အမြင်မတူ အတွေးမတူရင် နားလည်မှုလွဲတတ်တယ်

ဟိုးအရင်တစ်ချိန်က ဇင်ဘုန်းကြီးများဟာ သီတင်းသုံးစရာရှာဖို့ရန် ဘုန်းကြီးကျောင်းများသို့ လှည့်လည်ကြွပြီး ထိုကျောင်းများမှာရှိတဲ့ ဆရာတော်များနဲ့ ဘာသာရေးအသိပညာချင်း ယှဉ်ပြိုင်ရတယ်။ ယှဉ်ပြိုင်ရာမှာ ခရီးသွားဘုန်းကြီးကနိုင်ရင် ထိုကျောင်းမှာ သီတင်းသုံးခွင့်ရသတဲ့။တစ်နေ့ ခရီးသွားဘုန်းကြီးတစ်ပါးက ကျောင်းတစ်ကျောင်းကိုကြွလာတယ်။ ကျောင်းက ဆရာတော်လည်း သူ့ကျောင်းမှာ အတော်ဆုံးတပည့်ဦးဇင်းတစ်ပါးနဲ့ ယှဉ်ဖို့ရာစီစဉ်ပေးလိုက်တာပေါ့။အဲဒီ ယှဉ်ပြိုင်ရမယ့် ဦးဇင်းက မျက်စိတစ်ဖက်လပ်နေတယ်။သူတို့၂ပါးဟာ အခန်းတစ်ခန်းထဲမှာ စကားလုံးဝမပြောပဲ ခြေဟန် လက်ဟန်နဲ့ အသံတိတ် ပြိုင်ရတယ်။ဒီလိုနဲ့ ဦးဇင်း၂ပါးယှဉ်ပြိုင်ပြီး မကြာခင် ခရီးသွားဦးဇင်းထွက်လာတယ်။ ပြီးတော့ ကျောင်းထိုင်ဆရာတော်ကို ” အရှင်ဘုရားရဲ့ တပည့် ဦးဇင်းက အရမ်းတော်ပါတယ် တပည့်တော်မယှဉ်နိုင်ပါဘူး။ခရီးဆက်ရပါဦးမယ်” လို့ပြောတယ်။ကျောင်းထိုင်ဆရာတော်က ဘာတွေများ ယှဉ်ခဲ့လဲ လို့မေးတော့ ခရီးသွားဦးဇင်းက ” တပည့်တော်က ကိုးကွယ်ရာ ဗုဒ္ဓဘုရားသခင်တပါးတည်း ဆိုတဲ့ အဓိပ္ပာယ်နဲ့ လက်ညိုး၁ချောင်းထောင်ပြတော့၊ သူက ဗုဒ္ဓ နဲ့ ဓမ္မ ဆိုတဲ့ အဓိပ္ပာယ်နဲ့ လက်၂ချောင်းထောင်ပြတယ်။

