အသက်ကို ဉာဏ်စောင့်

ဟိုးရှေးရှေးတုန်းက မြို့တစ်မြို့မှာ ကြက်တူရွေးချစ်တတ်တဲ့ ပုဏ္ဏားကြီးတစ်ယောက် ရှိတယ်.သူ့ဆီမှာအင်မတန်မှချစ်စရာကောင်းပြီး စ ကား အလွန်တတ်တဲ့ ကြက်တူရွေးလေး နှစ်ကောင်ရှိသတဲ့.ပုဏ္ဏားကြီးဟာ ကြက်တူရွေးလေး ၂ကောင်ကို အင်မတန်မှချစ်မြတ်နိုးတာကြောင့် သားသမီးအရင်းပမာဆက်ဆံတယ် .တနေ့တော့ပုဏ္ဏားကြီးဟာအခြားမြို့တစ်မြို့ကို အလုပ်ကိစ္စနဲ့ ညအိပ် ခရီးထွက်ဖို့ အကြောင်းပေါ်လာတယ် .ပုဏ္ဏားကြီးဟာ ခရီးထွက်ခါနီးမှာ ကြက်တူရွေး ညီနောင်ကို ပုဏ္ဏားမကြီး အားစောင့်ကြည့်ဖို့ မှာကြားခဲ့တယ်။အဲလိုနဲ့ ပုဏ္ဏားကြီးခရီးထွက်သွားပြီးမကြာခင်မှာ ပုဏ္ဏားမကြီးဟာ သူ့ရဲ့ လင်ငယ်နဲ့ဖောက်ပြန်ပါတော့ တယ်. ဒီအကြောင်းကိုသိတဲ့ကြက်တူရွေးညီနောင်ထဲမှ အ ငယ်ကောင်က ” သခင်မကြီး သင်သည် ပုဏ္ဏားကြီး ပေါ်တွင်သစ္စာဖောက်လေပြီ.ဤအကြောင်းအား ပုဏ္ဏားကြီး ပြန်လာက ငါတိုင်လတ္တံ ” လို့ပုဏ္ဏားမကြီးကို လှမ်းပြောတယ်.

ထိုအခါပုဏ္ဏားမကြီးက” အို.. ချစ်သား..သင်သည် စကားတတ်လှပေသည် ” ဟု ချော့မြူကာ ဖမ်းယူသတ်ဖြတ် လိုက်တော့သည်. ထို့နောက် ပုဏ္ဏားမကြီးက ကျန်ရှိသော ကြက်တူရွေးအား ” သင်ရောဘာမြင်သနည်း ” ဟုမေးလေသည်.ထိုအခါကြက်တူရွေးကစကားတစ်ခွန်းမှ မဆိုပဲ နှုတ်ဆိတ်၍သာနေလေသည်.ထို့ကြောင့် ပုဏ္ဏားမကြီးက. ဤအကောင်သည်ကား အသိဥာဏ် နည်းပါးသော တိရိစ္ဆာန်သာဖြစ်ပေလိမ့်မည်ဟု ဆိုကာ ထွက်ခွာသွားသည်..နောက်တစ်နေ့ ပုဏ္ဏားကြီး ပြန်ရောက်သောအခါ ကြက်တူရွေး ၂ ကောင်အနက် ၁ ကောင်သာ တွေ့မြင်ရသဖြင့် မေးမြန်းလေရာ ကြက်တူရွေးကသခင်ပုဏ္ဏားကြီး ကျွန်ုပ်၏ ညီငယ်သည် မှန်သောစကားအား အချိန်အခါမသင့်ပါပဲ ပြောဆိုမိသောကြောင့် သေဘေးနှင့်ကြုံတွေ့ခဲ့ရပေပြီ. ကျွန်ုပ်သည်ကား တိတ်ဆိတ်စွာပင် ရှင်သန်နေထိုင်လို၏. ထို့ကြောင့် သခင်ပုဏ္ဏားကြီး ကျွန်ုပ်အား မေးမြန်းခြင်း တစုံတရာမပြုပါနှင့်လို့ ပြောကာ တိတ်ဆိတ်စွာနေထိုင်သွားလေတော့သတဲ့..။ အတွေးတစ်ခုရ ကြပါစေ..။ ကိုးကား.. ဆရာ နန္ဒသိန်းဇံ၏ မှန်သောစကားပြောဆိုခြင်း၏အကျိုးအပြစ်များစာအုပ်မှကိုးကားရေးသားတင်ပြသည်..။

မူရင်း Credit

[zawgyi]

