“အဖေ ခေါ်ခ ၆၀၀” တဲ့ လား.?

ရပ်ကွက်တစ်ခုမှာ.. ကိုထွန်းနဲ့မကြည်ပြာ ဆိုတဲ့ လင်မယား သားသမီး သုံးယောက်မွေးဖွားထားတယ် ပေါ့..။ကိုထွန်းဟာ အရက်ကျေးကျွန်ဖြစ်သွားပြီ ။အရက်ကလွှဲလို့ .. သူ့ဘဝမှာ ဘာမှမရှိ၊ မကြည်ပြာကိုလဲ သူဂရုမစိုက်တော့ !သားသမီးသုံးယောက်ကိုလဲ..စိတ်မဝင်စားတော့.. သူသိတာက ..မကြည်ပြာဆီကရမဲ့ .. အရက်ဖိုးမနက် ၂၀၀ ။ နေ့လည် ၂၀၀ ။ ညနေ ၂၀၀ဒါပဲ.. သူ သိတော့တယ်။မကြည်ပြာကတော့ .. ခေါင်း ရွက်ဗျတ်ထိုးဈေးသည်ဘဝနဲ့ မိသားစုကို ဦးဆောင်ပြီးကလေးတွေ စားစရိတ် ကျောင်းစရိတ် အပြင်ကိုထွန်းအတွက် အရက်ဖိုးကိုပါ နေ့စဉ် ပင်ပန်းကြီးစွာ ရှာဖွေနေရတယ်။ဒါကို..မကြည်ပြာရဲ့ အစ်မ တွေ အဒေါ်တွေက မကျေနပ်ကြတော့ဘူး။ ဒါနဲ့ .. မကြည်ပြာကို ခေါ်ဆူကြတယ် ။ ညည်း ဒီလောက် ယောင်္ကျားရှားနေလား.?ညည်း ဒီလောက် ယောင်္ကျားအပေါ် ချစ်နေတာလား.?ညည်း ဒီလောက် အရှက်မဲ့နေရလား.?ဆွေမျိုးတွေပါ.. သိက္ခာကျရတယ်။သူရှိနေလည်း..ကိုယ့်ဟာကိုယ်လုပ်စားနေရတယ် ။သူမရှိတော့ရင်လည်း.. ကိုယ့်ဟာကိုယ်လုပ်စားရမှာပဲလေ၊ဘာလို့ ..ဒီလောက်သုံးမရတဲ့ အရက်သမားကို အရက်ဖိုးပေးရှာကျွေးပြီးနှိပ်စက်တာ ခံနေရတာလဲ.?

ညည်း.. သူနဲ့ မကွာသေးဘူးလား.?ဘာလား.. ညာလားပေါ့.?မကြည်ပြာက.. အဒေါ်တွေ။အစ်မ တွေပြောသမျှကို အေးဆေးစွာနားထောင်နေလိုက်တယ် ..ပြီးမှ..အဒေါ်တို့ အစ်မတို့ ပြောတာ မှန်ပေမဲ့ကိုထွန်း ကို ကျွန်မ မကွဲနိူင်ပါဘူး။ယောင်္ကျားရှားလို့.. သူ့ကို ချစ်လွန်းလို့ ကျွန်မ ဒု က္ခတွေခံပြီး..သူနဲ့ ပေါင်းနေတာ.. မဟုတ်ပါဘူး..ကျွန်မမွေးထားတဲ့ ကလေးသုံးယောက်မှာ..သူများတွေနဲ့ တန်းတူ အဖေ လို့ခေါ်ခွင့်ရဖို့ သူ များကလေးတွေနဲ့တန်းတူ.. အဖေ လို့ ခေါ်လိုက်ရင် ” ဟေ ” လို့ ပြန်ထူးဖို့..သူ့ကို ကျွန်မ သားသမီးလေးတွေအတွက် အဖေ ခေါ်ခ.. ပေးနေတာပါ။ ကျွန်မ အရွယ်ရှိသေးတာ..နောက်အိမ်ထောင်ပြုလို့ရနိူင်တာကမှန်ပေမဲ့.. ကျွန်မ ကလေးတွေအတွက်..ပထွေး ကို ” အဖေ ” လို့ အခေါ်မခံနိူင်ပါဘူး။ကိုထွန်းကိုပေးနေတာ..အရက်ဖိုးမဟုတ်ပါဘူး။ကျွန်မ..သားလေးတွေ သမီးလေးတွေအတွက်အဖေ ခေါ်ခ ပေးနေတာပါ။အဒေါ်တွေ အစ်မ တွေမှာ..ခေါင်းငိုက်စိုက် ကျသွားပါတော့တယ် ။ မကြည်ပြာ.. မှန်လား / မှားလား.?( ကျေးဇူးပြုပြီး..စာဖတ်သူရဲ့ သဘော ထားအမြင်လေး ရေးခဲ့ပေးပါ ။လွပ်လပ်စွာ အမြင် ကွဲပြားခွင့် ရှိပါတယ် )

Credit – အတိတ်ခေတ်

[zawgyi]

