အသက်ကြီးမှာ နောင်တမရ ရလေအောင် ငယ်တုန်းရွယ်တုန်းမှာ လုပ်ထားသင့်တဲ့ အချက် (၅) ချက်

တစ်ချို့လူတွေဟာ အသက်ကြီးလာမှ ငယ်ရွယ်စဉ်က မလုပ်လိုက်ရတဲ့အရာတွေအတွက် “နောင်တ”တွေ ရတတ်ကြပါတယ်။ အခုဖော်ပြထားတဲ့အချက်တွေကို မလုပ်လိုက်ရဘဲ့ အသက်အရွယ်ကြီးလာတဲ့အခါကျမှ “နောင်တ”တွေ မရအောင် အခုအချိန်ကစပြီးတော့ လုပ်ထားဖို့ လိုပါတယ်။၁။ ခရီးမသွားတာ – ငယ်ရွယ်တဲ့အချိန်၊ သွားနိုင်လာနိုင်တဲ့အချိန်မှာ ခရီးတွေထွက်ပြီး နေရာသစ်တွေကို မသွားခဲ့ရတာ နောင် တရပါတယ်။ သူများထက် ပိုလုပ်မှ သူများထက် ပိုရမယ်ဆိုတဲ့ အတွေးကြီးရှိနေတာကြောင့် အလုပ်ထဲမှာပဲ နှစ်ထားမိခဲ့ပါတယ်။ ဒါပေမဲ့ ရင့်ကျင်လာတဲ့အချိန်မှ မသွားခဲ့ရတာကို နောင်တရပါလိမ့်မယ်။၂။ လုံလောက်တဲ့ပျော်ရွင်မှု – ပထမတစ်ချက်လိုပါပဲ။ ငွေနဲ့ အလုပ်ကိုသာ ကြည့်ပြီး သူများလို ပျော်ရွှင်မှု မရခဲ့တာပါ။ ငယ်ငယ်တုန်းက အကြောင်းတွေ ပြန်ပြောတဲ့အခါ သူငယ်ချင်းတွေနဲ့ လုပ်ခဲ့ရတဲ့ ပျော်ရွှင်မှုမျိုး၊ စွန့်စားမှုမျိုး၊ ကြည်နူးမှုမျိုး မရှိတာ ဝမ်းနည်းစရာပါ။

၃။ သူငယ်ချင်း – သဘောထားချင်းမတိုက်ဆိုင်လို့ပဲဖြစ်ဖြစ် ခံယူချက်ခြင်းမတူကြောင့်ပဲဖြစ်ဖြစ် ဘာကြောင့်ပဲဖြစ်ဖြစ် အချစ်ဆုံး သူ ငယ်ချင်းတွေ၊ သူငယ်ချင်းဟောင်းတွေနဲ့ အဆက်အသွယ်ဖြတ်ခဲ့မိတာကို ကြီးလာမှ နောင်တရတတ်ပါတယ်။၄။ ခံစားချက် – ခံစားချက်အစစ်ကို အမှန်တိုင်း မပြခဲ့ရတာကို နောင် တရတတ်ပါတယ်။ လူတွေဟာ သူတို့ကို မာကြောတဲ့လူလို့ ထင်စေချင်တာကြောင့် ငိုရမယ့် အချိန်မှာ မငိုခဲ့ပါဘူး။ တောင်းပန်ရမယ့် အချိန်မှာ မတောင်းပန် ခဲ့ကြပါဘူး။ ဒီလို အပြုအမူကြောင့် မိသားစုနဲ့၊ အချစ်ဆုံးလူနဲ့ စတဲ့အရာတွေနဲ့ နီးလျက်နဲ့ ဝေးနေကြရတတ်ပါတယ်။ ၅။ အလုပ် – မကြိုက်တဲ့အလုပ်၊ ကိုယ်နဲ့ မကိုက်တဲ့အလုပ်မှန်း သိပေမဲ့ သက်သာသလိုနေခဲ့ရာက အသက်ကြီးမှ ခွာလို့ မရမှန်းသိတဲ့အခါ နောင် တရတတ်ပါတယ်။

Credit: မူရင်း

[zawgyi]

