အရေးကြီးတာ အရင်လုပ်ပါ

တစ်ခါတုန်းက ဒသနိကဗေဒ ပါမောက္ခတစ်ယောက် က အတန်းမစခင်မှာ စားပွဲပေါ်မှာ ပစ္စည်း ပစ္စယ တချို့ တင်ပြီးတော့ ရပ်နေပါတယ်။ အတန်းလည်းစရော … ဘာမပြောညာမပြော နဲ့ ခရား အလွတ်တစ်ခု ကို ယူပြီးတော့ ကျောက်ခဲတွေ ထည့်လိုက်ပါတယ်။ ပြီးတော့ မှ “ဒီ ခရားက ပြည့်နေပြီလား” လို့ ကျောင်းသားတွေကို မေးလိုက်ပါတယ် … ကျောင်းသား တွေကလည်း “ပြည့််နေပါပြီ” လို့ ဖြေကြပါတယ် … ။ အဲဒါနဲ့ ပါမောက္ခကြီးက ကျောက် စရစ်ခဲလေးတွေ ကောက်ပြီးတာ့ ခရားထဲကို လောင်းထည့် လိုက်ပါတယ် … ။ ခရားကို ဖြည်းဖြည်းခြင်း လှုပ်ပြီးတော့ ဆက်ထည့်ပါတယ် … ။ ကျောက်စရစ်ခဲလေး တွေက ပထမ ထည့်ထားတဲ့ ကျောက်ခဲတွေကြားက နေရာလွတ်လေးတွေကို … ရသလောက် နေရာဝင်ယူ ကြပါတယ်။ပါမောက္ခကြီးက ကျောင်းသားတွေကို “ဒီ ခရားက ပြည့်နေပြီလား” လို့ ဆက်မေးပြန်ပါတယ် … ။ကျောင်းသားတွေကလည်း “ပြည့််နေပါပြီ” လို့ ထပ်ဖြေကြပြန်ပါတယ် … ။ဆက်ပြီးတော့ ပါမောက္ခကြီးက သဲတစ်ဗူးကို ယူပြီးတော့ ခရားထဲကို လောင်းထည့်ပြန်ပါတယ် … ။ သဲတွေကလည်း ခရားထဲမှာရှိတဲ့ နေရာလွတ်မှန်သမျှ နေရာဝင်ယူလိုက်ပါတယ် … ။

