Chamber Type ရေခဲသေတ္တာတွေနဲ့ ပတ်သက်ပြီး မလုပ်သင့်တဲ့ အချက်များ

ရေခဲသေတ္တာတွေမှာ အမျိူးအစား ၂ မျိုးခွဲ လို့ရပါတယ်။ Chamber Type နဲ့ Fan type ဆိုပြီး၂ မျိုးရှိပါတယ်။ ဒီ ၂ မျိူးထဲက Chamber type ရေခဲသေတ္တာအကြောင်း ရဲ့ ဆောင်ရန်ရှောင်ရန် လေးတွေကို မျှဝေပေးချင်ပါတယ်။Chamber type ဆိုတာကတော့ direct…

View More Chamber Type ရေခဲသေတ္တာတွေနဲ့ ပတ်သက်ပြီး မလုပ်သင့်တဲ့ အချက်များ

ပြောင်းဖူးခိုးတဲ့ ဖိုးသူတော်

ဟိုး.. ရှေးရှေးတုန်းက ရွာတစ်ရွာမှာ တောရဆောက်တည်နေတဲ့ ဆရာတော်ကြီးကိုလုပ်ကျွေးပြုစုနေတဲ့ဖိုးသူတော်တစ်ပါးရှိခဲ့ဖူးတယ်။ဖိုး သူတော်ဆိုတာ ရဟန်း သာမဏေ ဘဝနဲ့ ရှင်ရဟန်းကျင့်ဝတ်တွေကို မကျင့်ကြံနိုင်တာကြောင့် (၈)ပါးသီလစောင့်ပြီးဝတ်ဖြူစင်ကြယ်နဲ့ နေတဲ့သူကို ခေါ်တာပါ။ ရှေးတုန်းကတော့ဘုန်းကြီးကျောင်းတိုင်းမှာဖိုးသူတော်ဆိုတာရှိတတ်တယ်။ အခုအချိန်မှာတော့ကျောင်းသားကပ္ပိယပဲ ရှိတော့တယ်။တစ်ချိန်မှာတော့ ဖိုးသူတော်ဟာ တောရကျောင်းသို့အပြန်လမ်းတစ်ခုမှာပြောင်းဖူးခင်းတစ်ခုကိုဝင်ကာ ပိုင်ရှင်မရှိဘူးအထင်နဲ့ပြောင်းဖူးခိုးပြီးချိုးယူပါတယ်။ ပြောင်းဖူးမချိုးခင်အတွင်းကအစေ့အဆန်အောင်မအောင်သိရအောင် အပေါ်ယံအကာအရွက်ကို နွှာလှန်ကြည့်တဲ့အခါ အဆန်မပါအစေ့မအောင်တဲ့ ပြောင်းဖူးတွေကိုသာတွေ့ရတာမို့…

View More ပြောင်းဖူးခိုးတဲ့ ဖိုးသူတော်

ရပိုင်ခွင့်လို့ သတ်မှတ်ကြသူများ

တစ်ခါတုန်းက ကြက်ဥမကြိုက်တဲ့ ကျီးကန်းတစ်ကောင်ဟာ သူပိုင်တဲ့ ကြက်ဥကို အမြဲတမ်း ခွေးကို ပေးတယ်။ခွေးက အစပိုင်း ကျေးဇူး တင်တယ်ပေါ့၊ ကြာတော့ အကျင့်ဖြစ်သွားတယ်။အကျင့်ဖြစ်လာတော့ဒါက သူ့ကိုပေးကိုပေးရမလိုဆိုတဲ့ စိတ် ဖြစ်လာတယ်။တနေ့ကျတော့ ကျီးကန်းက ကြက်ဥကို ငါးကို ပေးလိုက်တော့ ခွေးက မကျေနပ်တော့ဘူး။ ကြက်ဥဟာ အစကတည်းက ကျီးကန်းဟာဆိုတာ…

