အထင်နဲ့ အမြင်

တခါက ဆင်းရဲသားရပ်ကွက် ထဲကို အပျိုကြီးတစ်ယောက် အိမ်ပြောင်းလာတယ် ။ သူပြောင်းလာတဲ့ အိမ်ဘေး ကပ်ရပ်မှာ ဆင်းရဲနုံချာတဲ့မိသားစုလေးတစု ရှိပါတယ် ။ မုဆိုးမတစ်ယောက်နဲ့ သူ့ကလေးနှစ်ယောက်ပေါ့..အပျိုကြီးက “မတတ်နိုင်ဘူးလေ..ဒီနေရာရောက်မှတော့..ဒီလိုလူမျိုးတွေနဲ့ ပတ်သတ်ရဦးမှာပေါ့..” လို သူ့ဘာသာတွေးပြီး စိတ်ပျက်သွားမိတယ်။အဲ့ညမှာပဲ ထုံးစံအတိုင်း ရပ်ကွက်မီးက ရုတ်တရက် ပျက်သွားခဲ့တယ်။ မီးပျက်တော့ အမျိုး သမီးက ဖယောင်းတိုင်ထွန်းဖို သူ့ဖယောင်းတိုင်ထုပ်ကိုလိုက်ရှာတာပေါ့ .. ခဏနေတော့ သူရှာတွေ့သွားတယ်..တွေ့ပြီးတော့ သိပ်မကြာပါဘူး… တစ်စုံ တစ်ယောက်က သူ့အိမ်တံခါးလာခေါက်တာကို ကြားလိုက်မိတယ်။တံခါးဖွင့်ကြည့်တော့ ဘေးအိမ်က ကလေးငယ်တစ်ယောက်က စိတ်လှုပ်ရှားတဲ့အသံနဲ့ “အန်တီ.. အန်တီတိုအိမ်မှာ ဖယောင်းတိုင်ရှိလား” လို မေးလိုက်တယ်။အမျိုးသမီးက “အင်း.. ဆင်းရဲလွန်းလို ဖယောင်းတိုင်တောင် မဝယ်နိုင်ပါလားနော်.. ဒါပေမယ့် ခဏခဏ လာတောင်းနေမှာစိုးရတယ်။ ပေးလိုမဖြစ်ဘူး..” လိုတွေးပြီး “မရှိဘူး” လို အသံမာမာနဲ့ အော်ပြီး တံခါးပိတ်ဖို ပြင်လိုက်တယ်။

