အရင်းအနှီး နည်းနည်းနဲ့ အလုပ်စလုပ်မယ့်သူများ သိထားသင့်တဲ့ နည်းလမ်း (၈) ခု

စွန့်ဦးတီထွင်လုပ်ငန်းရှင်များဟာ အောင်မြင်နိုင်လောက်တဲ့ စီးပွားရေးအိုင်ဒီယာများ ရှိတတ်ကြပါတယ်။ ဒါပေမယ့် ရင်းနှီးမြုပ်နှံနိုင်တဲ့ စွမ်းအားမရှိတာကြောင့် ရှေ့မဆက်ကြတော့ပါဘူး။ သူတို့မှာ ရင်းနှီးငွေ မရှိရင်ပဲ ခြေတလှမ်းတောင်မှ ဆက်မလှမ်းနိုင်တော့ဘူးလို့ ယူဆကြပါတယ်။နေ့စဉ်နေ့တိုင်း လုပ်ငန်းသစ်များဟာ ဒေါ်လာ မီလျံနဲ့ချီပြီးတော့ စွန့်စားရင်းနှီးတဲ့လုပ်ငန်းတွေကနေ ငွေကြေးအရင်းအနှီးတွေ ရနေကြပါတယ်။ ဒါပေမယ့် သင်မကြားလိုက်တာကတော့ လုပ်ငန်းတစ်တော်တော်များများဟာ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ ကျရှုံးသွားပြီးတော့ ရင်းနှီးထားတဲ့ မီလျံချီဒေါ်လာတွေဟာလည်း မီးရှို့လိုက်သလို ဆုံးရှုံးသွားပါတယ်။သင့်မှာ ငွေဘယ်လောက်ရှိရှိ ပထမချင်းအိုင်ဒီယာနဲ့ အလုပ်လုပ်ဖို့ စီမံကိန်းချတာသာ မကောင်းခဲ့ရင် အဲဒီငွေတွေဟာ သင့်ကို အောင်မြင်အောင် လုပ်ပေးနိုင်မှာမဟုတ်ပါဘူး။ အိုင်ဒီယာကောင်းကောင်းရှိတယ်၊ ဒါပေမယ့် ငွေနည်းနည်းပဲရှိတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ဒီအကြောင်းလေးနဲ့တော့ သင့်အိပ်မက်တွေကို ရပ်မပစ်လိုက်ပါနဲ့။အိမ်ချိန်မရလိုက်တဲ့ နေ့တွေလည်းရှိကောင်းရှိမယ်။ စိတ်ဖိစီးမှုတွေလည်း အလူအလိမ့် ခံစားမယ်။ ဒါပေမယ် လိုချင်စိတ်ပြင်းပြနေရင်တော့ တချိန်မှာ ဖြစ်လာမှာပါ။လုပ်ငန်းသစ်စတင်ဖို့အတွက် အကန့်အသတ်ရှိတဲ့ ရင်းနှီးငွေနဲ့ အလုပ်ဖြစ်မယ့် နည်းလမ်းကောင်းရှစ်ခုကို ဖော်ပြပေးထားပါတယ်။ ၁။ သင်ကောင်းကောင်းသိတဲ့ အလုပ်ကိုလုပ်ပါ – သင်သိပ်မကျွမ်းကျင်တဲ့ နယ်ပယ်က အလုပ်ကို စွန့်စားပြီးစတင်မယ့်အစား သင်သေချာသိတဲ့၊ ကျွမ်းကျင်မှုရှိတဲ့ လုပ်ငန်းကို လုပ်ဖို့ကြိုးစားပါ။ အပြင်ကိုအားကိုးနေရတာ လျော့နိုင်လေ သင့်အတွက် ကောင်းလေပါပဲ။ သင်ကျွမ်းကျင်ပြီးသား