လူတွေရဲ့ လောဘကို အကောင်းဆုံး အသုံးချပြသွားတဲ့ သူတောင်းစားတစ်ယောက်ကပေးတဲ့ သင်ခန်းစာ

တစ်နေ့က ဈေးထဲ မှာ သူတောင်းစား တစ်ယောက် တောင်းစားနေတာ တွေ့မိတယ်။ သူ တောင်းနေပုံက ထူးခြားနေတယ်။“အစ်ကိုကြီး အစ်မကြီးတို့ရယ် သနားကြပါနော်..ပိုက်ဆံလေးများ ထည့်ပြီးရင် လိပ်စာ လေးပါ ပေးခဲ့ပါ” သူ့ ရှေ့မှာ ချထားတဲ့ ခွက် ထဲကို ပိုက်ဆံ လာထည့်ကြတဲ့ လူတိုင်းရဲ့ လိပ်စာကို…

View More လူတွေရဲ့ လောဘကို အကောင်းဆုံး အသုံးချပြသွားတဲ့ သူတောင်းစားတစ်ယောက်ကပေးတဲ့ သင်ခန်းစာ

ဘုရင်၏ နောင်တ

တစ်ခါကဘုရင်တစ်ပါးရှိခဲ့တယ်။ သူ့မှာအမဲလိုက်ခွေးဆယ်ကောင်မွေးထားတယ်။ သူဝန်ကြီးတွေထဲကတစ်ယောက်ယောက်အမှားလုပ်ပြီဆို အဲ့ဒီခွေးတွေရှေ့မှာပစ်ချခိုင်းလေ့ရှိတယ်။ခွေးတွေကအဲ့ဒီဝန်ကြီးကိုအရိုးအသားတစ်ခြားဆီဖြစ်အောင်လုပ်ပစ်လိုက်တယ်။တစ်နေ့ ဘုရင့်ရဲ့အထူးအရေးပါတဲ့ဝန်ကြီး တစ်ဦးက ဘုရင်ကိုမှားယွင်းစွာအကြံပေးမိတယ်။ ဒီအကြံကိုဘုရင်ကမနှစ်မျို့ခဲ့ဘူး။.ဒါနဲ့အဲ့ဒီဝန်ကြီးကိုလည်း ခွေးတွေရှေ့မှာပစ်ချဖို့အမိန့်ချလိုက်တယ်။ ဝန်ကြီးကဘုရင်ဆီမှာတောင်းဆိုမှုတစ်ခုပြုတယ်။”ဘုရင်ကြီးခင်ဗျား.ကျွန်တော်ဘုရင်ကြီးဆီမှာနေ့မှန်းမသိညမှန်းမသိအလုပ်အကြွေးပြုစုခဲ့တယ်။.ခုဘုရင်ကြီးကတော့ကျွန်တော့အမှားတစ်ခုလေးအ ပေါ်မှာဒီလောက်ကြီးမားတဲ့ပစ်ဒဏ်ကိုပေးနေတယ်။ ဘုရင့်အမိန့်အတိုင်းနာခံဖို့အသင့်ပါပဲ။ ဒါပေမယ့်ကျွန်တော်အနွံတာခံအလုပ်အကျွေးပြုစုခဲ့တာလေးကိုထောက်ထားပြိးဆယ်ရက်လောက် ကျွန်တော့်ကိုအခွင့်အရေးပေးပါ။.ပြီးရင်မုချကျွန်တော့်ကိုခွေးတွေရှေ့မှာပစ်ချလိုက်ပါ”ဒါနဲ့ဘုရင်ကလည်း ဆယ်ရက်အခွင့်အရေးပေးလိုက်တယ်။ ဝန်ကြီးလည်း ဘုရင့်ဆီကနေ တန်းတန်း မတ်မတ်ခွေးတွေကိုထိန်းသိမ်းစောင့်ရှောက်တဲ့သူဆီကိုထွက်လာတယ်။.ပြီးတော့ခွေးထိန်းကိုပြောတယ်။”ငါဒီခွေးတွေနဲ့ဆယ်ရက်လောက်အတူနေချင်တယ်.သူတို့ရဲ့ဝေယျာဝစ္စအားလုံးလည်း တာဝန်ယူမယ်”ခွေးထိန်းကဝန်ကြီးစကားကြားတော့အံသြမှင်သက်သွားတယ်။ ဒါပေမယ့်ခွင့်ပြုပေးလိုက်တယ်။ အဲ့ဒီဆယ်ရက်အတွင်း ဝန်ကြီးက ခွေးတွေရဲ့စားသောက်ဖို့အိပ်ဖို့ရေချိုးပေးဖို့ကအစအလုပ်အားလုံးကိုသေချာတာဝန်ယူလုပ်ကိုင်တယ်။ ဆယ်ရက်ပြည့်တော့ဘုရင်ကသူ့အခိုင်းအစေတွေဝန်ကြီးကိုခွေးတွေရှေ့မှာပစ်ချဖို့အမိန့်ပေးတယ်။…

View More ဘုရင်၏ နောင်တ

သင့်ကား ဆီစားသက်သာစေမယ့် နည်းလမ်းများ

မော်တော်ကားမောင်းနှင်တဲ့အခါ လိုရာခရီးကို အဆင်ပြေချောမွေ့စွာရောက်ဖို့ လိုအပ်သလို ကုန်ကျစရိတ်သက်သာဖို့ကလည်း အဓိကကျပါတယ်။ကားနဲ့ခရီးသွားတဲ့အခါ အဓိကကုန်ကျ စရိတ်ဖြစ်တဲ့ ကားဆီဖိုးသက်သာဖို့ကလည်း အရေးကြီးပါတယ်။ မော်ဒယ်မြင့်ကားတွေမှာ ဆီစားသက်သာအောင် စနစ်တွေမျိုးစုံထည့်ထားပေးမယ့် အဓိကကတော့ ကားမောင်းသူအပေါ်မှာဘဲ မူတည်တာဖြစ်ပါတယ်။ ဒါကြောင့် ကားဆီစားသက်သာအောင် ဘယ်လိုပြုမူသင့်သလဲဆိုတာကိုဗဟုသုတအဖြစ် မျှဝေပေးပါ့မယ်။(၁) စိတ်လိုက်မာန်ပါ ခပ်ကြမ်းကြမ်း ကားမောင်းခြင်းသည် လောင်စာဆီ ပို၍…

View More သင့်ကား ဆီစားသက်သာစေမယ့် နည်းလမ်းများ

မီးပုံးပျံ ဦးကျော်ရင်နှင့် မြန်မာတို့ တီထွင်အောင်မြင်မှုနောက်ကွယ်က လူသိပ်မသိတဲ့ သမိုင်းကြောင်း

အင်္ဂလိပ်က မြန်မာကို ကျွန်ပြုအုပ်ချုပ်ခဲ့ချိန် မြန်မာတို့သည် ဇာတိသွေး ဇာတိမာန်ကို ရသည့် နည်းဖြင့် အောက်ကျမခံ ပြသတုန့်ပြန်ခဲ့ကြသည်။ထိုအထဲတွင် ဦးကျော်ရင်လည်းပါသည်။ ခုခေတ်လူငယ်တို့ သိသူအတော်နည်းလိမ့်မည် မြန်မာ့ကျောင်းတွင်လည်း သူ့အကြောင်းကို သင်သေးသလားမသိပေ။ဘိုးယင်းလေယာဉ်ကုမ္ပဏီဒီဇိုင်းဆရာ ၁၉၀၅ ခုနှစ်လောက်တွင် ဗြိတိသျှလေယာဉ်များ ခဏဏ ပျက်ကျ၍ လူတွေသေသည့် သတင်းကို ခဏဏ ဖတ်ရှု့ရ၍…

View More မီးပုံးပျံ ဦးကျော်ရင်နှင့် မြန်မာတို့ တီထွင်အောင်မြင်မှုနောက်ကွယ်က လူသိပ်မသိတဲ့ သမိုင်းကြောင်း

ကျောက်တောင်ကြီးတစ်ခုလုံးကို လက်နဲ့သာ ထွင်းထုပုံဖော်ထားတဲ့ စစ်ကိုင်းတိုင်းထဲက ရှေးဟောင်းနယ်မြေတစ်ခု

ဘာနည်းပညာ အကူအညီမှမပါပဲ ကျောက်တောင်ကြီးတစ်ခုလုံးကို လက်နဲ့သာ ထွင်းထုပုံဖော်ထား တဲ့ရွှေဘတောင်၊ နှစ်ပေါင်း ၉၀၀ တိုင်အောင် ခမ်းခမ်းနားနား ရှိနေဆဲဖြစ်တဲ့ မုံရွာမြို့ရဲ့ ရွှေဘတောင်ကျောက်စေတီတွေ၊ ကျောက်လှိုင်ဂူတွေ၊ ကျောက်လှေကားတွေ၊ ကျောက်ဆင်ရုပ်တွေနှင့် ကျောက်ပန်ပုတွေနှင့် ခမ်းနားစွာ တည်ရှိနေတဲ့ရွှေဘတောင်နောင်တချိန် သွားရောက် လေ့ လာလည်ပတ်ဖို့ နှလုံးသားထဲ တေးမှတ်ထားရမယ့်ရွှေဘတောင်ရွှေဘတောင်မုံရွာတစ်ဘက် ကမ်းဆားလင်းကြီးမြို့နယ်၊…

View More ကျောက်တောင်ကြီးတစ်ခုလုံးကို လက်နဲ့သာ ထွင်းထုပုံဖော်ထားတဲ့ စစ်ကိုင်းတိုင်းထဲက ရှေးဟောင်းနယ်မြေတစ်ခု

သေနတ်ပြီးတဲ့ ငါးကြင်းအင်းဆရာတော်နှင့် K.N.U တပ်မင်းကြီး လင်းထင်တို့ ထိပ်တိုက်တွေ့ဆုံရာဝယ်

သထုံမြို့နယ်၊နောင်ကုလားရွာအနီးရှိ အလံတစ်ရာစေတီတော်၌ “လင်းထင်ဓမ္မရုံ” အမည်ဖြင့် ဓမ္မာရုံတစ်ဆောင်ရှိသည်။ထိုဓမ္မာရုံ၏အလှူရှင်မှာ ဗုဒ္ဓဘာသာဝင်မဟုတ်ဘဲ ကော်သူးလေ(ယခုအခေါ်) K.N.U, တပ် မဟာ(၅) မှ ခရစ်ယာန်ဘာသာဝင်တပ်မင်းကြီးလင်းထင်ဖြစ်သည်။ထိုဓမ္မာရုံဆောက်လုပ်လှူဒါန်းဖြစ်ခြင်း၏ နောက်ခံအကြောင်းအရင်းမှာ လွန်စွာစိတ်ဝင်စားဖို့ကောင်းလှသည်။ဖြစ်စဉ်မှာ ဤသို့ဖြစ်သည်-၁၃၂၄ ခုနှစ်၊ဆောင်းတွင်းရက်တစ်ရက်၌ ဘီလင်းမြို့နယ်မှ ငါးကြင်းအင်းဆရာတော်သည် ဘုရားတည်ရန်အတွက် ခွင့်ပြုမိန့်တောင်းခံရန် ကော်သူးလေ တပ်မဟာ (၅) သို့ကြွရောက်လာသည်။ဗုဒ္ဓဘာသာများ ဘုရားတည်၊ကျောင်းဆောက်၊…

View More သေနတ်ပြီးတဲ့ ငါးကြင်းအင်းဆရာတော်နှင့် K.N.U တပ်မင်းကြီး လင်းထင်တို့ ထိပ်တိုက်တွေ့ဆုံရာဝယ်

နှောင်းခေတ်လူငယ်တွေအသိနည်းသွားပြီဖြစ်တဲ့ မြန်မာငွေစက္ကူပေါ်က မောင်ကောင်းဆိုတာ

တစ်ချိန်ကမြန်မာငွေစက္ကူပေါ်က မောင်ကောင်းဆိုတာ ၁၉၅၅ ခုနှစ်ဝန်းကျင်က မြန်မာ့ငွေသည် အလွန်တန်ဖိုးရှိခဲ့သည်။ထိုစဉ်က အမေရိကန် တစ်ဒေါ်လာသည် မြန်မာကျပ်ငွေ ၆ကျပ်နှင့် ညီ မျှသည်။မည်သည့်နိုင်ငံကိုသွားသွား အခြားငွေလဲစရာမလို မြန်မာကျပ်ငွေကိုယူသွားပြီးသုံးစွဲနိုင်ပြီး ခိုင်မာတဲ့ငွေ (ငွေမာ) (Hard Currency) အဖြစ် ရပ်တည်ခဲ့ဖူးသည်။ထိုခေတ် ထိုအခါက ငွေစက္ကူများပေါ်တွင် မြန်မာငွေ ကြေးဘုတ်အဖွဲ့ဝင်များဖြစ်သည့် မောင်ကောင်း…

