အဖြစ်များဆုံး Auto Gearbox ပြဿနာများ

ကျနော်တို့ကားလောကမှာ အသုံးပြုနေကြတဲ့ ကားအရေအတွက်ရဲ့ ၉၉ ရာခိုင်နှုန်းလောက်က Automatic Transmission လို့ခေါ်တဲ့ Auto Gearbox အမျိုးအစား ကားတွေဖြစ်ကြပါတယ်။ တချို့ ကားအမျိုးအစားတွေရဲ့ Auto Gearbox တန်ဖိုးက ကားအင်ဂျင်ထက်ကို ဈေးများတတ်ပါတယ်။ ဒါကြောင့် မိတ်ဆွေတို့ကားမှာအသုံးပြုနေတဲ့ ဂီယာဘောက်တွေ ကြီးကြီးများများ ပျက်စီးမှုတွေ မဖြစ်ပေါ်ရအောင် အဖြစ်များတတ်တဲ့ ဂီယာဘောက်ရောဂါလက္ခဏာများကို ဆွေးနွေးတင်ပြချင်ပါတယ်။အခုအောက်မှာ ဖော်ပြမယ့်အချက်တွေကတော့ မိတ်ဆွေတို့ကားဂီယာမှာ ဒီလိုရောဂါလက္ခဏာတွေ စတွေ့လာရတယ်ဆိုရင် များမကြာမီ ကြီးကြီးမားမား ပျက်စီးမှုတွေ မကြာခင်ဖြစ်လာနိုင်တယ်ဆိုတာကို သတိပြုရမှာဖြစ်ပြီး ကြီးကြီးမားမားပျက်စီးမှုတွေမဖြစ်ခင် အမြန်ဆုံးစစ်ဆေးပြုပြင်ရမှာဖြစ်ပါတယ်။၁။ ဂီယာကြိတ်သံထွက်တာ – အော်တိုဂီယာကားတွေရဲ့ ဂီယာစနစ်ဟာ ပုံမှန်ကောင်းမွန်နေတယ်ဆိုရင် အတော်လေးကို ညင်ညင်သာသာနဲ့ ချောချောမွေ့မွေ့ ကူးပြောင်းနိုင်တာကို သတိထားမိမှာပါ။ ဒါပေမဲ့ အော်တိုဂီယာဘောက်ထဲမှာ တစ်ခုခု ချို့ယွင်းမှုရှိလာပြီဆိုတာနဲ့ အဖြစ်များတဲ့ ရောဂါလက္ခဏာတစ်ခုက ဂီယာကြိတ်သံထွက်တာမျိုးပါ။ တချို့ကားတွေမှာလည် ဂီယာတစ်ခုနဲ့တစ်ခု အကူးအပြောင်း (အရှိန်တင်လိုက်တဲ့အခါမျိုး) အလိုအလျောက်ဖြစ်ရမယ့်အခါမျိုးတွေမှာ ဂီယာတစ်ခုနဲ့တစ်ခု ကြိတ်သံ ညည်းသံထွက်တာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီလို မူမမှန်တဲ့ဂီယာအရွှေ့အပြောင်းတွေမှာ ညင်ညင်သာသာမဟုတ်ဘဲ ညည်းသံထွက်တာမျိုး ကြိတ်သံထွက်တာမျိုးတွေ ကြုံလာရတယ်ဆိုရင်တော့ သင့်ကား ဂီယာဘောက်အခြေအနေ တစ်ခုခုချို့ယွင်းတော့မှာပါ။ ဒါကြောင့် ကားမောင်းရင်း ဂီယာကြိတ်သံ ညည်းသံကြားရင် အမှုမဲ့အမှတ်မဲ့မနေဘဲ အမြန်ဆုံးစစ်ဆေးပြုပြင်ရမှာပါ။၂။ ဂီယာမချိတ်တာ – မိတ်ဆွေတို့ကားမောင်းတဲ့အခါ Gear Position (P) ကနေ D ဒါမှမဟုတ် R ကို ပြောင်းလိုက်တဲ့အခါ ကားက ချက်ခြင်းမထွက်နိုင်ဘဲ တုံ့ဆိုင်းဆိုင်းဖြစ်တာမျိုး ကြုံဖူးကြပါသလား။ ကားကို Parking အနေအထားကနေ ရပ်ထားရင်း ရှေ့ကိုဖြစ်စေ၊ နောက်ကိုဖြစ်စေ ထွက်ဖို့ ဂီယာထိုးလိုက်တဲ့အခါမျိုးမှာ ဂီယာမဝင်ဘဲ မချိတ်ဘဲ ကားက မရွေ့မလျား တုံ့ဆိုင်းဆိုင်းဖြစ်တာမျိုးကိုပြောတာပါ။ အဲဒီလိုအခြေအနေမျိုးဖြစ်လာတယ်ဆိုရင် လီဘာကို နင်းလိုက်တဲ့အခါမှာ ရုတ်တရက် ဂီယာဝင်သလိုဖြစ်ပြီး