အိုမင်းသွားတဲ့ အာဇာနည် မြင်း

တခါတုန်းက တစ်နေ့ကို မိုင်တစ်ထောင်လောက်သွားနိုင်တဲ့ အာဇာနည်မြင်းပျိူလေးတစ်ကောင်ရှိတယ်။ သူ့ရဲ့ အရည်အချင်းကို သူက ဖော်ထုတ်ပြသဖို့ အခွင့်အရေးကိုလည်းစောင့်နေတယ်။ ကုန်သယ်တစ်ဦးလာပြောတယ်… မင်းငါနဲ့ လိုက်နိုင်မလား.။ မြင်းကခေါင်းခါပြီး ပြောတယ်။ ငါက တစ်နေ့ကို မိုင်တစ်ထောင်လောက်သွားနိုင်တဲ့ အာဇာနည်းမြင်းကွ.. ဘာဖြစ်လို့ ကုန်သည်တစ်ဦးနောက်ကိုလိုက်ပြီး ကုန်ထမ်းရမှာလဲ..။စစ်သားလာတယ်၊ ပြောတယ်၊ မင်းငါနဲ့လိုက်နိုင်မလား´မြင်းက ခေါင်းခါတယ်၊(ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့ အာဇာနည်မြင်းကွ… ဘယ်လိုဖြစ်လို သာမာန်စစ်သားတစ်ယောက်နောက်လိုက်ပြီး တိုက်ပွဲဝင်ရမှာလဲကွ? မုဆိုးလာတယ်၊ ပြောတယ်၊ မင်းငါနဲ့လိုက်နိုင်မလား.? မြင်းက ခေါင်းခါတယ်၊`ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့ အာဇာနည်မြင်းကွ… ဘယ်လိုဖြစ်လို မုဆိုးနဲ့အတူတူ ပင်ပန်းဆင်းရဲမှုဒဏ် ခံရမှာလဲကွ.? ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့ကုန်ဆုံးသွားသည်၊ ဒီမြင်းတစ်ကောင် သူနဲ့ တန်တဲ့အလုပ် ရှာမတွေ့သေးချေ။တစ်နေ့ ဘုရင်မင်းမြတ်အမိန့်ဖြင့် စစ်သူကြီးတစ်ယောက် အာဇာနည်မြင်းကို လိုအပ်ကြောင်း နေရာအနှံ့ ကြော်ငြာစာများ ကပ်ကာ လိုက်ရှာလေသည်။အာဇာနည်မြင်းက စစ်သူကြီးဆီသွားတွေ့ပြီး ပြောတယ်၊ ကျနော်က ခင်ဗျားတို့ရှာနေတဲ့ အာဇာနည်မြင်းပါ။

