြစ်လို့ သင့်မြတ်လှပါတယ်။စကြို – ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ ချမ်းသာရလေအောင် ကိုယ်တော်မေတ္တာရပ်ခံတော်မူပါတယ်။ရာဇာဓိရာဇ် – အင်းဝကို လုပ်ကြံဖို့ ကြံစည်ခဲ့ပေမယ့် အခုတော့ တပည့်တော်ပြန်ပါတော့မယ် ၊လေးငါးရက်လောက်နေပြီး ရွှေကြက်ယက်မှာ ဇရပ် ဆောက်ပါဦးမယ် ၊ ပြီးတော့ မြစ်ညာမှာရှိတဲ့ ရဲမက်တွေကိုလည်း ခေါ်စေပါမယ်။ရာဇာဓိရာဇ်ဟာ မွေးသည်မှ သေသည်အထိစစ်နဲ့ မကင်းကွာခဲ့သော်လည်း ဘာသာတရားကို အလေးထားသည့်မင်းဖြစ်တဲ့အတွက် စကြိုသူမြတ်စကားကို နားထောင်ခဲ့တာပဲ ဖြစ်ပါတယ်။ဤသို့ဖြင့် စကြိုသူမြတ်ရဲ့ ငြိမ်းချမ်းရေးစကားကြောင့် ရာဇာဓိရာဇ်တပ်များ ပြန်ဆုတ်သွားကာ အင်းဝသည်လည်း ပျက်စီးမည့်ဘေးမှ ကင်းဝေးခဲ့ရလေတော့သည်။ Ref;ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း – နိုင်ပန်းလှ

မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါတယ်

[zawgyi]

အင္းဝဘုရင္ မင္းေခါင္ ႏွင့္ ဟံသာဝတီဘုရင္ ရာဇာဓိရာဇ္တို႔ တိုက္ခိုက္ခဲ့ေသာ အင္းဝ-ဟံသာဝတီ အႏွစ္ ၄၀ တိုက္ပြဲအေၾကာင္း အားလုံးသိဖူး၊ၾကားဖူးၾကမွာပါ။အင္းဝကို တိုက္ရန္ ဟံသာဝတီဘုရင္ ရာဇာဓိရာဇ္ဟာ အလုံးအရင္းနဲ႔ ခ်ီတက္လာခဲ့ပါတယ္။ဆက္လက္တိုက္ခိုက္မယ္ ဆိုပါက အင္းဝကို အလြယ္ေလးႏိုင္ႏိုင္တဲ့ အေျခအေနပါ။ဘာျဖစ္လို႔လဲ ဆိုေတာ့ အဲဒီအခ်ိန္မွာအင္းဝ ဘုရင္မင္းေခါင္ဟာ နန္းတက္စျဖစ္ၿပီး နန္းတြင္းအာဏာကို တည္ေဆာက္ေနရဆဲ အခ်ိန္ျဖစ္လို႔ပါပဲ။ဒီအခ်ိန္မွာ အင္းဝကို ကယ္မယ့္သူေပၚလာပါတယ္။ သူကေတာ့ ရဟန္းတစ္ပါးပဲ ျဖစ္ပါတယ္။သမိုင္းတစ္ေလွ်ာက္ ႏိုင္ငံအဓိကအခ်ိန္ေတြမွာ ၿငိမ္းခ်မ္းေရးဆရာေတာ္ေတြ ၾကားဝင္ေဆာင္႐ြက္ခဲ့ရပါတယ္။အထင္ရွားဆုံးကေတာ့ ပုဂံကို တိုက္ခိုက္ဖ်က္စီးရန္ လာတဲ့ မြန္ဂိုဘုရင္ကူဗလိုင္ခန႔္ကို တားခဲ့တဲ့ ရွင္ဒီသာပါေမာက္(ဦးက်ဥ္ေပြ႕) ၊မင္းရွင္ေစာ နဲ႔ နရသူတို႔အၾကား ျဖန္ေျဖခဲ့တဲ့ ပံ့သကူမေထရ္ နဲ႔ အင္းဝကိုတိုက္ခိုက္ရန္လာတဲ့ ဟံသာဝတီဘုရင္ရာဇာဓိရာဇ္ကို တားခဲ့တဲ့ စႀကိဳသူျမတ္ တို႔ ျဖစ္ၾကပါတယ္။ရွင္ဒီသာပါေမာက္ရဲ႕ ၿငိမ္းခ်မ္းေရးေဆာင္႐ြက္ခ်က္ေၾကာင့္ မြန္ဂိုဘုရင္ ကူဗလိုင္ခန္ဟာ သူ႔တပ္မ်ားကို ဆုတ္ေစတဲ့အတြက္ ပုဂံကိုကယ္တင္ႏိုင္ခဲ့ပါတယ္။ပံ့သကူမေထရ္ကေတာ့ ၾကားဝင္ျဖန္ေျဖေပးခဲ့ေပမယ့္ ေစတနာအမွားျဖစ္ခဲ့ပါတယ္။နရသူဟာ ပံသကူမေထရ္ကို လိမ္ညာအကာအကြယ္ယူၿပီး ေနာင္ေတာ္မင္းရွင္ေစာကို လုပ္ႀကံခဲ့တာေၾကာင့္ပါ။ဒီျဖစ္ရပ္ေၾကာင့္ပံ့သကူမေထရ္ဟာ မင္းဆိုးမင္းညစ္တိုင္းျပည္မွာ မေန ဟု ဆိုကာ သီဟိုဠ္သို႔ ႂကြသြားခဲ့ပါတယ္။စႀကိဳသူျမတ္ ရာဇာဓိရာဇ္ကို တားတဲ့အခ်ိန္မွာ ရာဇာဓိရာဇ္ရဲ႕တပ္ဟာ ေ႐ႊၾကက္ယက္အထိ ေရာက္လာခဲ့ၿပီ ျဖစ္ပါတယ္။ထိုစဥ္က စႀကိဳသူျမတ္မွာ သက္ေတာ္ ၃၁ ဝါေတာ္(၁၁) ဝါ သာရွိပါေသးတယ္။စႀကိဳသူျမတ္ ရာဇာဓိရာဇ္စခန္းခ်ရာ ေနရာကို ေရာက္တဲ့အခါ အစပထမမွာ ရာဇာဓိရာဇ္ဟာ ဆရာေတာ္တို႔ေရာက္ေနတာကို မျမင္ဟန္ေဆာင္ပါတယ္။အတန္ၾကာမွ“အရွင္ဘုရားတို႔ ဘယ္တုန္းတည္းကေရာက္ေနၾကပါသနည္း”လို႔ေမးတဲ့အခါ စႀကိဳသူျမတ္က“ဟံသာဝတီျပည့္ရွင္မင္းႀကီး ျမင္ေတာ္မူကတည္းက ငါတို႔ေရာက္ေနၾကသည္”လို႔ ျပန္ေျဖပါတယ္။ အဲဒီေနာက္ေတာ့ စႀကိဳသူျမတ္ဟာ စစ္ဘုရင္ ရာဇာဓိရာဇ္ နဲ႔ အေမးအေျဖလုပ္ပါတယ္။စႀကိဳ – မြန္ေဒသက အညာအင္းဝအထိ ဆန္တက္လာတာ ဘာကိစၥရွိလို႔ပါလဲ။ရာဇာဓိရာဇ္ – အေၾကာင္းေလးပါး လိုလို႔ ဆန္တက္လာပါတယ္ အရွင္။စႀကိဳ – ဘယ္လိုအေၾကာင္းေလးပါးလဲ။ရာဇာဓိရာဇ္ – ၁။ အထူးထူးေသာ အရပ္ကို ၾကည့္ေတာ္မူလိုျခင္း ၂။ ဘုန္းလက္႐ုံးခြန္အားကို ျပေတာ္မူလိုျခင္း ၃။ တိုင္းျပည္နယ္ေျမ ခ်ဲ႕ထြင္လိုျခင္း ၄။ အင္းဝမွ မ်ားျပားလွတဲ့ဓာတ္ေတာ္ေမြေတာ္ ေစတီဆင္းတုေတြကို ဖူးေျမာ္လိုျခင္း စတဲ့အခ်က္ေတြပါ။ စႀကိဳ – ထိုအေၾကာင္းေလးပါးတြင္ သုံးပါးေသာအေၾကာင္းက