အယုံလွယ်တဲ့ ပုဏ္ဏားကြီး

တစ်ခါတုန်းက ဂေါတမ အမည်ရှိသော တောအုပ်ကြီးတစ်ခုမှာ ယဇ်ပူဇော်မှုရှိတဲ့ ပုဏ္ဏားကြီး တစ်ယောက် ရှိခဲ့ဖူးတယ်။တစ်နေ့တော့ အဲ့ဒီ ပုဏ္ဏားကြီးဟာ ယဇ်ပူဇော်ဖို့အတွက် အခြားတစ်ရွာကို ဆိတ် အဝယ်ထွက်ခဲ့တယ် ။ဆိတ်ကြီးကိုလည်း ဝယ်ပြီးရော သူဟာ ပုခုံးပေါ်တင်ပြီး သူနေတဲ့ တောအုပ်ကြီးဆီကို ပြန်လာခဲ့တယ်။ သူပြန်လာတဲ့ လမ်းမှာပဲ သူ့ကို အရက်သမား သုံးယောက်က မြင်သွားတယ်။” ငါတို့တစ်တွေ ဒီပုဏ္ဏားကြီးရဲ့ ဆိတ်ကို စားရရင် သိပ်ကောင်းမှာပဲ။ အဲ့ဒီလို စားလို့ရရင် တို့တစ်တွေရဲ့ အသိဉာဏ်တွေ အထွတ်အထိတ်သို့ ရောက်ကြမှာပဲ ”ဆိုပြီး သုံးယောက်သား ဆိတ်သားစားရဖို့အတွက် အချင်းချင်း ခေါင်းခြင်းရိုက်ပြီး တိုင်ပင် ဆွေးနွေးကြသတဲ့။ဆွေးနွေးပြီးတာနဲ့ တပြိုင် နက် သူတို့ဟာ တစ်ယောက်နဲ့ တစ်ယောက်ကို အတောင် နှစ်ဆယ် အကွာအဝေးဆီ သွားပြီးပုဏ္ဏားကြီး လာမယ့်လမ်းမှာရှိတဲ့ သစ်ပင်ကြီး သုံးပင်အောက်မှာ တစ်ယောက် တစ်ပင်စီ ခွဲတမ်းချပြီး စောင့်ဆိုင်းနေကြတယ်။ပုဏ္ဏားကြီးလည်း အနားရောက်လာရော ပထမဦးဆုံး အရက်သမား တစ်ယောက်က ရှေ့ကနေ ဆီးကြို၍..” အို.. ပုဏ္ဏားကြီး ၊ အဘယ့်ကြောင့် သင်သည် ခွေးကြီးကို ပုခုံးဖြင့် ထမ်းပိုးလာအပ်ပါသနည်း ” ဟု လှမ်းပြီးပြောဆိုလိုက်တယ်။ဆိုလိုတာကတော့.. ပုဏ္ဏားကြီးရာ ခင်များမို့ အပင်ပန်းခံပြီး ခွေးသေကြီးကိုများ ထမ်းယူလာရတယ် လို့ ၊ လေးပါတယ်ဗျာ..လွတ်ခဲ့လိုက်ပါ လို့ ဆိုလိုတာပေါ့။ ဒီတော့ ပုဏ္ဏားကြီးကလည်း အရက်သမားကို..” အို.. အမောင်လုလင် ၊ ဤဟာသည် ခွေးမဟုတ်ပါ ။ ဤဟာသည် ယဇ်ပူဇော်ရန်အတွက် ဝယ်လာသော ဆိတ်ဖြစ်ပါ၏ “ဟု ပြန်ပြောသတဲ့။ ဒီလိုပြန်ပြောပီး သူဟာ ဆိတ်ကို တစ်ချက်ကြည့်ပြီး ရှေ့ဆက်သွားတယ်။နောက်ထပ် အတောင်နှစ်ဆယ်ရောက်တော့ ဒုတိယ အရက်သမားတစ်ယောက်နှင့် ထပ်တွေ့တယ်။

