ဆဌမမြောက် ဖား ပုံပြင်

တစ်ခါတုန်းက နံနက်စောစောအချိန်မှာ ဖား(၆)ကောင် အစာရှာထွက်လာကြတယ်။အစာရှာ ကြရင်း မထင်မှတ်ဘဲ ရေတွင်းပျက်တစ်ခုထဲကို ဖား(၆)ကောင်စလုံး ပြုတ်ကျသွားတယ်။ ဒါပေ မယ့် ကံကောင်းထောက်မစွာနဲ့ ရေတွင်းထဲမှာ ရေတွေရှိနေသေးတော့ဖားတွေ သေကံမရောက် အသက် မပျောက်ကြရဘူး။ဖား(၆)ကောင်လည်းအကူအညီ ရလို ရငြား “ ကယ်ပါ ယူပါ ” တစ် စာစာအော်နေကြတော့…

View More ဆဌမမြောက် ဖား ပုံပြင်

ဖား သေရတဲ့ အကြောင်းအရင်း

ဖားတကောင်ကို ရေခွက်တခုထဲထည့်လိုက်ပြီးရေခွက်ကိုမီးစပြီးအပူပေးလိုက်တယ်၊ ရေအပူချိန် ခပ်နွေးနွေးလေးဖြစ်လာတော့ ဖားကသူ့ရဲ့ခန္ဓာကိုယ်အပူချိန်ကို ရေအပူချိန်နဲ့ကိုက်ညီအောင်ညှိယူလိုက်တယ်၊ ရေကပိုပြီးပူလာလေလေ ဖားကသူရဲ့ခန္ဓာကိုယ်အပူချိန်ကိုပိုပြီး လိုက် လျောညီထွေဖြစ်အောင်ထပ်ပြီး ညှိယူလေလေနဲ့နေလိုက်တယ်၊ ရေကပိုပြီးပူလာပြီး ဆူပွက်လာတဲ့အချိန်မှာတော့ဖားကသူ့ခန္ဓာကိုယ်အပူ ချိန်ကိုလိုက်လျောညီထွေဖြစ်အောင်ထပ်ပြီးညှိယူလို့မရတော့ဘူး၊ အဲဒီ့အချိန်မှာဖားဟာရေခွက်ထဲကနေခုန်ထွက်ဖို့ဆုံးဖြတ်လိုက်တယ်၊ ဒါပေမဲ့သူခုန်ထွက်လို့မရတော့ဘူး၊ဘာဖြစ်လို့လဲဆိုတော့ဖားမှာရှိတဲ့စွမ်းအင်တွေဟာရေရဲ့အပူချိန်အတိုင်းလိုက်ပြီးညှိယူရင်းနဲ့ကုန်ခမ်းသွားလို့ဘဲဖြစ်တယ်၊ သိပ်မကြာခင်မှာဘဲဖားဟာသေဆုံးသွားခဲ့တယ်၊ ဖားကိုဘယ်အရာကသေစေခဲ့တာလဲ? အများစုကတော့ဆူပွက်နေတဲ့ရေကြောင့်ဖားသေခဲ့ရတာလို့ပြောကြတယ်၊ တကယ်တော့ဖားကိုသေစေခဲ့တာက သူဟာဘယ်အချိန်မှာခုန်ထွက်ရမယ်ဆိုတာကိုဆုံးဖြတ်နိုင်စွမ်းမရှိလို့ပါဘဲ၊ ကျွန်တော်တို့လည်းကိုယ့်ပတ်ဝန်းကျင်၊ အခြေအနေတွေ၊ကိုယ်ဆက်ဆံနေရတဲ့သူတွေနဲ့ပတ်သက်ပြီးညှိယူကြရတာတွေ၊ ညှိယူနေခဲ့တာတွေရှိခဲ့တယ်၊ ဘယ်လောက်အထိညှိယူရမလဲ၊ဘယ်အချိန်မှာခုန်ထွက်ရမလဲဆိုတာကိုတော့ဆုံးဖြတ်နိုင်စွမ်းရှိဘို့လိုတယ်၊…

View More ဖား သေရတဲ့ အကြောင်းအရင်း

မိဘကို ကျေးဇူးမဆပ်ရင်နေပါ ကျေးဇူးမကန်းကြပါနဲ့..