အဲဒီအချိန်မှာ ကလေးငယ်က ပြုံးပြီး “ထင်သားပဲ..အန်တီက အခုမှ အိမ်ပြောင်းလာတာဆိုတော့ ဖယောင်းတိုင် မပါလောက်ဘူးဆိုပြီး မှောင် မဲမဲထဲမှာ အန်တီကြောက်နေမှာစိုးလို သမီးက ဖယောင်းတိုင် လာပိုတာ” လိုပြောပြီး အဖာတွေထပ်နေတဲ့အင်္ကျီအိတ်ထဲက ဖ ယောင်းတိုင်လေးကို ထုတ်ပေးလိုက်တယ်။အမျိုးသမီးကတော့ ကိုယ့်ကိုယ်ကို ရှက်မိပြီး ဘာမြှပန်မပြောနိုင်အောင် ဆွံအသွားခဲ့တယ်။ကိုယ့်ထက်သာ မနာလို၊ကိုယ့်ထက်နိမ့်ပါးသူအား နိမ့်ချဆက်ဆံသူ အဖိုကတော့ အထင် နဲ့ လက်တွေ့အမြင်ဟာ လွဲချော်နေမှာပါ။လူပီသဖို ရုပ်လှဖိုထက် စိတ်လှဖိုအရေးကြီးတယ်။ငွေချမ်းသာဖိုထက် စိတ်စေတနာချမ်းသာဖိုအရေးကြီးတယ်။ငွေချမ်းသာပေမယ့် ယူသောလက် ဖြစ်နေတတ်တယ်။ဆင်းရဲပေမယ့် ပေးသောလက်လဲ ဖြစ်နိုင်တယ်။ ပေးသောလက်ဖြစ်ဖို ငွေချမ်းသာဖိုမလိုဘူး၊ မြင့်မြတ်တဲ့စိတ်ထား ရှိဖိုသာလိုတယ်။မြင့်မြတ်သောစိတ်အသိဉာဏ်ပညာမပါပဲ ပိုင်ဆိုင်မှုတွေ များသထက် များပြားလာသူတချိုမှာကိုယ်ချင်းစာတရားတွေ ခေါင်း ပါးလာကြတယ်…ဂရုဏာတရားတွေ ပျောက်ကွယ်လာကြတယ်…သံသယမျက်လုံးတွေနဲ့ ကြည့်တတ်လာကြတယ်…လူသားအချင်းချင်း ပုံမှန်ဆက်ဆံရေးတွေ ကွယ်ပျောက်လာတတ်ကြတယ်…။ကျွန်တော်တိုနေနေတဲ့ လူပတ်ဝန်ကျင်ကြီးက ငွေ ရှိမှ လူရာဝင် ငွေမရှိလိုကတော့အသက်ရှူတာတောင်အပစ်မလွတ်ဘူး..။ စားနိုင်သောက်နိုင်သူကို ပိုကျွေးချင်ကြပြီးငတ်ပြတ်နေတဲ့သူကိုတော့ စေတနာမထားတက်ကြတာ သဘာဝလိုဖြစ်နေကြပါပြီ လူတိုင်းတော့မဟုတ်ပါဘူး..။

Credit – မူရင်း

[zawgyi]

