အနာခံမှ အသာစံရမယ်

တစ်ခါတုန်းက ကြက်မတစ်ကောင်ရှိပါတယ်။ ကြက်မက အနီရောင်အဆင်းရှိတဲ့ကြက်မဖြစ်ပြီး ကြက်ကလေးငါးကောင်လည်း မွေးထားပါတယ်။ သူမမှာ ဘဲ ၊ ကြောင်နဲ့ ခွေးတစ်ကောင် စတဲ့ သူငယ်ချင်းတွေရှိပါတယ်။တစ်နေ့မှာတော့ ကြက်မက ဂျုံစေ့တစ်စေ့ကို ရှာတွေ့ပါတယ်။ ကြက်မက သူ့သူငယ်ချင်းတွေကိုမေးလိုက်ပါတယ်။ “ဟေး….ဘယ်သူက ဒီဂျုံစေ့ကို စိုက်ပျိုးချင်သလဲ”“ဘယ်သူမှ မစိုက်ပျိုးချင်ဘူး…” လို့ ဘဲက ဖြေလိုက်ပါတယ်။“ငါကောပဲ…” လို့ ကြောင်က ငြင်းလိုက်ပြန်ပါတယ်။ “ငါ့ကိုလည်း ထည့်မတွက်နဲ့…” လို့ ခွေးက လှည့်ပြောပြန်ပါတယ်။“ကောင်းပြီလေ…အဲဒါဆိုရင် ငါပဲ ဒီဂျုံစေ့ကို စိုက်ထားလိုက်တော့မယ်” လို့ ကြက်မက ပြောလိုက်ပါတယ်။ ကြက်မက ထိုဂျုံစေ့ကို သေချာစိုက်ပျိုးပြီး သေချာရေလောင်းပေးပါတယ်။ ရက်အနည်းငယ်ကြာတဲ့အခါမှာ ဂျုံစေ့က အပင်လေးတွေပေါက်လာပါတယ်။ တဖြေးဖြေးနဲ့ ဂျုံပင်တွေက ဝါညိုရောင်သန်းတဲ့ဂျုံတွေ ပေါက်ရောက်ရှင်သန်လာတာပေါ့။ အဲဒီ့အခါ ကြက်မက မေးပြန်တယ်။“ကဲ…ဒီဂျုံတွေကို ဘယ်သူက ရိတ်သိမ်းချင်သလဲ”“ငါတော့မပါ…” ဘဲက ပျင်းရိနေတဲ့အသံကြီးနဲ့ပြန်ဖြေပါတယ်။“ငါလည်းမပါဘူး…” ကြောင်က ပခုံးတွန့်ရင်းဖြေလိုက်ပြန်တယ်။“ငါ့ကိုထည့်မတွက်ကြနဲ့…” လို့ ခွေးက ငြင်းလိုက်ပြန်တယ်။“ကောင်းပြီလေ…အဲလိုဆိုရင်တော့ ငါ့ဟာငါပဲ ရိတ် သိမ်းလိုက်တာပေါ့…” လို့ ကြက်မက ပြောလိုက်ပြီး တစ်နေ့လုံး ဂျုံတွေရိတ်သိမ်းရတာနဲ့ အလုပ်ရှုပ်နေခဲ့တာပေါ့။