အလုပ်ကိုသာလုပ်မယ်ဆိုရင်တော့ အတိုင်ပင်ခံခလျော့ချနိုင်သလို ကုန်ကျစာရိတ်လည်း လျော့နိုင်မှာပါ။စွန့်ဦးတီထွင်လုပ်ရတဲ့ လုပ်ငန်းအောင်မြင်ဖို့အတွက် ကျွမ်းကျင်မှုတခုတည်းက လုံလောက်တဲ့ အရင်းအနှီးဖြစ်နေ တတ်ပါတယ်။ ၂။ သင်ဘာလုပ်နေလဲဆိုတာ အားလုံးကို ကြေငြာပါ – သင့်ရဲ့ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက် စတဲ့သူတွေအားလုံးကို သင့်ရဲ့ လုပ်ငန်းသစ်အကြောင်း ပြောပြပါ။ ဖုန်းခေါ်ပါ၊ မတ်ဆေ့ချ်ပို့ပါ။ သင့်ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ တင်ပါ။ သင့်ရဲ့ သူငယ်ချင်းတွေနဲ့ မိသားစုကလည်း သင့်ရဲ့လုပ်ငန်းအကြောင်း တခြားသူတွေကို ထပ်ဆင့်ပြောပြနိုင်ကြပါတယ်။ ဒီ အခြေခံကျတဲ့ မားကက်တင်းနည်းလမ်းက သင့်အကြောင်းကို လူအများကြီး သိသွားစေနိုင်ပါတယ်။၃။ မလိုအပ်တဲ့ အသုံးအစွဲတွေ လျော့ချပါ – သင်ကုန်ကျစရာတွေ အများကြီး ရှိနေမှာပါ။ အဲဒီအထဲမှာ တချို့ကုန်ကျစာရိတ်တွေက ရှောင်လွှဲလို့ကို မရပါဘူး။ သင်ရှောင်လွှဲလို့ရတာကတော့ ပိုမသုံးမိဖို့ပါပဲ။ ဥပမာ – သင့်ရဲ့ လိပ်စာကဒ်ကို ကြည့်ပါ။ ဒေါ်လာ ၁၀၀၀ လောက်သုံးလို့ သတ္တုနဲ့လုပ်ထားတဲ့ လိပ်စာကဒ် ၅၀၀ ကိုလုပ်မလား (ဒါမှမဟုတ်) ဆယ်ဒေါ်လာလောက်ပဲကုန်မယ့် ပုံမှန်လိပ်စာကဒ် ၅၀၀ ကိုယူမလား။ ချွေချွေတာတာနဲ့ စတင်ခြင်းက အောင်မြင်မှုနဲ့ ကျရှုံးမှုကို ကွဲပြားစေနိုင်မှာပါ။

၄။ အကြွေးဝယ်ကဒ်တွေကြောင့် အကြွေးနွံမနစ်ပါစေနဲ့ – အကြွေးဝယ်ကဒ်တွေဟာ လုပ်ငန်းသစ်စလုပ်တဲ့အခါမှာ စမတ်ကျကျသုံးတတ်ရင် အတော်အသုံးဝင်သလို အသုံးမတတ်ရင်တော့ ကိုယ့်ကိုကိုယ်သတ်သေတာနဲ့ တူနေပါတယ်။ ရုံးသစ်လုပ်ဖို့အတွက် ကွန်ပျူတာတွေ၊ ပရိဘောဂပစ္စည်းတွေ၊ ဖုန်း နဲ့ အခြားသော အသုံးအဆောင်တွေ တခဏအတွင်း လိုအပ်လာမှာပါ။ဒီ ကုန်ကျစာရိတ်အားလုံးကို အကြွေးဝယ်ကဒ်နဲ့ တပြိုင်နက်ဝယ်လိုက်မယ့်အစား ကုမ္ပဏီရဲ့ ဝင်ငွေပေါ်မူတည်ပြီး