အပေါင်းကြောင့် ဂုဏ်တက် အပေါင်းကြောင့် ဂုဏ်ပျက်

လူတစ်ယောက်ဟာ မြင်းတစ်ကောင်ဝယ်ဖို့ ဈေးကိုရောက်လာသတဲ့။ ပြီးတော့ သူအကြိုက်ဆုံး မြင်းတစ်ကောင်ကို ရွေးပြီး မြင်းရောင်းသူကို” မိတ်ဆွေ ဒီမြင်းကို အိမ်ယူသွားပြီးမြင်း ကောင်း မကောင်း စမ်းသပ်ကြည့်ပါအုံးမယ် မြင်းကောင်းဆိုရင် ဝယ်ပါ့မယ်။မြင်းမကောင်းဘူးဆိုရင်တော့ ပြန်ပို့ပါမယ် ” လို့ ပြောသတဲ့ ။မြင်းရောင်းသူကလဲ သဘောတူပြီး ခွင့်ပြုလိုက်တာပေါ့။မြင်းဝယ်သူက မြင်းကို အိမ်ခေါ်သွားပြီးမြင်ဇောင်းထဲမှာ သူ့ရဲ့ မြင်းတွေအတူ ထားလိုက်သတဲ့။ဒီတော့ ဝယ်လာတဲ့ မြင်းဟာ မြင်းဇောင်းထဲက မြင်းတွေကို သေချာကြည့်နေတယ်။ ပြီးတော့ မြင်းတွေထဲက အပျင်းဆုံး အစားအသောက်လဲ အကြီးဆုံး အဆိုးဆုံး လောဘလဲ အကြီးဆုံးဖြစ်တဲ့ မြင်းရဲ့အနားကို ချဉ်ကပ်ပြီး မိတ်ဆွေဖွဲ့ကာ သွားအိပ်နေသတဲ့။

ဒါကို မြင်းဝယ်လာသူက မြင်တာနဲ့ ချက်ချင်းပဲ မြင်းကို ဆွဲထုတ်ပြီး ရောင်းသူထံ ပြန်လည်အပ်နှံလိုက်တော့တာပေါ့။မြင်းရောင်းသူလဲ..ဝယ်သူ့ရဲ့အပြုအမူကို အံ့သြသွားပြီး” မိတ်ဆွေ ဘာကြောင့် ဒီမြင်းကို မကြိုက်ရတာလဲ.. မြင်းကိုစမ်းသပ်ကြည့်ပြီးပြီလား ” လို့ မေးလိုက်တာပေါ့။ဒီတော့ မြင်းဝယ်သူက ဒီလိုပြန်ပြောလိုက်သတဲ့” ဒီမြင်းကို ထွေထွေထူးထူး စမ်းသပ်နေစရာ မလိုပါဘူး..ဒီမြင်းဟာ ကျုပ်မြင်းဇောင်းထဲက အပျင်းဆုံး အဖျင်းဆုံး လောဘအကြီးဆုံးမြင်းဆိုးနဲ့ အပေါင်းအသင်းပြုတယ် “” ဒါကြောင့် ဒီမြင်းရဲ့ စရိုက်ဟာလဲ ဒီသဘောအတိုင်းပဲဆိုတာ ယုံမှားစရာ မလိုတော့ပါဘူး လို့ ” ပြန်ပြောလိုက်ပါတယ်။ Moral – အပေါင်းကြောင့် ဂုဏ်တက်၊ အပေါင်းကြောင့် ဂုဏ်ပျက်။

မူရင်း Credit

[zawgyi]

လူတစ္ေယာက္ဟာ ျမင္းတစ္ေကာင္ဝယ္ဖို႔ ေဈးကိုေရာက္လာသတဲ့။ ၿပီးေတာ့ သူအႀကိဳက္ဆုံး ျမင္းတစ္ေကာင္ကို ေ႐ြးၿပီး ျမင္းေရာင္းသူကို” မိတ္ေဆြ ဒီျမင္းကို အိမ္ယူသြားၿပီးျမင္း ေကာင္း မေကာင္း စမ္းသပ္ၾကည့္ပါအုံးမယ္ ျမင္းေကာင္းဆိုရင္ ဝယ္ပါ့မယ္။ျမင္းမေကာင္းဘူးဆိုရင္ေတာ့ ျပန္ပို႔ပါမယ္ ” လို႔ ေျပာသတဲ့ ။ျမင္းေရာင္းသူကလဲ သေဘာတူၿပီး ခြင့္ျပဳလိုက္တာေပါ့။ျမင္းဝယ္သူက ျမင္းကို အိမ္ေခၚသြားၿပီးျမင္ေဇာင္းထဲမွာ သူ႔ရဲ႕ ျမင္းေတြအတူ ထားလိုက္သတဲ့။ဒီေတာ့ ဝယ္လာတဲ့ ျမင္းဟာ ျမင္းေဇာင္းထဲက ျမင္းေတြကို ေသခ်ာၾကည့္ေနတယ္။ ၿပီးေတာ့ ျမင္းေတြထဲက အပ်င္းဆုံး အစားအေသာက္လဲ အႀကီးဆုံး အဆိုးဆုံး ေလာဘလဲ အႀကီးဆုံးျဖစ္တဲ့ ျမင္းရဲ႕အနားကို ခ်ဥ္ကပ္ၿပီး မိတ္ေဆြဖြဲ႕ကာ သြားအိပ္ေနသတဲ့။ဒါကို ျမင္းဝယ္လာသူက ျမင္တာနဲ႔ ခ်က္ခ်င္းပဲ ျမင္းကို ဆြဲထုတ္ၿပီး ေရာင္းသူထံ ျပန္လည္အပ္ႏွံလိုက္ေတာ့တာေပါ့။ျမင္းေရာင္းသူလဲ..ဝယ္သူ႔ရဲ႕အျပဳအမူကို အံ့ၾသသြားၿပီး” မိတ္ေဆြ ဘာေၾကာင့္ ဒီျမင္းကို မႀကိဳက္ရတာလဲ.. ျမင္းကိုစမ္းသပ္ၾကည့္ၿပီးၿပီလား ” လို႔ ေမးလိုက္တာေပါ့။ဒီေတာ့ ျမင္းဝယ္သူက ဒီလိုျပန္ေျပာလိုက္သတဲ့” ဒီျမင္းကို ေထြေထြထူးထူး စမ္းသပ္ေနစရာ မလိုပါဘူး..ဒီျမင္းဟာ က်ဳပ္ျမင္းေဇာင္းထဲက အပ်င္းဆုံး အဖ်င္းဆုံး ေလာဘအႀကီးဆုံးျမင္းဆိုးနဲ႔ အေပါင္းအသင္းျပဳတယ္ “” ဒါေၾကာင့္ ဒီျမင္းရဲ႕ စ႐ိုက္ဟာလဲ ဒီသေဘာအတိုင္းပဲဆိုတာ ယုံမွားစရာ မလိုေတာ့ပါဘူး လို႔ ” ျပန္ေျပာလိုက္ပါတယ္။ Moral – အေပါင္းေၾကာင့္ ဂုဏ္တက္၊ အေပါင္းေၾကာင့္ ဂုဏ္ပ်က္။