ဒီတစ်ယောက်ကလည်း ပထမတစ်ယောက်လိုပဲ ရှေ့ကနေပြီး..” ဗျို့.. ပုဏ္ဏားကြီး ၊ ခင်ဗျားဗျာ အမောခံပြီး ခွေးသေကြီးကိုများ ပုခုံးပေါ်တင်ပြီး ထမ်းလာရတယ် လို့ ခင်ဗျား မရှက်ဘူးလား “ဆိုပြီး လှမ်းပြောလိုက်တော့ ပုဏ္ဏားကြီး တွေဝေသွားတယ်။ပထမ တယောက်ကလည်း ငါ့ကို ခွေးသေကြီး ထမ်းလာတယ်လို့ ပြောတယ်။ အခု ဒီတစ်ယောက်ကလည်း ငါ့ကို ခွေးသေကြီး ထမ်းလာတယ်လို့ပြောတယ်။အင်း.. မ ဟုတ် သေးပါဘူး ဆိုပြီး သူထမ်းလာတဲ့ ဆိတ်ကြီးကို မြေပြင်ပေါ် ပစ်ချပြီး သေသေချာချာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြည့်တယ်။သူတို့ပြောတာ ဟုတ်များ ဟုတ်နေသလား ဆိုတဲ့ သံသယအတွေးတွေနဲ့ ဆိတ်ကြီးကို ပုခုံးပေါ်ထမ်းပြီး ရှေ့ဆက်သွားပြန်တယ်။နောက် အ တောင်နှစ်ဆယ်ရောက်တော့ နောက်ဆုံး တတိယ အရက်သမားတစ်ယောက်နှင့် ထပ်တွေ့ပြန်တယ်။ သူကလည်း အတူတူပဲ ဆိုတော့ ရှေ့က အရက်သမားနှစ်ယောက် ပြောသလို..” အို.. ပုဏ္ဏားကြီး ၊ အဘယ့်ကြောင့် သင်သည် ခွေးကြီးကို ပုခုံးဖြင့် ထမ်းဆောင်သွားပါသနည်း ” ဟု လှမ်းပြီးပြောလိုက်တယ်။ထိုစကားကို ပုဏ္ဏားကြီးက ကြားပြီး “ဤအရာသည် ခွေးဖြစ်၏ “ဟူ၍ ဧကန်မုချ ဆုံးဖြတ်ချက်ချပြီး ယဇ်မူးတွေဝေစွာနဲ့ ဆိတ်ကြီးကို မြေပြင်ပေါ်ပစ်ချထားခဲ့တယ်။သူကတော့ အနီးအနားက ရေအိုင်တစ်ခုမှာ ရေချိုးပြီး သူနေတဲ့ ဂေါတမအမည်ရှိတဲ့ တောအုပ်ကြီးဆီကို ပြန်သွားတယ်။အရက်သမား သုံးယောက်ဟာ သူတို့လိုချင်တဲ့ ဆိတ်ကြီး ရပြီဆိုတော့ သုံးယောက်သား ထမ်းပိုးပြီး ပျော်ရွှင်စွာနဲ့ အိမ်သို့ပြန်သွားကြသတဲ့။ဒီပုံပြင်လေးကို ဖတ်ပြီး ပုဏ္ဏားကြီးလို ပြောသမျှကို အယုံမလွယ်ကြဘဲ ပညာကို ရှေ့ရှု ၊ ယုံကြည်မှုကို လက်ကိုင်ထားပြီး မိမိတို့ရဲ့ ရည်မှန်းချက် ဘဝပန်းတိုင်ကို ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ကြပါစေ..။

