အဲယားကွန်း နှင့် နေသူများ သတိထားလိုက်နာသင့်တဲ့ အချက် (၃) ချက်

ရာသီဥတုကြောင့် ပူလောင်နေတဲ့ အခြေအနေတခုကို အဲယားကွန်းတွေက လျှော့ချပေးနိုင်တာကြောင့် နယ်ပယ်တစ်ခုအထိ နေရာယူလာကြပါပြီ။ အဲယားကွန်းက အပူဒဏ်ကနေ သက်သာတယ်ဆိုပေမယ့်အဲယားကွန်းခန်းထဲမှာပဲ အနေကြာလာရင်တော့ ကျန်းမာရေးအတွက် ဆိုးကျိုးတွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ဒါကြောင့်မို့လို့ အဲယားကွန်းခန်းထဲမှာပဲ အနေများသူတွေအနေနဲ့ ကျန်းမာရေးဆိုးကျိုးတွေ မဖြစ်ပေါ်ရအောင် သတိပြုလိုက်နာသင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။(၁) ရေများများသောက်ပါ – အဲယားကွန်းခန်းထဲမှာ အနေများခြင်းဟာ ခန္ဓာကိုယ် ရေဓာတ်ခမ်းခြောက်ခြင်းကို ဖြစ်ပေါ်စေနိုင်တာကြောင့် တတ်နိုင်သလောက် ရေများများ သောက်ပေးသင့်ပါတယ်။ ရေများများသောက်ပေးခြင်းဟာ ခန္ဓာကိုယ်ရေဓာတ် ခမ်းခြောက်ခြင်းကို ပြန်လည် ဖြည့်တင်းပေးနိုင်တဲ့အပြင် အဲယားကွန်းခန်းထဲမှာ အနေကြာခြင်းကြောင့် ဖြစ်တတ်တဲ့ အသားအရေ ခြောက်သွေ့ခြင်းတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။(၂) အဲယားကွန်းခန်းထဲကနေ ချက်ချင်း နေပူထဲ ထွက်တာမျိုးနဲ့ ဝင်တာမျိုးကို မပြုလုပ်ပါနဲ့ – အဲယားကွန်းခန်းထဲကနေ နေပူထဲကို ရုတ်တရက်ဆိုသလို ထွက်တာမျိုးနဲ့ နေပူထဲကနေ အဲယားကွန်းခန်းထဲကို ချက်ချင်းဝင်တာမျိုးဟာ နှာခေါင်းသွေးလျှံတာ၊ ဦးနှောက်သွေးကြောပြတ်တာ စတာမျိုးတွေကို ဖြစ်ပေါ်စေနိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

Air Cutter ရှိတဲ့နေရာမျိုးတွေမှာဆိုရင် အဲဒီနေရာမှာ ခဏလောက်ရပ်နေပြီးမှာ သွားလာတာမျိုးကို ပြုလုပ်ပေးသင့်ပါတယ်။(၃) လေကောင်းလေသန့် ထွက်ရှုပေးပါ – အဲယားကွန်းခန်းထဲမှာ အနေကြာခြင်းဟာအသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ဖြစ်ပေါ်စေနိုင်တာကြောင့်အပြင်ဘက်ကို လေကောင်းလေသန့် ထွက်ရှုပေးတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။ (၄) အဲယားကွန်းသန့်ရှင်းရေးကို ပုံမှန်ပြုလုပ်ပေးပါ – အဲယားကွန်းတွေဟာ အသုံးပြုတာကြာလာတာနဲ့အမျှ ဘက်တီးရီးယားနဲ့ မှိုတွေကို ပေါက်ဖွားစေနိုင်တာကြောင့် အဲယားကွန်းသန့်ရှင်းပြုလုပ်ဖို့ကို မမေ့လျော့သင့်ပါဘူး။အဲယားကွန်း ပုံမှန်သန့်ရှင်းရေး မပြုလုပ်ခြင်းကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေနဲ့ ဓာတ်မတည့်မှုကြောင့် အသားအရေ ယားယံတာမျိုးကို ဖြစ်ပေါ်စေနိုင်တာကြောင့် သတိထားပြီး ပြုလုပ်သင့်ပါပေတယ်။

Credit – Irrawaddy

[zawgyi]

ရာသီဥတုေၾကာင့္ ပူေလာင္ေနတဲ့ အေျခအေနတခုကို အဲယားကြန္းေတြက ေလွ်ာ့ခ်ေပးႏိုင္တာေၾကာင့္ နယ္ပယ္တစ္ခုအထိ ေနရာယူလာၾကပါၿပီ။ အဲယားကြန္းက အပူဒဏ္ကေန သက္သာတယ္ဆိုေပမယ့္အဲယားကြန္းခန္းထဲမွာပဲ အေနၾကာလာရင္ေတာ့ က်န္းမာေရးအတြက္ ဆိုးက်ိဳးေတြလည္း ျဖစ္ေပၚလာႏိုင္ပါတယ္။ဒါေၾကာင့္မို႔လို႔ အဲယားကြန္းခန္းထဲမွာပဲ အေနမ်ားသူေတြအေနနဲ႔ က်န္းမာေရးဆိုးက်ိဳးေတြ မျဖစ္ေပၚရေအာင္ သတိျပဳလိုက္နာသင့္တဲ့ အခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။(၁) ေရမ်ားမ်ားေသာက္ပါ – အဲယားကြန္းခန္းထဲမွာ အေနမ်ားျခင္းဟာ ခႏၶာကိုယ္ ေရဓာတ္ခမ္းေျခာက္ျခင္းကို ျဖစ္ေပၚေစႏိုင္တာေၾကာင့္ တတ္ႏိုင္သေလာက္ ေရမ်ားမ်ား ေသာက္ေပးသင့္ပါတယ္။ ေရမ်ားမ်ားေသာက္ေပးျခင္းဟာ ခႏၶာကိုယ္ေရဓာတ္ ခမ္းေျခာက္ျခင္းကို ျပန္လည္ ျဖည့္တင္းေပးႏိုင္တဲ့အျပင္ အဲယားကြန္းခန္းထဲမွာ အေနၾကာျခင္းေၾကာင့္ ျဖစ္တတ္တဲ့ အသားအေရ ေျခာက္ေသြ႕ျခင္းေတြကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။(၂) အဲယားကြန္းခန္းထဲကေန ခ်က္ခ်င္း ေနပူထဲ ထြက္တာမ်ိဳးနဲ႔ ဝင္တာမ်ိဳးကို မျပဳလုပ္ပါနဲ႔ – အဲယားကြန္းခန္းထဲကေန ေနပူထဲကို ႐ုတ္တရက္ဆိုသလို ထြက္တာမ်ိဳးနဲ႔ ေနပူထဲကေန အဲယားကြန္းခန္းထဲကို ခ်က္ခ်င္းဝင္တာမ်ိဳးဟာ ႏွာေခါင္းေသြးလွ်ံတာ၊ ဦးေႏွာက္ေသြးေၾကာျပတ္တာ စတာမ်ိဳးေတြကို ျဖစ္ေပၚေစႏိုင္တာေၾကာင့္ ေရွာင္ၾကဥ္သင့္ပါတယ္။Air Cutter ရွိတဲ့ေနရာမ်ိဳးေတြမွာဆိုရင္ အဲဒီေနရာမွာ ခဏေလာက္ရပ္ေနၿပီးမွာ သြားလာတာမ်ိဳးကို ျပဳလုပ္ေပးသင့္ပါတယ္။(၃) ေလေကာင္းေလသန႔္ ထြက္ရႈေပးပါ – အဲယားကြန္းခန္းထဲမွာ အေနၾကာျခင္းဟာအသက္ရႈလမ္းေၾကာင္းဆိုင္ရာ က်န္းမာေရးျပႆနာေတြကို ျဖစ္ေပၚေစႏိုင္တာေၾကာင့္အျပင္ဘက္ကို ေလေကာင္းေလသန႔္ ထြက္ရႈေပးတာမ်ိဳး ျပဳလုပ္ေပးသင့္ပါတယ္။ (၄) အဲယားကြန္းသန႔္ရွင္းေရးကို ပုံမွန္ျပဳလုပ္ေပးပါ – အဲယားကြန္းေတြဟာ အသုံးျပဳတာၾကာလာတာနဲ႔အမွ် ဘက္တီးရီးယားနဲ႔ မႈိေတြကို ေပါက္ဖြားေစႏိုင္တာေၾကာင့္ အဲယားကြန္းသန႔္ရွင္းျပဳလုပ္ဖို႔ကို မေမ့ေလ်ာ့သင့္ပါဘူး။အဲယားကြန္း ပုံမွန္သန႔္ရွင္းေရး မျပဳလုပ္ျခင္းေၾကာင့္ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ က်န္းမာေရးျပႆနာေတြနဲ႔ ဓာတ္မတည့္မႈေၾကာင့္ အသားအေရ ယားယံတာမ်ိဳးကို ျဖစ္ေပၚေစႏိုင္တာေၾကာင့္ သတိထားၿပီး ျပဳလုပ္သင့္ပါေပတယ္။