အဆိပ် အားလုံးရဲ့ဖြေဆေး ဟင်းငုတ်ပင်(ခေါ်)သခွပ်ပင် ရဲ့ ဆေးဖက်ဝင်ပုံ

မြွေဆိပ်နိုင်တဲ့ ဟင်းငုတ်ပင်(ခ)သခွပ်ပွင့်ယောအခေါ် ဟင်းခတ်ပွင့် ဟင်းငုတ်ပင်(ခ)သခွပ်ပင်ကိုဒေသအလိုက် ဟင်းဂုတ်ပင် ဟင်းခတ်ပင်ဟု ခေါ်ကြသည်။တစ်နိုင်ငံလုံးပေါက်သည်။ နှစ်ရှည်ပင်ကြီး။ ပင်စည်တွင် အခေါက် အပွေးမရှိ။ အရွက်အနည်းငယ်ဝိုင်း။အပွင့်အဖြူရောင်။ပဒိုင်းပွင့်နှင့်တူသည်။တန်ခူးမှဝါဆိုလအထိပွင့်သည်။အသီးမှာသေးသေးရှည်ရှည်။နှစ်ပေခန့်ရှိ။ အခေါက် ဆေးဘက်ဝင်ဝင်ပုံ – ၁။ မြွေပွေး။မြွေဟောက်ကိုက်ခံရပါကအခေါက်ကိုအမြန်ဝါးစားလိုက်ပါလျှင် အဆိပ်မရှိတော့ပါ။ ငန်းတော်ကျား။ငန်း မြွေ အပါအဝင်ပါ။(မြွေပွေးနှင်မြွေဟောက်သာအကိုက်ခံသူရှိ၍ဦးစားပေးဖေါ်ပြရခြင်းပါ)၂။ အဆိပ်ရှိ သတ္တဝါလေးများကိုက်လျှင်လည်းအခေါက်ဝါးစားပါ။၃။ မျက်စေ့နာပါကအခေါက်သွေးပြီးမျက်လုံးကွင်းလိမ်းပါ။မကျည်းခေါက်လိုအပွေးမရှိ။၄။ ကိုယ်လက်ကိုက်ခဲပါက အခေါက်ပြုတ်ရေ ချိုးပါ။အပွင့် – ၁။ ရှေးကတည်းကကလေးတွေကိုရောဂါကင်း။ကိုယ်တွင်းအဆိပ်ကင်းသည်ဆိုကာသုပ်ကျွေးသည်၂။ အပွင့်ကိုရေနွေးဖျောရုံဖြင့်ကျက် သည်။အခြောက်ဆိုရင်ပြုတ်ရသည်။အခြောက် အရောင်မဲနေသည်မှလွဲ၍အရသာမပြောင်းပါ။၃။ ဘီပိုး။စီပိုး ပျောက်သည်ဆိုကာ တော် တော်များများအပွင့်သုပ်စား နေကြသည်။

