အပျိူကြီးရဲ့ လျှိူ့ဝှက်ခလုတ်

တခါတုန်းက ပဲအရမ်းများတဲ့ အပျိူကြီးတစ်ယောက်ဟာ သူ့ကို ချစ်ခွင့်လာပန်သူတိုင်းကို အိုက်တင်ခံပြီး ငြင်းပယ်လာရင်းနဲ့ အသက် (၅၀) ကျော်သွားတော့ သူ့ကို ကြိုက်မည့်သူမရှိတော့ဘူး။ နောက်ဆုံးမှာ ရှားရှားပါးပါး(၁၆)နှစ်သား ကောင်လေးတစ်ယောက်ကိုချစ်သူအဖြစ် ရလိုက်ပါတယ်။ အတိုချုပ်ပြောရရင် ကောင်လေးရဲ့ ချိန်းဆိုမှုနဲ့အပျိုကြီး ကန်ဘောင်ပေါ်ကို ရောက်လာပါတယ်။ကန်ဘောင်မြက်ခင်းပေါ်ထိုင်ရင်း စကားပြောကြ၊ဘယ်ရွှေ့ဘယ်မျှ ချစ်ပါတယ် စသဖြင့်ပြောကြရင်းထီးကိုအကာအကွယ်ယူကာအနမ်းမိုး စွေကြတာလည်း အပါပေါ့။ကောင်လေးက အတွေ့အကြုံသစ်မို့ အပျိုကြီးကို အားပါးတရ ဖက်ထားပါတယ်။ပြဿနာက စပါပြီ။ရည်းစား တစ်ခါမှ မထားခဲ့ဖူးတဲ့ အပျို ကြီးရှက်နေတဲ့အပြင် ညက ကိုရီးယားဇာတ်လမ်းတွဲကြည့်ရင်းပဲကြီးလှော်တွေ အားပါးတရ စားထားခဲ့တာရယ်၊ဒီမနက်ခင်း ထမင်းကျော်နဲ့ ကြက်ဥပြုတ်စားခဲ့တာမို့ဗိုက်ကရစ်ပြီး လေလည်ချင်နေပါတယ်။ကောင်လေးကလည်း အတင်းဖက်ထားလေတော့ရင်ခွင်ထဲက ရုန်းထွက်လို့က မရ။

ဒါနဲ့အပျိုကြီး မျက်စိကိုမှိတ် အံကြိတ်ပြီးလေမလည်အောင် အတင်း အောင့်ခံရင်းကချွေးသီးချွေးပေါက်တွေ ကျနေပေါ့။ကောင်လေးက ဖက် လေ၊အခြေအနေ မဟန်လို့အံကြိတ်ရုံတင်မက၊ခြေမကိုပါ အသားကုန်ကွေးပြီးမနည်းကြီး တောင့်ထားရှာပါတယ်။ဒါကို ကောင်လေးက မြင်တဲ့အခါ(နားမလည်လို့နေမှာပေါ့)“ ချစ်မကြီးရယ်၊ဒီလောက်လှတဲ့ ခြေမလေးကိုဘာပြုလို့များ ကွေးထားတာလဲ “ကောင်လေးစကားကြားတော့အပျိုကြီးခမြာ ချွေးသီးချွေးပေါက်တွေ ကျနေတဲ့ကြားကမျက်လုံးပြူး ခေါင်းခါပြပါတယ်။(ဆိုလိုချင်တာကတော့-သွားမထိလိုက်နဲ့ပေါ့)။ဒါကို မသိလို့ကောင်လေးကကွေးထားတဲ့ ခြေမကို ဆွဲဆန့်လိုက်တဲ့အခါ“ ဘူးးးးဘွတ်…”(လေလည်သံ အကျယ်ကြီး၊အရှည်ကြီး ထွက်ပြီး အနံ့ဆိုးတွေ တထောင်းထောင်းနဲ့။)အပျိုကြီးခမြာ အရှက်ဗြန်းဗြန်းကွဲပြီး ခေါင်း မဖော်ဝံ့တော့ပါ။ဒါနဲ့ကောင်လေးခမြာ ဘာလုပ်လို့လုပ်ရမယ်မသိ။အပျိုကြီး မရှက်အောင်လို့ပြောမိပြောရာစကားတစ်ခွန်း ပြောလိုက်သည်မှာ“ ဆောရီးပါ ချစ်မကြီးရယ်၊ဒီခလုပ်က အီးခလုပ်မှန်း မသိလို့မှားနှိပ်မိတာပါ။နောက်ဆို မနှိပ်တော့ပါဘူး”

Credit – Original

[zawgyi]