တခါက ဒေါ်ကျင်ဥ ဆိုတဲ့ အဖွှားကြီးဟာ အသက်ရွယ်ကြီးမှ အိမ်ထောင်ပြုရသည်ဖြစ်၍ ရှားရှားပါးပါးသမီးလေးတစ်ယောက်ထဲရှိပါတယ်။ထို မိခင်ကြီး မကျင်ဥဟာ သမီးလေးကလည်းအသားရေလေးကဖွေး ရုပ်ရည်လေးကလည်းချောတော့ အငယ်လေးကတည်းက ဘာမှ မခိုင်းဘူးဒီတော့ မြို့ရုပ် မြို့သွေး ပေါက်နေတယ်။ဒီလိုနဲ့ မယဉ်ရွှေ ၁၅.နှစ် ၁၆နှစ် အပျိုဖျန်း အရွယ်လောက် အရောက်မှာ သူ့အမေ ဒေါ်ကျင်ဥဟာ…

View More မိဘကို ကျေးဇူးမဆပ်ရင်နေပါ ကျေးဇူးမကန်းကြပါနဲ့..

“လယ်သမားညီအစ်ကို”

တစ်ခါက လယ်သမားညီအစ်ကို နှစ်ယောက် ရှိကြတယ်။ သူတို့က ခြံခြင်းကပ်ရပ်နေထိုင် ကြတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ ကိစ္စတစ်ခု ကြောင့် ညီအစ်ကိုနှစ်ယောက် ရန်ဖြစ်ပြီး မခေါ် မပြောနိုင် ဖြစ်ကြသတဲ့ အဲဒီအချိန်မှာ လက်သမားတစ်ယောက်က အစ်ကို ဖြစ်သူအိမ်ကိုရောက်လာပြီး အလုပ်လာတောင်း ပါတယ်။‘လက်သမားအလုပ်လေးများရှိရင် ကျနော့်ကို ခိုင်းပါ။ ကျနော်…

View More “လယ်သမားညီအစ်ကို”

သိန်းငှက်ကို သင်ခန်းစာယူပြီး ကျင့်ကြံနေထိုင်ပါ

သိန်းငှက် ဟာ ငှက်မျိုးနွယ်ထဲမှာ ဘုရင်ပဲ ဖြစ်ပါတယ် ။ သိန်းငှက်ကို ဘယ်ငှက်မှ ယှဉ်မပြိုင်ရဲပါဘူး။ ဒါပေမယ့် သိန်းငှက်ကို ကိုက်ရဲတဲ့ ငှက်တကောင်ရှိတယ် ။ အဲ့ အကောင်က ကျီးကန်းပဲ။ သိန်းငှက်ရဲ့ အပေါ်ကို တက်ပြီး ကိုက်ရဲတာ ကျီးကန်းပဲ ရှိတယ်။ အဲဒီလိုမျိုး ဖြစ်လာရင်လည်း…

View More သိန်းငှက်ကို သင်ခန်းစာယူပြီး ကျင့်ကြံနေထိုင်ပါ

နတ်ကောင်းနတ်မြတ်တွေက သင့်ကို စောင့်ရှောက်တယ်ဆိုတာ သိနိုင်မယ့်အချက် (၅) ချက်

တစ်ချို့လူတွေဟာ သူတို့ရဲ့ မွေးရာပါကံလို့ပဲပြောရမလား၊ ထူးခြားချက်လို့ပဲပြောရမလား (အကြောင်းအမျိုးမျိုးကြောင့်) နတ်ကောင်းနတ်မြတ်တွေရဲ့ စောင့်ရှောက်ခြင်းကို အမြဲတမ်း ခံရပါတယ် …။သင့်ကိုနတ်ကောင်း နတ်မြတ်တွေက စောင့်ရှောက်တယ် ဆိုတာ သိနိုင်မယ့်အချက် (၅) ချက်ရှိပါတယ်။ တကယ်လို့ ဒီအရာလေးတွေကို သင်အမြဲ လိုလို ကြုံတွေ့နေရတယ် ဆိုရင်တော့ သင်ဟာ မမြင်ရတဲ့ နတ်ကောင်းနတ်မြတ်တွေရဲ့…

View More နတ်ကောင်းနတ်မြတ်တွေက သင့်ကို စောင့်ရှောက်တယ်ဆိုတာ သိနိုင်မယ့်အချက် (၅) ချက်

မိတ္ထီလာကန် သမိုင်းနှင့် သမိုင်းဝင် သိမ်ကိုးသိမ်

မိတ္ထီလာကန်သည် မြန်မာပြည်တွင် အဓိကထင်ရှားသော ကန်တော်ကြီးဖြစ်သည်။ မိတ္ထီလာကန်တော်ဘွဲ့ ကဗျာ၊ လင်္ကာ၊ မော်ကွန်းများကို ရှေးမြန်မာပညာရှိ စာဆိုများက ရေးစပ်သီကုံးခဲ့သည်မှာ အထင်အရှားရှိပါသည်။မိတ္ထီလာကန်မော်ကွန်းကို အင်းဝခေတ်၊ ရွှေနန်းကျော့ရှင် နရပတိလက်ထက် ရတုလင်္ကာ ဘုရင် မဟာသိလဝံသ ကလည်းကောင်း၊ အမရပူရ ပဌမမြို့တည် နန်းတည်းမင်းတရားကြီး လက်ထက် ဗ လနန္ဒ…