ဖြည်းဖြည်းချင်းဝယ်ယူသင့်ပါတယ်။ အကြွေးကြောင့်ရလာမယ့် စိတ်ဖိစီးမှုနဲ့ ပင်ပန်းမှုတွေသာမရှိရင် လုပ်ငန်းအောင်မြင်ဖို့ ရာခိုင်နှုန်းပိုများပါလိမ့်မယ်။ ၅။ ငွေလက်ခံတဲ့ ပုံစံကြောင့် ဒုက္ခမရောက်ပါစေနဲ့ – ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းပဲဖြစ်ဖြစ်၊ လက်လီရောင်းချတာပဲဖြစ်ဖြစ် ငွေလက်ခံပေးချေမှုပုံစံကို သေသေချာချာ စနစ်တကျလုပ်ထားသင့်ပါတယ်။ သင့်လုပ်ငန်း ဟာ တလ၊ နှစ်လလောက်အထိ ငွေမဖော်နိုင်သေးပဲ ရပ်တည်နိုင်ပါသလား။ ဖောက် သည် တွေ ပေးလိုတဲ့အတိုင်းမလုပ်ဘဲ ကိုယ့်လုပ်ငန်းအဆင်ပြေမယ့် ပုံစံကိုလုပ်မယ်ဆိုရင် သင့်အတွက် ပိုပြီးအကျိုးရှိပါလိမ့်မယ်။ ၆။ နဖူးကချွေး ခြေမကျလောက်တဲ့အထိ ကြိုးစားမှုနဲ့ အရင်းတည်ပါ – ကျွန်တော်ရဲ့ ကိုယ်ပိုင်လုပ်ငန်းတစ်ခု စလုပ်တုန်းက ကျွန်တော် အချိန်ပြည့်လုပ်ခဲ့ပါတယ်။ အချိန်ပြည့်ဆိုတာ နံနက် ၉ ညနေ ၅ မဟုတ်ပါဘူး။ အိပ်ချိန်ကလွဲလို့ ကျန်တဲ့အချိန်အားလုံးပါ။ လုပ်ရတာတွေက အစုံပါပဲ။ မားကက်တင်းလုပ်ရသလို စာရင်းဇယားတွေကော၊ ဈေးညှိနှိုင်းမှုတွေပါ လုပ်ရပါတယ်။ အဲလို ရေကုန်ရေခမ်းကြိုးစားရခြင်းက အချည်းနှီးတော့ မဟုတ်ပါဘူး။သင်ဟာ အမှတ်တံဆိပ်တစ်ခုကို တည်ဆောက်နေတာပါ။ သင်ကြိုးစားလေလေ သင့်ရဲ့တန်ဖိုးက တက်လာလေလေပါပဲ။ သင့်ရဲ့ ကုမ္ပဏီကို ရောင်းတော့မယ် ဒါမှမဟုတ် ပါတနာတစ်ယောက်နဲ့ လက်တွဲလုပ်ဖို့ ကမ်းလှမ်းတော့မယ်ဆိုရင် သင့်ရဲ့ ချွေးနဲ့ကြိုးစားမှုတွေဟာ ရုပ် လုံး ပေါ်လာပါလိမ့်မယ်။ ၇။ ကြော်ငြာနဲ့ မားကက်တင်း အခမဲ့လုပ်လို့ရမယ့် နည်းလမ်းတွေကို အသုံးချပါ – ငွေကြေးအလွန်အကျွံသုံးစွဲစရာမလိုအပ်ဘဲ သင့်လုပ်ငန်းကို လူသိအောင်လုပ်လို့ရတဲ့ နည်းလမ်းတွေရှိပါတယ်။ ဆိုရှယ်မီဒီယာ ဥပမာ ၊ ၊ များဟာ အလားအလာရှိတဲ့ ဖောက်သည်များနဲ့ ထိတွေ့မှုရအောင်လို့ ကူညီနိုင်ပါတယ်။ သင်ဟာ ဒေသခံမီဒီယာတွေနဲ့ ဆက်သွယ်ပြီးတော့ သင်ကျွမ်းကျင်တဲ့အရာတွေကို လူတွေသိအောင် ဗဟုသုတပေး ဒါမှမဟုတ် သင်ကြားပေးတဲ့ပုံစံမျိုးနဲ့လည်း သင့်ကိုယ်သင်ကြော်ငြာလို့ရပါတယ်။ ၈။ အကြမ်းပတမ်းခံနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားပါ – ကြိုးကြိုးစားစားလုပ်ရတာဟာ တကယ့်လိုအပ်တဲ့အရာပါ။ သင့်ဟာ ငွေကြေးအရင်း အနှီးမရှိဘဲ စီးပွားရေးတစ်ခုကို စလုပ်တော့မယ်လို့ စဉ်းစားလိုက်ပြီဆိုတာနဲ့ လုပ်ငန်းအောင်မြင်ဖို့ သင့်မှာရှိသမျှ ခွန်အားတွေကို အသုံးချရတော့မှာပါ။ ဖောက်သည်အသစ်တွေနဲ့ စကားပြောဆိုရခြင်း၊ ဖောက်သည်လိုအပ်တာတွေကို ပြင်ဆင်ပေးရခြင်း၊ ငွေပေးချေရခြင်း၊ စာရင်းဇယားတွက်ချက်ရခြင်း စတာတွေ အားလုံးလုပ်ဖို့ ပြင်ဆင်ထားပါ။ ခွန်အားတွေ အချိန်တွေ ပေးဆပ်ရမယ့် အလုပ်အစုံကို သင်လုပ်ရတော့မှာပါ။ ငွေသိပ်မရှိလို့ သင့်အိုင်ဒီယာကို အကောင်အထည်မဖော်နိုင်ဘူးဆိုတာမျိုး အဖြစ်မခံပါနဲ့။ ခက်ခဲမှာလား၊ စိတ်ပင်ပန်းမှာလားလို့ မေးရင်၊ မပူပါနဲ့။ ဖြစ်ကိုဖြစ်မှာပါ။ ဒါဟာ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ သွားရမယ့် ခရီးလမ်းတစ်ခုပဲဖြစ်ပါတယ်။

Credit – မူရင်း

[zawgyi]

စြန႔္ဦးတီထြင္လုပ္ငန္းရွင္မ်ားဟာ ေအာင္ျမင္ႏိုင္ေလာက္တဲ့ စီးပြားေရးအိုင္ဒီယာမ်ား ရွိတတ္ၾကပါတယ္။ ဒါေပမယ့္ ရင္းႏွီးျမဳပ္ႏွံႏိုင္တဲ့ စြမ္းအားမရွိတာေၾကာင့္ ေရွ႕မဆက္ၾကေတာ့ပါဘူး။ သူတို႔မွာ ရင္းႏွီးေငြ မရွိရင္ပဲ ေျခတလွမ္းေတာင္မွ ဆက္မလွမ္းႏိုင္ေတာ့ဘူးလို႔ ယူဆၾကပါတယ္။ေန႔စဥ္ေန႔တိုင္း လုပ္ငန္းသစ္မ်ားဟာ ေဒၚလာ မီလ်ံနဲ႔ခ်ီၿပီးေတာ့ စြန႔္စားရင္းႏွီးတဲ့လုပ္ငန္းေတြကေန ေငြေၾကးအရင္းအႏွီးေတြ ရေနၾကပါတယ္။ ဒါေပမယ့္ သင္မၾကားလိုက္တာကေတာ့ လုပ္ငန္းတစ္ေတာ္ေတာ္မ်ားမ်ားဟာ အခ်ိန္အတိုင္းအတာတစ္ခုအတြင္းမွာ က်ရႈံးသြားၿပီးေတာ့ ရင္းႏွီးထားတဲ့ မီလ်ံခ်ီေဒၚလာေတြဟာလည္း မီးရႈိ႕လိုက္သလို ဆုံးရႈံးသြားပါတယ္။သင့္မွာ ေငြဘယ္ေလာက္ရွိရွိ ပထမခ်င္းအိုင္ဒီယာနဲ႔ အလုပ္လုပ္ဖို႔ စီမံကိန္းခ်တာသာ မေကာင္းခဲ့ရင္ အဲဒီေငြေတြဟာ သင့္ကို ေအာင္ျမင္ေအာင္ လုပ္ေပးႏိုင္မွာမဟုတ္ပါဘူး။ အိုင္ဒီယာေကာင္းေကာင္းရွိတယ္၊ ဒါေပမယ့္ ေငြနည္းနည္းပဲရွိတယ္ဆိုရင္ ဘယ္လိုလုပ္မလဲ။ ဒီအေၾကာင္းေလးနဲ႔ေတာ့ သင့္အိပ္မက္ေတြကို ရပ္မပစ္လိုက္ပါနဲ႔။အိမ္ခ်ိန္မရလိုက္တဲ့ ေန႔ေတြလည္းရွိေကာင္းရွိမယ္။ စိတ္ဖိစီးမႈေတြလည္း အလူအလိမ့္ ခံစားမယ္။ ဒါေပမယ္ လိုခ်င္စိတ္ျပင္းျပေနရင္ေတာ့ တခ်ိန္မွာ ျဖစ္လာမွာပါ။လုပ္ငန္းသစ္စတင္ဖို႔အတြက္ အကန႔္အသတ္ရွိတဲ့ ရင္းႏွီးေငြနဲ႔ အလုပ္ျဖစ္မယ့္ နည္းလမ္းေကာင္းရွစ္ခုကို ေဖာ္ျပေပးထားပါတယ္။ ၁။ သင္ေကာင္းေကာင္းသိတဲ့ အလုပ္ကိုလုပ္ပါ – သင္သိပ္မကြၽမ္းက်င္တဲ့ နယ္ပယ္က အလုပ္ကို စြန႔္စားၿပီးစတင္မယ့္အစား သင္ေသခ်ာသိတဲ့၊ ကြၽမ္းက်င္မႈရွိတဲ့ လုပ္ငန္းကို လုပ္ဖို႔ႀကိဳးစားပါ။ အျပင္ကိုအားကိုးေနရတာ ေလ်ာ့ႏိုင္ေလ သင့္အတြက္ ေကာင္းေလပါပဲ။ သင္ကြၽမ္းက်င္ၿပီးသား အလုပ္ကိုသာလုပ္မယ္ဆိုရင္ေတာ့ အတိုင္ပင္ခံခေလ်ာ့ခ်ႏိုင္သလို ကုန္က်စာရိတ္လည္း ေလ်ာ့ႏိုင္မွာပါ။စြန႔္ဦးတီထြင္လုပ္ရတဲ့ လုပ္ငန္းေအာင္ျမင္ဖို႔အတြက္ ကြၽမ္းက်င္မႈတခုတည္းက လုံေလာက္တဲ့ အရင္းအႏွီးျဖစ္ေန တတ္ပါတယ္။ ၂။ သင္ဘာလုပ္ေနလဲဆိုတာ အားလုံးကို ေၾကျငာပါ – သင့္ရဲ႕ မိသားစု၊ မိတ္ေဆြ၊ သူငယ္ခ်င္း၊ လုပ္ေဖာ္ကိုင္ဖက္ စတဲ့သူေတြအားလုံးကို သင့္ရဲ႕ လုပ္ငန္းသစ္အေၾကာင္း ေျပာျပပါ။ ဖုန္းေခၚပါ၊ မတ္ေဆ့ခ်္ပို႔ပါ။ သင့္ရဲ႕ ဆိုရွယ္မီဒီယာေပၚမွာ တင္ပါ။ သင့္ရဲ႕ သူငယ္ခ်င္းေတြနဲ႔ မိသားစုကလည္း သင့္ရဲ႕လုပ္ငန္းအေၾကာင္း တျခားသူေတြကို ထပ္ဆင့္ေျပာျပႏိုင္ၾကပါတယ္။ ဒီ အေျခခံက်တဲ့ မားကက္တင္းနည္းလမ္းက သင့္အေၾကာင္းကို လူအမ်ားႀကီး သိသြားေစႏိုင္ပါတယ္။၃။ မလိုအပ္တဲ့ အသုံးအစြဲေတြ ေလ်ာ့ခ်ပါ – သင္ကုန္က်စရာေတြ အမ်ားႀကီး ရွိေနမွာပါ။ အဲဒီအထဲမွာ တခ်ိဳ႕ကုန္က်စာရိတ္ေတြက