အိမ်မှာနေရင်း လုပ်စားလို့ရတဲ့ ကြက်ချဉ်စပ် ဟော့ပေါ့ပြုလုပ်နည်းလေး

စာဖတ်သူတို့ကို ဒီတစ်ခါမှာတော့ အိမ်မှာနေရင်း လုပ်စားလို့ရတဲ့ ကြက်ချဉ်စပ်ဟော့ပေါ့ လုပ်နည်းလေးကို မျှဝေပေးပါမယ်နော်..။ပါဝင်ပစ္စည်းတွေကတော့ – ကြက်သား(လူ၄ယောက်စာဗမာကြက်တစ်ကောင်ထည့်ပါတယ် စားမယ့်လူပမာဏနဲ့ချိန်ပြီးကြိုက်သလောက်ထည့်ပေါ့နော်)။ကြက်သွန်ဖြူ/ဂျင်းအနည်းငယ်။ဟော့ပေါ့အနှစ်ထုပ်(အခုပုံမှာပြထားတဲ့အနှစ်ထုပ်လေးကစျေးချိုပြီးခိုင်လီကြက်ချဉ်စပ်ဟော့ပေါ့အရသာနဲ့တော်တော်လေးဆင်ပါတယ်)။အခုချက်ပြထားတဲ့အိုးမျိုးဆိုရင်တော့တစ်ထုပ်ခွဲလောက်ထည့်ရပါတယ်။အသားမှုန့်/ဆားအနည်း ငယ်။CP chicken/pork sausage ကျန်တာတွေကတော့ပြောတော့ဘူးနော်။ကိုယ်ကြိုက်နှစ်သက်ရာအသား/ဟင်းသီးဟင်းရွက်အမျိုးမျိုးထည့်လို့ရပါတယ်(ကြက်ချဉ်စပ်ဟော့ပေါ့ဖြစ်တဲ့အတွက်ကြက်သားကတော့မပါမဖြစ်ပေါ့နော်)

ချက်ပြုတ်နည်း – -ဆီကိုအိုးကပ်တယ်ဆိုရုံလေးထည့်ပြီးဂျင်းနဲ့ကြက်သွန်ဖြူကိုဆီသတ်ပါ။-အနံ့လေးမွှေးလာပြီဆိုကြက်သားထည့်ပါ။(ကြက်သားကိုဆား/ဆနွင်း/အချိုမှုန့်အနဲငယ်ထည့်နယ်ထားပေးပါ)။-ကြက်သားအရောင်ပြောင်းပြီးအနဲငယ်ခြောက်လာပြီဆို ဟော့ပေါ့အနှစ်ထည့်ပါ ရေမထည့်သေးပဲကြက်သားနဲ့ဟော့ပေါ့အနှစ်ကို၅မိနစ်ခန့်ချက်ပေးပါ။ပြီးရင်ရေထည့်ပါကြက်သားကျက်စေရန်၁၀/၁၅မိနစ်ခန့်တည်ထားပေးပါ(ဒီအဆင့်မှာတခြားအသား/အသားလုံးစတဲ့ကျက်ဖို့လိုတဲ့အဆာပလာတွေထည့်ထားလို့ရပါပြီ)။-အပေါ့အငန်အတွက်အသားမှုန့်/ဆားကိုလိုသလောက်ထည့်ပေးပါ။ ရေဗွမ်းဗွမ်းဆူပြီးအသားတွေလဲကျက်ပြီဆိုရင်တော့မိမိကြိုက်နှစ်သက်ရာအရွက်တွေထည့်ပြီးသုံးဆောင်နိုင်ပါပြီ။

Credit မူရင်း

[zawgyi]

စာဖတ္သူတို႔ကို ဒီတစ္ခါမွာေတာ့ အိမ္မွာေနရင္း လုပ္စားလို႔ရတဲ့ ၾကက္ခ်ဥ္စပ္ေဟာ့ေပါ့ လုပ္နည္းေလးကို မွ်ေဝေပးပါမယ္ေနာ္..။ပါဝင္ပစၥည္းေတြကေတာ့ – ၾကက္သား(လူ၄ေယာက္စာဗမာၾကက္တစ္ေကာင္ထည့္ပါတယ္ စားမယ့္လူပမာဏနဲ႔ခ်ိန္ၿပီးႀကိဳက္သေလာက္ထည့္ေပါ့ေနာ္)။ၾကက္သြန္ျဖဴ/ဂ်င္းအနည္းငယ္။ေဟာ့ေပါ့အႏွစ္ထုပ္(အခုပုံမွာျပထားတဲ့အႏွစ္ထုပ္ေလးကေစ်းခ်ိဳၿပီးခိုင္လီၾကက္ခ်ဥ္စပ္ေဟာ့ေပါ့အရသာနဲ႔ေတာ္ေတာ္ေလးဆင္ပါတယ္)။အခုခ်က္ျပထားတဲ့အိုးမ်ိဳးဆိုရင္ေတာ့တစ္ထုပ္ခြဲေလာက္ထည့္ရပါတယ္။အသားမႈန္႔/ဆားအနည္းငယ္။CP chicken/pork sausage က်န္တာေတြကေတာ့ေျပာေတာ့ဘူးေနာ္။ကိုယ္ႀကိဳက္ႏွစ္သက္ရာအသား/ဟင္းသီးဟင္း႐ြက္အမ်ိဳးမ်ိဳးထည့္လို႔ရပါတယ္(ၾကက္ခ်ဥ္စပ္ေဟာ့ေပါ့ျဖစ္တဲ့အတြက္ၾကက္သားကေတာ့မပါမျဖစ္ေပါ့ေနာ္)ခ်က္ျပဳတ္နည္း – -ဆီကိုအိုးကပ္တယ္ဆို႐ုံေလးထည့္ၿပီးဂ်င္းနဲ႔ၾကက္သြန္ျဖဴကိုဆီသတ္ပါ။-အနံ႔ေလးေမႊးလာၿပီဆိုၾကက္သားထည့္ပါ။(ၾကက္သားကိုဆား/ဆႏြင္း/အခ်ိဳမႈန္႔အနဲငယ္ထည့္နယ္ထားေပးပါ)။-ၾကက္သားအေရာင္ေျပာင္းၿပီးအနဲငယ္ေျခာက္လာၿပီဆို ေဟာ့ေပါ့အႏွစ္ထည့္ပါ ေရမထည့္ေသးပဲၾကက္သားနဲ႔ေဟာ့ေပါ့အႏွစ္ကို၅မိနစ္ခန္႔ခ်က္ေပးပါ။ၿပီးရင္ေရထည့္ပါၾကက္သားက်က္ေစရန္၁၀/၁၅မိနစ္ခန္႔တည္ထားေပးပါ(ဒီအဆင့္မွာတျခားအသား/အသားလုံးစတဲ့က်က္ဖို႔လိုတဲ့အဆာပလာေတြထည့္ထားလို႔ရပါၿပီ)။-အေပါ့အငန္အတြက္အသားမႈန္႔/ဆားကိုလိုသေလာက္ထည့္ေပးပါ။ ေရဗြမ္းဗြမ္းဆူၿပီးအသားေတြလဲက်က္ၿပီဆိုရင္ေတာ့မိမိႀကိဳက္ႏွစ္သက္ရာအ႐ြက္ေတြထည့္ၿပီးသုံးေဆာင္ႏိုင္ပါၿပီ။