ဆောင့်ထွက်တာမျိုးဖြစ်တတ်ပါတယ်။ အဲဒီလိုအခြေအနေမျိုးကို ဂီယာမချိတ်တာ၊ ဂီယာမဝင်တာလို့ ဝပ်ရှော့လောကမှာ အပြောများကြပါတယ်။ ဒီလိုမျိုးဖြစ်လာတယ်ဆိုရင်လည်း မိတ်ဆွေတို့ကားဂီယာဘောက် ပြဿနာကြီးကြီးမားမား မကြာခင် ဖြစ်လာနိုင်ချေရှိနေတာမို့ မြန်မြန်စစ်ဆေးပြုပြင်ရမှာပါ။၃။ ဂီယာအူသံထွက်တာ၊ ရိုက်သံထွက်တာ – ဒီလိုအူသံထွက်တာ၊ ရိုက်သံထွက်တာမျိုးတွေကလည်း ဂီယာဘောက် ပြဿ နာတွေရဲ့အစပါ။ အထူးသဖြင့် ဂီယာကို N (Neutral) ထိုးထားတဲ့အချိန် ဂီယာဘောက်ထဲက ဝီ ခေါ်နေအောင် အူသံထွက်တာ၊ ရိုက်သံလို ခတ်သံလို အသံတွေထွက်တာမျိုးကြုံလာရတယ်ဆိုရင် အဲဒါ ATF (Automatic Transmission Fluid) လို့ခေါ်တဲ့ အော်တိုဆီ လျော့တာနည်းတာ၊ မကောင်းတော့တာ ဒါမှမဟုတ် သက်တမ်းလွန်တာ အစရှိတာတွေဖြစ်နိုင်ပြီး ဂီယာဘောက်အတွင်းပိုင်းပစ္စည်းတွေ တစ်ခုနဲ့တစ်ခု စတင်ပွတ်တိုက်ပွန်းစားတာမျိုးဖြစ်နိုင်တာမို့ အမြန်ဆုံး စစ်ဆေးပြုပြင်ထိန်းသိမ်းရမှာပါ။၄။ ဂီယာဘောက်ထဲက ညှော်နံ့ထွက်တာ – ဂီယာဘောက်ထဲက ညှော်နံ့ထွက်တာ အထူးသဖြင့် ဂီယာဘောက်ထဲက ဂီယာဝိုင် (ATF-CVT) အစရှိတဲ့ အော်တိုဆီဂိတ်တံတွေကို တိုင်းတာဖို့ထုတ်တဲ့အခါမျိုးမှာ ဂီယာဆီတွေက မီးလောင်ထားသလို ညှော်နံ့ထွက်တာမျိုးကလည်း ဂီယာဘောက်အတွင်းပိုင်းပစ္စည်းတွေ စတင်ပျက်စီးလာတဲ့အလားအလာပါ။ အထူးသဖြင့် ဂီယာဘောက်ထဲက ကလပ်ပြားလေးတွေ အချင်းချင်း ပွတ်တိုက်ပွန်းစားတဲ့အခါမျိုးမှာ ဒီလိုအနံ့မျိုးတွေ ထွက်လာတတ်ပါတယ်။ ဒါကြောင့် အော်တိုဆီ (ဝါ) ဂီယာဝိုင်ကို စစ်ဆေးတဲ့အခါမျိုးမှာ ဒီလိုအနံ့မျိုးထွက်နေတယ်ဆိုရင်တော့ အမြန်ဆုံးလဲလှယ်ရတော့မှာဖြစ်ပါတယ်။၅။ ဂီယာချော်တာ – ဂီယာချော်တာမျိုးကတော့ ကားကို အရှိန်နှေးနှေးနဲ့မောင်းနှင်နေရာကနေ အရှိန်မြှင့်တင်တဲ့အခါမျိုးတွေမှာ အင်ဂျင်ကရုန်းနေရဲ့သားနဲ့ ကားက ဂီယာမချိန်းဘဲ ဂီယာတစ်ခုနဲ့တစ်ခု ပြောင်းလဲမသွားဘဲ ဂီယာချော်တာမျိုးကို ပြောတာပါ။ အထူးသဖြင့် ကားအင်ဂျင်ကအတင်းရုန်းနေရပြီး ဂီယာတစ်ခုနဲ့တစ်ခု ချိန်းမသွားတဲ့အတွက် ဂီယာအကြီးတွေနဲ့ ညှစ်ရုန်းနေရသလိုမျိုး ကားက ဝပ်ဝပ်ကြီးသွားနေတာမျိုးပါ။ အထူးသဖြင့် မီးပွိုင့်မိနေတဲ့နေရာက စထွက်တဲ့အချိန်မှာ ကားက အတင်းထွက်သွားပြီး ဆက်လက်အရှိန်တင်တဲ့အခါမျိုးမှာ ကားကမပြေးတော့ဘဲ ဝပ်ရုန်းနေတာမျိုးပါ။ ဒါကတော့ ဂီယာတွေချော်တာ စလစ်ဖြစ်တာမျိုးတွေမှာ ကြုံရတတ်တဲ့ ရောဂါလက္ခဏာတစ်မျိုးပါ။ ဒါမျိုးကြုံတွေ့လာရတယ်ဆိုရင် ရေရှည်ဆက်လက်အသုံးမပြုသင့်တော့ဘဲ အမြန်ဆုံးစစ်ဆေးပြုပြင်ရမှာပါ။