View More ရပိုင်ခွင့်လို့ သတ်မှတ်ကြသူများ

သူ့နေရာနဲ့ သူ

တစ်ခါတုန်းက မြို့တစ်မြို့မှာသူတောင်းစားလေးတစ်ယောက်ရှိတယ်။သူတောင်းလို့ရတဲ့ မုန့်ပဲသရေစာကို မြို့စျေးရဲ့ ပလက်ဖောင်း လေးမှာ စားလေ့ရှိတယ်။ဒါကို စျေးသူ စျေးသား စျေးဝယ်လာသူတွေအားလုံးသိတယ်။ ဘယ်သူကမှ ဂရုတစိုက်ရှိမနေဘူး။တစ်နေ့ကြတော့ ပိုက်ဆံချမ်းသာတဲ့ မိသားစုတစ္စုက သူ့တို့ကလေးနဲ့ မတော်တော့တဲ့အဝတ်တချို့ကို သူတောင်းစားလေးဝတ်ဖို့ပေးလိုက်တယ်။သူတောင်းစား လေးကလည်း နေ့စဉ်ရက်မျှ နဂိုအတိုင်း ဝတ်မြဲ အစုတ်အပြဲတွေနဲ့ပဲတောင်းစားတယ်။အရင်နေရာမှာသာ ထမင်း အမြဲစားတယ်။ဒါကို သတိထားမိတဲ့တစ်ရက်မှာ…

View More သူ့နေရာနဲ့ သူ

ခေါင်းဆောင်စိတ်ဆိုတာ..

မတ်စောက်တဲ့ ကျောက်တောင်ပေါ်မှာ တောင်ဆိတ်တွေနောက်ကို အမဲလိုက်မုဆိုးတွေ လိုက်ရင်းနဲ့ ချောက်ကမ်းပါးတစ်ခုရဲ့ ထိပ်မှာ တောင် ဆိတ်အုပ်ကြီး ပြေးပေါက်မရှိတော့ပဲ ပိတ်မိသွားတယ်။ သူတို့ ခုန်ကူးနိုင်တာထက် ချောက်ကမ်းပါးကြီးက ပိုကျယ်နေတယ်။ အောက် မှာကလည်း ရေစီးသန်တဲ့ ချောင်းကြီး တောင်ဆိတ်တွေက အလွန်ဆုံးမှ ခြောက်မီတာလောက်ပဲ ခုန်နိုင်တာ။ချောက်ကမ်းပါးက တစ်ဆယ် မီတာ…

View More ခေါင်းဆောင်စိတ်ဆိုတာ..

ဧည့်သည်လာရင် ဆန်မကုန်စေနဲ့ သမီး

တခါတုန်းက ရွာတစ်ရွာမှာ သားအဖ နှစ်ယောက် ရှိတယ်။ ဖအေတစ်ခု သမီးတစ်ခုပေါ့။ တစ်နေ့တော့အဖေဖြစ်သူက ခရီးသွားခါနီး သမီးဖြစ်သူကိုမှာခဲ့တယ်။‘‘ သမီးရေ တကယ်လို့များ အဖေမရှိခင် ဧည့်သည်လာခဲ့လို့ရှိရင် ထမင်းလေးတော့ ချက်ကျွေးလိုက်ပါ၊ တစ်ခုတော့ ရှိတယ် သမီးရေ ဆန်တော့ မကုန်ပါစေနဲ့နော်’’။ဒီတော့ သမီးက ဖခင်ကြီးကို ပြန်ပြောတယ်။ ‘‘ဖေဖေကလည်း…

View More ဧည့်သည်လာရင် ဆန်မကုန်စေနဲ့ သမီး

ရေစစ် သုံးခု

တနေ့မှာတော့ ဆိုကရေးတီး(စ်)ရဲ့တပည့်တစ်ယောက်ကသတင်းတစ်ခုကြားလို့သူ့ကို လာပြောသတဲ့ ။လာပြောတဲ့ သူ့တပည့်ကိုဆိုကရေးတီး(စ်)ကပြန်ပြောလိုက်တာလေးကိုမှတ်သားသင့်လို့ပါ ။”ဆရာ..ဆရာ့သူငယ်ချင်းရဲ့သတင်းတစ်ခုကိုကျွန်တော်အခုပဲ ကြားလာတယ်”” နေဦး ငါ့ကိုမပြောခင် မင်းစကားဟာရေစစ်သုံးခုကို ဖြတ်နိုင်မဖြတ်နိုင်အရင်စစ်ရမယ်””ဘယ်လို ရေစစ်သုံးခုလည်းဆရာ””ပထမ ရေစစ်နာ မည်က အမှန်တရားတဲ့။မင်းပြောတဲ့ စကားလုံးကလုံးဝရာခိုင်နှုန်းပြည့်အမှန်ဖြစ်မဖြစ်ဆိုတာ ပထမရေစစ်ထဲ ထည့်ရမယ်။မင်းပြောတဲ့ စ ကားလုံးဟာ လုံးဝအမှန်ဖြစ်တယ်လို့ မင်း ရာနှုန်းပြည့်တာဝန်ယူနိုင်လား””ကျွန်တော်လည်းသူများဆီက ကြားလာတာဖြစ်လို့ ရာနှုန်းပြည့်…