၄။ ဈေးတွင်ဟင်းရွက်တန်း၌ရောင်းချနေကြပါသည်။တို့စားစရာအ ဖြစ်လည်းသုံးသည်။အရွက်၁။ အရွက်နုကိုဟင်းခါးချက်သောက်ကြသည်။၂။ ကလေးများရေကျောက်ပေါက်လျှင် အရွက်ပြုတ်တိုက်သည်။၃။ တကိုယ်လုံးညောင်းညာကိုက်ခဲလျှင်၄င်း။ကလေးများကျန်း မာရေးအတွက်၄င်း။အရွက်ပြုတ်ရေ ဖြင့်ရေချိုးကြသည်။၄။ ဆိတ်ကို မြွေစိမ်းမြီးခြောက်ကိုက်လျှင် ခေါင်းတခုလုံးရောင်။မျက်လုံးပိတ်။ငါးရက်ခန့်ကြာမှကောင်း သော်လည်း အရွက်ကျွေးပါကတရက်နှင့်ပျောက်သည်။ချုပ်အားဖြင့်မြွေပွေး။မြွေဟောက်ကိုက်ခံရသူများအခေါက်စားသွားသဖြင့်ဆေးရုံရောက်သည့်အခါအဆိပ်မရှိတော့။တဦးကလက်သန်းမြွေပွေးကိုက်ရာမြွေပါအစွယ်နှင့်ချိတ်ပါလာသည်။သူကတော့ဆေးရုံမသွားတော့ဘဲအခေါက်စား။အရွက်နှင့်စည်းထားခဲ့သည်။သစ်ကြီးပိ။မြွေကြီးကိုက် ဆိုလျှင်အန္တရာယ်ကြီးလွန်းသည်။ခြေသလုံးအ ထက်ကြီးသည့်မြွေအရွယ်ဆိုလိုပါသည်။မြွေကြီးတော့အဆိပ်အလွန်များတော့ အမြန်ဆုံးအခေါက်စားရန်လိုပါမည်။ရှေးဦးသူနာပြုနည်းမလုပ်ရ ဟုဆိုလိုခြင်းမဟုတ်ပါ။အိမ်။လယ်ယာ အနီးရှိဟင်းငုတ်ပင်များအားခုတ်ခြင်းမပြုဘဲ။နေရာရှိလျှင်စိုက်ထားသင့်သည့်အပင်ဖြစ်ပါ သည်။ မိမိတွင်ရုက္ခဗေဒစာအုပ်များမရှိပါ။လက်ရှိအသုံးပြုနေပုံများ။သက်ကြီးစကား ကြားများ။အတွေ့အကြုံ များအားဖေါ်ပြထားခြင်းဖြစ်ပါကြောင်း။

Credit – မူရင်း

[zawgyi]