ရပ္ကြက္တစ္ခုမွာ.. ကိုထြန္းနဲ႔မၾကည္ျပာ ဆိုတဲ့ လင္မယား သားသမီး သုံးေယာက္ေမြးဖြားထားတယ္ ေပါ့..။ကိုထြန္းဟာ အရက္ေက်းကြၽန္ျဖစ္သြားၿပီ ။အရက္ကလႊဲလို႔ .. သူ႔ဘဝမွာ ဘာမွမရွိ၊ မၾကည္ျပာကိုလဲ သူဂ႐ုမစိုက္ေတာ့ !သားသမီးသုံးေယာက္ကိုလဲ..စိတ္မဝင္စားေတာ့.. သူသိတာက ..မၾကည္ျပာဆီကရမဲ့ .. အရက္ဖိုးမနက္ ၂၀၀ ။ ေန႔လည္ ၂၀၀ ။ ညေန ၂၀၀ဒါပဲ.. သူ သိေတာ့တယ္။မၾကည္ျပာကေတာ့ .. ေခါင္း ႐ြက္ဗ်တ္ထိုးေဈးသည္ဘဝနဲ႔ မိသားစုကို ဦးေဆာင္ၿပီးကေလးေတြ စားစရိတ္ ေက်ာင္းစရိတ္ အျပင္ကိုထြန္းအတြက္ အရက္ဖိုးကိုပါ ေန႔စဥ္ ပင္ပန္းႀကီးစြာ ရွာေဖြေနရတယ္။ဒါကို..မၾကည္ျပာရဲ႕ အစ္မ ေတြ အေဒၚေတြက မေက်နပ္ၾကေတာ့ဘူး။ ဒါနဲ႔ .. မၾကည္ျပာကို ေခၚဆူၾကတယ္ ။ ညည္း ဒီေလာက္ ေယာက်ၤားရွားေနလား.?ညည္း ဒီေလာက္ ေယာက်ၤားအေပၚ ခ်စ္ေနတာလား.?ညည္း ဒီေလာက္ အရွက္မဲ့ေနရလား.?ေဆြမ်ိဳးေတြပါ.. သိကၡာက်ရတယ္။သူရွိေနလည္း..ကိုယ့္ဟာကိုယ္လုပ္စားေနရတယ္ ။သူမရွိေတာ့ရင္လည္း.. ကိုယ့္ဟာကိုယ္လုပ္စားရမွာပဲေလ၊ဘာလို႔ ..ဒီေလာက္သုံးမရတဲ့ အရက္သမားကို အရက္ဖိုးေပးရွာေကြၽးၿပီးႏွိပ္စက္တာ ခံေနရတာလဲ.?ညည္း.. သူနဲ႔ မကြာေသးဘူးလား.?ဘာလား.. ညာလားေပါ့.?မၾကည္ျပာက.. အေဒၚေတြ။အစ္မ ေတြေျပာသမွ်ကို ေအးေဆးစြာနားေထာင္ေနလိုက္တယ္ ..ၿပီးမွ..အေဒၚတို႔ အစ္မတို႔ ေျပာတာ မွန္ေပမဲ့ကိုထြန္း ကို ကြၽန္မ မကြဲႏိူင္ပါဘူး။ေယာက်ၤားရွားလို႔.. သူ႔ကို ခ်စ္လြန္းလို႔ ကြၽန္မ ဒု ကၡေတြခံၿပီး..သူနဲ႔ ေပါင္းေနတာ.. မဟုတ္ပါဘူး..ကြၽန္မေမြးထားတဲ့ ကေလးသုံးေယာက္မွာ..သူမ်ားေတြနဲ႔ တန္းတူ အေဖ လို႔ေခၚခြင့္ရဖို႔ သူ မ်ားကေလးေတြနဲ႔တန္းတူ.. အေဖ လို႔ ေခၚလိုက္ရင္ ” ေဟ ” လို႔ ျပန္ထူးဖို႔..သူ႔ကို ကြၽန္မ သားသမီးေလးေတြအတြက္ အေဖ ေခၚခ.. ေပးေနတာပါ။ ကြၽန္မ အ႐ြယ္ရွိေသးတာ..ေနာက္အိမ္ေထာင္ျပဳလို႔ရႏိူင္တာကမွန္ေပမဲ့.. ကြၽန္မ ကေလးေတြအတြက္..ပေထြး ကို ” အေဖ ” လို႔ အေခၚမခံႏိူင္ပါဘူး။ကိုထြန္းကိုေပးေနတာ..အရက္ဖိုးမဟုတ္ပါဘူး။ကြၽန္မ..သားေလးေတြ သမီးေလးေတြအတြက္အေဖ ေခၚခ ေပးေနတာပါ။အေဒၚေတြ အစ္မ ေတြမွာ..ေခါင္းငိုက္စိုက္ က်သြားပါေတာ့တယ္ ။ မၾကည္ျပာ.. မွန္လား / မွားလား.?( ေက်းဇူးျပဳၿပီး..စာဖတ္သူရဲ႕ သေဘာ ထားအျမင္ေလး ေရးခဲ့ေပးပါ ။လြပ္လပ္စြာ အျမင္ ကြဲျပားခြင့္ ရွိပါတယ္ )