တစ္ခ်ိဳ႕လူေတြဟာ အသက္ႀကီးလာမွ ငယ္႐ြယ္စဥ္က မလုပ္လိုက္ရတဲ့အရာေတြအတြက္ “ေနာင္တ”ေတြ ရတတ္ၾကပါတယ္။ အခုေဖာ္ျပထားတဲ့အခ်က္ေတြကို မလုပ္လိုက္ရဘဲ့ အသက္အ႐ြယ္ႀကီးလာတဲ့အခါက်မွ “ေနာင္တ”ေတြ မရေအာင္ အခုအခ်ိန္ကစၿပီးေတာ့ လုပ္ထားဖို႔ လိုပါတယ္။၁။ ခရီးမသြားတာ – ငယ္႐ြယ္တဲ့အခ်ိန္၊ သြားႏိုင္လာႏိုင္တဲ့အခ်ိန္မွာ ခရီးေတြထြက္ၿပီး ေနရာသစ္ေတြကို မသြားခဲ့ရတာ ေနာင္တရပါတယ္။ သူမ်ားထက္ ပိုလုပ္မွ သူမ်ားထက္ ပိုရမယ္ဆိုတဲ့ အေတြးႀကီးရွိေနတာေၾကာင့္ အလုပ္ထဲမွာပဲ ႏွစ္ထားမိခဲ့ပါတယ္။ ဒါေပမဲ့ ရင့္က်င္လာတဲ့အခ်ိန္မွ မသြားခဲ့ရတာကို ေနာင္တရပါလိမ့္မယ္။၂။ လုံေလာက္တဲ့ေပ်ာ္႐ြင္မႈ – ပထမတစ္ခ်က္လိုပါပဲ။ ေငြနဲ႔ အလုပ္ကိုသာ ၾကည့္ၿပီး သူမ်ားလို ေပ်ာ္႐ႊင္မႈ မရခဲ့တာပါ။ ငယ္ငယ္တုန္းက အေၾကာင္းေတြ ျပန္ေျပာတဲ့အခါ သူငယ္ခ်င္းေတြနဲ႔ လုပ္ခဲ့ရတဲ့ ေပ်ာ္႐ႊင္မႈမ်ိဳး၊ စြန္႔စားမႈမ်ိဳး၊ ၾကည္ႏူးမႈမ်ိဳး မရွိတာ ဝမ္းနည္းစရာပါ။၃။ သူငယ္ခ်င္း – သေဘာထားခ်င္းမတိုက္ဆိုင္လို႔ပဲျဖစ္ျဖစ္ ခံယူခ်က္ျခင္းမတူေၾကာင့္ပဲျဖစ္ျဖစ္ ဘာေၾကာင့္ပဲျဖစ္ျဖစ္ အခ်စ္ဆုံး သူ ငယ္ခ်င္းေတြ၊ သူငယ္ခ်င္းေဟာင္းေတြနဲ႔ အဆက္အသြယ္ျဖတ္ခဲ့မိတာကို ႀကီးလာမွ ေနာင္တရတတ္ပါတယ္။၄။ ခံစားခ်က္ – ခံစားခ်က္အစစ္ကို အမွန္တိုင္း မျပခဲ့ရတာကို ေနာင္ တရတတ္ပါတယ္။ လူေတြဟာ သူတို႔ကို မာေၾကာတဲ့လူလို႔ ထင္ေစခ်င္တာေၾကာင့္ ငိုရမယ့္ အခ်ိန္မွာ မငိုခဲ့ပါဘူး။ ေတာင္းပန္ရမယ့္ အခ်ိန္မွာ မေတာင္းပန္ ခဲ့ၾကပါဘူး။ ဒီလို အျပဳအမူေၾကာင့္ မိသားစုနဲ႔၊ အခ်စ္ဆုံးလူနဲ႔ စတဲ့အရာေတြနဲ႔ နီးလ်က္နဲ႔ ေဝးေနၾကရတတ္ပါတယ္။ ၅။ အလုပ္ – မႀကိဳက္တဲ့အလုပ္၊ ကိုယ္နဲ႔ မကိုက္တဲ့အလုပ္မွန္း သိေပမဲ့ သက္သာသလိုေနခဲ့ရာက အသက္ႀကီးမွ ခြာလို႔ မရမွန္းသိတဲ့အခါ ေနာင္ တရတတ္ပါတယ္။