နောက် ထပ်တစ်ကြိမ် ဆက်ပြီးတော့ ပါမောက္ခကြီးက “ခရားက ပြည့်ပြီလား” မေးပြန်ပါတယ် … ။ကျောင်းသားများကလည်း “ဟုတ်ကဲ့ပါ” လို့ တစ်ညီတစ်ညွတ်တည်း ဖြေကြပါတယ် … ။“ကဲ … ဒီခရားကို မင်းတို့ ဘဝ လို့ ဆိုကြပါစို့ … ကျောက်ခဲတွေက မင်းတို့ဘဝရဲ့ အရေးကြီး တဲ့ အရာတွေပဲ … ဆိုလိုတာက ကိုယ့်ရဲ့မိသားစု၊ ကျန်းမာရေး၊ တွေပေါ့ … ကျန်တဲ့အရာတွေ ဆုံးရှုံးရင် တောင်မှ အရေးကြီးတာတွေက ကိုယ့်ဘဝထဲမှာ ကျန်နေသေးပါတယ် … ။ ကျောက်စရစ်ခဲတွေကတော့ မင်းတို့ရဲ့ အလုပ်အကိုင်၊ အိမ်၊ ကား စတဲ့ အခြားကိစ္စတွေပေါ့ … ၊ သဲတွေကတော့ ဘဝရဲ့ အသေးအဖွဲ့ကိစ္စ လေးတွေပေါ့ …တကယ်လို့သာ မင်းတို့က သဲတွေကိုသာ ခရားထဲကို အရင်ထည့်လိုက်မယ် ဆိုရင် ကျောက်ခဲတွေ၊ ကျောက်စရစ်ခဲတွေ ထည့်ဖို့ နေရာ ရှိမှာ မဟုတ်တော့ဘူး … မင်းတို့ရဲ့ လုပ်နိုင် သမျှ စွမ်းအားတွေ၊ အချိန်တွေကို အသေးအဖွဲ့ ကိစ္စလေးတွေအတွက်ပဲ အသုံးပြု လိုက်မယ်ဆိုရင် အခြားအရေးကြီးတဲ့ ကိစ္စတွေကို လုပ်နိုင်တော့မှာ မဟုတ်တော့ပါဘူး ။ ဒါကြောင့် အရေးကြီးတာကို အရင်လုပ်ကြပါ … ၊ မိသားစုကို အချိန်ပေးပါ၊ အလုပ် ကိစ္စတွေကို ဂရုစိုက်ပါ … ကျန်တာတွေ ကတော့ သဲတွေလိုပါပဲ … ” လို့ ပါမောက္ခကြီးက ဆုံးမပါတယ် … ။ကျွန်တော်တို့ ဘဝတွေတိုင်းဟာ အချိန်တွေနဲ့ တည်ဆောက်ထားတာပါ … ကုန်လွန်သွားတဲ့ အချိန်တွေကို ပြန်လိုချင်လို့ မရပါဘူး …ဒါကြောင့်မို့ ရထားတဲ့ လူဘဝ အချိန်ခဏလေးကို ဘဝအတွက် အရေးမပါ တာတွေ နဲ့ မကုန်ဆုံးစေဘဲ … အရေးကြီးတာတွေကိုအရင်လုပ်ပြီး … တန်ဖိုးရှိအောင် လုပ်ကြပါစို့ …. ။

Credit – Aung Ko Latt (ရာမညမြေ)

[zawgyi]