ဒီတော့ တပည့်တော်က ဗုဒ္ဓ၊ ဓမ္မ၊ သံဃ လို့ လက်၃ချောင်းထောင်ပြတော့၊ သူက လက်သီးဆုပ်ပြပြီး ရတနာ၃ပါး တစုတစည်းတည်းအတူတူ လို့ဆိုတယ်”ဒီလိုပြောပြပြီး ခရီးသွားဦးဇင်းလည်း ထွက်သွားတာပေါ့။နောက် ယှဉ်ပြိုင်ခဲ့တဲ့ ကျောင်းကဦးဇင်းက ထွက်လာပြီး ဒေါသထွက်နေတဲ့ပုံနဲ့ ဆရာတော်ကို “အဲဘုန်းကြီးဘယ်ရောက်သွားပြီလဲ” လို့မေးတယ်။ ဆရာတော်လည်း အံ့သြပြီး ဘာလို့လဲဆိုတာမေးတော့ “သူက ရိုင်းတယ် ဘုရား၊ ဝင်လာလာချင်း တပည့်တော် မျက်လုံး ၁လုံးတည်းရှိတာကို စော်ကားတဲ့ သဘောနဲ့ လက် ၁ချောင်းထောင်ပြတယ်၊ တပည့်တော်လည်း သည်းခံပြီး သူ့ကို ..အရှင်ဘုရားကတော့ မျက်လုံး၂လုံးပြည့်စုံပါတယ်လို့ ချီးမွမ်းတဲ့သဘောနဲ့ လက်၂ချောင်းထောင်ပြတာကို၊သူက နောက်ထပ် လက် ၃ချောင်းထောင်ပြီး ဒီအခန်းတည်းမှာ စုစုပေါင်းမျက်လုံး ၃လုံးပဲရှိတယ်လို့ပြောတယ်၊တော်တော်လွန်လာလို့ တပည့်တော်လည်း ဘယ်လိုမှ သည်းမခံနိုင်တော့ပဲ ဒီလိုဆက်ပြောနေရင် လက်သီးစာမိမယ်ဆိုပြီး လက်သီးဆုပ်ပြတော့၊ သူလည်း အခန်းထဲက ထွက်သွားတယ် ဘုရား” တဲ့လေ။ဒီပုံပြင်လေးက ဟာသအမြင်ကြည့်ရင် ရယ်စရာလေးပေါ့။ ဒါပေမယ့် ဘဝမှာ ဒီပုံပြင်လေးကိုတော့ မှတ်ထားရမယ်နော်။ ဘာလို့လဲဆိုတော့ ချစ်သူ၊ခင်သူတွေ၊ မိတ်ဆွေသင်္ဂဟတွေနဲ့ နားလည်မှုလွဲချော်တဲ့အခါမှာ တစ်ဘက်သက်အတွေး၊ တစ်ဘက်သတ်အမြင်တွေနဲ့ မမြင်မိဖို့ အရေးကြီးတယ်ဆိုတာ နားလည်သဘောပေါက်စေဖို့ လိုပါတယ်။

Credit – နွေမင်းသစ်

[zawgyi]

