အိမ်တောင် လူမိုက် ဘူးမစိုက်နဲ့ ဆိုရိုးစကားအဓိပ္ပါယ်

သည်စကားပုံလေး ငယ်စဉ်ကပင်ကြားဖူးခဲ့ပါ၏။ သို့သော် ဆိုလိုရင်းကို ဝေဝါးစွာပင်.. အိမ် ထောင်ကျပြီး ဘူးစိုက်ရင် လူမိုက်လား…? လူလိမ္မာ မှ စိုက်ရမည်လား …? စသ ဖြင့်..အမှတ်မထင် ဆရာကြီး(စစ်ကိုင်းဦးဖိုးသင်း)၏ ဆောင်းပါးကို ဖတ်မိ၍ ဆိုလိုရင်း အမှန်ကို သိရတော့ သည် ။ဘူးပင်ကို အိမ်ဝင်းများအတွင်း မိုးအခါ စိုက်ပျိုးတတ်သည် ။ ဆောင်းအခါတော့ ကိုင်းဘူးပေါ့ ။မိုးတွင်း လေတိုက်ခတ်ရာ အရပ်မှာတောင်လေ၊ အနောက်တောင်လေများတိုက်ခတ်ပါ သည် ။ဘူးပင်သည် နေ့အခါနိုက်ထရိုဂျင်ကို ရှူသွင်းပြီး အောက်စီဂျင်ကိုထုတ်ပါသည် ။

ည အခါတွင်မတော့ အောက်စီဂျင်ကို ရှူသွင်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုထုတ်လွှတ်ပါသတဲ့ ။ ကာဗွန်ဒိုင်အောက်ဆိုဒ်သည် အဆိပ်ဓါတ်။ ထို့ကြောင့် အိမ်တောင်ဘက်တွင် ဘူးပင် စိုက်မိလျှင် ညအခါ ဘူးပင်မှလာသော လေသည် (လေဆိုး ) အဆိပ်ဓါတ်ပါပဲ ။ကြာသောအခါ ကျန်းမာရေးထိခိုက် ရောဂါမျိုးစုံ ဝင်နိုင်ပါသတဲ့ ။သည်အကြောင်းကြောင့်ပင် မိမိအိမ်တွင် ဘူးပင်စိုက်ပျိုးပါက အိမ်၏တောင်ဘက်အရပ်တွင် ဘူးပင် မစိုက်ပျိုးသင့်ကြောင်းကို…“အိမ်တောင်လူ မိုက် ဘူးမစိုက်နှင့်” ဟူသော စာချိုးဖြင့် ရှေးပညာရှိများက ဆုံးမခဲ့ပါကြောင်း ။ ။

မူရင်း Credit

[zawgyi]

သည္စကားပုံေလး ငယ္စဥ္ကပင္ၾကားဖူးခဲ့ပါ၏။ သို႔ေသာ္ ဆိုလိုရင္းကို ေဝဝါးစြာပင္ ….အိမ္ေထာင္က်ၿပီး ဘူးစိုက္ရင္ လူမိုက္လား…? လူလိမၼာ မွ စိုက္ရမည္လား …? စသျဖင့္..အမွတ္မထင္ ဆရာႀကီး(စစ္ကိုင္းဦးဖိုးသင္း)၏ ေဆာင္းပါးကို ဖတ္မိ၍ ဆိုလိုရင္း အမွန္ကို သိရေတာ့သည္ ။ဘူးပင္ကို အိမ္ဝင္းမ်ားအတြင္း မိုးအခါ စိုက္ပ်ိဳးတတ္သည္ ။ ေဆာင္းအခါေတာ့ ကိုင္းဘူးေပါ့ ။မိုးတြင္း ေလတိုက္ခတ္ရာ အရပ္မွာေတာင္ေလ၊ အေနာက္ေတာင္ေလမ်ားတိုက္ခတ္ပါသည္ ။ဘူးပင္သည္ ေန႔အခါႏိုက္ထ႐ိုဂ်င္ကို ရႉသြင္းၿပီး ေအာက္စီဂ်င္ကိုထုတ္ပါသည္ ။ည အခါတြင္မေတာ့ ေအာက္စီဂ်င္ကို ရႉသြင္းၿပီး ကာဗြန္ဒိုင္ေအာက္ဆိုဒ္ကိုထုတ္လႊတ္ပါသတဲ့ ။ ကာဗြန္ဒိုင္ေအာက္ဆိုဒ္သည္ အဆိပ္ဓါတ္။ ထို႔ေၾကာင့္ အိမ္ေတာင္ဘက္တြင္ ဘူးပင္ စိုက္မိလွ်င္ ညအခါ ဘူးပင္မွလာေသာ ေလသည္ (ေလဆိုး ) အဆိပ္ဓါတ္ပါပဲ ။ၾကာေသာအခါ က်န္းမာေရးထိခိုက္ ေရာဂါမ်ိဳးစုံ ဝင္ႏိုင္ပါသတဲ့ ။သည္အေၾကာင္းေၾကာင့္ပင္ မိမိအိမ္တြင္ ဘူးပင္စိုက္ပ်ိဳးပါက အိမ္၏ေတာင္ဘက္အရပ္တြင္ ဘူးပင္ မစိုက္ပ်ိဳးသင့္ေၾကာင္းကို…“အိမ္ေတာင္လူ မိုက္ ဘူးမစိုက္ႏွင့္” ဟူေသာ စာခ်ိဳးျဖင့္ ေရွးပညာရွိမ်ားက ဆုံးမခဲ့ပါေၾကာင္း ။ ။