၆။ ဂီယာဆီ ယိုစိမ့်တာ – ကျနော်တို့အသုံးပြုနေတဲ့ အော်တိုဂီယာကားတွေမှာထည့်ထားတဲ့ ဂီယာ ဆီတွေဟာ ပုံမှန်အားဖြင့် သက်တမ်းကုန်သွားသည့်တိုင် လျော့သွားတာ ခမ်းသွားတာမျိုး ဖြစ်လေ့ဖြစ်ထမရှိပါဘူး။ ဒါပေမဲ့ ဂီယာဝိုင်ကို တိုင်းတာကြည့်လို့ လျော့သွားတယ် ခမ်းသွားတယ်ဆိုရင်တော့ ဂီယာဘောက်ပြဿနာ တစ်စုံတစ်ခုရှိနေတာ ဒါမှမဟုတ် ဂီယာဘောက်ထဲကနေ ဆီတွေယိုစိမ့်ထွက်နေတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီလိုဂီယာဆီတွေ ခမ်းသွားတာ လျော့သွားတာမျိုး ကြုံတွေ့လာရတယ်ဆိုရင် ကိုယ်တိုင်ပြုလုပ်စစ်ဆေးနိုင်တာက ကားညအိပ်ရပ်ထားပြီး မနက်မိုးလင်းတဲ့အချိန် ကားရဲ့ဂီယာဘောက်အောက်ခြေနားမှာ ဆီကွက်တွေ တွေ့ရလားဆိုတာ အလွယ်တကူစစ်ဆေးကြည့်ရှုနိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် ကားရဲ့ဂီယာဘောက်တွေမှာ ဂီယာဘောက်အောက်ခြေကနေ Oil Seal မလုံတာမျိုးကြောင့်ဖြစ်စေ၊ ဂီယာဆီစွန့်ထုတ်တဲ့ (Nut) ကနေဖြစ်စေ ဂီယာဆီတွေယိုစိမ့်မှုဖြစ်တာ အများဆုံးမို့ပါ။ နောက် ဂီယာဘောက်နဲ့ဆက်စပ်ထားတဲ့ ဒူးဆစ် (CV Joint Oil Seal) တွေကနေလည်း ဂီယာဝိုင်တွေ ယိုစိမ့်ထွက်တတ်ပါတယ်။ ဒါကြောင့် ဒီလို ဆီလျော့တဲ့ပြဿနာတွေ ကြုံလာရတယ်ဆို အမြန်ဆုံး စစ်ဆေးပြုပြင်ရပါမယ်။ ၇။ Engine Check Light လင်းတာ – အင်ဂျင်ချက်မီးလင်းတာမျိုးက အခြားအကြောင်းအရာမျိုးစုံဖြစ်နိုင်ပေမဲ့ ဂီယာဘောက်မှာ ပြဿနာ တစ်စုံတစ်ရာရှိလာရင်လည်း အင်ဂျင်ချက်မီးလင်းလာတတ်ပါတယ်။ ဘာကြောင့်ဒီလိုလင်းလာရသလဲဆိုရင်တော့ ကျနော်တို့လက်ရှိအသုံးပြုနေတဲ့ အော်တိုဂီယာဘောက်အမျိုးအစားတွေဟာ ဂီယာအပြောင်းအရွှေ့တွေကို အလိုအလျောက်လုပ်ဆောင်နိုင်ဖို့ အာရုံခံဆင်ဆာတွေအမျိုးမျိုးတပ်ဆင်ထားပြီး ကားရဲ့ အရှိန် ကားဘီးတွေရဲ့လည်ပတ်နှုန်း၊ ကားဘရိတ်အစရှိတာတွေနဲ့ အကုန်ချိတ်ဆက်ထားပါတယ်။ တချို့ကားတွေမှာတော့ ကားဂီယာဘောက်အတွက် Control System သီးသန့်ပါရှိပြီး ကားမှာတပ်ဆင်ထားတဲ့ ECU (Engine Control Unit) နဲ့ပေါင်းစပ် အလုပ်လုပ်ဆောင်ပါတယ်။ တချို့ကားတွေမှာတော့ ECU ကနေပဲ တိုက်ရိုက်ထိန်းချုပ်လုပ်ဆောင်စေပါတယ်။ ဒါကြောင့် ကားရဲ့ဂီယာဘောက်ထဲက တစ်ခုခုချို့ယွင်းလို့ဖြစ်စေ၊ ကားဂီယာဘောက်ကို ထိန်းချုပ်လုပ်ဆောင်နေတဲ့ အာရုံခံစနစ်တွေချို့ယွင်းလို့ဖြစ်စေ အင်ဂျင်ချက်မီးလင်း လာတတ်ပါတယ်။ ဒါကြောင့် အင်ဂျင်ချက်မီးလင်းလာတယ်ဆိုရင် အခြားအင်ဂျင်အစိတ်အပိုင်းများကြောင့် ဖြစ်စေနိုင်သလို ဂီယာဘောက်ပြဿနာကြောင့်လည်း ဖြစ်စေနိုင်တာမို့ ပျက်စီးမှု ကြီးကြီးမားမားမဖြစ်ခင် အမြန်ဆုံးစစ်ဆေးပြုပြင်ရပါမယ်။ဒီအချက်တွေက ကျနော်လက်ရှိကားတွေမှာ အသုံးများဆုံး ဂီယာဘောက်အမျိုးအစားတွေဖြစ်တဲ့ ATF Type နဲ့ CVT အမျိုးအစားကားတွေမှာ အဖြစ်များဆုံးသော ဂီယာဘောက်နဲ့ပတ်သက်တဲ့ရောဂါလက္ခဏာ အခြေခံအချက်တွေပါ။ ကားမောင်းသူတွေ တော်တော်များများကြား ဒီလိုဂီယာဘောက်ပြဿနာတွေကို ကြုံတွေ့ရပြီး ဂီယာဘောက် အလုံးလိုက် လဲလှယ်လိုက်ရတဲ့ ကားပိုင်ရှင်တွေကို လေ့လာကြည့်လိုက်ရင် ဒီလိုရောဂါ လက္ခဏာတွေ စတင်ကြုံတွေရပြီး အမှုမဲ့အမှတ်မဲ့နေကာ အချိန်မီစစ်ဆေးပြုပြင်မှုတွေ မလုပ်တဲ့အတွက် ကြီးကြီးမားမား ပျက်စီးဆုံးရှုံးမှုတွေကြုံ့လာရတာပါ။ ဒါကြောင့် ဒီလိုအဖြစ်များတဲ့ ရောဂါလက္ခဏာတွေကို စုစည်းတင်ပြပေးတာပါ။ဂီယာဘောက်တွေ အပျက်အစီးနည်းအောင် ဘယ်လိုလုပ်သင့်သလဲဆိုရင်တော့ အဓိက လုပ်ဆောင်ရမှာက ဂီယာဆီလဲလှယ်တာပါ။ ATF နဲ့ CVT ဆီတွေကို အများဆုံး ကီလို 60,000 လောက်ဆို (တချို့ ဂီယာဝိုင်အမျိုးအစားတွေက ကီလို 100,000 အထိ အသုံးပြုနိုင်ပါတယ်) စစ်ဆေး လဲလှယ်ပေးရမှာပါ။ တတ်နိုင်ရင် ကီလို 5,000 ပြည့် အင်ဂျင်ဝိုင်တစ်ခါလဲလှယ်တိုင်း ဂီယာဝိုင်တွေ ကောင်းမကောင်း ညစ်မညစ်၊ အနံ့ဆိုး (ညှော်နံ့တွေ) တွေ ရှိမရှိ၊ လျော့မလျော့ အမြဲစစ်ဆေးရမှာပါ။ နောက်ပြီး ဂီယာဆီလဲလှယ်တဲ့အခါတိုင်း ဂီယာစစ်ဆန်ကာတွေကို ဖြုတ်ဆေးကျောတာ (ဆန်ကာပါတဲ့ကားများ)၊ အသစ်လဲလှယ်တာမျိုးတွေ လုပ်ဆောင်ရမှာပါ။ နောက်တစ်ချက်က ATF နဲ့ CVT ဆီအမျိုးအစားမတူတာကို မှားထည့်တာမျိုးပါ။ ဒါမျိုးမမှားရအောင် ကျွမ်းကျင်ဝပ်ရှော့တွေမှာ ဘယ်ဂီယာဘောက်အမျိုးအစားလဲဆိုတာ သေချာစစ်ဆေးလဲလှယ်ရမှာပါ။ ဂီယာဆီ အမျိုးအစားမှားထည့်ရင်လည်း ဂီယာဘောက်တွေ ပျက်စီးတတ်ပါတယ်။အထက်က ဖော်ပြတဲ့ ရောဂါလက္ခဏာတွေ မတော်တဆ စတွေ့တယ်ဆိုတာနဲ့ ကျွမ်းကျင်ဝပ်ရှော့တွေမှာ အမြန်ဆုံးပြသစစ်ဆေးပြီး ဂီယာဝိုင်တွေလဲလှယ်တာ၊ ဂီယာဝိုင်စစ်ဆန်ကာတွေ ဖြုတ်ဆေးတာ၊ ဒီထက် ဂီယာဘောက်ထဲမှာရှိတဲ့ Valve Body တွေဖြုတ်ဆေး‌ကြောတာ၊ Solenoid တွေစစ်ဆေးတာတွေလုပ်ပြီး အပျက်အစီးမများခင် ပြုပြင်ထိန်းသိမ်းရမှာဖြစ်ပါတယ်ခင်ဗျာ။မိတ်ဆွေတို့ကား ဂီယာဘောက်တွေ ကြီးကြီးမားမား အပျက်အစီးကနေ အချိန်မီ ကာကွယ်ထိန်းသိမ်း နိုင်ပြီး သက်တမ်းစေ့ သုံးစွဲနိုင်ကြပါစေခင်ဗျာ။