ဟိုးအရင္တစ္ခ်ိန္က ဇင္ဘုန္းႀကီးမ်ားဟာ သီတင္းသုံးစရာရွာဖို႔ရန္ ဘုန္းႀကီးေက်ာင္းမ်ားသို႔ လွည့္လည္ႂကြၿပီး ထိုေက်ာင္းမ်ားမွာရွိတဲ့ ဆရာေတာ္မ်ားနဲ႔ ဘာသာေရးအသိပညာခ်င္း ယွဥ္ၿပိဳင္ရတယ္။ ယွဥ္ၿပိဳင္ရာမွာ ခရီးသြားဘုန္းႀကီးကႏိုင္ရင္ ထိုေက်ာင္းမွာ သီတင္းသုံးခြင့္ရသတဲ့။တစ္ေန႔ ခရီးသြားဘုန္းႀကီးတစ္ပါးက ေက်ာင္းတစ္ေက်ာင္းကိုႂကြလာတယ္။ ေက်ာင္းက ဆရာေတာ္လည္း သူ႔ေက်ာင္းမွာ အေတာ္ဆုံးတပည့္ဦးဇင္းတစ္ပါးနဲ႔ ယွဥ္ဖို႔ရာစီစဥ္ေပးလိုက္တာေပါ့။အဲဒီ ယွဥ္ၿပိဳင္ရမယ့္ ဦးဇင္းက မ်က္စိတစ္ဖက္လပ္ေနတယ္။သူတို႔၂ပါးဟာ အခန္းတစ္ခန္းထဲမွာ စကားလုံးဝမေျပာပဲ ေျခဟန္ လက္ဟန္နဲ႔ အသံတိတ္ ၿပိဳင္ရတယ္။ဒီလိုနဲ႔ ဦးဇင္း၂ပါးယွဥ္ၿပိဳင္ၿပီး မၾကာခင္ ခရီးသြားဦးဇင္းထြက္လာတယ္။ ၿပီးေတာ့ ေက်ာင္းထိုင္ဆရာေတာ္ကို ” အရွင္ဘုရားရဲ႕ တပည့္ ဦးဇင္းက အရမ္းေတာ္ပါတယ္ တပည့္ေတာ္မယွဥ္ႏိုင္ပါဘူး။ခရီးဆက္ရပါဦးမယ္” လို႔ေျပာတယ္။ေက်ာင္းထိုင္ဆရာေတာ္က ဘာေတြမ်ား ယွဥ္ခဲ့လဲ လို႔ေမးေတာ့ ခရီးသြားဦးဇင္းက ” တပည့္ေတာ္က ကိုးကြယ္ရာ ဗုဒၶဘုရားသခင္တပါးတည္း ဆိုတဲ့ အဓိပၸာယ္နဲ႔ လက္ညိဳး၁ေခ်ာင္းေထာင္ျပေတာ့၊ သူက ဗုဒၶ နဲ႔ ဓမၼ ဆိုတဲ့ အဓိပၸာယ္နဲ႔ လက္၂ေခ်ာင္းေထာင္ျပတယ္။ဒီေတာ့ တပည့္ေတာ္က ဗုဒၶ၊ ဓမၼ၊ သံဃ လို႔ လက္၃ေခ်ာင္းေထာင္ျပေတာ့၊ သူက လက္သီးဆုပ္ျပၿပီး ရတနာ၃ပါး တစုတစည္းတည္းအတူတူ လို႔ဆိုတယ္”ဒီလိုေျပာျပၿပီး ခရီးသြားဦးဇင္းလည္း ထြက္သြားတာေပါ့။ေနာက္ ယွဥ္ၿပိဳင္ခဲ့တဲ့ ေက်ာင္းကဦးဇင္းက ထြက္လာၿပီး ေဒါသထြက္ေနတဲ့ပုံနဲ႔ ဆရာေတာ္ကို “အဲဘုန္းႀကီးဘယ္ေရာက္သြားၿပီလဲ” လို႔ေမးတယ္။ ဆရာေတာ္လည္း အံ့ၾသၿပီး ဘာလို႔လဲဆိုတာေမးေတာ့ “သူက ႐ိုင္းတယ္ ဘုရား၊ ဝင္လာလာခ်င္း တပည့္ေတာ္ မ်က္လုံး ၁လုံးတည္းရွိတာကို ေစာ္ကားတဲ့ သေဘာနဲ႔ လက္ ၁ေခ်ာင္းေထာင္ျပတယ္၊ တပည့္ေတာ္လည္း သည္းခံၿပီး သူ႔ကို ..အရွင္ဘုရားကေတာ့ မ်က္လုံး၂လုံးျပည့္စုံပါတယ္လို႔ ခ်ီးမြမ္းတဲ့သေဘာနဲ႔ လက္၂ေခ်ာင္းေထာင္ျပတာကို၊သူက ေနာက္ထပ္ လက္ ၃ေခ်ာင္းေထာင္ၿပီး ဒီအခန္းတည္းမွာ စုစုေပါင္းမ်က္လုံး ၃လုံးပဲရွိတယ္လို႔ေျပာတယ္၊ေတာ္ေတာ္လြန္လာလို႔ တပည့္ေတာ္လည္း ဘယ္လိုမွ သည္းမခံႏိုင္ေတာ့ပဲ ဒီလိုဆက္ေျပာေနရင္ လက္သီးစာမိမယ္ဆိုၿပီး လက္သီးဆုပ္ျပေတာ့၊ သူလည္း အခန္းထဲက ထြက္သြားတယ္ ဘုရား” တဲ့ေလ။ဒီပုံျပင္ေလးက ဟာသအျမင္ၾကည့္ရင္ ရယ္စရာေလးေပါ့။ ဒါေပမယ့္ ဘဝမွာ ဒီပုံျပင္ေလးကိုေတာ့ မွတ္ထားရမယ္ေနာ္။ ဘာလို႔လဲဆိုေတာ့ ခ်စ္သူ၊ခင္သူေတြ၊ မိတ္ေဆြသဂၤဟေတြနဲ႔ နားလည္မႈလြဲေခ်ာ္တဲ့အခါမွာ တစ္ဘက္သက္အေတြး၊ တစ္ဘက္သတ္အျမင္ေတြနဲ႔ မျမင္မိဖို႔ အေရးႀကီးတယ္ဆိုတာ နားလည္သေဘာေပါက္ေစဖို႔ လိုပါတယ္။