အပျံသံလို့မရတဲ့ သိန်းငှက်

တစ်ခါက ဘုရင်တစ်ပါးဆီကို အလွန်လှပတဲ့ သိမ်းငှက်နှစ်ကောင် လက်ဆောင်ပဏ္ဏာအဖြစ် ဆက်သခံခဲ့ရပါတယ်။သိမ်းငှက်တွေက အရမ်းကိုလှပတဲ့အတွက် ဘုရင်ကြီးက သဘောကျနှစ်သက်နေခဲ့တယ်။ ဒါပေမယ့် သိမ်းငှက်တွေဟာ ငယ်ရွယ်ကြသေးတာကြောင့် အလှမွေးအ ဖြစ်ပဲ မွေးမြူထားခဲ့ရပါတယ်။ အချိန်တစ်ခုကြာပြီးတဲ့နောက်မှာ ဘုရင်ကြီးက သူ့ရဲ့ သိမ်းငှက်တွေကို ပျံသန်းအမဲလိုက်တတ်အောင် လေ့ ကျင့် ပေးဖို့ တိုင်းပြည်မှာ အတော်ဆုံး သိမ်းငှက်လေ့ကျင့်ပေးနိုင်သူကို ဆင့်ခေါ်စေခိုင်းခဲ့တယ်။ သိမ်းငှက်ဆရာကလည်း သူတို့ကို လပေါင်းများစွာ လေ့ကျင့်သင်ကြားပေးခဲ့ပြီး တစ်ရက်မှာတော့ ဘုရင်ကြီးဆီကို သတင်းပို့လာပါတယ်။ သိမ်းငှက်နှစ်ကောင်းအနက် တစ်ကောင်က ကောင်းကင်မှာ အလှပဆုံးပျံဝဲပြီး သားကောင်တွေကို ဖမ်းဆီးနိုင်နေပြီဖြစ်ပေမယ့် နောက်တစ်ကောင်ကတော့ နားနေကျသစ်ကိုင်းကနေ လုံးဝထမပျံဘူးလို့ ဆိုပါတယ်။ ငှက်ဆရာက သူ့အနေနဲ့ ဒီလောက်ခေါင်းမာပြီး သင်ကြားရခက်တဲ့ သိမ်းငှက်မျိုးမမြင်ဖူးသေးကြောင်း၊ အ ကိုင်းကို စွန့်ခွာပျံသန်းဖို့ ဘယ်လိုမှ သင်ကြားပေးလိုက်မရကြောင်း ဒီငှက်က တစ်ခုခုမှားယွင်းနေနိုင်ကြောင်း ဘုရင်ကြီးဆီကို လျှောက်ထားပါတယ်။

ဒါနဲ့ ဘုရင်ကြီးက အခြားသော ပညာရှင်တွေ၊ ပုဏ္ဏားတွေနဲ့ ငှက်ဆရာတွေ အားလုံးကို ဆင့်ခေါ်ပြီး ဒီသိမ်းငှက်ကို ပျံအောင်သင် ပေးဖို့ စေခိုင်းလိုက်ပါတယ်။ အချိန်တွေကြာပြီး ဆရာတွေသာပြောင်းသွားပေမယ့် သိမ်းငှက်ကတော့ နားခိုရာအကိုင်းကနေ လုံးဝမပျံသန်းပါဘူး။ တစ်ရက်မှာတော့ လယ်သမားတစ်ယောက်ဟာ နန်းတော်နားက ဖြတ်သွားရင်း ပျံခိုင်းလို့မရတဲ့သိမ်းငှက်အကြောင်းကို ကြားသိတဲ့အခါမှာ သူကြိုးစားကြည့်ချင်တဲ့အကြောင်း ဘုရင်ကြီးဆီကို ခွင့်တောင်းပါတယ်။နည်းလမ်းမျိုးစုံသုံးပြီး အလုပ်မဖြစ်တာကြောင့် စိတ်ပျက်နေတဲ့ ဘုရင်ကြီးက လယ်သမားကို ခွင့်ပြုပေးလိုက်ပါတယ်။ နောက်တစ်နေ့မ နက်မှာတော့ ကောင်းကင်ထက်မှာ လှပစွာ ပျံဝဲနေတဲ့ သိမ်းငှက်နှစ်ကောင်ကို ဘုရင်ကြီးမြင်လိုက်ရတဲ့အတွက် အရမ်းကို အံ့သြသွားခဲ့ပါတယ်။ ဒါနဲ့ လယ်သမားကို ခေါ်ပြီး ဘယ်လိုမှ အပျံသင်ပေးလို့မရတဲ့ သိမ်းငှက်ကို ဘယ်လိုနည်းလမ်းနဲ့ ပျံသန်းအောင် လုပ်နိုင်ခဲ့တာလဲဆိုတာ မေးမြန်းတဲ့အခါ – လယ်သမားက “အရှင်မင်းကြီး ကျွန်တော်မျိုးရဲ့ နည်းလမ်းက အရမ်းကို ရိုးရှင်းပါတယ်။ သိမ်းငှက်နားနေကျ သစ်ကိုင်းကို ခုတ်ဖြတ်ပစ်လိုက်တာပါ” လို့ ပြန်ဖြေခဲ့ပါတယ်။ သင်ခန်းစာ – ရောက်တဲ့နေရာမှာပဲ ရပ်မနေပါနဲ့။ အခွင့်အလမ်းသစ်တွေကို ရယူပြီး အမြင့်ဆုံးအထိ ပျံသန်းလိုက်ပါ။

