အစစ်တွေပျောက်ကွယ်သွားတဲ့တစ်နေ့ အတုတွေဟာအစစ်ဆန်လာလိမ့်မယ်

တခါတုန်းက ပေါလ်ဆိုတဲ့ ပြတိုက်စောင့် တစ်ယောက်ရှိခဲ့တယ်တဲ့..။ သူအလုပ်လုပ်တဲ့ပြတိုက်မှာ မိုနာလီဇာ ပန်းချီကား အပါဝင် တခြားတန်ဖိုးကြီး ရှေးဟောင်းလက်ရာတွေ ပြသထားတယ်။တကယ့်အဖိုးတန် အစစ်မှန်တွေဆိုတော့ ပြတိုက်ရဲ့လုံခြုံရေးစနစ်တွေက အလွန်ကောင်းတာပေါ့။သေချာတာကတော့ အတွင်းလူ အကူအညီမပါပဲ ပြတိုက်ကို ဖေါက်ထွင်းဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ဒီလိုနဲ့ တစ်နေ့မှာ လူတစ်ယောက် ပေါလ် ဆီကိုရောက်လာပြီး မိုနာလီဇာပန်းချီကားကို ခိုးယူပေးဖို့ ဒေါ်လာသုံးသောင်းနဲ့ ကမ်းလှမ်းတယ်။အဲဒီတုန်းက မိုနာလီဇာပန်းချီကားရဲ့ တန်ဖိုးရင်းကမှ ဒေါ်လာသုံးသောင်းလောက်ပဲ တန်တယ်တဲ့။နောက်ဆုံးမှာ ပေါလ်ဟာ ကမ်းလှမ်းမှုကို လက်ခံလိုက်တယ် ဆိုပါတော့…။မိုနာလီဇာပန်းချီကားကို ခိုးယူဖို့ အမျိုးမျိုးကြိုးစားနေတဲ့ပေါလ်ဟာ တစ်နေ့မှာတော့ အောင်အောင်မြင်မြင်ခိုးယူလိုက်နိုင်တယ်။ အဲဒိနောက်မှာတော့ ပေါလ်ဟာ သူ့ကိုခိုင်းလိုက်တဲ့လူ လာအယူကိုပဲ စောင့်နေခဲ့တာပေါ့။မိုနာလီဇာပန်းချီကားပျောက်ဆုံးသွားတယ်ဆိုတဲ့ သတင်းဟာ တစ်ကမ္ဘာလုံး ပျံ့သွားတယ်။ ဒါပေမယ့် ပေါလ် ဆီကို သူ့မိတ်ဆွေဟာ ပန်းချီကား လာမယူပါဘူး။ ဒါကြောင့် သူ ခိုးတာ သိသွားမှာ စိုးရိမ်တဲ့ ပေါလ်ဟာ မိုနာလီဇာပန်ချီကားကြီးကို သူ့ရဲ့မြေအောက်ခန်းထဲမှာ ဝှက်ထားပြီး ဟန်မပြတ် ပြတိုက်မှာ အလုပ်ဆက်လုပ် နေခဲ့ပါတယ်။ ပေါလ်အတွက် တစ်ခုကံကောင်းတာက ဘယ်သူမှ သူ့ကို သံသယမဝင်ကြတာပဲ…။ဒီလိုနဲ့ ..နှစ်လလောက်ကြာသွားပြီးချိန်မှာတော့ ပေါလ် ဆီကို စာတိုက်ကတဆင့် ပါဆယ်တစ်ထုတ် ရောက်လာတယ်။ ပေါလ် ဖွင့်ကြည့်လိုက်တော့ ဒေါ်လာ သုံးသောင်းနဲ့ စာတစ်စောင်ဖြစ်နေတယ်။သူ့ကို ပန်းချီကား ခိုးခိုင်းတဲ့သူ ဆီကပေါ့..။