ေရွာင္လႊဲလို႔ကို မရပါဘူး။ သင္ေရွာင္လႊဲလို႔ရတာကေတာ့ ပိုမသုံးမိဖို႔ပါပဲ။ ဥပမာ – သင့္ရဲ႕ လိပ္စာကဒ္ကို ၾကည့္ပါ။ ေဒၚလာ ၁၀၀၀ ေလာက္သုံးလို႔ သတၱဳနဲ႔လုပ္ထားတဲ့ လိပ္စာကဒ္ ၅၀၀ ကိုလုပ္မလား (ဒါမွမဟုတ္) ဆယ္ေဒၚလာေလာက္ပဲကုန္မယ့္ ပုံမွန္လိပ္စာကဒ္ ၅၀၀ ကိုယူမလား။ ေခြၽေခြၽတာတာနဲ႔ စတင္ျခင္းက ေအာင္ျမင္မႈနဲ႔ က်ရႈံးမႈကို ကြဲျပားေစႏိုင္မွာပါ။၄။ အေႂကြးဝယ္ကဒ္ေတြေၾကာင့္ အေႂကြးႏြံမနစ္ပါေစနဲ႔ – အေႂကြးဝယ္ကဒ္ေတြဟာ လုပ္ငန္းသစ္စလုပ္တဲ့အခါမွာ စမတ္က်က်သုံးတတ္ရင္ အေတာ္အသုံးဝင္သလို အသုံးမတတ္ရင္ေတာ့ ကိုယ့္ကိုကိုယ္သတ္ေသတာနဲ႔ တူေနပါတယ္။ ႐ုံးသစ္လုပ္ဖို႔အတြက္ ကြန္ပ်ဴတာေတြ၊ ပရိေဘာဂပစၥည္းေတြ၊ ဖုန္း နဲ႔ အျခားေသာ အသုံးအေဆာင္ေတြ တခဏအတြင္း လိုအပ္လာမွာပါ။ဒီ ကုန္က်စာရိတ္အားလုံးကို အေႂကြးဝယ္ကဒ္နဲ႔ တၿပိဳင္နက္ဝယ္လိုက္မယ့္အစား ကုမၸဏီရဲ႕ ဝင္ေငြေပၚမူတည္ၿပီး ျဖည္းျဖည္းခ်င္းဝယ္ယူသင့္ပါတယ္။ အေႂကြးေၾကာင့္ရလာမယ့္ စိတ္ဖိစီးမႈနဲ႔ ပင္ပန္းမႈေတြသာမရွိရင္ လုပ္ငန္းေအာင္ျမင္ဖို႔ ရာခိုင္ႏႈန္းပိုမ်ားပါလိမ့္မယ္။ ၅။ ေငြလက္ခံတဲ့ ပုံစံေၾကာင့္ ဒုကၡမေရာက္ပါေစနဲ႔ – ဝန္ေဆာင္မႈေပးတဲ့လုပ္ငန္းပဲျဖစ္ျဖစ္၊ လက္လီေရာင္းခ်တာပဲျဖစ္ျဖစ္ ေငြလက္ခံေပးေခ်မႈပုံစံကို ေသေသခ်ာခ်ာ စနစ္တက်လုပ္ထားသင့္ပါတယ္။ သင့္လုပ္ငန္းဟာ တလ၊ ႏွစ္လေလာက္အထိ ေငြမေဖာ္ႏိုင္ေသးပဲ ရပ္တည္ႏိုင္ပါသလား။ ေဖာက္သည္ေတြ ေပးလိုတဲ့အတိုင္းမလုပ္ဘဲ ကိုယ့္လုပ္ငန္းအဆင္ေျပမယ့္ ပုံစံကိုလုပ္မယ္ဆိုရင္ သင့္အတြက္ ပိုၿပီးအက်ိဳးရွိပါလိမ့္မယ္။ ၆။ နဖူးကေခြၽး ေျခမက်ေလာက္တဲ့အထိ ႀကိဳးစားမႈနဲ႔ အရင္းတည္ပါ – ကြၽန္ေတာ္ရဲ႕ ကိုယ္ပိုင္လုပ္ငန္းတစ္ခု စလုပ္တုန္းက ကြၽန္ေတာ္ အခ်ိန္ျပည့္လုပ္ခဲ့ပါတယ္။ အခ်ိန္ျပည့္ဆိုတာ နံနက္ ၉ ညေန ၅ မဟုတ္ပါဘူး။ အိပ္ခ်ိန္ကလြဲလို႔ က်န္တဲ့အခ်ိန္အားလုံးပါ။ လုပ္ရတာေတြက အစုံပါပဲ။ မားကက္တင္းလုပ္ရသလို