ဟိုးေရွးေရွးတုန္းက ၿမိဳ႕တစ္ၿမိဳ႕မွာ ၾကက္တူေ႐ြးခ်စ္တတ္တဲ့ ပုဏၰားႀကီးတစ္ေယာက္ ရွိတယ္.သူ႔ဆီမွာအင္မတန္မွခ်စ္စရာေကာင္းၿပီး စ ကား အလြန္တတ္တဲ့ ၾကက္တူေ႐ြးေလး ႏွစ္ေကာင္ရွိသတဲ့.ပုဏၰားႀကီးဟာ ၾကက္တူေ႐ြးေလး ၂ေကာင္ကို အင္မတန္မွခ်စ္ျမတ္ႏိုးတာေၾကာင့္ သားသမီးအရင္းပမာဆက္ဆံတယ္ .တေန႔ေတာ့ပုဏၰားႀကီးဟာအျခားၿမိဳ႕တစ္ၿမိဳ႕ကို အလုပ္ကိစၥနဲ႔ ညအိပ္ ခရီးထြက္ဖို႔ အေၾကာင္းေပၚလာတယ္ .ပုဏၰားႀကီးဟာ ခရီးထြက္ခါနီးမွာ ၾကက္တူေ႐ြး ညီေနာင္ကို ပုဏၰားမႀကီး အားေစာင့္ၾကည့္ဖို႔ မွာၾကားခဲ့တယ္။အဲလိုနဲ႔ ပုဏၰားႀကီးခရီးထြက္သြားၿပီးမၾကာခင္မွာ ပုဏၰားမႀကီးဟာ သူ႔ရဲ႕ လင္ငယ္နဲ႔ေဖာက္ျပန္ပါေတာ့ တယ္. ဒီအေၾကာင္းကိုသိတဲ့ၾကက္တူေ႐ြးညီေနာင္ထဲမွ အ ငယ္ေကာင္က ” သခင္မႀကီး သင္သည္ ပုဏၰားႀကီး ေပၚတြင္သစၥာေဖာက္ေလၿပီ.ဤအေၾကာင္းအား ပုဏၰားႀကီး ျပန္လာက ငါတိုင္လတၱံ ” လို႔ပုဏၰားမႀကီးကို လွမ္းေျပာတယ္.ထိုအခါပုဏၰားမႀကီးက” အို.. ခ်စ္သား..သင္သည္ စကားတတ္လွေပသည္ ” ဟု ေခ်ာ့ျမဴကာ ဖမ္းယူသတ္ျဖတ္ လိုက္ေတာ့သည္. ထို႔ေနာက္ ပုဏၰားမႀကီးက က်န္ရွိေသာ ၾကက္တူေ႐ြးအား ” သင္ေရာဘာျမင္သနည္း ” ဟုေမးေလသည္.ထိုအခါၾကက္တူေ႐ြးကစကားတစ္ခြန္းမွ မဆိုပဲ ႏႈတ္ဆိတ္၍သာေနေလသည္.ထို႔ေၾကာင့္ ပုဏၰားမႀကီးက. ဤအေကာင္သည္ကား အသိဥာဏ္ နည္းပါးေသာ တိရိစာၦန္သာျဖစ္ေပလိမ့္မည္ဟု ဆိုကာ ထြက္ခြာသြားသည္..ေနာက္တစ္ေန႔ ပုဏၰားႀကီး ျပန္ေရာက္ေသာအခါ ၾကက္တူေ႐ြး ၂ ေကာင္အနက္ ၁ ေကာင္သာ ေတြ႕ျမင္ရသျဖင့္ ေမးျမန္းေလရာ ၾကက္တူေ႐ြးကသခင္ပုဏၰားႀကီး ကြၽႏ္ုပ္၏ ညီငယ္သည္ မွန္ေသာစကားအား အခ်ိန္အခါမသင့္ပါပဲ ေျပာဆိုမိေသာေၾကာင့္ ေသေဘးႏွင့္ႀကဳံေတြ႕ခဲ့ရေပၿပီ. ကြၽႏ္ုပ္သည္ကား တိတ္ဆိတ္စြာပင္ ရွင္သန္ေနထိုင္လို၏. ထို႔ေၾကာင့္ သခင္ပုဏၰားႀကီး ကြၽႏ္ုပ္အား ေမးျမန္းျခင္း တစုံတရာမျပဳပါႏွင့္လို႔ ေျပာကာ တိတ္ဆိတ္စြာေနထိုင္သြားေလေတာ့သတဲ့..။ အေတြးတစ္ခုရ ၾကပါေစ..။ ကိုးကား.. ဆရာ နႏၵသိန္းဇံ၏ မွန္ေသာစကားေျပာဆိုျခင္း၏အက်ိဳးအျပစ္မ်ားစာအုပ္မွကိုးကားေရးသားတင္ျပသည္..။