View More နှောင်းခေတ်လူငယ်တွေအသိနည်းသွားပြီဖြစ်တဲ့ မြန်မာငွေစက္ကူပေါ်က မောင်ကောင်းဆိုတာ

သင့်ကားကို ပြုပြင်ထိန်းသိမ်းဖို့ နည်းလမ်း (၁၈) မျိူး

(၁) ခုခေတ်ကားတွေကို ကွန်ပြူတာစနစ်တွေနဲ့ထိန်းထားပါတယ်။ ပြီးတော့ ရှုပ်ထွေးတဲ့ Ignition စနစ်တွေနဲ့ injection စနစ်တွေလဲ ပါပါတယ်။ တကယ် တတ်ကျွမ်းတဲ့ အင်ဂျင်နီယာတစ်ယောက်ကို အချိန်ပေးပြီး စစ်ဆေးခိုင်းပါ။(၂) ကား ဆောင့်ထွက်တာဟာ ဖြည်းဖြည်း ထွက်ထားတာထက် ဆီပိုကုန်ပါတယ်။ ကိုယ့်မောင်းတဲ့ စတိုင်ကပြောင်းလဲရုံနဲ့ ဆီချွေတာနိုင်ပါတယ်။ညစ်ပါတ်နေတဲ့ Air filter…

View More သင့်ကားကို ပြုပြင်ထိန်းသိမ်းဖို့ နည်းလမ်း (၁၈) မျိူး

ဧရာဝတီတိုင်းထဲက တိမ်မြုပ်နေတဲ့ မန္တလေးနန်းမြို့ထက် အရွယ်အစားပိုကြီးသည့် မြို့ဟောင်းကြီး

မြန်မာနိုင်ငံ၌ ရှေးမြို့ဟောင်းများအကြောင်း ပြောကြလျှင်အများစုမှာ မြန်မာပြည် အလယ်ပိုင်းနှင့် အထက်ပိုင်း ဒေသရှိ သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်းစသည့် ကမ္ဘာ့ရှေးဟောင်း အမွေ အနှစ်စာရင်းဝင် ပျူမြို့များကိုသာ ပြေးမြင်တတ်ကြသည်။သို့သော် မြန်မာပြည်အောက်ပိုင်း မြစ်ဝကျွန်းပေါ် ဒေသဖြစ်သည့် ဧရာဝတီတိုင်း၌ မန္တလေးနန်းမြို့ထက် အရွယ်အစား ကြီးမားသည့် မြို့ဟောင်းကြီးတခု တည်ရှိနေသည်ဟုဆိုလျှင် လူအများ…

View More ဧရာဝတီတိုင်းထဲက တိမ်မြုပ်နေတဲ့ မန္တလေးနန်းမြို့ထက် အရွယ်အစားပိုကြီးသည့် မြို့ဟောင်းကြီး

မြေနေရာမလိုပဲ အိမ်မှာအာလူးစိုက်ရင်း ဝင်ငွေရှာနည်း

အိမ်မှာနေရင်း ဝင်ငွေရှာလို့ရမယ့် နည်းလေးကို ပြောပြပါမယ်။အာလူးကို ပုံးထဲ သို့မဟုတ် အိတ်ထဲထည့်စိုက်မည်ဆိုလျှင်၁။ အဓိကအနေနဲ့ မြေဆွေးမြေမွဖို့ အရေးကြီးပါတယ်။၂။ အာလူးကို အပင်ပေါက်အညှောက်လေးများ ထွက်လာသည်အထိ ထားထားပေးပါ။ထွက်ရှိလာတဲ့ အပင်အညှောက်လေးတွေကို ဓားဖြင့်လှီးယူ၍စိုက်ပျိုးလို့ရသလိုအလုံးလိုက်ထည့်စိုက်လို့လည်း ရပါတယ်။အိတ်ဖြင့်စိုက်မည်ဆိုပါက အိတ်အတွင်းထဲသို့မြေဆွေးမြေမွ သဲဆန်သောမြေကိုတစ်ပေခန့်ထည့်၍ အာလူးကို အနည်းဆုံး (၂)ပင်(၄)အထိ့ ထည့်စိုက်ပါ။၃။ ထည့်စိုက်ပြီးပါက အာလူးအပေါ်မှ…

View More မြေနေရာမလိုပဲ အိမ်မှာအာလူးစိုက်ရင်း ဝင်ငွေရှာနည်း