အိုတိုဂီယာ 2H ၊4H ၊ 4HLC ၊ 4LLC တို့အသုံးပြုနည်း
အော်တို ဂီယာ နင့် 2H / 4H ဆိုသည်မှာ – ပုံမှန်ဂီယာမှာ – (P) ဆိုတာပါကင် ရပ်ထားခြင်း။ (R) ဆိုတာနောက်ဆုတ်ခြင်း။ (N) ဆိုတာ NEUTRAL ဂီယာ လွတ်။ (D) ဆိုတာ DRIVEရှေ့သို့မောင်းနှင်ခြင်း။ (L) ဆိုတာ LOW နံပါတ် ၁ ဂီယာ။ (S) ဆိုတာ မြန်နှုန်းမြင့်ဂီယာ။ (M+/-) ဆိုတာ အော်တိုမှာ ကိုယ်တိုင် အတင်အချလုပ်ဂီယာ။(OD) ဆိုတာကတော့ သူကအမြန်လမ်းတွေ မှာ ယာဉ်ရဲ့ အရှိန်ကို ထိန်းပေးတဲ့အခါ မှာ သုံးတာဖြစ်ပြီး 4wheel drive တွေမှာ4WD system mode gearအပို ပါလေ့ရှိပါတယ်။
၁။ 2H၊ ၂။ 4H၊ ၃။ 4HLC၊ ၄။ 4LLC ဆိုပြီးတော့ပါလာတဲ့ကားတွေဆိုရင် – 2H ဆိုတာ နောက်ဘီးနှစ်ဘီးယက် စနစ်ဖြစ်ပါတယ် သူက ပုံမှန်လမ်းတွေမှာ ဆီစား သက်သက်သာသာ နဲ့ ပုံမှန် သွားစေပါတယ်။ 4 H ဆိုတာကတော့ ရှေ့ဘီး နောက်ဘီး နှစ်မျိုးလုံး စက်အားဖြင့်တွန်းယက် စေတာဖြစ်ပါတယ်ရာသီဥတုဆိုးဝါးချိန်မှာဆွဲအားညီမျှ စေဖို့ဖြစ်ပြီး4HLC ဆိုတာကတော့ center differential ကို lock လုပ်လိုက်တာပါ။ပြောရရင်ရှေ့ နောက် ဘီးတွေရဲ့လိမ်အားကို၅၀% စီမျှတအောင် လုပ်ဆောင်စေတာဖြစ်ပါတယ်။ အထူးသတိပေးချင်တာကကားရပ်ပြီးမှ ဒီ Mode ကိုချိန်းပေးရမှာပါ။ရွှံ့ နွံ့လမ်းကြမ်းတွေမှာသုံးတာဖြစ်ပါတယ်။4LLC ကတော့ Low range Gear lock center ဖြစ်စေပြီးသူ့ကိုသုံးတော့ မယ်ဆိုရင်ကားရပ်ပြီးမှ Gear modeကို ချိန်းပေးရမှာဖြစ်ပြီးတောတောင်ကုန်းတွေတက်တဲ့အခါသုံးပါတယ် ။
Credit – Tin Maung Aye‎
[zawgyi]