တခါက ဆင္းရဲသားရပ္ကြက္ ထဲကို အပ်ိဳႀကီးတစ္ေယာက္ အိမ္ေျပာင္းလာတယ္ ။ သူေျပာင္းလာတဲ့ အိမ္ေဘး ကပ္ရပ္မွာ ဆင္းရဲႏုံခ်ာတဲ့မိသားစုေလးတစု ရွိပါတယ္ ။ မုဆိုးမတစ္ေယာက္နဲ႔ သူ႔ကေလးႏွစ္ေယာက္ေပါ့..အပ်ိဳႀကီးက “မတတ္ႏိုင္ဘူးေလ..ဒီေနရာေရာက္မွေတာ့..ဒီလိုလူမ်ိဳးေတြနဲ႔ ပတ္သတ္ရဦးမွာေပါ့..” လို သူ႔ဘာသာေတြးၿပီး စိတ္ပ်က္သြားမိတယ္။အဲ့ညမွာပဲ ထုံးစံအတိုင္း ရပ္ကြက္မီးက ႐ုတ္တရက္ ပ်က္သြားခဲ့တယ္။ မီးပ်က္ေတာ့ အမ်ိဳး သမီးက ဖေယာင္းတိုင္ထြန္းဖို သူ႔ဖေယာင္းတိုင္ထုပ္ကိုလိုက္ရွာတာေပါ့ .. ခဏေနေတာ့ သူရွာေတြ႕သြားတယ္..ေတြ႕ၿပီးေတာ့ သိပ္မၾကာပါဘူး… တစ္စုံ တစ္ေယာက္က သူ႔အိမ္တံခါးလာေခါက္တာကို ၾကားလိုက္မိတယ္။တံခါးဖြင့္ၾကည့္ေတာ့ ေဘးအိမ္က ကေလးငယ္တစ္ေယာက္က စိတ္လႈပ္ရွားတဲ့အသံနဲ႔ “အန္တီ.. အန္တီတိုအိမ္မွာ ဖေယာင္းတိုင္ရွိလား” လို ေမးလိုက္တယ္။အမ်ိဳးသမီးက “အင္း.. ဆင္းရဲလြန္းလို ဖေယာင္းတိုင္ေတာင္ မဝယ္ႏိုင္ပါလားေနာ္.. ဒါေပမယ့္ ခဏခဏ လာေတာင္းေနမွာစိုးရတယ္။ ေပးလိုမျဖစ္ဘူး..” လိုေတြးၿပီး “မရွိဘူး” လို အသံမာမာနဲ႔ ေအာ္ၿပီး တံခါးပိတ္ဖို ျပင္လိုက္တယ္။အဲဒီအခ်ိန္မွာ ကေလးငယ္က ၿပဳံးၿပီး “ထင္သားပဲ..အန္တီက အခုမွ အိမ္ေျပာင္းလာတာဆိုေတာ့ ဖေယာင္းတိုင္ မပါေလာက္ဘူးဆိုၿပီး ေမွာင္ မဲမဲထဲမွာ အန္တီေၾကာက္ေနမွာစိုးလို သမီးက ဖေယာင္းတိုင္ လာပိုတာ” လိုေျပာၿပီး အဖာေတြထပ္ေနတဲ့အက်ႌအိတ္ထဲက ဖ ေယာင္းတိုင္ေလးကို ထုတ္ေပးလိုက္တယ္။အမ်ိဳးသမီးကေတာ့ ကိုယ့္ကိုယ္ကို ရွက္မိၿပီး ဘာျမႇပန္မေျပာႏိုင္ေအာင္ ဆြံအသြားခဲ့တယ္။ကိုယ့္ထက္သာ မနာလို၊ကိုယ့္ထက္နိမ့္ပါးသူအား နိမ့္ခ်ဆက္ဆံသူ အဖိုကေတာ့ အထင္ နဲ႔ လက္ေတြ႕အျမင္ဟာ လြဲေခ်ာ္ေနမွာပါ။လူပီသဖို ႐ုပ္လွဖိုထက္ စိတ္လွဖိုအေရးႀကီးတယ္။ေငြခ်မ္းသာဖိုထက္ စိတ္ေစတနာခ်မ္းသာဖိုအေရးႀကီးတယ္။ေငြခ်မ္းသာေပမယ့္ ယူေသာလက္ ျဖစ္ေနတတ္တယ္။ဆင္းရဲေပမယ့္ ေပးေသာလက္လဲ ျဖစ္ႏိုင္တယ္။ ေပးေသာလက္ျဖစ္ဖို ေငြခ်မ္းသာဖိုမလိုဘူး၊ ျမင့္ျမတ္တဲ့စိတ္ထား ရွိဖိုသာလိုတယ္။ျမင့္ျမတ္ေသာစိတ္အသိဉာဏ္ပညာမပါပဲ ပိုင္ဆိုင္မႈေတြ မ်ားသထက္ မ်ားျပားလာသူတခ်ိဳမွာကိုယ္ခ်င္းစာတရားေတြ ေခါင္း ပါးလာၾကတယ္…ဂ႐ုဏာတရားေတြ ေပ်ာက္ကြယ္လာၾကတယ္…သံသယမ်က္လုံးေတြနဲ႔ ၾကည့္တတ္လာၾကတယ္…လူသားအခ်င္းခ်င္း ပုံမွန္ဆက္ဆံေရးေတြ ကြယ္ေပ်ာက္လာတတ္ၾကတယ္…။ကြၽန္ေတာ္တိုေနေနတဲ့ လူပတ္ဝန္က်င္ႀကီးက ေငြ ရွိမွ လူရာဝင္ ေငြမရွိလိုကေတာ့အသက္ရႉတာေတာင္အပစ္မလြတ္ဘူး..။ စားႏိုင္ေသာက္ႏိုင္သူကို ပိုေကြၽးခ်င္ၾကၿပီးငတ္ျပတ္ေနတဲ့သူကိုေတာ့ ေစတနာမထားတက္ၾကတာ သဘာဝလိုျဖစ္ေနၾကပါၿပီ လူတိုင္းေတာ့မဟုတ္ပါဘူး..။