Credit _REDLINE MEDIA

[zawgyi]

က်ေနာ္တို႔ကားေလာကမွာ အသုံးျပဳေနၾကတဲ့ ကားအေရအတြက္ရဲ႕ ၉၉ ရာခိုင္ႏႈန္းေလာက္က Automatic Transmission လို႔ေခၚတဲ့ Auto Gearbox အမ်ိဳးအစား ကားေတြျဖစ္ၾကပါတယ္။ တခ်ိဳ႕ ကားအမ်ိဳးအစားေတြရဲ႕ Auto Gearbox တန္ဖိုးက ကားအင္ဂ်င္ထက္ကို ေဈးမ်ားတတ္ပါတယ္။ ဒါေၾကာင့္ မိတ္ေဆြတို႔ကားမွာအသုံးျပဳေနတဲ့ ဂီယာေဘာက္ေတြ ႀကီးႀကီးမ်ားမ်ား ပ်က္စီးမႈေတြ မျဖစ္ေပၚရေအာင္ အျဖစ္မ်ားတတ္တဲ့ ဂီယာေဘာက္ေရာဂါလကၡဏာမ်ားကို ေဆြးေႏြးတင္ျပခ်င္ပါတယ္။အခုေအာက္မွာ ေဖာ္ျပမယ့္အခ်က္ေတြကေတာ့ မိတ္ေဆြတို႔ကားဂီယာမွာ ဒီလိုေရာဂါလကၡဏာေတြ စေတြ႕လာရတယ္ဆိုရင္ မ်ားမၾကာမီ ႀကီးႀကီးမားမား ပ်က္စီးမႈေတြ မၾကာခင္ျဖစ္လာႏိုင္တယ္ဆိုတာကို သတိျပဳရမွာျဖစ္ၿပီး ႀကီးႀကီးမားမားပ်က္စီးမႈေတြမျဖစ္ခင္ အျမန္ဆုံးစစ္ေဆးျပဳျပင္ရမွာျဖစ္ပါတယ္။၁။ ဂီယာႀကိတ္သံထြက္တာ – ေအာ္တိုဂီယာကားေတြရဲ႕ ဂီယာစနစ္ဟာ ပုံမွန္ေကာင္းမြန္ေနတယ္ဆိုရင္ အေတာ္ေလးကို ညင္ညင္သာသာနဲ႔ ေခ်ာေခ်ာေမြ႕ေမြ႕ ကူးေျပာင္းႏိုင္တာကို သတိထားမိမွာပါ။ ဒါေပမဲ့ ေအာ္တိုဂီယာေဘာက္ထဲမွာ တစ္ခုခု ခ်ိဳ႕ယြင္းမႈရွိလာၿပီဆိုတာနဲ႔ အျဖစ္မ်ားတဲ့ ေရာဂါလကၡဏာတစ္ခုက ဂီယာႀကိတ္သံထြက္တာမ်ိဳးပါ။ တခ်ိဳ႕ကားေတြမွာလည္ ဂီယာတစ္ခုနဲ႔တစ္ခု အကူးအေျပာင္း (အရွိန္တင္လိုက္တဲ့အခါမ်ိဳး) အလိုအေလ်ာက္ျဖစ္ရမယ့္အခါမ်ိဳးေတြမွာ ဂီယာတစ္ခုနဲ႔တစ္ခု ႀကိတ္သံ ညည္းသံထြက္တာေတြ ျဖစ္ေပၚလာတတ္ပါတယ္။ ဒီလို မူမမွန္တဲ့ဂီယာအေ႐ႊ႕အေျပာင္းေတြမွာ ညင္ညင္သာသာမဟုတ္ဘဲ ညည္းသံထြက္တာမ်ိဳး ႀကိတ္သံထြက္တာမ်ိဳးေတြ ႀကဳံလာရတယ္ဆိုရင္ေတာ့ သင့္ကား ဂီယာေဘာက္အေျခအေန တစ္ခုခုခ်ိဳ႕ယြင္းေတာ့မွာပါ။ ဒါေၾကာင့္ ကားေမာင္းရင္း ဂီယာႀကိတ္သံ ညည္းသံၾကားရင္ အမႈမဲ့အမွတ္မဲ့မေနဘဲ အျမန္ဆုံးစစ္ေဆးျပဳျပင္ရမွာပါ။၂။ ဂီယာမခ်ိတ္တာ – မိတ္ေဆြတို႔ကားေမာင္းတဲ့အခါ Gear Position (P) ကေန D ဒါမွမဟုတ္ R ကို ေျပာင္းလိုက္တဲ့အခါ ကားက ခ်က္ျခင္းမထြက္ႏိုင္ဘဲ တုံ႔ဆိုင္းဆိုင္းျဖစ္တာမ်ိဳး ႀကဳံဖူးၾကပါသလား။ ကားကို Parking အေနအထားကေန ရပ္ထားရင္း ေရွ႕ကိုျဖစ္ေစ၊ ေနာက္ကိုျဖစ္ေစ ထြက္ဖို႔ ဂီယာထိုးလိုက္တဲ့အခါမ်ိဳးမွာ ဂီယာမဝင္ဘဲ မခ်ိတ္ဘဲ ကားက မေ႐ြ႕မလ်ား တုံ႔ဆိုင္းဆိုင္းျဖစ္တာမ်ိဳးကိုေျပာတာပါ။ အဲဒီလိုအေျခအေနမ်ိဳးျဖစ္လာတယ္ဆိုရင္ လီဘာကို နင္းလိုက္တဲ့အခါမွာ ႐ုတ္တရက္ ဂီယာဝင္သလိုျဖစ္ၿပီး