View More ရေစစ် သုံးခု

လယ်သမားကြီးလိုလည်း ဝက်မမွေးနဲ့..

တခါတုန်းက လယ်သမားကြီး တယောက်ဟာ ဈေးထဲက ဝက်ကလေး တကောင် ဝယ်လာတယ်။ အိမ်ရောက်တော့ အိမ်ခြံဝင်းထဲမှာ လွှတ်ထားလိုက်တယ်။ဝက်ကို စာကြွင်းစားကျန် ကျွေးတယ်။ ပြီးတော့ ဝက်က ထွက်တဲ့ မစင်ကို ခြံထဲက သစ်ပင်တွေ ခြေရင်းမှာ ပုံလိုက်တယ်။ မြေဩဇာ ဖြစ်သွားတယ်။ကုန်ကျစရိတ် မရှိသလောက်နဲ့ ဝက်က ကြီးလာတယ်။…

View More လယ်သမားကြီးလိုလည်း ဝက်မမွေးနဲ့..

အိမ်တချို့ရဲ့ အဝင်အဝမှာ ကြည့်မှန်တွေထားရတဲ့ အကြောင်းအရင်း

အိမ်တချို့ရဲ့ အဝင်ပေါက်မှာ ဖြစ်ဖြစ်၊ ပြတင်းပေါက်၊ တံခါးတွေ နားမှာ ဖြစ်ဖြစ် ကြည့်မှန်တစ်ချပ်ကို ချိတ်ဆွဲထားတာကို တွေ့ဖူးကြမှာပါ။ ဒါဟာ အိမ်ရဲ့ ချို့ယွင်းချက်ကို ပြုပြင်ဖို့ ဆန်းဗေဒင်သဘောအရ ယတြာချေခြင်း တစ်မျိုးပါ။ဘာလို့ ချိတ်ဆွဲထားသလဲ ဆိုတာကတော့ နေထိုင်တဲ့ အိမ်ကအရမ်းကျဉ်းပြီး ခေါင်းရင်းအိမ် ဒါမှမဟုတ် ခြေရင်းအိမ်က အရမ်းမြင့်…

View More အိမ်တချို့ရဲ့ အဝင်အဝမှာ ကြည့်မှန်တွေထားရတဲ့ အကြောင်းအရင်း

အိမ်ပြန်ချိန်တွေ နောက်မကျစေချင်

ဧည့်ကြိုဌာနရှေ့တွင် အဘိုးအိုတစ်ယောက်က လာရပ်လိုက်ပြီး“မစ္စတာ တာနာကာနဲ့တွေ့ချင်လို့ပါ” ဟုပြောလိုက်သည်။“မစ္စတာ တာနာကာနဲ့ ဘယ်လို ပတ်သက်ပါသလဲ။ ကြိုတင်တွေ့ခွင့်တောင်းထားပါသလား”“ဦးက မစ္စတာ တာနာကာရဲ့ အဖေပါ”“သြော် … ခေတ္တစောင့်ပါရှင်။ ဆက်သွယ်ကြည့်ပါ့မယ်”ဧည့်ခန်းကြီးက ကြီးကျယ်လှသည်။ လူတွေကလည်း ဝင်ထွက်သွားလာ။ ကုမ္ပဏီကြီးကလည်း အကြီးကြီးဖြစ် နေသဖြင့် ပီတိတွေဖြစ်နေသည်။ ဘေးမှ သူ့လို ထိုင်စောင့်နေသူ…

View More အိမ်ပြန်ချိန်တွေ နောက်မကျစေချင်