သစ်ပင် နဲ့ တိုက်ကြီး

မြို့လေး တစ်မြို့ရှိတယ်။အဲ့မြို့လေးက ဖွံ့ဖြိုးစ မြို့လေး။တိုက်ကြီးတွေလဲရှိတယ် အိမ်လေးတွေလဲရှိတယ်။မြစ်ကမ်းနားနဲ့လဲ နီးတယ်။လူတွေက လဲ ဝတ်ကောင်းစားကောင်းတွေ ဝတ်နိုင်တယ် သုံးနိုင်တယ်။အဲ့မှာ ရပ်ကွက်လေးတစ်ရပ်ကွက်ရှိတယ်။အဲ့ရပ်ကွက်လေးမှာ လမ်း ကြားလေးရှိတယ်။အဲ့လမ်းကြားလေး မှာ သစ်ပင်ကြီးတစ်ပင်ရှိတယ်။နောက်ပြီး တိုက်ကြီးလဲရှိတယ်။သစ်ပင်ကြီးက အရွက်တွေက စိမ်း လန်းနေတယ်။ပန်းတွေနဲ့ရော သစ်သီးတွေနဲ့ပါ ဝေဆာနေတယ်။အရိပ်ကောင်းကောင်းလဲပေးနိုင်တယ်။အဲ့လမ်းကြားလေးရဲ့ တစ်ဖက်မှာ တိုက်ကြီးရှိတယ်။အဲ့တိုက်ကြီးက လေးထပ် တိုက်ကြီး။တိုက်ကြီး…

View More သစ်ပင် နဲ့ တိုက်ကြီး

မမှားရလေအောင်

၁။ ကြိုး – အစစ်က ကြိုးထည့်ထားတာ မြုတ်လိုက် ပေါ်လိုက်ဖြစ်နေတာ သိသာတယ်၊ သေချာကြည့်ရင် ကြိုးအရာရှိတယ်။ အတုက ကြိုးပေါ်တဲ့နေရာမှာ ရောင်ပြန်နဲ့ Press လုပ်ထားတာ၊ သေချာမကြည့်ရင် ကြိုးလို့ထင်ရတယ်၊ Press နည်းပညာမြင့်တယ်၊ Printer နဲ့ ထုတ်တာမဟုတ်ဘူး။၂။ ညာဘက်ဒေါင့် ၁၀၀၀၀ ဆိုတဲ့ဂဏန်း…

View More မမှားရလေအောင်

“ခေါင်းဆောင်ကောင်း”

တစ်ခါတုန်းက ခရီးသွားနေတဲ့ လူတစ်စုကို ဓါးပြအဖွဲ့တွေက ဖမ်းဆီးလိုက်ကြတယ်။အဲ့နောက်မှာ တပည့်တစ်ယောက်က ဓါးပြဗိုလ်ဖြစ်သူကို ပြောလိုက်တယ်။”ဆရာရေ… ကျွန်တော်တို့မိတဲ့ အထဲမှာ ရှင်ဘုရင်တစ်ဦးလည်းပါလာတယ်။ ဓါးပြခေါင်းဆောင်က ရှင်ဘုရင်ကို ပြုံးပြီးကြည့်တယ်။ “မင်းကောင်း မင်းမြတ်ကြီးပါလား…အရပ်ဝတ်ကြီးနဲ့ဆိုတော့ ရုပ်ဖြတ်ပြီးတိုင်းခန်းလှည့်လည်တယ်ထင်ပါ့”ဘုရင်ဆိုသူက ပြုံးပြီးခေါင်းငြိမ့်ပြသည်။ဘုရင်နှင့်အတူမိလာသောသူများကလည်း သူတို့နဲ့ အတူအဖမ်းခံထားရသည်မှာ ဘုရင်ဆိုတော့ အံ့အားသင့်နေပုံရသည်။”ဒီဘုရင်ကကျုပ်တို့ကို ဒုက္ခပေးမယ့်ဘုရင်ပဲ။သတ်ပစ်လိုက်မလားဆရာ””အေး… သတ်တာတော့ သတ်တာပေါ့ကွာ……

View More “ခေါင်းဆောင်ကောင်း”