မသင့္ေလ်ာ္ပါ။က်န္တစ္ပါးကေတာ့ ကုသိုလ္ျဖစ္တဲ့အတြက္ ျမတ္တဲ့အက်ိဳးကို ရမွာပါ။တျခားအေၾကာင္းသုံးပါးကေတာ့ေလာဘေဇာနဲ႔ စပ္တဲ့အရာျဖစ္လို႔ နတ္႐ြာနိဗၺာန္နဲ႔ ဖီလာပါပဲ။ရာဇာဓိရာဇ္ – ဘယ္လိုမိန႔္ေတာ္မူပါသလဲ။စႀကိဳ – ဒကာေတာ္ဟာ ေရွးက ေကာင္းမူကုသိုလ္ေတြေၾကာင့္ ဟံသာဝတီမွာ မင္းျပဳရတယ္။ရတနာပူရ အင္းဝေနျပည္ေတာ္ႀကီးကလည္း ဘုရားသခင္ဗ်ာဒိတ္ေတာ္ရတဲ့ ျပည္ ၊သာသနာတည္ရာ ျပည္ပါပဲ။ စိတ္ရွိတိုင္းသာ ျပဳမယ္ဆိုရင္ မေကာင္းမႈ အကုသိုလ္ပြားမ်ားၿပီး ရန္ၿငိဳးႀကီးစြာ ျဖစ္ေစမေပါ့။ဒကာႀကီးတို႔ ဧကရာဇ္ႏွစ္ပါးတိုက္ခိုက္ၾကတဲ့အခါ ခပ္သိမ္းေသာ သတၱဝါမ်ား ပ်က္စီးဆင္းရဲရပါလိမ့္မယ္ ၊သတၱဝါေတြ ခ်မ္းသာမွ သာသနာစည္ပင္ျပန႔္ပြားမယ္ မဟုတ္လား ၊သင့္ရဲ႕ခမည္းေတာ္ ဗညားဦး နဲ႔ အင္းဝဘုရင္ မင္းႀကီးစြာတို႔ လက္ထက္က ႏွစ္ျပည္ေထာင္ အျပန္အလွန္ သံတမန္ေစလႊတ္လို႔ စည္ပင္ဝေျပာခဲ့ရတယ္။သာသနာဒါယကာ မင္းေကာင္းမင္းျမတ္တို႔မည္သည္ ေရွးမင္းဆက္ေတြရဲ႕ အစဥ္အလာကို မဖ်က္သင့္ပါဘူး။ရာဇာဓိရာဇ္ – ဆရာေတာ္တရားနဲ႔ အညီေဟာၾကားတာျဖစ္လို႔ သင့္ျမတ္လွပါတယ္။စႀကိဳ – ရဟန္းရွင္လူ ျပည္သူအေပါင္းတို႔ ခ်မ္းသာရေလေအာင္ ကိုယ္ေတာ္ေမတၱာရပ္ခံေတာ္မူပါတယ္။ရာဇာဓိရာဇ္ – အင္းဝကို လုပ္ႀကံဖို႔ ႀကံစည္ခဲ့ေပမယ့္ အခုေတာ့ တပည့္ေတာ္ျပန္ပါေတာ့မယ္ ၊ေလးငါးရက္ေလာက္ေနၿပီး ေ႐ႊၾကက္ယက္မွာ ဇရပ္ ေဆာက္ပါဦးမယ္ ၊ ၿပီးေတာ့ ျမစ္ညာမွာရွိတဲ့ ရဲမက္ေတြကိုလည္း ေခၚေစပါမယ္။ရာဇာဓိရာဇ္ဟာ ေမြးသည္မွ ေသသည္အထိစစ္နဲ႔ မကင္းကြာခဲ့ေသာ္လည္း ဘာသာတရားကို အေလးထားသည့္မင္းျဖစ္တဲ့အတြက္ စႀကိဳသူျမတ္စကားကို နားေထာင္ခဲ့တာပဲ ျဖစ္ပါတယ္။ဤသို႔ျဖင့္ စႀကိဳသူျမတ္ရဲ႕ ၿငိမ္းခ်မ္းေရးစကားေၾကာင့္ ရာဇာဓိရာဇ္တပ္မ်ား ျပန္ဆုတ္သြားကာ အင္းဝသည္လည္း ပ်က္စီးမည့္ေဘးမွ ကင္းေဝးခဲ့ရေလေတာ့သည္။ Ref;ရာဇာဓိရာဇ္ အေရးေတာ္ပုံက်မ္း – ႏိုင္ပန္းလွ