Credit မူရင်း

[zawgyi]

တစ်ခါက ဘုရင်တစ်ပါးဆီကို အလွန်လှပတဲ့ သိမ်းငှက်နှစ်ကောင် လက်ဆောင်ပဏ္ဏာအဖြစ် ဆက်သခံခဲ့ရပါတယ်။သိမ်းငှက်တွေက အရမ်းကိုလှပတဲ့အတွက် ဘုရင်ကြီးက သဘောကျနှစ်သက်နေခဲ့တယ်။ ဒါပေမယ့် သိမ်းငှက်တွေဟာ ငယ်ရွယ်ကြသေးတာကြောင့် အလှမွေးအ ဖြစ်ပဲ မွေးမြူထားခဲ့ရပါတယ်။ အချိန်တစ်ခုကြာပြီးတဲ့နောက်မှာ ဘုရင်ကြီးက သူ့ရဲ့ သိမ်းငှက်တွေကို ပျံသန်းအမဲလိုက်တတ်အောင် လေ့ ကျင့် ပေးဖို့ တိုင်းပြည်မှာ အတော်ဆုံး သိမ်းငှက်လေ့ကျင့်ပေးနိုင်သူကို ဆင့်ခေါ်စေခိုင်းခဲ့တယ်။ သိမ်းငှက်ဆရာကလည်း သူတို့ကို လပေါင်းများစွာ လေ့ကျင့်သင်ကြားပေးခဲ့ပြီး တစ်ရက်မှာတော့ ဘုရင်ကြီးဆီကို သတင်းပို့လာပါတယ်။ သိမ်းငှက်နှစ်ကောင်းအနက် တစ်ကောင်က ကောင်းကင်မှာ အလှပဆုံးပျံဝဲပြီး သားကောင်တွေကို ဖမ်းဆီးနိုင်နေပြီဖြစ်ပေမယ့် နောက်တစ်ကောင်ကတော့ နားနေကျသစ်ကိုင်းကနေ လုံးဝထမပျံဘူးလို့ ဆိုပါတယ်။ ငှက်ဆရာက သူ့အနေနဲ့ ဒီလောက်ခေါင်းမာပြီး သင်ကြားရခက်တဲ့ သိမ်းငှက်မျိုးမမြင်ဖူးသေးကြောင်း၊ အ ကိုင်းကို စွန့်ခွာပျံသန်းဖို့ ဘယ်လိုမှ သင်ကြားပေးလိုက်မရကြောင်း ဒီငှက်က တစ်ခုခုမှားယွင်းနေနိုင်ကြောင်း ဘုရင်ကြီးဆီကို လျှောက်ထားပါတယ်။ဒါနဲ့ ဘုရင်ကြီးက အခြားသော ပညာရှင်တွေ၊ ပုဏ္ဏားတွေနဲ့ ငှက်ဆရာတွေ အားလုံးကို ဆင့်ခေါ်ပြီး ဒီသိမ်းငှက်ကို ပျံအောင်သင် ပေးဖို့ စေခိုင်းလိုက်ပါတယ်။ အချိန်တွေကြာပြီး ဆရာတွေသာပြောင်းသွားပေမယ့် သိမ်းငှက်ကတော့ နားခိုရာအကိုင်းကနေ လုံးဝမပျံသန်းပါဘူး။ တစ်ရက်မှာတော့ လယ်သမားတစ်ယောက်ဟာ နန်းတော်နားက ဖြတ်သွားရင်း ပျံခိုင်းလို့မရတဲ့သိမ်းငှက်အကြောင်းကို ကြားသိတဲ့အခါမှာ သူကြိုးစားကြည့်ချင်တဲ့အကြောင်း ဘုရင်ကြီးဆီကို ခွင့်တောင်းပါတယ်။နည်းလမ်းမျိုးစုံသုံးပြီး အလုပ်မဖြစ်တာကြောင့် စိတ်ပျက်နေတဲ့ ဘုရင်ကြီးက လယ်သမားကို ခွင့်ပြုပေးလိုက်ပါတယ်။ နောက်တစ်နေ့မ နက်မှာတော့ ကောင်းကင်ထက်မှာ လှပစွာ ပျံဝဲနေတဲ့ သိမ်းငှက်နှစ်ကောင်ကို ဘုရင်ကြီးမြင်လိုက်ရတဲ့အတွက် အရမ်းကို အံ့သြသွားခဲ့ပါတယ်။ ဒါနဲ့ လယ်သမားကို ခေါ်ပြီး ဘယ်လိုမှ အပျံသင်ပေးလို့မရတဲ့ သိမ်းငှက်ကို ဘယ်လိုနည်းလမ်းနဲ့ ပျံသန်းအောင် လုပ်နိုင်ခဲ့တာလဲဆိုတာ မေးမြန်းတဲ့အခါ – လယ်သမားက “အရှင်မင်းကြီး ကျွန်တော်မျိုးရဲ့ နည်းလမ်းက အရမ်းကို ရိုးရှင်းပါတယ်။ သိမ်းငှက်နားနေကျ သစ်ကိုင်းကို ခုတ်ဖြတ်ပစ်လိုက်တာပါ” လို့ ပြန်ဖြေခဲ့ပါတယ်။ သင်ခန်းစာ – ရောက်တဲ့နေရာမှာပဲ ရပ်မနေပါနဲ့။ အခွင့်အလမ်းသစ်တွေကို ရယူပြီး အမြင့်ဆုံးအထိ ပျံသန်းလိုက်ပါ။

Credit မူရင်း