မယား (၇) မျိူး ၊ လင် (၈) မျိူး ဆိုတာ

မယားခုနှစ်မျိုး ၊ ရှိမြဲရိုးတွင် ၊ ခိုးသူအရှင် ၊သူသတ်သွင်းသို့ ၊ အကြင်မယား ၊ လား၏ငရဲ ၊အမြဲမှတ်ဘိ ၊ အမိတမျှ ၊ နှမမယွန်း ၊ခင်ပွန်းသ ဖွယ် ၊ ကျွန်နှယ်လေးဖြာ ၊ မယားမှာကား ၊နိပ္မာနတ်ပြည် ၊ လာမြဲမည်၏ ၊ယင်းသည့်လေးသွယ်…

View More မယား (၇) မျိူး ၊ လင် (၈) မျိူး ဆိုတာ

သူတစ်ပါး မကောင်းကြံ ကိုယ်ဘေးဒဏ်ထိ

ဗာရာဏသီပြည်မှာ ယသပါဏီမင်းကြီး မင်းပြုစဉ် ဘုရားလောင်းဟာ ဓမ္မဓဇ အမည်ရှိတဲ့ ပုရောဟိတ်အမတ် ဖြစ်နေတယ်။ ကာဠက ခေါ်တဲ့ စစ်သူကြီးနဲ့ ဆတ္တပါဏိ ခေါ်တဲ့ ဆတ္တာသည်တို့ကလည်း မင်းဆီမှာ ခစားနေကြတယ်။ ကာဠကဟာ စစ်သူကြီးတာဝန်အပြင် တရား ဆုံး ဖြတ်မှုတွေကိုပါ ပူးတွဲတာဝန်ယူထားတယ်။တစ်‌နေ့တော တရားရှုံးတဲ့ အမှုသည်တစ်ယောက်ဟာ တရားရုံးထဲကနေ…

View More သူတစ်ပါး မကောင်းကြံ ကိုယ်ဘေးဒဏ်ထိ

မယ်ခြုံ နဲ့ မယ်ပုံ

ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာမှာ မယ်ခြုံ နဲ့ မယ်ပုံ ဆို တဲ့ မိန်းမပျို နှစ်ယောက် ရှိသတဲ့ ။ မယ်ခြုံ ဟာ လှပချောမောပြီး မယ်ပုံလေးက တော့ ရုပ်ဆိုးဆိုးလေးတဲ့။ လူစုံလာရင် မယ်ခြုံ ဟာ မယ်ပုံရဲ့ အားနည်းချက်တွေကို ရယ်စရာလုပ်ပြီး အမြဲ နှိမ့်ချ…

View More မယ်ခြုံ နဲ့ မယ်ပုံ

ပြည့်တန်ဆာအိမ်က သာလိကာကိုဝယ်မွေးမိလိုက်တဲ့ ကိုဖေကျင်တို့မိသားစုရဲ့ အဖြစ်

အိမ်ထောင်စုတခုမှာ အိမ်ထောင်ဦးစီးက ကိုဖေကျင် တဲ့။ သူ့ဇနီးက မယဉ်မြ ပါ။ သူတို့မှာ သမီးပျို ၃ယောက်ရှိတယ်။နေ့လည်နေ့ခင်းဆို အိမ်မှာ မယဉ်မြ တယောက် တည်း ပျင်းနေရတယ်။ ကိုဖေကျင်က အလုပ်ကြီး အကိုင်ကြီးသမားမို့ တနေကုန် အလုပ်သွား။ သမီးပျိုတွေကလည်း အထက်တန်းနဲ့ တက္ကသိုလ်ကျောင်းသူတွေဆိုတော့ ကျောင်း သွားကြတာကိုး။ဒါနဲ့…

View More ပြည့်တန်ဆာအိမ်က သာလိကာကိုဝယ်မွေးမိလိုက်တဲ့ ကိုဖေကျင်တို့မိသားစုရဲ့ အဖြစ်