ညနေစောင်းတဲ့အခါမှာတော့ ကြက်မမှာ ဂျုံတွေအိတ်ကြီးနဲ့ နှစ်အိတ်တောင် ရလေရဲ့။“ဟယ်လို….အားလုံးပဲ၊ ဂျုံတွေကို ငါနဲ့အတူ ဘယ်သူက ကြိတ်ပေးမလဲ” လို့ ကြက်မက သူ့သူငယ်ချင်းတွေကို မေးပြန်တယ်။ အားလုံးက ငြင်းကြပြန်တယ်။“အဲဒါဆိုလည်း ငါ့ဟာငါ့ပဲ ဂျုံတွေကြိတ်တာပေါ့ ။ ဂျုံမှုန့်တွေရလာတဲ့အခါ ငါ့ဟာငါပဲ ပေါင်မုန့်ဖုတ်တော့မယ်” လို့ ကြက်မက အသိပေးလိုက်ပါတယ်။ နောက်တစ်နေ့မှာတော့ ကြက်မက အနံ့အရသာနဲ့ပြည့်၀တဲ့ပေါင်မုန့်တွေ ဖုတ်လေတော့တယ်။“ ကဲ…ဘယ်လိုလဲ…ဒီပေါင်မုန့်တွေ ဘယ်သူများ စားချင်ကြမလဲ” လို့ သူ့သူငယ်ချင်းတွေကို မေးလိုက်ပြန်တယ်။ အဲဒီ့အခါမှာတော့ ဘဲက ထဖြေပါတယ်။ “ ငါ စားမယ်ဟေ့…..”“ငါလည်း စားမယ်…” လို့ ကြောင်က သွားရည်တွေသပ်ရင်းဖြေပြန်တယ်။ “အရသာရှိမယ့်ပုံပဲ…အနံလေးက မွှေးနေတာပဲ” လို့ ခွေးက ပြောပြန်တယ်။“နင်တို့ ဘယ်သူမှ စားဖို့ မစဉ်းစားနဲ့….။ ငါပဲ ဂျုံတွေကို ရိတ်သိမ်းပြီး ကြိတ်လာရတယ်။ အိမ်မှာပေါင်မုန့်ဖုတ်လာရတာ။ ငါနဲ့ ငါ့ကလေးတွေပဲ ဒီပေါင်မုန့်ကို စားခွင့်ရှိတယ်” လို့ ကြက်မက ပြောလိုက်ပြီး သူမနဲ့ သူမရဲ့ကြက်ကလေးတွေက ပေါင်ုမန့်ကို မြိန်ရေရှက်ရေ စားလိုက်ပါသတဲ့။သင်ခန်းစာ။ ဒီပုံပြင်လေးကတော့ အနာမခံ အသာမစံရ ဆိုတဲ့စာသားလိုပါပဲ။ ကိုယ်တိုင်ဘာမှ မကြိုးစားချင်ရင် ဘာကိုမှ ခံစားခွင့်ရမှာမဟုတ်ပါဘူးဆိုတဲ့ သင်ခန်းစာလေးပေးထားတာဖြစ်ပါတယ်။ ဒီပုံပြင်ထဲက ကြက်မလို ကိုယ်တိုင်ကြိုးစားရင် ကိုယ်တိုင်ခံစားခွင့်ရှိမယ်ဆိုတာ သားသားမီးမီးတို့ကို နားလည်အောင်ပြောပြပေးလိုက်ပါနော်။

Credit – မူရင်း

[zawgyi]

