ဧည့်သည်လာရင် ဆန်မကုန်စေနဲ့ သမီး

တခါတုန်းက ရွာတစ်ရွာမှာ သားအဖ နှစ်ယောက် ရှိတယ်။ ဖအေတစ်ခု သမီးတစ်ခုပေါ့။ တစ်နေ့တော့အဖေဖြစ်သူက ခရီးသွားခါနီး သမီးဖြစ်သူကိုမှာခဲ့တယ်။‘‘ သမီးရေ တကယ်လို့များ အဖေမရှိခင် ဧည့်သည်လာခဲ့လို့ရှိရင် ထမင်းလေးတော့ ချက်ကျွေးလိုက်ပါ၊ တစ်ခုတော့ ရှိတယ် သမီးရေ ဆန်တော့ မကုန်ပါစေနဲ့နော်’’။ဒီတော့ သမီးက ဖခင်ကြီးကို ပြန်ပြောတယ်။ ‘‘ဖေဖေကလည်း ထမင်းချက်ကျွေးမှတော့ ဆန်ကုန်မှာပေါ့၊ မကုန်လို့ ဘယ်ဖြစ်မလဲ’’။‘‘သမီးရယ် ခက်လိုက်တာ၊ ထမင်းချက်ကျွေးမှတော့ ဆန်ကုန်မယ်ဆိုတာ ဖေဖေလည်း သိတာပေါ့၊ ဒါပေမဲ့သမီး စေတနာနဲ့ ချက်ကျွေးရင် ဆန်ကုန်ပေမဲ့ ကုသိုလ်တွေ ပြန်ရတယ်လေ၊ ဒါကြောင့် စေတနာနဲ့ လှူတဲ့အလှူကို ‘ဆန်မကုန်တဲ့ အ လှူ’ လို့ ခေါ်တယ် သမီး’’။

‘‘ စေတနာ မပါပဲ ချက်ကျွေးတော့ ကုသိုလ် မရဘူး၊ ဒါကြောင့် အဲဒီအလှူကို ဆန်ကုန်တဲ့အလှူလို့ ခေါ်တယ် သမီး’’။အဲ့ဒီလို ဖခင်ဖြစ်သူက ရှင်းပြလိုက်မှ သမီးဖြစ်သူလည်း သဘောပေါက်သွားတယ်။ဆိုလိုတာက ဘာပဲ ပေးပေး၊ ပေးမည့်အတူတူတော့ စေတနာလေး ထည့်လိုက် ပါ။ တခါတရံ လူမှုရေးအရ ပေးရတာ ရှိတယ်။ တခါတရံ လာအလှူခံလို့ ပေးရတာ ရှိတယ်။ ဘယ်လိုနေရာမှာ ပေးပေး၊ အဲ့ဒီလိုပေးတဲ့အခါမှာ စေတနာမပါရင် “ပေးကားပေး၏ မရ” ဆိုတာလို ဖြစ်သွားတယ်။ဒါကြောင့် ပေးမည့်အတူတူတော့ ပေးရကျိုးနပ်အောင် စေတနာလေး ထည့်လိုက်ပါ။ ဒါဆိုရင် ကိုယ့်အတွက် ကုသိုလ်ရသွားတယ်။ ” ပေးလဲပေး၏, ရလဲရ၏” ဖြစ်သွားတယ်။

Credit – သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ

[zawgyi]

တခါတုန္းက ႐ြာတစ္႐ြာမွာ သားအဖ ႏွစ္ေယာက္ ရွိတယ္။ ဖေအတစ္ခု သမီးတစ္ခုေပါ့။ တစ္ေန႔ေတာ့အေဖျဖစ္သူက ခရီးသြားခါနီး သမီးျဖစ္သူကိုမွာခဲ့တယ္။‘‘ သမီးေရ တကယ္လို႔မ်ား အေဖမရွိခင္ ဧည့္သည္လာခဲ့လို႔ရွိရင္ ထမင္းေလးေတာ့ ခ်က္ေကြၽးလိုက္ပါ၊ တစ္ခုေတာ့ ရွိတယ္ သမီးေရ ဆန္ေတာ့ မကုန္ပါေစနဲ႔ေနာ္’’။ဒီေတာ့ သမီးက ဖခင္ႀကီးကို ျပန္ေျပာတယ္။ ‘‘ေဖေဖကလည္း ထမင္းခ်က္ေကြၽးမွေတာ့ ဆန္ကုန္မွာေပါ့၊ မကုန္လို႔ ဘယ္ျဖစ္မလဲ’’။‘‘သမီးရယ္ ခက္လိုက္တာ၊ ထမင္းခ်က္ေကြၽးမွေတာ့ ဆန္ကုန္မယ္ဆိုတာ ေဖေဖလည္း သိတာေပါ့၊ ဒါေပမဲ့သမီး ေစတနာနဲ႔ ခ်က္ေကြၽးရင္ ဆန္ကုန္ေပမဲ့ ကုသိုလ္ေတြ ျပန္ရတယ္ေလ၊ ဒါေၾကာင့္ ေစတနာနဲ႔ လႉတဲ့အလႉကို ‘ဆန္မကုန္တဲ့ အ လႉ’ လို႔ ေခၚတယ္ သမီး’’။‘‘ ေစတနာ မပါပဲ ခ်က္ေကြၽးေတာ့ ကုသိုလ္ မရဘူး၊ ဒါေၾကာင့္ အဲဒီအလႉကို ဆန္ကုန္တဲ့အလႉလို႔ ေခၚတယ္ သမီး’’။အဲ့ဒီလို ဖခင္ျဖစ္သူက ရွင္းျပလိုက္မွ သမီးျဖစ္သူလည္း သေဘာေပါက္သြားတယ္။ဆိုလိုတာက ဘာပဲ ေပးေပး၊ ေပးမည့္အတူတူေတာ့ ေစတနာေလး ထည့္လိုက္ ပါ။ တခါတရံ လူမႈေရးအရ ေပးရတာ ရွိတယ္။ တခါတရံ လာအလႉခံလို႔ ေပးရတာ ရွိတယ္။ ဘယ္လိုေနရာမွာ ေပးေပး၊ အဲ့ဒီလိုေပးတဲ့အခါမွာ ေစတနာမပါရင္ “ေပးကားေပး၏ မရ” ဆိုတာလို ျဖစ္သြားတယ္။ဒါေၾကာင့္ ေပးမည့္အတူတူေတာ့ ေပးရက်ိဳးနပ္ေအာင္ ေစတနာေလး ထည့္လိုက္ပါ။ ဒါဆိုရင္ ကိုယ့္အတြက္ ကုသိုလ္ရသြားတယ္။ ” ေပးလဲေပး၏, ရလဲရ၏” ျဖစ္သြားတယ္။