အမဲစက်လေး တစ်စက်

ဆရာက အဖြူရောင်စက္ကူပေါ်မှာ အနက်ရောင်မှင်စက်လေးတခုကိုချပြပြီး ကျောင်းသားတစ်ယောက်ကိုမေးတယ်.. ဘာမြင်လည်း.? ဖြေတဲ့
ကျောင်းသားကလည်း အနက်ရောင်အစက်လေးမြင်ပါတယ်လို့ဖြေတယ်..ဆရာက ဒါပဲမြင်တာလားလို့ ထပ်မေးတယ်..ကျောင်းသားက ဟုတ်တယ်.. ဒါပဲမြင်ပါတယ်တဲ့..။ဒီလိုနဲ့ ဆရာက ကျောင်းသားတွေအားလုံးကိုမေးလိုက်တယ်..။ဘာမြင်လည်းဖြေပေါ့..ကျောင်းသားအား လုံးကလည်း အနက်ရောင်အစက်လေးပဲ မြင်ပါတယ်လို့ဖြေတယ်..။

အဲဒီမှာဆရာက ကျောင်းသားတွေအားလုံးကိုထပ်ပြီးမေးလိုက်တယ်..ဒီလောက်ကြီးတဲ့ အဖြူရောင် စက္ကူကိုမမြင်ကြပဲ အနက်ရောင်အစက်ကလေးကိုမှ ဘာလို့မြင်ကြတာလည်းတဲ့..။အဲဒီမေးခွန်းလေးကို ကျနော်အရမ်းကြိုက်တယ်ဗျာ..။ကျနော်တို့လူ့လောကမှာလည်း လူတစ်ယောက်ရဲ့ အမဲစက်လေးကိုပဲမြင်နေမဲ့အစားသူ့မှာရှိတဲ့ အဖြူရောင်စိတ်ထားလေးကိုမြင်အောင်ကြည့်ပေးကြမယ်ဆိုရင် လူ့လောကကြီးဟာ ပျော်ရွှင်စရာကောင်းလာမယ်ဆိုတာ သေချာပါတယ်..။

Credit – The black dot

[zawgyi]