တစ္ခါတုန္းက ၾကက္မတစ္ေကာင္ရွိပါတယ္။ ၾကက္မက အနီေရာင္အဆင္းရွိတဲ့ၾကက္မျဖစ္ၿပီး ၾကက္ကေလးငါးေကာင္လည္း ေမြးထားပါတယ္။ သူမမွာ ဘဲ ၊ ေၾကာင္နဲ႔ ေခြးတစ္ေကာင္ စတဲ့ သူငယ္ခ်င္းေတြရွိပါတယ္။တစ္ေန႔မွာေတာ့ ၾကက္မက ဂ်ဳံေစ့တစ္ေစ့ကို ရွာေတြ႕ပါတယ္။ ၾကက္မက သူ႔သူငယ္ခ်င္းေတြကိုေမးလိုက္ပါတယ္။ “ေဟး….ဘယ္သူက ဒီဂ်ဳံေစ့ကို စိုက္ပ်ိဳးခ်င္သလဲ”“ဘယ္သူမွ မစိုက္ပ်ိဳးခ်င္ဘူး…” လို႔ ဘဲက ေျဖလိုက္ပါတယ္။“ငါေကာပဲ…” လို႔ ေၾကာင္က ျငင္းလိုက္ျပန္ပါတယ္။ “ငါ့ကိုလည္း ထည့္မတြက္နဲ႔…” လို႔ ေခြးက လွည့္ေျပာျပန္ပါတယ္။“ေကာင္းၿပီေလ…အဲဒါဆိုရင္ ငါပဲ ဒီဂ်ဳံေစ့ကို စိုက္ထားလိုက္ေတာ့မယ္” လို႔ ၾကက္မက ေျပာလိုက္ပါတယ္။ ၾကက္မက ထိုဂ်ဳံေစ့ကို ေသခ်ာစိုက္ပ်ိဳးၿပီး ေသခ်ာေရေလာင္းေပးပါတယ္။ ရက္အနည္းငယ္ၾကာတဲ့အခါမွာ ဂ်ဳံေစ့က အပင္ေလးေတြေပါက္လာပါတယ္။ တေျဖးေျဖးနဲ႔ ဂ်ဳံပင္ေတြက ဝါညိဳေရာင္သန္းတဲ့ဂ်ဳံေတြ ေပါက္ေရာက္ရွင္သန္လာတာေပါ့။ အဲဒီ့အခါ ၾကက္မက ေမးျပန္တယ္။“ကဲ…ဒီဂ်ဳံေတြကို ဘယ္သူက ရိတ္သိမ္းခ်င္သလဲ”“ငါေတာ့မပါ…” ဘဲက ပ်င္းရိေနတဲ့အသံႀကီးနဲ႔ျပန္ေျဖပါတယ္။“ငါလည္းမပါဘူး…” ေၾကာင္က ပခုံးတြန္႔ရင္းေျဖလိုက္ျပန္တယ္။“ငါ့ကိုထည့္မတြက္ၾကနဲ႔…” လို႔ ေခြးက ျငင္းလိုက္ျပန္တယ္။“ေကာင္းၿပီေလ…အဲလိုဆိုရင္ေတာ့ ငါ့ဟာငါပဲ ရိတ္ သိမ္းလိုက္တာေပါ့…” လို႔ ၾကက္မက ေျပာလိုက္ၿပီး တစ္ေန႔လုံး ဂ်ဳံေတြရိတ္သိမ္းရတာနဲ႔ အလုပ္ရႈပ္ေနခဲ့တာေပါ့။ညေနေစာင္းတဲ့အခါမွာေတာ့ ၾကက္မမွာ ဂ်ဳံေတြအိတ္ႀကီးနဲ႔ ႏွစ္အိတ္ေတာင္ ရေလရဲ႕။“ဟယ္လို….အားလုံးပဲ၊ ဂ်ဳံေတြကို ငါနဲ႔အတူ ဘယ္သူက ႀကိတ္ေပးမလဲ” လို႔ ၾကက္မက သူ႔သူငယ္ခ်င္းေတြကို ေမးျပန္တယ္။ အားလုံးက ျငင္းၾကျပန္တယ္။“အဲဒါဆိုလည္း ငါ့ဟာငါ့ပဲ ဂ်ဳံေတြႀကိတ္တာေပါ့ ။ ဂ်ဳံမႈန္႔ေတြရလာတဲ့အခါ ငါ့ဟာငါပဲ ေပါင္မုန္႔ဖုတ္ေတာ့မယ္” လို႔ ၾကက္မက အသိေပးလိုက္ပါတယ္။ ေနာက္တစ္ေန႔မွာေတာ့ ၾကက္မက အနံ႔အရသာနဲ႔ျပည့္၀တဲ့ေပါင္မုန္႔ေတြ ဖုတ္ေလေတာ့တယ္။“ ကဲ…ဘယ္လိုလဲ…ဒီေပါင္မုန္႔ေတြ ဘယ္သူမ်ား စားခ်င္ၾကမလဲ” လို႔ သူ႔သူငယ္ခ်င္းေတြကို ေမးလိုက္ျပန္တယ္။ အဲဒီ့အခါမွာေတာ့ ဘဲက ထေျဖပါတယ္။ “ ငါ စားမယ္ေဟ့…..”“ငါလည္း စားမယ္…” လို႔ ေၾကာင္က သြားရည္ေတြသပ္ရင္းေျဖျပန္တယ္။ “အရသာရွိမယ့္ပုံပဲ…အနံေလးက ေမႊးေနတာပဲ” လို႔ ေခြးက ေျပာျပန္တယ္။“နင္တို႔ ဘယ္သူမွ စားဖို႔ မစဥ္းစားနဲ႔….။ ငါပဲ ဂ်ဳံေတြကို ရိတ္သိမ္းၿပီး ႀကိတ္လာရတယ္။ အိမ္မွာေပါင္မုန္႔ဖုတ္လာရတာ။ ငါနဲ႔ ငါ့ကေလးေတြပဲ ဒီေပါင္မုန္႔ကို စားခြင့္ရွိတယ္” လို႔ ၾကက္မက ေျပာလိုက္ၿပီး သူမနဲ႔ သူမရဲ႕ၾကက္ကေလးေတြက ေပါင္ုမန္႔ကို ၿမိန္ေရရွက္ေရ စားလိုက္ပါသတဲ့။သင္ခန္းစာ။ ဒီပုံျပင္ေလးကေတာ့ အနာမခံ အသာမစံရ ဆိုတဲ့စာသားလိုပါပဲ။ ကိုယ္တိုင္ဘာမွ မႀကိဳးစားခ်င္ရင္ ဘာကိုမွ ခံစားခြင့္ရမွာမဟုတ္ပါဘူးဆိုတဲ့ သင္ခန္းစာေလးေပးထားတာျဖစ္ပါတယ္။ ဒီပုံျပင္ထဲက ၾကက္မလို ကိုယ္တိုင္ႀကိဳးစားရင္ ကိုယ္တိုင္ခံစားခြင့္ရွိမယ္ဆိုတာ သားသားမီးမီးတို႔ကို နားလည္ေအာင္ေျပာျပေပးလိုက္ပါေနာ္။