၁၀ စက္ကန့် သာဆွဲရတဲ့ မီလီယံ ဒေါ်လာတန် ပန်းချီကား

တစ်နေ့မှာ ပန်းချီ ဆရာကြီး ပီကာဆို တစ်ယောက် လမ်းလျောက်နေရင်း ပီကာဆို မှန်း သတိပြုမိတဲ့ အမျိုးသမီး တစ်ယောက်က အပြေး အလွှား လာနူတ်ဆက်တယ်။ ကျမဟာ ဆရာကြီး ရဲ့ ပရိတ်သတ် တစ်ယောက်ပါ။ ဆရာကြီး ရဲ့ ပန်းချီတွေကို အရမ်းနှစ်သက်ပါတယ်။ကျမ အတွက် အမှတ်တရ ပန်းချီကား လေး တစ်ချပ် ဆွဲပေးပါလားလို့ တောင်းပန်လိုက်တယ်။ ပီကာဆို က တစ်ချက်ပြုံးလိုက်ပြီး ငါမှာ ပန်းချီး ဆွဲဖို့ ဘာမှ ပါမလာဘူး။ နောက်တစ်နေ့ အခွင့်သင့်မှ ဆွဲပေးမယ်လို့ ပြန်ပြောလိုက်တယ်။ ဒါပေမဲ့ ဟို အမျိုးသမီးက အနားက မခွာပဲ အခုပဲ အဆင်ပြောတာနဲ့ ဆွဲပေးပါ နောက်တစ်ကြိမ်ကြံုဖို့ဆိုတာ ဘယ်တော့မှန်း မသေချာလို့ပါ ဆိုပြီး အတင်းပေကပ်နေတယ်တဲ့..။အဲဒါနဲ့ ပီကာဆို လည်း မနေသာပဲ သူ့ အိပ်ကပ် ထဲက စာရွက်ပိုင်း လေးထဲမှာ ပုံတစ်ပုံဆွဲပေးလိုက်တယ်။ သူဆွဲလိုက်တာ ၁၀ စက္ကန့် လောက်ပဲ ကြာတယ်။ ပြီးတော့ ပီကာဆို က ဒီပုံကို ယူသွား ဒီပုံဟာ မီလီယံ ဒေါ်လာ နဲ့ ချီပြီး တန်တယ်လို့ ပြောလိုက်တယ်။ အမျိုးသမီး လည်း အံသြပြီး မယုံနိုင်အောင် ဖြစ်နေတာပေါ့..။ ၁၀ စက္ကန့်လောက်နဲ့ ဆွဲလိုက်တဲ့ ပန်းချီက ဒေါ်လာ မီလီယံ နဲ့ ချီပြီး တန်တယ်ဖြစ်နိုင်ပါ့ မလားပေါ့။အဲဒါ အိမ်ရောက်တော့လည်း ပီကာဆို က သူ့ကို နောက်လိုက်တယ်ပဲ ထင်နေတယ်။ နောက်တော့ မထူးပါဘူးဆိုပြီး အဲဒီပန်းချီးလေးကိုင်ပြီး ပန်းချီ ပြခန်း တွေမှာ လိုက်မေးတယ်။ သူမ မယုံကြည့်နိုင်လောက် သိလိုက်ရတာက အဲဒီ ၁၀ စက္ကန့် နဲ့ ဆွဲလိုက်တဲ့ ပန်းချီ လေးဟာ ဒေါ်လာ မီလီယံ နဲ့ ချီပြီး တန်နေတယ်တဲ့။အဲဒါနဲ့ သူမဟာ နောက်တစ်ကြိမ် ပီကာဆို ကို မတွေ့တွေ့အောင်ရှာပြီး တွေ့တာနဲ့ ဆရာကြီး ရှင် ဆရာကြီး ပြောလိုက်တဲ့ အတိုင်းပါပဲ.. ဆရာကြီးရဲ့ ပန်းချီ အပိုင်းအစ လေးဟာ ဒေါ်လာ မီလီယံ နဲ့ ချီပြီး တန်နေတယ်။ ပြီးတော့ သူမက ဆက်ပြီး ကျမ ဆရာကြီးရဲ့ တပြည့်ဖြစ်ပါရစေ… ကျမကို ဆရာကြီး လို ဖြစ်အောင် အချိန်တိုတိုအတွင်းမှာ တတ်အောင်သင်ကြားပေးပါ ဆိုပြီး တောင်းဆိုလိုက်တယ်။ပီကာဆို က ခပ်သာသာပြုံးလိုက်ပြီး သမီးငယ် ရေ ဒါမျိုး ၁၀ စက္ကန့် နဲ့ ဒေါ်လာ မီလီယံ နဲ့ ချီပြီး တန်တဲ့ ပန်းချီ ဆွဲတတ်ဖို့ ငါ့ ဘဝ တစ်ခုလုံးရင်းခဲ့ရတယ်။ အခက်အခဲတွေ ပင်ပန်းဆင်းရဲမှုတွေ စိတ်ပျက်မှုပေါင်း များစွာခံပြီးမှ ဒါမျိုးဆွဲတတ်လာတာပါ..။ မင်းရဲ့ ဘဝ တစ်ခုလုံးရင်းပြီး ဒီလို အခက်အခဲတွေ ပင်ပန်းဆင်းရဲမှုတွေ စိတ်ပျက်မှုတွေ ခါးဆီး ခံနိုင်မယ်ဆိုရင်တော့ ငါကလည်း သင်ပေးဖို့ အသင့်ပါလို့ ပြန်ပြောလိုက်တယ်။ပီကာဆို က ၁၀ စက္ကန့် နဲ့ ဒေါ်လာ မီလီယံ နဲ့ ချီပြီး တန်တဲ့ ပန်းချီကား ဆွဲခဲ့တာ အရမ်းလွယ်မယ် ထင်ခဲ့တဲ့ အမျိုးသမီးဟာ ပါးစပ် အဟောင်းသား ဖြစ်နေတာပေါ့..။

လူတော်တော်များများဟာ တခြားသူတစ်ယောက် အောင်မြင် ကြီးပွားနေတာတွေ့ရင် သူတို့လို့ပဲ အောင်မြင် ကြီးပွား ချင်ကြတယ်။ ဒါပေမဲ့ အဲဒီ့ အောင်မြင်ကြီးပွားသူတွေ ဘယ်လို အခက်အခဲတွေ ပင်ပန်းဆင်းရဲမှုတွေ ရင်ဆိုင်ခဲ့ရလည်းဆိုတာ သိပ်စိတ်မဝင်စားကြဘူး။ပီကာဆို ရဲ့ ဘဝ ကို လေ့လာကြည့်ရင် သူဟာ အသက် ၉၁ နှစ်မှာ ကွယ်လွန်ခဲ့တယ်။ သူဟာ ပန်းချီကားနဲ့ အနုပညာလက်ရာပေါင်း ၂ သောင်း ၆ ထောင် ကျော် (၂၆၀၇၅ ခု ) ဆွဲခဲ့တယ်လို့ မှတ်တမ်းတွေက ဆိုတယ်။ သူဟာ အသက် ၂၀ အရွယ်မှာ တန်းဝင် ပန်းချီ ဆရာ တစ်ယောက် ဖြစ်တယ် ဆိုပါဆို့ အသက် ၂၀ အရွယ်က နေ အသက် ၉၁ နှစ်အရွယ်ထိ နှစ်ပေါင်း ၇၁ နှစ်အတွင်း ရက်ပေါင်း ၂၅၉၁၅ ရက်နေသွားတယ်။ သူဆွဲခဲ့တဲ့ ပန်းချီပေါင်းက ၂ သောင်း ၆ ထောင်ကျော်ဆိုတော့ တစ်ရက်ကို တန်းဝင် ပန်းချီကား အသစ် တစ်ခုမက ဆွဲခဲ့တယ်လို့ ယေဘုယျ တွက်ကြည့်လို့ရတယ်။စဉ်းစား ကြည့်ရင် အံသြစရာ သူရဲ့ လုပ်အားနှုန်းကိုတွေ့ရတယ်။ အခုခေတ် ပန်းချီ ဆရာတွေဟာ သူ့ရဲ့ ကျော်ကြားမှုနဲ့ သူ့လက်ရာတွေ မှီဖို့ကို မဆိုထားနဲ့ သူ့လို တစ်နေ့ ပန်းချီးကား တစ်ခုပြီးအောင် ဆွဲနိုင်မလား ဆိုတာ မေးစရာ မေးခွန်းရှိတယ်။ ဒီစာကို Stephen King ရဲ့ အဆိုအမိန့်လေးနဲ့ အဆုံးသတ်ချင်ပါတယ်။“Talent is cheaper than table salt. What separates the talented individual from the successful one is a lot of hard work. ”“Stephen King”“….ပါရမီ ဆိုတာ စားပွဲပေါ်က ဆားထက် ပေါပါသေးတယ်။ ပါရမီရှင် နဲ့ အောင်မြင်သူ ကို အလုပ်ကြိုးစားမှုတွေကသာ ပိုင်းခြားသွားတာပါတဲ့..”စတီဗင် ကင်း။ဆိုလိုချင်တာက ကျနော်တို့တွေ အရပ်ထဲမှာ ပြောကြတယ်။ သူက သီချင်း ဆိုအရမ်း ကောင်းတယ်။ သီချင်း ဆိုတာ ပါရမီရှိတယ်။ ဒါပေမဲ့ အဲဒီတစ်ယောက်ဟာ အောင်မြင်တဲ့ အဆိုတော် တစ်ယောက် ဖြစ်ချင်မှ ဖြစ်လာတာပါ..။ ဆက်ပြီး အဆိုတော် တစ်ယောက်ဖြစ်အောင် ကြိုးစား အားထုတ်မှသာ အဆိုတော် တစ်ယောက် ဖြစ်လာမှာပါ။ပီကာဆို ဟာ ၁၀ စက္ကန့် သာဆွဲရတဲ့ မီလီယံ ဒေါ်လာတန် ပန်းချီကား ရဖို့ သူ့ဘဝ တစ်ခုလုံး နှစ်ပြီး ကြိုးစားခဲ့ရတာ။ ကမ္ဘာကျော် ပန်းချီ ဆရာကြီး ဖြစ်ဖို့ အခက်အခဲတွေ ပင်ပန်းဆင်းရဲမှုတွေ စိတ်ပျက်မှုပေါင်း များစွာခံပြီး ကြိုးစားခဲ့ရတာ။ဒါကြောင့် ဘဝမှ ဘယ်လို အခက်အခဲတွေကြုံကြံု စိတ်ပျက်ဝမ်းနည်းမှုတွေ ကြံုကြံု ပီကာဆို ရဲ့ အလုပ်ကြိုးစားမှု အကြောင်းလေးကို သတိရပြီး အားတင်းပါ။ ကိုယ်လက်ရှိလုပ်နေတာထက် နှစ်ဆတိုးပြီး ကြိုးစားကြည့် လိုက်ပါအုံး.. ဒါဆိုရင် ကိုယ်ဟာ…ကိုယ်ဖြစ်ချင်တဲ့ ပန်းတိုင်နဲ့ တဖြေးဖြေး နီးလာနေပြီဆိုတာ ကြိမ်းသေနေပြီပေါ့…။ Value of Painting or Hard work ကို ဆီလျှော်အောင် ပြန်ဆိုပါသည်။