”သို့ မိတ်ဆွေကြီးပေါလ်..တချိန်တုန်းက မိတ်ဆွေကြီးကို မိုနာလီဇာ ပန်းချီကား ခိုးခိုင်းတဲ့ ကျွန်တော့်ကို လာမယူလို့ ခင်ဗျား စိတ်နာ နေမှာပဲနော်။ အဲ့ဒိအတွက် တောင်းပန်ပါတယ်ဗျာ။ တကယ်တော့ ကျွန်တော်ဟာမိတ်ဆွေကြီးလက်ထဲကမိုနာလီဇာပန်းချီကား အစစ်ကို စိတ်မဝင်စားပါဘူး။အံ့သြသွားသလားဗျာ..ကျွန်တော်မှာ မိတ်ဆွေကြီးနဲ့မတွေ့ခင်ကတည်းက မိုနာလီဇာပန်းချီကားအစစ်နဲ့ ခွဲမရအောင်တူတဲ့ ပန်ချီကားအတုဆယ်ကားထက်မနဲ ရှိပြီးသားပါ။ ဒါပေမယ့် ပြတိုက်မှာ အစစ်ရှိနေမှတော့ ကျွန်တော့်ပန်းချီကားတွေ ဘယ်လောက်တူတူ အတုဖြစ်နေဦးမှာပဲလေ။ ဒါကြောင့် ”အစစ်ပျောက်သွားပြီ ”ဆိုတဲ့ သတင်းသာ ကျွန်တော်လိုချင်တာ အစစ်ပါ။မိတ်ဆွေကြီးကလည်း ကျွန်တော်အလိုရှိတာကိုဖြည့်စည်းပေးနိုင်ခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ်ဗျာ။အခုမိတ်ဆွေကြီးဒီစာကိုဖတ်နေချိန်မှာ ကျွန့်တော့်လက်ထဲက မိုနာလီဇာပန်းချီကားအတုတွေကို ကမ္ဘာတစ်ဝှမ်းအစစ်ဆိုပြီး ဆယ်ကားထက်မနည်း တပြိုင်နက်တည်း ရောင်းချပြီးလို့ ကျွန်တော်ဟာ မီလျံနာတစ်ဦးဖြစ်နေပါပြီ။ ကျွန်တော့်ကတိအတိုင်း မိတ်ဆွေကြီးအတွက် ဒေါ်လာသုံးသောင်းထည့်ပေးလိုက်ပါတယ်။မိတ်ဆွေကြီးလက်ထဲက မိုနာလီဇာပန်းချီကား အစစ်ကြီးကိုတော့ ကျွန်တော့်ရဲ့နောက်ကျမှုကို ခွင့်လွတ်စေဖို့ လက်ဆောင်လို့သာသဘောထား လိုက်ပါတော့ခင်ဗျာ။မှတ်ချက်။ ။လိပ်စာအစစ်ထည့်မပေးလိုက်တာကိုတော့ မိတ်ဆွေကြီးနားလည်နိုင်ပါစေလို့ မျှော်လင့်ပါတယ်..မိတ်ဆွေကြီးရဲ့ (…)။ “အစစ်တွေပျောက်ကွယ်သွားတဲ့တစ်နေ့ အတုတွေဟာအစစ်ဆန်လာလိမ့်မယ်……”။

Credit – zar ni nyunt lwin

[zawgyi]