ေဆာင့္ထြက္တာမ်ိဳးျဖစ္တတ္ပါတယ္။ အဲဒီလိုအေျခအေနမ်ိဳးကို ဂီယာမခ်ိတ္တာ၊ ဂီယာမဝင္တာလို႔ ဝပ္ေရွာ့ေလာကမွာ အေျပာမ်ားၾကပါတယ္။ ဒီလိုမ်ိဳးျဖစ္လာတယ္ဆိုရင္လည္း မိတ္ေဆြတို႔ကားဂီယာေဘာက္ ျပႆနာႀကီးႀကီးမားမား မၾကာခင္ ျဖစ္လာႏိုင္ေခ်ရွိေနတာမို႔ ျမန္ျမန္စစ္ေဆးျပဳျပင္ရမွာပါ။၃။ ဂီယာအူသံထြက္တာ၊ ႐ိုက္သံထြက္တာ – ဒီလိုအူသံထြက္တာ၊ ႐ိုက္သံထြက္တာမ်ိဳးေတြကလည္း ဂီယာေဘာက္ ျပႆနာေတြရဲ႕အစပါ။ အထူးသျဖင့္ ဂီယာကို N (Neutral) ထိုးထားတဲ့အခ်ိန္ ဂီယာေဘာက္ထဲက ဝီ ေခၚေနေအာင္ အူသံထြက္တာ၊ ႐ိုက္သံလို ခတ္သံလို အသံေတြထြက္တာမ်ိဳးႀကဳံလာရတယ္ဆိုရင္ အဲဒါ ATF (Automatic Transmission Fluid) လို႔ေခၚတဲ့ ေအာ္တိုဆီ ေလ်ာ့တာနည္းတာ၊ မေကာင္းေတာ့တာ ဒါမွမဟုတ္ သက္တမ္းလြန္တာ အစရွိတာေတြျဖစ္ႏိုင္ၿပီး ဂီယာေဘာက္အတြင္းပိုင္းပစၥည္းေတြ တစ္ခုနဲ႔တစ္ခု စတင္ပြတ္တိုက္ပြန္းစားတာမ်ိဳးျဖစ္ႏိုင္တာမို႔ အျမန္ဆုံး စစ္ေဆးျပဳျပင္ထိန္းသိမ္းရမွာပါ။၄။ ဂီယာေဘာက္ထဲက ေညႇာ္နံ႔ထြက္တာ – ဂီယာေဘာက္ထဲက ေညႇာ္နံ႔ထြက္တာ အထူးသျဖင့္ ဂီယာေဘာက္ထဲက ဂီယာဝိုင္ (ATF-CVT) အစရွိတဲ့ ေအာ္တိုဆီဂိတ္တံေတြကို တိုင္းတာဖို႔ထုတ္တဲ့အခါမ်ိဳးမွာ ဂီယာဆီေတြက မီးေလာင္ထားသလို ေညႇာ္နံ႔ထြက္တာမ်ိဳးကလည္း ဂီယာေဘာက္အတြင္းပိုင္းပစၥည္းေတြ စတင္ပ်က္စီးလာတဲ့အလားအလာပါ။ အထူးသျဖင့္ ဂီယာေဘာက္ထဲက ကလပ္ျပားေလးေတြ အခ်င္းခ်င္း ပြတ္တိုက္ပြန္းစားတဲ့အခါမ်ိဳးမွာ ဒီလိုအနံ႔မ်ိဳးေတြ ထြက္လာတတ္ပါတယ္။ ဒါေၾကာင့္ ေအာ္တိုဆီ (ဝါ) ဂီယာဝိုင္ကို စစ္ေဆးတဲ့အခါမ်ိဳးမွာ ဒီလိုအနံ႔မ်ိဳးထြက္ေနတယ္ဆိုရင္ေတာ့ အျမန္ဆုံးလဲလွယ္ရေတာ့မွာျဖစ္ပါတယ္။၅။ ဂီယာေခ်ာ္တာ – ဂီယာေခ်ာ္တာမ်ိဳးကေတာ့ ကားကို အရွိန္ေႏွးေႏွးနဲ႔ေမာင္းႏွင္ေနရာကေန အရွိန္ျမႇင့္တင္တဲ့အခါမ်ိဳးေတြမွာ အင္ဂ်င္က႐ုန္းေနရဲ႕သားနဲ႔ ကားက ဂီယာမခ်ိန္းဘဲ ဂီယာတစ္ခုနဲ႔တစ္ခု ေျပာင္းလဲမသြားဘဲ ဂီယာေခ်ာ္တာမ်ိဳးကို ေျပာတာပါ။ အထူးသျဖင့္ ကားအင္ဂ်င္ကအတင္း႐ုန္းေနရၿပီး ဂီယာတစ္ခုနဲ႔တစ္ခု ခ်ိန္းမသြားတဲ့အတြက္ ဂီယာအႀကီးေတြနဲ႔ ညႇစ္႐ုန္းေနရသလိုမ်ိဳး ကားက ဝပ္ဝပ္ႀကီးသြားေနတာမ်ိဳးပါ။ အထူးသျဖင့္ မီးပြိဳင့္မိေနတဲ့ေနရာက စထြက္တဲ့အခ်ိန္မွာ ကားက အတင္းထြက္သြားၿပီး ဆက္လက္အရွိန္တင္တဲ့အခါမ်ိဳးမွာ ကားကမေျပးေတာ့ဘဲ ဝပ္႐ုန္းေနတာမ်ိဳးပါ။ ဒါကေတာ့ ဂီယာေတြေခ်ာ္တာ စလစ္ျဖစ္တာမ်ိဳးေတြမွာ ႀကဳံရတတ္တဲ့ ေရာဂါလကၡဏာတစ္မ်ိဳးပါ။ ဒါမ်ိဳးႀကဳံေတြ႕လာရတယ္ဆိုရင္ ေရရွည္ဆက္လက္အသုံးမျပဳသင့္ေတာ့ဘဲ အျမန္ဆုံးစစ္ေဆးျပဳျပင္ရမွာပါ။၆။ ဂီယာဆီ ယိုစိမ့္တာ – က်ေနာ္တို႔အသုံးျပဳေနတဲ့ ေအာ္တိုဂီယာကားေတြမွာထည့္ထားတဲ့ ဂီယာဆီေတြဟာ ပုံမွန္အားျဖင့္ သက္တမ္းကုန္သြားသည့္တိုင္ ေလ်ာ့သြားတာ ခမ္းသြားတာမ်ိဳး ျဖစ္ေလ့ျဖစ္ထမရွိပါဘူး။ ဒါေပမဲ့ ဂီယာဝိုင္ကို တိုင္းတာၾကည့္လို႔ ေလ်ာ့သြားတယ္ ခမ္းသြားတယ္ဆိုရင္ေတာ့ ဂီယာေဘာက္ျပႆနာ တစ္စုံတစ္ခုရွိေနတာ ဒါမွမဟုတ္ ဂီယာေဘာက္ထဲကေန ဆီေတြယိုစိမ့္ထြက္ေနတာမ်ိဳးျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ ဒီလိုဂီယာဆီေတြ ခမ္းသြားတာ ေလ်ာ့သြားတာမ်ိဳး ႀကဳံေတြ႕လာရတယ္ဆိုရင္ ကိုယ္တိုင္ျပဳလုပ္စစ္ေဆးႏိုင္တာက ကားညအိပ္ရပ္ထားၿပီး မနက္မိုးလင္းတဲ့အခ်ိန္ ကားရဲ႕ဂီယာေဘာက္ေအာက္ေျခနားမွာ ဆီကြက္ေတြ ေတြ႕ရလားဆိုတာ အလြယ္တကူစစ္ေဆးၾကည့္ရႈႏိုင္ပါတယ္။ ဘာျဖစ္လို႔လည္းဆိုရင္ ကားရဲ႕ဂီယာေဘာက္ေတြမွာ ဂီယာေဘာက္ေအာက္ေျခကေန Oil Seal မလုံတာမ်ိဳးေၾကာင့္ျဖစ္ေစ၊ ဂီယာဆီစြန႔္ထုတ္တဲ့ (Nut) ကေနျဖစ္ေစ ဂီယာဆီေတြယိုစိမ့္မႈျဖစ္တာ အမ်ားဆုံးမို႔ပါ။ ေနာက္ ဂီယာေဘာက္နဲ႔ဆက္စပ္ထားတဲ့ ဒူးဆစ္ (CV Joint Oil Seal) ေတြကေနလည္း ဂီယာဝိုင္ေတြ ယိုစိမ့္ထြက္တတ္ပါတယ္။ ဒါေၾကာင့္ ဒီလို ဆီေလ်ာ့တဲ့ျပႆနာေတြ ႀကဳံလာရတယ္ဆို အျမန္ဆုံး စစ္ေဆးျပဳျပင္ရပါမယ္။ ၇။ Engine Check Light လင္းတာ – အင္ဂ်င္ခ်က္မီးလင္းတာမ်ိဳးက အျခားအေၾကာင္းအရာမ်ိဳးစုံျဖစ္ႏိုင္ေပမဲ့ ဂီယာေဘာက္မွာ ျပႆနာ တစ္စုံတစ္ရာရွိလာရင္လည္း အင္ဂ်င္ခ်က္မီးလင္းလာတတ္ပါတယ္။ ဘာေၾကာင့္ဒီလိုလင္းလာရသလဲဆိုရင္ေတာ့ က်ေနာ္တို႔လက္ရွိအသုံးျပဳေနတဲ့ ေအာ္တိုဂီယာေဘာက္အမ်ိဳးအစားေတြဟာ ဂီယာအေျပာင္းအေ႐ႊ႕ေတြကို အလိုအေလ်ာက္လုပ္ေဆာင္ႏိုင္ဖို႔ အာ႐ုံခံဆင္ဆာေတြအမ်ိဳးမ်ိဳးတပ္ဆင္ထားၿပီး ကားရဲ႕ အရွိန္ ကားဘီးေတြရဲ႕လည္ပတ္ႏႈန္း၊ ကားဘရိတ္အစရွိတာေတြနဲ႔ အကုန္ခ်ိတ္ဆက္ထားပါတယ္။ တခ်ိဳ႕ကားေတြမွာေတာ့ ကားဂီယာေဘာက္အတြက္ Control System သီးသန႔္ပါရွိၿပီး ကားမွာတပ္ဆင္ထားတဲ့ ECU (Engine Control Unit) နဲ႔ေပါင္းစပ္ အလုပ္လုပ္ေဆာင္ပါတယ္။ တခ်ိဳ႕ကားေတြမွာေတာ့ ECU ကေနပဲ တိုက္႐ိုက္ထိန္းခ်ဳပ္လုပ္ေဆာင္ေစပါတယ္။ ဒါေၾကာင့္ ကားရဲ႕ဂီယာေဘာက္ထဲက တစ္ခုခုခ်ိဳ႕ယြင္းလို႔ျဖစ္ေစ၊ ကားဂီယာေဘာက္ကို ထိန္းခ်ဳပ္လုပ္ေဆာင္ေနတဲ့ အာ႐ုံခံစနစ္ေတြခ်ိဳ႕ယြင္းလို႔ျဖစ္ေစ အင္ဂ်င္ခ်က္မီးလင္း လာတတ္ပါတယ္။ ဒါေၾကာင့္ အင္ဂ်င္ခ်က္မီးလင္းလာတယ္ဆိုရင္ အျခားအင္ဂ်င္အစိတ္အပိုင္းမ်ားေၾကာင့္ ျဖစ္ေစႏိုင္သလို ဂီယာေဘာက္ျပႆနာေၾကာင့္လည္း ျဖစ္ေစႏိုင္တာမို႔ ပ်က္စီးမႈ ႀကီးႀကီးမားမားမျဖစ္ခင္ အျမန္ဆုံးစစ္ေဆးျပဳျပင္ရပါမယ္။ဒီအခ်က္ေတြက က်ေနာ္လက္ရွိကားေတြမွာ အသုံးမ်ားဆုံး ဂီယာေဘာက္အမ်ိဳးအစားေတြျဖစ္တဲ့ ATF Type နဲ႔ CVT အမ်ိဳးအစားကားေတြမွာ အျဖစ္မ်ားဆုံးေသာ ဂီယာေဘာက္နဲ႔ပတ္သက္တဲ့ေရာဂါလကၡဏာ အေျခခံအခ်က္ေတြပါ။ ကားေမာင္းသူေတြ ေတာ္ေတာ္မ်ားမ်ားၾကား ဒီလိုဂီယာေဘာက္ျပႆနာေတြကို ႀကဳံေတြ႕ရၿပီး ဂီယာေဘာက္ အလုံးလိုက္ လဲလွယ္လိုက္ရတဲ့ ကားပိုင္ရွင္ေတြကို ေလ့လာၾကည့္လိုက္ရင္ ဒီလိုေရာဂါ လကၡဏာေတြ စတင္ႀကဳံေတြရၿပီး အမႈမဲ့အမွတ္မဲ့ေနကာ အခ်ိန္မီစစ္ေဆးျပဳျပင္မႈေတြ မလုပ္တဲ့အတြက္ ႀကီးႀကီးမားမား ပ်က္စီးဆုံးရႈံးမႈေတြႀကဳံ႕လာရတာပါ။ ဒါေၾကာင့္ ဒီလိုအျဖစ္မ်ားတဲ့ ေရာဂါလကၡဏာေတြကို စုစည္းတင္ျပေပးတာပါ။ဂီယာေဘာက္ေတြ အပ်က္အစီးနည္းေအာင္ ဘယ္လိုလုပ္သင့္သလဲဆိုရင္ေတာ့ အဓိက လုပ္ေဆာင္ရမွာက ဂီယာဆီလဲလွယ္တာပါ။ ATF နဲ႔ CVT ဆီေတြကို အမ်ားဆုံး ကီလို 60,000 ေလာက္ဆို (တခ်ိဳ႕ ဂီယာဝိုင္အမ်ိဳးအစားေတြက ကီလို 100,000 အထိ အသုံးျပဳႏိုင္ပါတယ္) စစ္ေဆး လဲလွယ္ေပးရမွာပါ။ တတ္ႏိုင္ရင္ ကီလို 5,000 ျပည့္ အင္ဂ်င္ဝိုင္တစ္ခါလဲလွယ္တိုင္း ဂီယာဝိုင္ေတြ ေကာင္းမေကာင္း ညစ္မညစ္၊ အနံ႔ဆိုး (ေညႇာ္နံ႔ေတြ) ေတြ ရွိမရွိ၊ ေလ်ာ့မေလ်ာ့ အၿမဲစစ္ေဆးရမွာပါ။ ေနာက္ၿပီး ဂီယာဆီလဲလွယ္တဲ့အခါတိုင္း ဂီယာစစ္ဆန္ကာေတြကို ျဖဳတ္ေဆးေက်ာတာ (ဆန္ကာပါတဲ့ကားမ်ား)၊ အသစ္လဲလွယ္တာမ်ိဳးေတြ လုပ္ေဆာင္ရမွာပါ။ ေနာက္တစ္ခ်က္က ATF နဲ႔ CVT ဆီအမ်ိဳးအစားမတူတာကို မွားထည့္တာမ်ိဳးပါ။ ဒါမ်ိဳးမမွားရေအာင္ ကြၽမ္းက်င္ဝပ္ေရွာ့ေတြမွာ ဘယ္ဂီယာေဘာက္အမ်ိဳးအစားလဲဆိုတာ ေသခ်ာစစ္ေဆးလဲလွယ္ရမွာပါ။ ဂီယာဆီ အမ်ိဳးအစားမွားထည့္ရင္လည္း ဂီယာေဘာက္ေတြ ပ်က္စီးတတ္ပါတယ္။အထက္က ေဖာ္ျပတဲ့ ေရာဂါလကၡဏာေတြ မေတာ္တဆ စေတြ႕တယ္ဆိုတာနဲ႔ ကြၽမ္းက်င္ဝပ္ေရွာ့ေတြမွာ အျမန္ဆုံးျပသစစ္ေဆးၿပီး ဂီယာဝိုင္ေတြလဲလွယ္တာ၊ ဂီယာဝိုင္စစ္ဆန္ကာေတြ ျဖဳတ္ေဆးတာ၊ ဒီထက္ ဂီယာေဘာက္ထဲမွာရွိတဲ့ Valve Body ေတြျဖဳတ္ေဆး‌ေၾကာတာ၊ Solenoid ေတြစစ္ေဆးတာေတြလုပ္ၿပီး အပ်က္အစီးမမ်ားခင္ ျပဳျပင္ထိန္းသိမ္းရမွာျဖစ္ပါတယ္ခင္ဗ်ာ။မိတ္ေဆြတို႔ကား ဂီယာေဘာက္ေတြ ႀကီးႀကီးမားမား အပ်က္အစီးကေန အခ်ိန္မီ ကာကြယ္ထိန္းသိမ္း ႏိုင္ၿပီး သက္တမ္းေစ့ သုံးစြဲႏိုင္ၾကပါေစခင္ဗ်ာ။