အသီးအရွက်လေးတွေကို ကြာရှည်ခံအောင် ထားနည်း

ဒီတစ်ခါမှာတော့ အသီးအရွက်လေးတွေ ကြာရှည်ခံအောင် ထိမ်းသိမ်းနည်းလေး ဗဟုသုတအနေနဲ့ မျှဝေပေးသွားပါမယ်နော်။ ဒီနည်းက ၁၀ရက်ကနေ ၁၅ရက်လောက်ထိ အထားခံပါတယ်ရှင်..။စျေးကဝယ်လာတဲ့အသီးအရွွက်တွေကို ရေမဆေးသေးဘဲ သတင်းစာ စက္ကူဖြင့် လုံအောင်ထုပ်ပြီး ရေခဲသေတ္တာထဲထည့်သိမ်းထားရင် ပုံမှန် ထက် အထားပိုခံပါတယ်နော်..။ခုလိုအချိန်မျိုးမှာအပြင်ကိုနေ့တိုင်းမသွားသင့် စျေးထွက်မဝယ်သင့်တာမို့ ဒီနည်းလေးက အသုံးဝင်မယ်ထင်ပါတယ်နော်..။ရေခဲသေတ္တာ မရှိတဲ့နေရာမျိုးမှာဆိုသတင်းစာစက္ကူ မသုံးပဲပုဆိုးခြမ်း (သို့)အဝတ်ရေစိုဖြင့် ပတ်ထားပြီး သိမ်းထားလို့ရပါတယ်နော်..။

ရေစိုအဝတ်ဆိုတာက အဝတ်ကိုရေ ရွှဲရွှဲကြီးမဟုတ်ပဲ မစိုမခြောက်လေး ညှစ်ပြီးပတ်ထားဖို့ကိုဆိုလိုတာပါနော်..။ကြက်သွန်ဖြူ/ကြက်သွန်နီ/အာလူး/ ဂျင်း (ချင်း) တို့ကို လေဝင် လေထွက်ရှိစေတဲ့ ခြင်းတွေနဲ့ ထည့်ထားပါ။ကန်ဇွန်းဥ/ပိန်းဥ/ပြောင်းဖူးတို့ကို အပြင်မှာပဲထားပြီးခြောက်မသွားရအောင် အဝတ်ရေစိုနဲ့ အုပ်ထားပါ။နေ့စဉ် နေ့တိုင်း အခြောက်အခြမ်းတွေပဲ ရေရှည်မှာ မစားနိုင်ပါဘူး ကျန်းမာရေးအတွွက်လဲမကောင်းပါဘူး။စိမ်းစိမ်းစိုစိုလေးတွေ အမြဲချက်စားလို့ရအောင် တခါစျေးဝယ်ထားပြီး သိမ်းထားရင် ၁၅ရက်လောက်အေးဆေး ဖြည်းဖြည်းခြင်း ချက်စားလို့ရပါတယ်နော်…။

မူရင်း Credit

[zawgyi]

ဒီတစ္ခါမွာေတာ့ အသီးအ႐ြက္ေလးေတြ ၾကာရွည္ခံေအာင္ ထိမ္းသိမ္းနည္းေလး ဗဟုသုတအေနနဲ႔ မွ်ေဝေပးသြားပါမယ္ေနာ္။ ဒီနည္းက ၁၀ရက္ကေန ၁၅ရက္ေလာက္ထိ အထားခံပါတယ္ရွင္..။ေစ်းကဝယ္လာတဲ့အသီးအ႐ြြက္ေတြကို ေရမေဆးေသးဘဲ သတင္းစာ စကၠဴျဖင့္ လုံေအာင္ထုပ္ၿပီး ေရခဲေသတၱာထဲထည့္သိမ္းထားရင္ ပုံမွန္ ထက္ အထားပိုခံပါတယ္ေနာ္..။ခုလိုအခ်ိန္မ်ိဳးမွာအျပင္ကိုေန႔တိုင္းမသြားသင့္ ေစ်းထြက္မဝယ္သင့္တာမို႔ ဒီနည္းေလးက အသုံးဝင္မယ္ထင္ပါတယ္ေနာ္..။ေရခဲေသတၱာ မရွိတဲ့ေနရာမ်ိဳးမွာဆိုသတင္းစာစကၠဴ မသုံးပဲပုဆိုးျခမ္း (သို႔)အဝတ္ေရစိုျဖင့္ ပတ္ထားၿပီး သိမ္းထားလို႔ရပါတယ္ေနာ္..။ေရစိုအဝတ္ဆိုတာက အဝတ္ကိုေရ ႐ႊဲ႐ႊဲႀကီးမဟုတ္ပဲ မစိုမေျခာက္ေလး ညႇစ္ၿပီးပတ္ထားဖို႔ကိုဆိုလိုတာပါေနာ္..။ၾကက္သြန္ျဖဴ/ၾကက္သြန္နီ/အာလူး/ ဂ်င္း (ခ်င္း) တို႔ကို ေလဝင္ ေလထြက္ရွိေစတဲ့ ျခင္းေတြနဲ႔ ထည့္ထားပါ။ကန္ဇြန္းဥ/ပိန္းဥ/ေျပာင္းဖူးတို႔ကို အျပင္မွာပဲထားၿပီးေျခာက္မသြားရေအာင္ အဝတ္ေရစိုနဲ႔ အုပ္ထားပါ။ေန႔စဥ္ ေန႔တိုင္း အေျခာက္အျခမ္းေတြပဲ ေရရွည္မွာ မစားႏိုင္ပါဘူး က်န္းမာေရးအတြြက္လဲမေကာင္းပါဘူး။စိမ္းစိမ္းစိုစိုေလးေတြ အၿမဲခ်က္စားလို႔ရေအာင္ တခါေစ်းဝယ္ထားၿပီး သိမ္းထားရင္ ၁၅ရက္ေလာက္ေအးေဆး ျဖည္းျဖည္းျခင္း ခ်က္စားလို႔ရပါတယ္ေနာ္…။