တခါတုန္းက ပဲအရမ္းမ်ားတဲ့ အပ်ိဴႀကီးတစ္ေယာက္ဟာ သူ႔ကို ခ်စ္ခြင့္လာပန္သူတိုင္းကို အိုက္တင္ခံၿပီး ျငင္းပယ္လာရင္းနဲ႔ အသက္ (၅၀) ေက်ာ္သြားေတာ့ သူ႔ကို ႀကိဳက္မည့္သူမရွိေတာ့ဘူး။ ေနာက္ဆုံးမွာ ရွားရွားပါးပါး(၁၆)ႏွစ္သား ေကာင္ေလးတစ္ေယာက္ကိုခ်စ္သူအျဖစ္ ရလိုက္ပါတယ္။ အတိုခ်ဳပ္ေျပာရရင္ ေကာင္ေလးရဲ႕ ခ်ိန္းဆိုမႈနဲ႔အပ်ိဳႀကီး ကန္ေဘာင္ေပၚကို ေရာက္လာပါတယ္။ကန္ေဘာင္ျမက္ခင္းေပၚထိုင္ရင္း စကားေျပာၾက၊ဘယ္ေ႐ႊ႕ဘယ္မွ် ခ်စ္ပါတယ္ စသျဖင့္ေျပာၾကရင္းထီးကိုအကာအကြယ္ယူကာအနမ္းမိုး ေစြၾကတာလည္း အပါေပါ့။ေကာင္ေလးက အေတြ႕အႀကဳံသစ္မို႔ အပ်ိဳႀကီးကို အားပါးတရ ဖက္ထားပါတယ္။ျပႆနာက စပါၿပီ။ရည္းစား တစ္ခါမွ မထားခဲ့ဖူးတဲ့ အပ်ိဳ ႀကီးရွက္ေနတဲ့အျပင္ ညက ကိုရီးယားဇာတ္လမ္းတြဲၾကည့္ရင္းပဲႀကီးေလွာ္ေတြ အားပါးတရ စားထားခဲ့တာရယ္၊ဒီမနက္ခင္း ထမင္းေက်ာ္နဲ႔ ၾကက္ဥျပဳတ္စားခဲ့တာမို႔ဗိုက္ကရစ္ၿပီး ေလလည္ခ်င္ေနပါတယ္။ေကာင္ေလးကလည္း အတင္းဖက္ထားေလေတာ့ရင္ခြင္ထဲက ႐ုန္းထြက္လို႔က မရ။ဒါနဲ႔အပ်ိဳႀကီး မ်က္စိကိုမွိတ္ အံႀကိတ္ၿပီးေလမလည္ေအာင္ အတင္း ေအာင့္ခံရင္းကေခြၽးသီးေခြၽးေပါက္ေတြ က်ေနေပါ့။ေကာင္ေလးက ဖက္ ေလ၊အေျခအေန မဟန္လို႔အံႀကိတ္႐ုံတင္မက၊ေျခမကိုပါ အသားကုန္ေကြးၿပီးမနည္းႀကီး ေတာင့္ထားရွာပါတယ္။ဒါကို ေကာင္ေလးက ျမင္တဲ့အခါ(နားမလည္လို႔ေနမွာေပါ့)“ ခ်စ္မႀကီးရယ္၊ဒီေလာက္လွတဲ့ ေျခမေလးကိုဘာျပဳလို႔မ်ား ေကြးထားတာလဲ “ေကာင္ေလးစကားၾကားေတာ့အပ်ိဳႀကီးချမာ ေခြၽးသီးေခြၽးေပါက္ေတြ က်ေနတဲ့ၾကားကမ်က္လုံးျပဴး ေခါင္းခါျပပါတယ္။(ဆိုလိုခ်င္တာကေတာ့-သြားမထိလိုက္နဲ႔ေပါ့)။ဒါကို မသိလို႔ေကာင္ေလးကေကြးထားတဲ့ ေျခမကို ဆြဲဆန္႔လိုက္တဲ့အခါ“ ဘူးးးးဘြတ္…”(ေလလည္သံ အက်ယ္ႀကီး၊အရွည္ႀကီး ထြက္ၿပီး အနံ႔ဆိုးေတြ တေထာင္းေထာင္းနဲ႔။)အပ်ိဳႀကီးချမာ အရွက္ျဗန္းျဗန္းကြဲၿပီး ေခါင္း မေဖာ္ဝံ့ေတာ့ပါ။ဒါနဲ႔ေကာင္ေလးချမာ ဘာလုပ္လို႔လုပ္ရမယ္မသိ။အပ်ိဳႀကီး မရွက္ေအာင္လို႔ေျပာမိေျပာရာစကားတစ္ခြန္း ေျပာလိုက္သည္မွာ“ ေဆာရီးပါ ခ်စ္မႀကီးရယ္၊ဒီခလုပ္က အီးခလုပ္မွန္း မသိလို႔မွားႏွိပ္မိတာပါ။ေနာက္ဆို မႏွိပ္ေတာ့ပါဘူး”