Credit – တက္ကသိုလ်မောင်နှင်းဝေ

[zawgyi]

တစ္ခါတုန္းက ေဂါတမ အမည္ရွိေသာ ေတာအုပ္ႀကီးတစ္ခုမွာ ယဇ္ပူေဇာ္မႈရွိတဲ့ ပုဏၰားႀကီး တစ္ေယာက္ ရွိခဲ့ဖူးတယ္။တစ္ေန႔ေတာ့ အဲ့ဒီ ပုဏၰားႀကီးဟာ ယဇ္ပူေဇာ္ဖို႔အတြက္ အျခားတစ္႐ြာကို ဆိတ္ အဝယ္ထြက္ခဲ့တယ္ ။ဆိတ္ႀကီးကိုလည္း ဝယ္ၿပီးေရာ သူဟာ ပုခုံးေပၚတင္ၿပီး သူေနတဲ့ ေတာအုပ္ႀကီးဆီကို ျပန္လာခဲ့တယ္။ သူျပန္လာတဲ့ လမ္းမွာပဲ သူ႔ကို အရက္သမား သုံးေယာက္က ျမင္သြားတယ္။” ငါတို႔တစ္ေတြ ဒီပုဏၰားႀကီးရဲ႕ ဆိတ္ကို စားရရင္ သိပ္ေကာင္းမွာပဲ။ အဲ့ဒီလို စားလို႔ရရင္ တို႔တစ္ေတြရဲ႕ အသိဉာဏ္ေတြ အထြတ္အထိတ္သို႔ ေရာက္ၾကမွာပဲ ”ဆိုၿပီး သုံးေယာက္သား ဆိတ္သားစားရဖို႔အတြက္ အခ်င္းခ်င္း ေခါင္းျခင္း႐ိုက္ၿပီး တိုင္ပင္ ေဆြးေႏြးၾကသတဲ့။ေဆြးေႏြးၿပီးတာနဲ႔ တၿပိဳင္ နက္ သူတို႔ဟာ တစ္ေယာက္နဲ႔ တစ္ေယာက္ကို အေတာင္ ႏွစ္ဆယ္ အကြာအေဝးဆီ သြားၿပီးပုဏၰားႀကီး လာမယ့္လမ္းမွာရွိတဲ့ သစ္ပင္ႀကီး သုံးပင္ေအာက္မွာ တစ္ေယာက္ တစ္ပင္စီ ခြဲတမ္းခ်ၿပီး ေစာင့္ဆိုင္းေနၾကတယ္။ပုဏၰားႀကီးလည္း အနားေရာက္လာေရာ ပထမဦးဆုံး အရက္သမား တစ္ေယာက္က ေရွ႕ကေန ဆီးႀကိဳ၍..” အို.. ပုဏၰားႀကီး ၊ အဘယ့္ေၾကာင့္ သင္သည္ ေခြးႀကီးကို ပုခုံးျဖင့္ ထမ္းပိုးလာအပ္ပါသနည္း ” ဟု လွမ္းၿပီးေျပာဆိုလိုက္တယ္။ဆိုလိုတာကေတာ့.. ပုဏၰားႀကီးရာ ခင္မ်ားမို႔ အပင္ပန္းခံၿပီး ေခြးေသႀကီးကိုမ်ား ထမ္းယူလာရတယ္ လို႔ ၊ ေလးပါတယ္ဗ်ာ..လြတ္ခဲ့လိုက္ပါ လို႔ ဆိုလိုတာေပါ့။ ဒီေတာ့ ပုဏၰားႀကီးကလည္း အရက္သမားကို..” အို.. အေမာင္လုလင္ ၊ ဤဟာသည္ ေခြးမဟုတ္ပါ ။ ဤဟာသည္ ယဇ္ပူေဇာ္ရန္အတြက္ ဝယ္လာေသာ ဆိတ္ျဖစ္ပါ၏ “ဟု ျပန္ေျပာသတဲ့။ ဒီလိုျပန္ေျပာပီး သူဟာ ဆိတ္ကို တစ္ခ်က္ၾကည့္ၿပီး ေရွ႕ဆက္သြားတယ္။ေနာက္ထပ္ အေတာင္ႏွစ္ဆယ္ေရာက္ေတာ့ ဒုတိယ အရက္သမားတစ္ေယာက္ႏွင့္ ထပ္ေတြ႕တယ္။ဒီတစ္ေယာက္ကလည္း ပထမတစ္ေယာက္လိုပဲ ေရွ႕ကေနၿပီး..” ဗ်ိဳ႕.. ပုဏၰားႀကီး ၊ ခင္ဗ်ားဗ်ာ အေမာခံၿပီး ေခြးေသႀကီးကိုမ်ား ပုခုံးေပၚတင္ၿပီး ထမ္းလာရတယ္ လို႔ ခင္ဗ်ား မရွက္ဘူးလား “ဆိုၿပီး လွမ္းေျပာလိုက္ေတာ့ ပုဏၰားႀကီး ေတြေဝသြားတယ္။ပထမ တေယာက္ကလည္း ငါ့ကို ေခြးေသႀကီး ထမ္းလာတယ္လို႔ ေျပာတယ္။ အခု ဒီတစ္ေယာက္ကလည္း ငါ့ကို ေခြးေသႀကီး ထမ္းလာတယ္လို႔ေျပာတယ္။အင္း.. မ ဟုတ္ ေသးပါဘူး ဆိုၿပီး သူထမ္းလာတဲ့ ဆိတ္ႀကီးကို ေျမျပင္ေပၚ ပစ္ခ်ၿပီး ေသေသခ်ာခ်ာ ေစ့ေစ့စပ္စပ္ ၾကည့္ရႈစစ္ေဆးၾကည့္တယ္။သူတို႔ေျပာတာ ဟုတ္မ်ား ဟုတ္ေနသလား ဆိုတဲ့ သံသယအေတြးေတြနဲ႔ ဆိတ္ႀကီးကို ပုခုံးေပၚထမ္းၿပီး ေရွ႕ဆက္သြားျပန္တယ္။ေနာက္ အ ေတာင္ႏွစ္ဆယ္ေရာက္ေတာ့ ေနာက္ဆုံး တတိယ အရက္သမားတစ္ေယာက္ႏွင့္ ထပ္ေတြ႕ျပန္တယ္။ သူကလည္း အတူတူပဲ ဆိုေတာ့ ေရွ႕က အရက္သမားႏွစ္ေယာက္ ေျပာသလို..” အို.. ပုဏၰားႀကီး ၊ အဘယ့္ေၾကာင့္ သင္သည္ ေခြးႀကီးကို ပုခုံးျဖင့္ ထမ္းေဆာင္သြားပါသနည္း ” ဟု လွမ္းၿပီးေျပာလိုက္တယ္။ထိုစကားကို ပုဏၰားႀကီးက ၾကားၿပီး “ဤအရာသည္ ေခြးျဖစ္၏ “ဟူ၍ ဧကန္မုခ် ဆုံးျဖတ္ခ်က္ခ်ၿပီး ယဇ္မူးေတြေဝစြာနဲ႔ ဆိတ္ႀကီးကို ေျမျပင္ေပၚပစ္ခ်ထားခဲ့တယ္။သူကေတာ့ အနီးအနားက ေရအိုင္တစ္ခုမွာ ေရခ်ိဳးၿပီး သူေနတဲ့ ေဂါတမအမည္ရွိတဲ့ ေတာအုပ္ႀကီးဆီကို ျပန္သြားတယ္။အရက္သမား သုံးေယာက္ဟာ သူတို႔လိုခ်င္တဲ့ ဆိတ္ႀကီး ရၿပီဆိုေတာ့ သုံးေယာက္သား ထမ္းပိုးၿပီး ေပ်ာ္႐ႊင္စြာနဲ႔ အိမ္သို႔ျပန္သြားၾကသတဲ့။ဒီပုံျပင္ေလးကို ဖတ္ၿပီး ပုဏၰားႀကီးလို ေျပာသမွ်ကို အယုံမလြယ္ၾကဘဲ ပညာကို ေရွ႕ရႈ ၊ ယုံၾကည္မႈကို လက္ကိုင္ထားၿပီး မိမိတို႔ရဲ႕ ရည္မွန္းခ်က္ ဘဝပန္းတိုင္ကို ေပ်ာ္႐ႊင္စြာ ေလွ်ာက္လွမ္းႏိုင္ၾကပါေစ..။