စာရင္းဇယားေတြေကာ၊ ေဈးညႇိႏႈိင္းမႈေတြပါ လုပ္ရပါတယ္။ အဲလို ေရကုန္ေရခမ္းႀကိဳးစားရျခင္းက အခ်ည္းႏွီးေတာ့ မဟုတ္ပါဘူး။သင္ဟာ အမွတ္တံဆိပ္တစ္ခုကို တည္ေဆာက္ေနတာပါ။ သင္ႀကိဳးစားေလေလ သင့္ရဲ႕တန္ဖိုးက တက္လာေလေလပါပဲ။ သင့္ရဲ႕ ကုမၸဏီကို ေရာင္းေတာ့မယ္ ဒါမွမဟုတ္ ပါတနာတစ္ေယာက္နဲ႔ လက္တြဲလုပ္ဖို႔ ကမ္းလွမ္းေတာ့မယ္ဆိုရင္ သင့္ရဲ႕ ေခြၽးနဲ႔ႀကိဳးစားမႈေတြဟာ ႐ုပ္လုံးေပၚလာပါလိမ့္မယ္။ ၇။ ေၾကာ္ျငာနဲ႔ မားကက္တင္း အခမဲ့လုပ္လို႔ရမယ့္ နည္းလမ္းေတြကို အသုံးခ်ပါ – ေငြေၾကးအလြန္အကြၽံသုံးစြဲစရာမလိုအပ္ဘဲ သင့္လုပ္ငန္းကို လူသိေအာင္လုပ္လို႔ရတဲ့ နည္းလမ္းေတြရွိပါတယ္။ ဆိုရွယ္မီဒီယာ ဥပမာ ၊ ၊ မ်ားဟာ အလားအလာရွိတဲ့ ေဖာက္သည္မ်ားနဲ႔ ထိေတြ႕မႈရေအာင္လို႔ ကူညီႏိုင္ပါတယ္။ သင္ဟာ ေဒသခံမီဒီယာေတြနဲ႔ ဆက္သြယ္ၿပီးေတာ့ သင္ကြၽမ္းက်င္တဲ့အရာေတြကို လူေတြသိေအာင္ ဗဟုသုတေပး ဒါမွမဟုတ္ သင္ၾကားေပးတဲ့ပုံစံမ်ိဳးနဲ႔လည္း သင့္ကိုယ္သင္ေၾကာ္ျငာလို႔ရပါတယ္။ ၈။ အၾကမ္းပတမ္းခံႏိုင္ဖို႔ ႀကိဳတင္ျပင္ဆင္ထားပါ – ႀကိဳးႀကိဳးစားစားလုပ္ရတာဟာ တကယ့္လိုအပ္တဲ့အရာပါ။ သင့္ဟာ ေငြေၾကးအရင္းအႏွီးမရွိဘဲ စီးပြားေရးတစ္ခုကို စလုပ္ေတာ့မယ္လို႔ စဥ္းစားလိုက္ၿပီဆိုတာနဲ႔ လုပ္ငန္းေအာင္ျမင္ဖို႔ သင့္မွာရွိသမွ် ခြန္အားေတြကို အသုံးခ်ရေတာ့မွာပါ။ ေဖာက္သည္အသစ္ေတြနဲ႔ စကားေျပာဆိုရျခင္း၊ ေဖာက္သည္လိုအပ္တာေတြကို ျပင္ဆင္ေပးရျခင္း၊ ေငြေပးေခ်ရျခင္း၊ စာရင္းဇယားတြက္ခ်က္ရျခင္း စတာေတြ အားလုံးလုပ္ဖို႔ ျပင္ဆင္ထားပါ။ ခြန္အားေတြ အခ်ိန္ေတြ ေပးဆပ္ရမယ့္ အလုပ္အစုံကို သင္လုပ္ရေတာ့မွာပါ။ ေငြသိပ္မရွိလို႔ သင့္အိုင္ဒီယာကို အေကာင္အထည္မေဖာ္ႏိုင္ဘူးဆိုတာမ်ိဳး အျဖစ္မခံပါနဲ႔။ ခက္ခဲမွာလား၊ စိတ္ပင္ပန္းမွာလားလို႔ ေမးရင္၊ မပူပါနဲ႔။ ျဖစ္ကိုျဖစ္မွာပါ။ ဒါဟာ စြန႔္ဦးတီထြင္လုပ္ငန္းရွင္ေတြ သြားရမယ့္ ခရီးလမ္းတစ္ခုပဲျဖစ္ပါတယ္။