View More မိတ္ထီလာကန် သမိုင်းနှင့် သမိုင်းဝင် သိမ်ကိုးသိမ်

“စကား နှင့် တန်ဖိုး”

စကားဆိုတာ သာမန်ကြည့်ရင် လူတစ်ယောက်ရဲ့ တန်ဖိုးနှင့် မသက်ဆိုင်ဘူးလို့ ထင်ရပေမယ့် လူတစ်ယောက်ရဲ့ အဆင့်အတန်းကိုတော့ စကားလုံးတွေကိုကြည့်ပြီး ပိုင်းဖြတ်လို့ ရတတ်တယ်။ စကားဆိုတာ”စကားစကားပြောပါများ စကားထဲကဇာတိပြ”ဆိုသလို စကားလုံးကြမ်းတွေကလူ့တန်ဖိုးကို နိမ့်ကျသွားစေတတ်ပါတယ် စိတ်ရင်းဘယ်လောက်ကောင်းကောင်းအပြောမတတ်ရင်ဆဲသလိုဖြစ်တယ်ဆိုတာကလည်းအမှန်ပါ။ စကားဆိုတာချစ်ခင်မှူကို ဖန်တီးပေးတတ်သလို နာကျင်မုန်းတီးမှုကိုလည်း လက်ဆောင်ပေးတတ်ပြန်ပါတယ် ပျော်ရွှင်မှူတွေ သယ်ဆောင်လာတတ်သလိုအထီးကျန်မှူကိုလည်းတွဲခေါ်တတ်ပြန်ပါတယ်။စကားကြောင့် အားဖြစ်စေသလို စကားကြောင့်ပဲ စိတ်…

View More “စကား နှင့် တန်ဖိုး”

မဗျိူင်းလို ဘဝမမေ့နဲ့..

တခါတုန်းက ရွာတရွာမှာ အလွန် ချောမောလှပသော မဗျိုင်း ဆိုသည့် သူဆင်းရဲ မိန်းမပျိုကလေး တယောက်ရှိခဲ့တယ်။ မဗျိုင်းကား ရုပ် ရည် ချောမော သော်ငြား ဘဝကံအကျိုးပေး မကောင်းရှာ။ ဝမ်းရေးအတွက် ဆီးသီးရောင်းစားနေရရှာသဖြင့် သူ့ကို ဆီးသီးသည် မဗျိုင်းဟုခေါ်ကြလေ၏။ တနေ့တော့ တိုင်းခန်း လှည့်လည်လာသည့် ဘုရင်ကြီးက…

View More မဗျိူင်းလို ဘဝမမေ့နဲ့..

ကမ္ဘာမှ အသိအမှတ်ပြုခဲ့သော မြန်မာ့ပထမဆုံး သိပ္ပံပညာရှင်တစ်ဦး

ကမ္ဘာမှ အသိအမှတ်ပြုခဲ့သော မြန်မာ့ပထမဆုံးသိပ္ပံပညာရှင် မက္ခရာမင်းသားကြီးဟာ ဘိုးတော်ဘုရား(ဗဒုံမင်း)နဲ့ ဒုတိယ မြောက်နန်းတော်မိဖုရား သီရီမဟာ ရတနာဒေဝီတို့ရဲ့ သားတော်ဖြစ်တယ်။ငယ်နာမည်မောင်ဖြိုး ၁၁၅၃ခုနတ်တော်လ္ဆန်း၁၅ ရက်နေ့မှာ ဖွားမြင်တော်မူတယ်။၁၁၅၃ ခုနှစ်မှာ မင်းရဲကျော်စွာ၊၁၁၆၄ ခုနှစ်မှာသတိုးမင်းလှကျော်စွာ၊၁၁၆၈ခုနှစ်မှာ မဟာသီရိဓမ္မရာဇာ ဘွဲ့တွေ ခမည်းတော်ကပေးပါတယ်။ညီတော် လှိုင်မင်းသားညီမတော် ကျောက်ဆည်မြို့၊မြစ်သားမြို့စားမင်းသမီး(ရွှေနန်းမြင့်)မွေးချင်းသုံးယောက်အနက် ပထမသားတော် ဖြစ်ပါတယ်။မက္ခရာမြို့အပြင် ဗန့်ကျီတိုက်ကိုလည်း ကံကျွေးခံရပေမဲ့…

View More ကမ္ဘာမှ အသိအမှတ်ပြုခဲ့သော မြန်မာ့ပထမဆုံး သိပ္ပံပညာရှင်တစ်ဦး