ဖိနပ်စုတ်လောက်တောင် တန်ဖိုးမရှိတဲ့အရာ

တနေ့မှာ..တောသားတစ်ယောက်စျေးမှာ စျေးဝင်ဝယ်ဖို့ လာရင်း မိုးကလည်းရွာထားတော့ သူ့ဖိနပ်ကပြတ်သွားတာပေါ့..။ဒါနဲ့အိတ်ထဲက စက္ကူလေးနဲ့ထုတ်ပြီး ယူလာခဲ့တယ်။စျေးအဝင်ဝက ဆိုင်တစ်ဆိုင်ရောက်တော့ဆိုင်ရှင်ကိုခေါ်ပြောလိုက်တယ်။အစ်မကြီး ကျွန်တော့ ဖိနပ်လေး ခဏထားခဲ့လို့ ရမလား စျေးလာရင်း ဖြတ်သွားလို့ပါ ကျွန်တော် စျေးကအပြန်ဝင်ယူပါ့မယ်။အစ်မကြီး.. အေးငါ့မောင် ဒီနားမှာထားခဲ့လိုက်..ဟုတ် အစ်မ။ ဒါနဲ့ စျေးဝယ်ပြီးတာနဲ့ သူဖိနပ်လေးဝင်ယူခဲ့တယ်..အစ်မ ကျွန်တော့ ဖိနပ်လေး ယူသွားတော့မယ်ခင်ဗျ..အေး…

View More ဖိနပ်စုတ်လောက်တောင် တန်ဖိုးမရှိတဲ့အရာ

ကံ ကံ၏အကျိူး

တစ်ခါတုန်းက…လူမိုက်တစ်ယောက်ဟာ ခရီးတစ်ခုကို ထွက်ခဲ့ပါတယ်။လမ်းခရီးတစ်လျှောက်လုံးတွေ့သမျှ အရာအားလုံးကို ပြဿနာရှာပြီး ဖျက်ဆီးခဲ့တယ်တဲ့။ချောင်းကိုဖြတ်ပြီးထိုးထားတဲ့ တံတားတစ်ခုနားကိုရောက်တဲ့အခါမှာ ချောင်းကိုကူးပြီးတော့ တံတားကို ဖျက်ဆီးခဲ့တယ်။ဒီလိုနဲ့ ခရီးဆက်ခဲ့တာရေအိုးစင်တစ်ခုကိုလည်း တွေ့ရောမောမောနဲ့ ရေသောက်ဖို့လုပ်တယ်။ဖြစ်ချင်တော့…ရေအိုးထဲမှာ ရေက မရှိဘူးတဲ့။အဲဒါနဲ့ လူမိုက်က အရမ်းဒေါသထွက်ပြီးရေအိုးကို ရိုက်ခွဲလိုက်ပြန်တယ်။အဲဒီလိုနဲ့ ခရီးဆက်သွားရင်းညောင်ပင်ကြီးတစ်ပင်အောက်ကိုရောက်သွားပါတယ်။ အရိပ်ကကောင်းတော့ ခဏနားမယ်ဆိုပြီးအနားယူနေတဲ့ အချိန်မှာပဲရွှေအိုးတစ်လုံးကို တွေ့ရှိသွားခဲ့တယ်လေ။လူ မိုက်ဟာ အရမ်းကို…

View More ကံ ကံ၏အကျိူး

မြန်မာရာဇဝင်ထဲက ကြက်ခေါင်းစားလို့ ဘုရင်ဖြစ်လာသူ

ကြက်ခေါင်းစားလို့ ဘုရင်ဖြစ်ခဲ့တဲ့ ငါတပါးမင်းဟာ ငယ်စဉ်က ဆရာရဟန်းတော်ထံမှာ ပိဋကတ် ဗေဒင် စသည့်ပညာရပ်များကို သင်ယူရင်း အလုပ်အကျွေးပြု့ နေခဲ့ပါတယ်။တစ်နေ့မှာ ဆရာရဟန်း မွေးမြူထားတဲ့ ကြက်ဖဟာ အခါခပ်သိမ်း တွန်သမျှမှာ ငါ့ဦးခေါင်းစား ငါတပါးမင်း ဖြစ်လတ္တံ့ဟု တွန်စမတ်ပြု့ သဖြင့် ဆရာရဟန်းသည် တွေးတောတော်မူလျှက် ယင်းတိရစ္ဆာန်ဖြစ်လျှက် ဤအခြင်းအရာကို…

View More မြန်မာရာဇဝင်ထဲက ကြက်ခေါင်းစားလို့ ဘုရင်ဖြစ်လာသူ