စစ်သူကြီးကမေးတယ်၊ဒါဆို မင်းငါတို့တိုင်းပြည်ရဲ့ တောတောင်ရေမြေနဲ့ လမ်းတွေကို နှံ့စပ်လား.? မြင်းက ခေါင်းခါတယ်၊ စစ်သူကြီးက ထပ်မေးတယ်၊ဒါဆို မင်းစစ်ပွဲဝင်ဖူးသလား.? စစ်ပွဲအတွေ့အကြုံရှိသလား.? မြင်းက ခေါင်းထပ်ခါတယ်၊ စစ်သူကြီးကထပ်မေးတယ်၊ဒါဆို မင်းတောထဲတောင်ထဲမှာ သားကောင်တွေနဲ့တွေ့တဲ့အခါ သခင့်အတွက် ရင်ဆိုင်တိုက်ခိုက်ပြီး ရုန်းထွက်ရဲသလား ´မြင်းက ခေါင်းထပ်ခါတယ်၊ စစ်သူကြီးကပြောတယ် ဒါဆို မင်းဘာအသုံးကျသေးသလဲ´မြင်းကပြောတယ် `ကျနော်နေ့ဘက်ဆို မိုင်တစ်ထောင်သွားနိင်ပြီး ညဘက်ဆို မိုင် ၈ ရာ သွားနိုင်တယ်၊ လေအဆန်မှာ အစုန်ထက်တောင်မှ အပြေးမြန်သေးတယ်´စစ်သူကြီးက မြင်းပေါ်ခွတက်စီးလိုက်တယ်၊ မြင်းကအားစိုက်ပြီး တစ်ဟုန်ထိုး ပြေးလိုက်တယ်၊ ဒါပေမယ့် ၁၀ လှမ်း လောက် ပဲ ပြေးရသေးတယ်၊ အမောဟိုက်ပြီး ကျောမှာ ချွေးတွေပျံလာတယ်၊ မင်းအိုသွားပြီ.. မပြေးနိုင်တော့ဘူး။ ဟုဆိုကာ စစ်သူကြီး လှည့်ထွက်သွားသည်။ Moral – ဒီနေ့ သင်လုပ်တဲ့ကိစ္စတစ်ခုဆီတိုင်းဟာ သာမန် ကြိုးစားနေတယ် ထင်ရပေမယ့် နောင်တစ်ချိန်အတွက် အင်အားလေး တစ်ခုဆိုတာ သိထားပါ၊ ဒီနေ့ သင်ဖြတ်ကျော်ရတဲ့ စိတ်ဆင်းရဲတဲ့ အတွေ့အကြုံတိုင်း၊ ငြင်းပယ်မှုတိုင်းဟာ အနာဂတ်အတွက် အုတ်မြစ်ချပ်လေးတွေပါ၊ အိုသွားတဲ့အချိန် မပြေးနိုင်တော့မှ မပြေးခဲ့ရလားလို့ နောင်တ မရပါနဲ့..။

Credit – မူရင်း

[zawgyi]