Credit : Search myanmar

[zawgyi]

တစ္ေန႔မွာ ပန္းခ်ီ ဆရာႀကီး ပီကာဆို တစ္ေယာက္ လမ္းေလ်ာက္ေနရင္း ပီကာဆို မွန္း သတိျပဳမိတဲ့ အမ်ိဳးသမီး တစ္ေယာက္က အေျပးအလႊား လာႏူတ္ဆက္တယ္။ က်မဟာ ဆရာႀကီး ရဲ႕ ပရိတ္သတ္ တစ္ေယာက္ပါ။ ဆရာႀကီး ရဲ႕ ပန္းခ်ီေတြကို အရမ္းႏွစ္သက္ပါတယ္။က်မ အတြက္ အမွတ္တရ ပန္းခ်ီကား ေလး တစ္ခ်ပ္ ဆြဲေပးပါလားလို႔ ေတာင္းပန္လိုက္တယ္။ ပီကာဆို က တစ္ခ်က္ၿပဳံးလိုက္ၿပီး ငါမွာ ပန္းခ်ီး ဆြဲဖို႔ ဘာမွ ပါမလာဘူး။ ေနာက္တစ္ေန႔ အခြင့္သင့္မွ ဆြဲေပးမယ္လို႔ ျပန္ေျပာလိုက္တယ္။ ဒါေပမဲ့ ဟို အမ်ိဳးသမီးက အနားက မခြာပဲ အခုပဲ အဆင္ေျပာတာနဲ႔ ဆြဲေပးပါ ေနာက္တစ္ႀကိမ္ႀကံဳဖို႔ဆိုတာ ဘယ္ေတာ့မွန္း မေသခ်ာလို႔ပါ ဆိုၿပီး အတင္းေပကပ္ေနတယ္တဲ့..။အဲဒါနဲ႔ ပီကာဆို လည္း မေနသာပဲ သူ႔ အိပ္ကပ္ ထဲက စာ႐ြက္ပိုင္း ေလးထဲမွာ ပုံတစ္ပုံဆြဲေပးလိုက္တယ္။ သူဆြဲလိုက္တာ ၁၀ စကၠန႔္ ေလာက္ပဲ ၾကာတယ္။ ၿပီးေတာ့ ပီကာဆို က ဒီပုံကို ယူသြား ဒီပုံဟာ မီလီယံ ေဒၚလာ နဲ႔ ခ်ီၿပီး တန္တယ္လို႔ ေျပာလိုက္တယ္။ အမ်ိဳးသမီး လည္း အံၾသၿပီး မယုံႏိုင္ေအာင္ ျဖစ္ေနတာေပါ့..။ ၁၀ စကၠန႔္ေလာက္နဲ႔ ဆြဲလိုက္တဲ့ ပန္းခ်ီက ေဒၚလာ မီလီယံ နဲ႔ ခ်ီၿပီး တန္တယ္ျဖစ္ႏိုင္ပါ့ မလားေပါ့။အဲဒါ အိမ္ေရာက္ေတာ့လည္း ပီကာဆို က သူ႔ကို ေနာက္လိုက္တယ္ပဲ ထင္ေနတယ္။ ေနာက္ေတာ့ မထူးပါဘူးဆိုၿပီး အဲဒီပန္းခ်ီးေလးကိုင္ၿပီး ပန္းခ်ီ ျပခန္း ေတြမွာ လိုက္ေမးတယ္။ သူမ မယုံၾကည့္ႏိုင္ေလာက္ သိလိုက္ရတာက အဲဒီ ၁၀ စကၠန႔္ နဲ႔ ဆြဲလိုက္တဲ့ ပန္းခ်ီ ေလးဟာ ေဒၚလာ မီလီယံ နဲ႔ ခ်ီၿပီး တန္ေနတယ္တဲ့။အဲဒါနဲ႔ သူမဟာ ေနာက္တစ္ႀကိမ္ ပီကာဆို ကို မေတြ႕ေတြ႕ေအာင္ရွာၿပီး ေတြ႕တာနဲ႔ ဆရာႀကီး ရွင္ ဆရာႀကီး ေျပာလိုက္တဲ့ အတိုင္းပါပဲ.. ဆရာႀကီးရဲ႕ ပန္းခ်ီ အပိုင္းအစ ေလးဟာ ေဒၚလာ မီလီယံ နဲ႔ ခ်ီၿပီး တန္ေနတယ္။ ၿပီးေတာ့ သူမက ဆက္ၿပီး က်မ ဆရာႀကီးရဲ႕ တျပည့္ျဖစ္ပါရေစ… က်မကို ဆရာႀကီး လို ျဖစ္ေအာင္ အခ်ိန္တိုတိုအတြင္းမွာ တတ္ေအာင္သင္ၾကားေပးပါ ဆိုၿပီး ေတာင္းဆိုလိုက္တယ္။ပီကာဆို က ခပ္သာသာၿပဳံးလိုက္ၿပီး သမီးငယ္ ေရ ဒါမ်ိဳး ၁၀ စကၠန႔္ နဲ႔ ေဒၚလာ မီလီယံ နဲ႔ ခ်ီၿပီး တန္တဲ့ ပန္းခ်ီ ဆြဲတတ္ဖို႔ ငါ့ ဘဝ တစ္ခုလုံးရင္းခဲ့ရတယ္။ အခက္အခဲေတြ ပင္ပန္းဆင္းရဲမႈေတြ စိတ္ပ်က္မႈေပါင္း မ်ားစြာခံၿပီးမွ ဒါမ်ိဳးဆြဲတတ္လာတာပါ..။ မင္းရဲ႕ ဘဝ တစ္ခုလုံးရင္းၿပီး ဒီလို အခက္အခဲေတြ ပင္ပန္းဆင္းရဲမႈေတြ စိတ္ပ်က္မႈေတြ ခါးဆီး ခံႏိုင္မယ္ဆိုရင္ေတာ့ ငါကလည္း သင္ေပးဖို႔ အသင့္ပါလို႔ ျပန္ေျပာလိုက္တယ္။ပီကာဆို က ၁၀ စကၠန႔္ နဲ႔ ေဒၚလာ မီလီယံ နဲ႔ ခ်ီၿပီး တန္တဲ့ ပန္းခ်ီကား ဆြဲခဲ့တာ အရမ္းလြယ္မယ္ ထင္ခဲ့တဲ့ အမ်ိဳးသမီးဟာ ပါးစပ္ အေဟာင္းသား ျဖစ္ေနတာေပါ့..။လူေတာ္ေတာ္မ်ားမ်ားဟာ တျခားသူတစ္ေယာက္ ေအာင္ျမင္ ႀကီးပြားေနတာေတြ႕ရင္ သူတို႔လို႔ပဲ ေအာင္ျမင္ ႀကီးပြား ခ်င္ၾကတယ္။ ဒါေပမဲ့ အဲဒီ့ ေအာင္ျမင္ႀကီးပြားသူေတြ ဘယ္လို အခက္အခဲေတြ ပင္ပန္းဆင္းရဲမႈေတြ ရင္ဆိုင္ခဲ့ရလည္းဆိုတာ သိပ္စိတ္မဝင္စားၾကဘူး။ပီကာဆို ရဲ႕ ဘဝ ကို ေလ့လာၾကည့္ရင္ သူဟာ အသက္ ၉၁ ႏွစ္မွာ ကြယ္လြန္ခဲ့တယ္။ သူဟာ ပန္းခ်ီကား နဲ႔ အႏုပညာလက္ရာေပါင္း ၂ ေသာင္း ၆ ေထာင္ေက်ာ္ (၂၆၀၇၅ ခု ) ဆြဲခဲ့တယ္လို႔ မွတ္တမ္းေတြက ဆိုတယ္။ သူဟာ အသက္ ၂၀ အ႐ြယ္မွာ တန္းဝင္ ပန္းခ်ီ ဆရာ တစ္ေယာက္ ျဖစ္တယ္ ဆိုပါဆို႔ အသက္ ၂၀ အ႐ြယ္က ေန အသက္ ၉၁ ႏွစ္အ႐ြယ္ထိ ႏွစ္ေပါင္း ၇၁ ႏွစ္အတြင္း ရက္ေပါင္း ၂၅၉၁၅ ရက္ေနသြားတယ္။ သူဆြဲခဲ့တဲ့ ပန္းခ်ီေပါင္းက ၂ ေသာင္း ၆ ေထာင္ေက်ာ္ဆိုေတာ့ တစ္ရက္ကို တန္းဝင္ ပန္းခ်ီကား အသစ္ တစ္ခုမက ဆြဲခဲ့တယ္လို႔ ေယဘုယ် တြက္ၾကည့္လို႔ရတယ္။စဥ္းစား ၾကည့္ရင္ အံၾသစရာ သူရဲ႕ လုပ္အားႏႈန္းကိုေတြ႕ရတယ္။ အခုေခတ္ ပန္းခ်ီ ဆရာေတြဟာ သူ႔ရဲ႕ ေက်ာ္ၾကားမႈနဲ႔ သူ႔လက္ရာေတြ မွီဖို႔ကို မဆိုထားနဲ႔ သူ႔လို တစ္ေန႔ ပန္းခ်ီးကား တစ္ခုၿပီးေအာင္ ဆြဲႏိုင္မလား ဆိုတာ ေမးစရာ ေမးခြန္းရွိတယ္။ ဒီစာကို Stephen King ရဲ႕ အဆိုအမိန႔္ေလးနဲ႔ အဆုံးသတ္ခ်င္ပါတယ္။“Talent is cheaper than table salt. What separates the talented individual from the successful one is a lot of hard work. ”“Stephen King”“….ပါရမီ ဆိုတာ စားပြဲေပၚက ဆားထက္ ေပါပါေသးတယ္။ ပါရမီရွင္ နဲ႔ ေအာင္ျမင္သူ ကို အလုပ္ႀကိဳးစားမႈေတြကသာ ပိုင္းျခားသြားတာပါတဲ့..”စတီဗင္ ကင္း။ဆိုလိုခ်င္တာက က်ေနာ္တို႔ေတြ အရပ္ထဲမွာ ေျပာၾကတယ္။ သူက သီခ်င္း ဆိုအရမ္း ေကာင္းတယ္။ သီခ်င္း ဆိုတာ ပါရမီရွိတယ္။ ဒါေပမဲ့ အဲဒီတစ္ေယာက္ဟာ ေအာင္ျမင္တဲ့ အဆိုေတာ္ တစ္ေယာက္ ျဖစ္ခ်င္မွ ျဖစ္လာတာပါ..။ ဆက္ၿပီး အဆိုေတာ္ တစ္ေယာက္ျဖစ္ေအာင္ ႀကိဳးစား အားထုတ္မွသာ အဆိုေတာ္ တစ္ေယာက္ ျဖစ္လာမွာပါ။ပီကာဆို ဟာ ၁၀ စကၠန႔္ သာဆြဲရတဲ့ မီလီယံ ေဒၚလာတန္ ပန္းခ်ီကား ရဖို႔ သူ႔ဘဝ တစ္ခုလုံး ႏွစ္ၿပီး ႀကိဳးစားခဲ့ရတာ။ ကမာၻေက်ာ္ ပန္းခ်ီ ဆရာႀကီး ျဖစ္ဖို႔ အခက္အခဲေတြ ပင္ပန္းဆင္းရဲမႈေတြ စိတ္ပ်က္မႈေပါင္း မ်ားစြာခံၿပီး ႀကိဳးစားခဲ့ရတာ။ဒါေၾကာင့္ ဘဝမွ ဘယ္လို အခက္အခဲေတြႀကဳံႀကံဳ စိတ္ပ်က္ဝမ္းနည္းမႈေတြ ႀကံဳႀကံဳ ပီကာဆို ရဲ႕ အလုပ္ႀကိဳးစားမႈ အေၾကာင္းေလးကို သတိရၿပီး အားတင္းပါ။ ကိုယ္လက္ရွိလုပ္ေနတာထက္ ႏွစ္ဆတိုးၿပီး ႀကိဳးစားၾကည့္ လိုက္ပါအုံး.. ဒါဆိုရင္ ကိုယ္ဟာ…ကိုယ္ျဖစ္ခ်င္တဲ့ ပန္းတိုင္နဲ႔ တေျဖးေျဖး နီးလာေနၿပီဆိုတာ ႀကိမ္းေသေနၿပီေပါ့…။ Value of Painting or Hard work ကို ဆီေလွ်ာ္ေအာင္ ျပန္ဆိုပါသည္။