တစ္ခါတုန္းက ဒသနိကေဗဒ ပါေမာကၡတစ္ေယာက္ က အတန္းမစခင္မွာ စားပြဲေပၚမွာ ပစၥည္း ပစၥယ တခ်ိဳ႕ တင္ၿပီးေတာ့ ရပ္ေနပါတယ္။ အတန္းလည္းစေရာ … ဘာမေျပာညာမေျပာ နဲ႔ ခရား အလြတ္တစ္ခု ကို ယူၿပီးေတာ့ ေက်ာက္ခဲေတြ ထည့္လိုက္ပါတယ္။ ၿပီးေတာ့ မွ “ဒီ ခရားက ျပည့္ေနၿပီလား” လို႔ ေက်ာင္းသားေတြကို ေမးလိုက္ပါတယ္ … ေက်ာင္းသား ေတြကလည္း “ျပည့္္ေနပါၿပီ” လို႔ ေျဖၾကပါတယ္ … ။ အဲဒါနဲ႔ ပါေမာကၡႀကီးက ေက်ာက္ စရစ္ခဲေလးေတြ ေကာက္ၿပီးတာ့ ခရားထဲကို ေလာင္းထည့္ လိုက္ပါတယ္ … ။ ခရားကို ျဖည္းျဖည္းျခင္း လႈပ္ၿပီးေတာ့ ဆက္ထည့္ပါတယ္ … ။ ေက်ာက္စရစ္ခဲေလး ေတြက ပထမ ထည့္ထားတဲ့ ေက်ာက္ခဲေတြၾကားက ေနရာလြတ္ေလးေတြကို … ရသေလာက္ ေနရာဝင္ယူ ၾကပါတယ္။ပါေမာကၡႀကီးက ေက်ာင္းသားေတြကို “ဒီ ခရားက ျပည့္ေနၿပီလား” လို႔ ဆက္ေမးျပန္ပါတယ္ … ။ေက်ာင္းသားေတြကလည္း “ျပည့္္ေနပါၿပီ” လို႔ ထပ္ေျဖၾကျပန္ပါတယ္ … ။ဆက္ၿပီးေတာ့ ပါေမာကၡႀကီးက သဲတစ္ဗူးကို ယူၿပီးေတာ့ ခရားထဲကို ေလာင္းထည့္ျပန္ပါတယ္ … ။ သဲေတြကလည္း ခရားထဲမွာရွိတဲ့ ေနရာလြတ္မွန္သမွ် ေနရာဝင္ယူလိုက္ပါတယ္ … ။ေနာက္ ထပ္တစ္ႀကိမ္ ဆက္ၿပီးေတာ့ ပါေမာကၡႀကီးက “ခရားက ျပည့္ၿပီလား” ေမးျပန္ပါတယ္ … ။ေက်ာင္းသားမ်ားကလည္း “ဟုတ္ကဲ့ပါ” လို႔ တစ္ညီတစ္ၫြတ္တည္း ေျဖၾကပါတယ္ … ။“ကဲ … ဒီခရားကို မင္းတို႔ ဘဝ လို႔ ဆိုၾကပါစို႔ … ေက်ာက္ခဲေတြက မင္းတို႔ဘဝရဲ႕ အေရးႀကီး တဲ့ အရာေတြပဲ … ဆိုလိုတာက ကိုယ့္ရဲ႕မိသားစု၊ က်န္းမာေရး၊ ေတြေပါ့ … က်န္တဲ့အရာေတြ ဆုံးရႈံးရင္ ေတာင္မွ အေရးႀကီးတာေတြက ကိုယ့္ဘဝထဲမွာ က်န္ေနေသးပါတယ္ … ။ ေက်ာက္စရစ္ခဲေတြကေတာ့ မင္းတို႔ရဲ႕ အလုပ္အကိုင္၊ အိမ္၊ ကား စတဲ့ အျခားကိစၥေတြေပါ့ … ၊ သဲေတြကေတာ့ ဘဝရဲ႕ အေသးအဖြဲ႕ကိစၥ ေလးေတြေပါ့ …တကယ္လို႔သာ မင္းတို႔က သဲေတြကိုသာ ခရားထဲကို အရင္ထည့္လိုက္မယ္ ဆိုရင္ ေက်ာက္ခဲေတြ၊ ေက်ာက္စရစ္ခဲေတြ ထည့္ဖို႔ ေနရာ ရွိမွာ မဟုတ္ေတာ့ဘူး … မင္းတို႔ရဲ႕ လုပ္ႏိုင္ သမွ် စြမ္းအားေတြ၊ အခ်ိန္ေတြကို အေသးအဖြဲ႕ ကိစၥေလးေတြအတြက္ပဲ အသုံးျပဳ လိုက္မယ္ဆိုရင္ အျခားအေရးႀကီးတဲ့ ကိစၥေတြကို လုပ္ႏိုင္ေတာ့မွာ မဟုတ္ေတာ့ပါဘူး ။ ဒါေၾကာင့္ အေရးႀကီးတာကို အရင္လုပ္ၾကပါ … ၊ မိသားစုကို အခ်ိန္ေပးပါ၊ အလုပ္ ကိစၥေတြကို ဂ႐ုစိုက္ပါ … က်န္တာေတြ ကေတာ့ သဲေတြလိုပါပဲ … ” လို႔ ပါေမာကၡႀကီးက ဆုံးမပါတယ္ … ။ကြၽန္ေတာ္တို႔ ဘဝေတြတိုင္းဟာ အခ်ိန္ေတြနဲ႔ တည္ေဆာက္ထားတာပါ … ကုန္လြန္သြားတဲ့ အခ်ိန္ေတြကို ျပန္လိုခ်င္လို႔ မရပါဘူး …ဒါေၾကာင့္မို႔ ရထားတဲ့ လူဘဝ အခ်ိန္ခဏေလးကို ဘဝအတြက္ အေရးမပါ တာေတြ နဲ႔ မကုန္ဆုံးေစဘဲ … အေရးႀကီးတာေတြကိုအရင္လုပ္ၿပီး … တန္ဖိုးရွိေအာင္ လုပ္ၾကပါစို႔ …. ။