တခါတုန္းက တစ္ေန႔ကို မိုင္တစ္ေထာင္ေလာက္သြားႏိုင္တဲ့ အာဇာနည္ျမင္းပ်ိဴေလးတစ္ေကာင္ရွိတယ္။ သူ႔ရဲ႕ အရည္အခ်င္းကို သူက ေဖာ္ထုတ္ျပသဖို႔ အခြင့္အေရးကိုလည္းေစာင့္ေနတယ္။ ကုန္သယ္တစ္ဦးလာေျပာတယ္… မင္းငါနဲ႔ လိုက္ႏိုင္မလား.။ ျမင္းကေခါင္းခါၿပီး ေျပာတယ္။ ငါက တစ္ေန႔ကို မိုင္တစ္ေထာင္ေလာက္သြားႏိုင္တဲ့ အာဇာနည္းျမင္းကြ.. ဘာျဖစ္လို႔ ကုန္သည္တစ္ဦးေနာက္ကိုလိုက္ၿပီး ကုန္ထမ္းရမွာလဲ..။စစ္သားလာတယ္၊ ေျပာတယ္၊ မင္းငါနဲ႔လိုက္ႏိုင္မလား´ျမင္းက ေခါင္းခါတယ္၊(ငါက တစ္ေန႔မိုင္တစ္ေထာင္သြားႏိုင္တဲ့ အာဇာနည္ျမင္းကြ… ဘယ္လိုျဖစ္လို သာမာန္စစ္သားတစ္ေယာက္ေနာက္လိုက္ၿပီး တိုက္ပြဲဝင္ရမွာလဲကြ? မုဆိုးလာတယ္၊ ေျပာတယ္၊ မင္းငါနဲ႔လိုက္ႏိုင္မလား.? ျမင္းက ေခါင္းခါတယ္၊`ငါက တစ္ေန႔မိုင္တစ္ေထာင္သြားႏိုင္တဲ့ အာဇာနည္ျမင္းကြ… ဘယ္လိုျဖစ္လို မုဆိုးနဲ႔အတူတူ ပင္ပန္းဆင္းရဲမႈဒဏ္ ခံရမွာလဲကြ.? ဒီလိုနဲ႔ တစ္ေန႔ၿပီးတစ္ေန႔ကုန္ဆုံးသြားသည္၊ ဒီျမင္းတစ္ေကာင္ သူနဲ႔ တန္တဲ့အလုပ္ ရွာမေတြ႕ေသးေခ်။တစ္ေန႔ ဘုရင္မင္းျမတ္အမိန႔္ျဖင့္ စစ္သူႀကီးတစ္ေယာက္ အာဇာနည္ျမင္းကို လိုအပ္ေၾကာင္း ေနရာအႏွံ႔ ေၾကာ္ျငာစာမ်ား ကပ္ကာ လိုက္ရွာေလသည္။အာဇာနည္ျမင္းက စစ္သူႀကီးဆီသြားေတြ႕ၿပီး ေျပာတယ္၊ က်ေနာ္က ခင္ဗ်ားတို႔ရွာေနတဲ့ အာဇာနည္ျမင္းပါ။စစ္သူႀကီးကေမးတယ္၊ဒါဆို မင္းငါတို႔တိုင္းျပည္ရဲ႕ ေတာေတာင္ေရေျမနဲ႔ လမ္းေတြကို ႏွံ႔စပ္လား.? ျမင္းက ေခါင္းခါတယ္၊ စစ္သူႀကီးက ထပ္ေမးတယ္၊ဒါဆို မင္းစစ္ပြဲဝင္ဖူးသလား.? စစ္ပြဲအေတြ႕အႀကဳံရွိသလား.? ျမင္းက ေခါင္းထပ္ခါတယ္၊ စစ္သူႀကီးကထပ္ေမးတယ္၊ဒါဆို မင္းေတာထဲေတာင္ထဲမွာ သားေကာင္ေတြနဲ႔ေတြ႕တဲ့အခါ သခင့္အတြက္ ရင္ဆိုင္တိုက္ခိုက္ၿပီး ႐ုန္းထြက္ရဲသလား ´ျမင္းက ေခါင္းထပ္ခါတယ္၊ စစ္သူႀကီးကေျပာတယ္ ဒါဆို မင္းဘာအသုံးက်ေသးသလဲ´ျမင္းကေျပာတယ္ `က်ေနာ္ေန႔ဘက္ဆို မိုင္တစ္ေထာင္သြားနိင္ၿပီး ညဘက္ဆို မိုင္ ၈ ရာ သြားႏိုင္တယ္၊ ေလအဆန္မွာ အစုန္ထက္ေတာင္မွ အေျပးျမန္ေသးတယ္´စစ္သူႀကီးက ျမင္းေပၚခြတက္စီးလိုက္တယ္၊ ျမင္းကအားစိုက္ၿပီး တစ္ဟုန္ထိုး ေျပးလိုက္တယ္၊ ဒါေပမယ့္ ၁၀ လွမ္း ေလာက္ ပဲ ေျပးရေသးတယ္၊ အေမာဟိုက္ၿပီး ေက်ာမွာ ေခြၽးေတြပ်ံလာတယ္၊ မင္းအိုသြားၿပီ.. မေျပးႏိုင္ေတာ့ဘူး။ ဟုဆိုကာ စစ္သူႀကီး လွည့္ထြက္သြားသည္။ Moral – ဒီေန႔ သင္လုပ္တဲ့ကိစၥတစ္ခုဆီတိုင္းဟာ သာမန္ ႀကိဳးစားေနတယ္ ထင္ရေပမယ့္ ေနာင္တစ္ခ်ိန္အတြက္ အင္အားေလး တစ္ခုဆိုတာ သိထားပါ၊ ဒီေန႔ သင္ျဖတ္ေက်ာ္ရတဲ့ စိတ္ဆင္းရဲတဲ့ အေတြ႕အႀကဳံတိုင္း၊ ျငင္းပယ္မႈတိုင္းဟာ အနာဂတ္အတြက္ အုတ္ျမစ္ခ်ပ္ေလးေတြပါ၊ အိုသြားတဲ့အခ်ိန္ မေျပးႏိုင္ေတာ့မွ မေျပးခဲ့ရလားလို႔ ေနာင္တ မရပါနဲ႔..။