ေႁမြဆိပ္ႏိုင္တဲ့ ဟင္းငုတ္ပင္(ခ)သခြပ္ပြင့္ေယာအေခၚ ဟင္းခတ္ပြင့္ ဟင္းငုတ္ပင္(ခ)သခြပ္ပင္ကိုေဒသအလိုက္ ဟင္းဂုတ္ပင္ ဟင္းခတ္ပင္ဟု ေခၚၾကသည္။တစ္ႏိုင္ငံလုံးေပါက္သည္။ ႏွစ္ရွည္ပင္ႀကီး။ ပင္စည္တြင္ အေခါက္ အေပြးမရွိ။ အ႐ြက္အနည္းငယ္ဝိုင္း။အပြင့္အျဖဴေရာင္။ပဒိုင္းပြင့္ႏွင့္တူသည္။တန္ခူးမွဝါဆိုလအထိပြင့္သည္။အသီးမွာေသးေသးရွည္ရွည္။ႏွစ္ေပခန႔္ရွိ။ အေခါက္ ေဆးဘက္ဝင္ဝင္ပုံ – ၁။ ေႁမြေပြး။ေႁမြေဟာက္ကိုက္ခံရပါကအေခါက္ကိုအျမန္ဝါးစားလိုက္ပါလွ်င္ အဆိပ္မရွိေတာ့ပါ။ ငန္းေတာ္က်ား။ငန္း ေႁမြ အပါအဝင္ပါ။(ေႁမြေပြးႏွင္ေႁမြေဟာက္သာအကိုက္ခံသူရွိ၍ဦးစားေပးေဖၚျပရျခင္းပါ)၂။ အဆိပ္ရွိ သတၱဝါေလးမ်ားကိုက္လွ်င္လည္းအေခါက္ဝါးစားပါ။၃။ မ်က္ေစ့နာပါကအေခါက္ေသြးၿပီးမ်က္လုံးကြင္းလိမ္းပါ။မက်ည္းေခါက္လိုအေပြးမရွိ။၄။ ကိုယ္လက္ကိုက္ခဲပါက အေခါက္ျပဳတ္ေရ ခ်ိဳးပါ။အပြင့္ – ၁။ ေရွးကတည္းကကေလးေတြကိုေရာဂါကင္း။ကိုယ္တြင္းအဆိပ္ကင္းသည္ဆိုကာသုပ္ေကြၽးသည္၂။ အပြင့္ကိုေရေႏြးေဖ်ာ႐ုံျဖင့္က်က္ သည္။အေျခာက္ဆိုရင္ျပဳတ္ရသည္။အေျခာက္ အေရာင္မဲေနသည္မွလြဲ၍အရသာမေျပာင္းပါ။၃။ ဘီပိုး။စီပိုး ေပ်ာက္သည္ဆိုကာ ေတာ္ ေတာ္မ်ားမ်ားအပြင့္သုပ္စား ေနၾကသည္။၄။ ေဈးတြင္ဟင္း႐ြက္တန္း၌ေရာင္းခ်ေနၾကပါသည္။တို႔စားစရာအ ျဖစ္လည္းသုံးသည္။အ႐ြက္၁။ အ႐ြက္ႏုကိုဟင္းခါးခ်က္ေသာက္ၾကသည္။၂။ ကေလးမ်ားေရေက်ာက္ေပါက္လွ်င္ အ႐ြက္ျပဳတ္တိုက္သည္။၃။ တကိုယ္လုံးေညာင္းညာကိုက္ခဲလွ်င္၄င္း။ကေလးမ်ားက်န္း မာေရးအတြက္၄င္း။အ႐ြက္ျပဳတ္ေရ ျဖင့္ေရခ်ိဳးၾကသည္။၄။ ဆိတ္ကို ေႁမြစိမ္းၿမီးေျခာက္ကိုက္လွ်င္ ေခါင္းတခုလုံးေရာင္။မ်က္လုံးပိတ္။ငါးရက္ခန႔္ၾကာမွေကာင္း ေသာ္လည္း အ႐ြက္ေကြၽးပါကတရက္ႏွင့္ေပ်ာက္သည္။ခ်ဳပ္အားျဖင့္ေႁမြေပြး။ေႁမြေဟာက္ကိုက္ခံရသူမ်ားအေခါက္စားသြားသျဖင့္ေဆး႐ုံေရာက္သည့္အခါအဆိပ္မရွိေတာ့။တဦးကလက္သန္းေႁမြေပြးကိုက္ရာေႁမြပါအစြယ္ႏွင့္ခ်ိတ္ပါလာသည္။သူကေတာ့ေဆး႐ုံမသြားေတာ့ဘဲအေခါက္စား။အ႐ြက္ႏွင့္စည္းထားခဲ့သည္။သစ္ႀကီးပိ။ေႁမြႀကီးကိုက္ ဆိုလွ်င္အႏၲရာယ္ႀကီးလြန္းသည္။ေျခသလုံးအ ထက္ႀကီးသည့္ေႁမြအ႐ြယ္ဆိုလိုပါသည္။ေႁမြႀကီးေတာ့အဆိပ္အလြန္မ်ားေတာ့ အျမန္ဆုံးအေခါက္စားရန္လိုပါမည္။ေရွးဦးသူနာျပဳနည္းမလုပ္ရ ဟုဆိုလိုျခင္းမဟုတ္ပါ။အိမ္။လယ္ယာ အနီးရွိဟင္းငုတ္ပင္မ်ားအားခုတ္ျခင္းမျပဳဘဲ။ေနရာရွိလွ်င္စိုက္ထားသင့္သည့္အပင္ျဖစ္ပါ သည္။ မိမိတြင္႐ုကၡေဗဒစာအုပ္မ်ားမရွိပါ။လက္ရွိအသုံးျပဳေနပုံမ်ား။သက္ႀကီးစကား ၾကားမ်ား။အေတြ႕အႀကဳံ မ်ားအားေဖၚျပထားျခင္းျဖစ္ပါေၾကာင္း။