တခါတုန္းက ေပါလ္ဆိုတဲ့ ျပတိုက္ေစာင့္ တစ္ေယာက္ရွိခဲ့တယ္တဲ့..။ သူအလုပ္လုပ္တဲ့ျပတိုက္မွာ မိုနာလီဇာ ပန္းခ်ီကား အပါဝင္ တျခားတန္ဖိုးႀကီး ေရွးေဟာင္းလက္ရာေတြ ျပသထားတယ္။တကယ့္အဖိုးတန္ အစစ္မွန္ေတြဆိုေတာ့ ျပတိုက္ရဲ႕လုံၿခဳံေရးစနစ္ေတြက အလြန္ေကာင္းတာေပါ့။ေသခ်ာတာကေတာ့ အတြင္းလူ အကူအညီမပါပဲ ျပတိုက္ကို ေဖါက္ထြင္းဖို႔ဆိုတာ မျဖစ္ႏိုင္သေလာက္ပါပဲ။ဒီလိုနဲ႔ တစ္ေန႔မွာ လူတစ္ေယာက္ ေပါလ္ ဆီကိုေရာက္လာၿပီး မိုနာလီဇာပန္းခ်ီကားကို ခိုးယူေပးဖို႔ ေဒၚလာသုံးေသာင္းနဲ႔ ကမ္းလွမ္းတယ္။အဲဒီတုန္းက မိုနာလီဇာပန္းခ်ီကားရဲ႕ တန္ဖိုးရင္းကမွ ေဒၚလာသုံးေသာင္းေလာက္ပဲ တန္တယ္တဲ့။ေနာက္ဆုံးမွာ ေပါလ္ဟာ ကမ္းလွမ္းမႈကို လက္ခံလိုက္တယ္ ဆိုပါေတာ့…။မိုနာလီဇာပန္းခ်ီကားကို ခိုးယူဖို႔ အမ်ိဳးမ်ိဳးႀကိဳးစားေနတဲ့ေပါလ္ဟာ တစ္ေန႔မွာေတာ့ ေအာင္ေအာင္ျမင္ျမင္ခိုးယူလိုက္ႏိုင္တယ္။ အဲဒိေနာက္မွာေတာ့ ေပါလ္ဟာ သူ႔ကိုခိုင္းလိုက္တဲ့လူ လာအယူကိုပဲ ေစာင့္ေနခဲ့တာေပါ့။မိုနာလီဇာပန္းခ်ီကားေပ်ာက္ဆုံးသြားတယ္ဆိုတဲ့ သတင္းဟာ တစ္ကမာၻလုံး ပ်ံ႕သြားတယ္။ ဒါေပမယ့္ ေပါလ္ ဆီကို သူ႔မိတ္ေဆြဟာ ပန္းခ်ီကား လာမယူပါဘူး။ ဒါေၾကာင့္ သူ ခိုးတာ သိသြားမွာ စိုးရိမ္တဲ့ ေပါလ္ဟာ မိုနာလီဇာပန္ခ်ီကားႀကီးကို သူ႔ရဲ႕ေျမေအာက္ခန္းထဲမွာ ဝွက္ထားၿပီး ဟန္မျပတ္ ျပတိုက္မွာ အလုပ္ဆက္လုပ္ ေနခဲ့ပါတယ္။ ေပါလ္အတြက္ တစ္ခုကံေကာင္းတာက ဘယ္သူမွ သူ႔ကို သံသယမဝင္ၾကတာပဲ…။ဒီလိုနဲ႔ ..ႏွစ္လေလာက္ၾကာသြားၿပီးခ်ိန္မွာေတာ့ ေပါလ္ ဆီကို စာတိုက္ကတဆင့္ ပါဆယ္တစ္ထုတ္ ေရာက္လာတယ္။ ေပါလ္ ဖြင့္ၾကည့္လိုက္ေတာ့ ေဒၚလာ သုံးေသာင္းနဲ႔ စာတစ္ေစာင္ျဖစ္ေနတယ္။သူ႔ကို ပန္းခ်ီကား ခိုးခိုင္းတဲ့သူ ဆီကေပါ့..။”သို႔ မိတ္ေဆြႀကီးေပါလ္..တခ်ိန္တုန္းက မိတ္ေဆြႀကီးကို မိုနာလီဇာ ပန္းခ်ီကား ခိုးခိုင္းတဲ့ ကြၽန္ေတာ့္ကို လာမယူလို႔ ခင္ဗ်ား စိတ္နာ ေနမွာပဲေနာ္။ အဲ့ဒိအတြက္ ေတာင္းပန္ပါတယ္ဗ်ာ။ တကယ္ေတာ့ ကြၽန္ေတာ္ဟာမိတ္ေဆြႀကီးလက္ထဲကမိုနာလီဇာပန္းခ်ီကား အစစ္ကို စိတ္မဝင္စားပါဘူး။အံ့ၾသသြားသလားဗ်ာ..ကြၽန္ေတာ္မွာ မိတ္ေဆြႀကီးနဲ႔မေတြ႕ခင္ကတည္းက မိုနာလီဇာပန္းခ်ီကားအစစ္နဲ႔ ခြဲမရေအာင္တူတဲ့ ပန္ခ်ီကားအတုဆယ္ကားထက္မနဲ ရွိၿပီးသားပါ။ ဒါေပမယ့္ ျပတိုက္မွာ အစစ္ရွိေနမွေတာ့ ကြၽန္ေတာ့္ပန္းခ်ီကားေတြ ဘယ္ေလာက္တူတူ အတုျဖစ္ေနဦးမွာပဲေလ။ ဒါေၾကာင့္ ”အစစ္ေပ်ာက္သြားၿပီ ”ဆိုတဲ့ သတင္းသာ ကြၽန္ေတာ္လိုခ်င္တာ အစစ္ပါ။မိတ္ေဆြႀကီးကလည္း ကြၽန္ေတာ္အလိုရွိတာကိုျဖည့္စည္းေပးႏိုင္ခဲ့ပါတယ္။ ေက်းဇူးတင္ပါတယ္ဗ်ာ။အခုမိတ္ေဆြႀကီးဒီစာကိုဖတ္ေနခ်ိန္မွာ ကြၽန႔္ေတာ့္လက္ထဲက မိုနာလီဇာပန္းခ်ီကားအတုေတြကို ကမာၻတစ္ဝွမ္းအစစ္ဆိုၿပီး ဆယ္ကားထက္မနည္း တၿပိဳင္နက္တည္း ေရာင္းခ်ၿပီးလို႔ ကြၽန္ေတာ္ဟာ မီလ်ံနာတစ္ဦးျဖစ္ေနပါၿပီ။ ကြၽန္ေတာ့္ကတိအတိုင္း မိတ္ေဆြႀကီးအတြက္ ေဒၚလာသုံးေသာင္းထည့္ေပးလိုက္ပါတယ္။မိတ္ေဆြႀကီးလက္ထဲက မိုနာလီဇာပန္းခ်ီကား အစစ္ႀကီးကိုေတာ့ ကြၽန္ေတာ့္ရဲ႕ေနာက္က်မႈကို ခြင့္လြတ္ေစဖို႔ လက္ေဆာင္လို႔သာသေဘာထား လိုက္ပါေတာ့ခင္ဗ်ာ။မွတ္ခ်က္။ ။လိပ္စာအစစ္ထည့္မေပးလိုက္တာကိုေတာ့ မိတ္ေဆြႀကီးနားလည္ႏိုင္ပါေစလို႔ ေမွ်ာ္လင့္ပါတယ္..မိတ္ေဆြႀကီးရဲ႕ (…)။ “အစစ္ေတြေပ်ာက္ကြယ္သြားတဲ့တစ္ေန႔ အတုေတြဟာအစစ္ဆန္လာလိမ့္မယ္……”။