ငှက်တစ်ကောင်နှင့် ကျောက်စရစ်ခဲများ

တစ်ခါက ငှက်တစ်ကောင်ရှိတယ်။ လေထဲမှာ ပျံသန်းပြီး ပိုးကောင်လေးတွေကို ဖမ်းပြီး စားသုံးတယ်။ ဒါပေမယ့် သူမှာ အကျင့်တစ်ခုရှိတယ်။ သူ့ဘဝမှာ တစ်ခုခုဖြစ်လာတိုင်း သူက ကျောက်စရစ်ခဲလေးတစ်လုံးပေါ်မှာ မှတ်ပြီး သယ်ဆောင်ထားလေ့ရှိတယ်။ ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် မှတ်သားသယ်ဆောင်ထားတယ်။ လွတ်လပ်စွာ သွားလာပျံသန်းနေတာဖြစ်လို့ ကျောက်စရစ်လေးတွေကို မချန်ထားခဲ့ပဲ အမြဲ ကိုယ်နဲ့မကွာ…

View More ငှက်တစ်ကောင်နှင့် ကျောက်စရစ်ခဲများ

ကောင်းဖို့အတွက် ဖြစ်လာတာပါ…

တစ်ခါတုန်းကတိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးတစ်ပါးအုပ်ချုပ်မင်းလုပ်နေသတဲ့။ အဲဒီဘုရင်ကြီးဆီမှာ အင်မတန်မှပညာရှိတဲ့ ပညာရှိအ မတ်ကြီးတစ်ပါးလည်း အမှုထမ်းလျက်ရှိတာပေါ့။ဒါပေမယ့် အဲဒီပညာရှိအမတ်ကြီးကိုဘုရင်ကြီးက အမြင်သိပ်မကြည်ဘူးတဲ့။ဘာလို့လဲဆိုတော့ ဘုရင်ကြီးက အိပ်မက်တွေမကောင်းလို့ “ညကအိပ်မက်တွေမကောင်းဘူးအမတ်ကြီး ငါကိုယ်တော် ကံတွေဆိုးနေတယ်ထင်တယ် ဘာများဖြစ်နိုင်မလဲ” လို့မေးလိုက်တိုင်းအမတ်ကြီးက “ကောင်းဖို့အတွက်ဖြစ်လာတာပါဘုရား”လို့ပြန်လျှောက်တယ်။ အဲဒီလိုပဲ ဘုရင်ကြီးကအဆင်မပြေတာနဲ့ကြုံလို့မေးတဲ့အခါတိုင်း အမတ်ကြီးက “ကောင်းဖို့အတွက်ဖြစ်လာတာပါဘုရား”လို့ဘုရင်ကြီးကိုပြန်ပြန်လျှောက်သ တဲ့။အဲဒီစကားကိုပဲအမြဲတမ်းလျှောက်နေတော့ ဘုရင်ကြီးက အမတ်ကြီးကို အမြင်မကြည်ဘူးဖြစ်လာတာပေါ့။ဒီလိုနဲ့…

View More ကောင်းဖို့အတွက် ဖြစ်လာတာပါ…

လှူ ခါနီးထားရမည့် စိတ်

မြတ်စွာဘုရားရှင်က နူနာရောဂါ ခံစားနေရတဲ့ ယောဟိနီမင်းသမီးလေးရဲ့ ကျောင်းဆောင်လှူ ဒါန်းပွဲမှာ ချစ်သမီး သင်ပြု ခဲ့တဲ့ မာန , သင်ပြု ခဲ့တဲ့ ဒေါသ အခြေခံပြီးတော့ လုပ်ခဲ့တဲ့ကံကြောင့် သင်ပြန်ခံရတဲ့ ဝိဘတ်ကြီးက ( ရောဂါကြီး )က ကြောက်စရာ။ဒါကြောင့် ယနေ့ပြုလုပ်တဲ့ ကုသိုလ် ပွဲမှာ…

View More လှူ ခါနီးထားရမည့် စိတ်

အမဲစက်လေး တစ်စက်

ဆရာက အဖြူရောင်စက္ကူပေါ်မှာ အနက်ရောင်မှင်စက်လေးတခုကိုချပြပြီး ကျောင်းသားတစ်ယောက်ကိုမေးတယ်.. ဘာမြင်လည်း.? ဖြေတဲ့ကျောင်းသားကလည်း အနက်ရောင်အစက်လေးမြင်ပါတယ်လို့ဖြေတယ်..ဆရာက ဒါပဲမြင်တာလားလို့ ထပ်မေးတယ်..ကျောင်းသားက ဟုတ်တယ်.. ဒါပဲမြင်ပါတယ်တဲ့..။ဒီလိုနဲ့ ဆရာက ကျောင်းသားတွေအားလုံးကိုမေးလိုက်တယ်..။ဘာမြင်လည်းဖြေပေါ့..ကျောင်းသားအား လုံးကလည်း အနက်ရောင်အစက်လေးပဲ မြင်ပါတယ်လို့ဖြေတယ်..။ အဲဒီမှာဆရာက ကျောင်းသားတွေအားလုံးကိုထပ်ပြီးမေးလိုက်တယ်..ဒီလောက်ကြီးတဲ့ အဖြူရောင် စက္ကူကိုမမြင်ကြပဲ အနက်ရောင်အစက်ကလေးကိုမှ ဘာလို့မြင်ကြတာလည်းတဲ့..။အဲဒီမေးခွန်းလေးကို ကျနော်အရမ်းကြိုက်တယ်ဗျာ..။ကျနော်တို့လူ့လောကမှာလည်း လူတစ်ယောက်ရဲ့ အမဲစက်လေးကိုပဲမြင်နေမဲ့အစားသူ့မှာရှိတဲ့…

View More အမဲစက်လေး တစ်စက်

သင့်ဘဝမှာ ဆုံတွေ့ရမဲ့ လူ (၉) မျိုး

အချိန်လွန်မှတတဲ့ နောင်တမရစေဘဲ အေးချမ်းတဲ့ဘဝကို တစ်သက်တာပိုင်ဆိုင်စေဖို့ ဒီလူ (၉) ယောက်နဲ့ တွေ့ဆုံတဲ့အခါ ဒီအချက်လေးတွေက သင့်ကို ကူညီပေးပါလိမ့်မယ်။ ဆန်းစစ်ကြည့်လိုက်ပါဦး။ ၁။ ကိုယ်တကယ်ချစ်တဲ့ လူနဲ့ဆုံတဲ့အခါ သူနဲ့တစ်သက်သာ လက်တွဲနိုင်ဖို့ ကြိုး စားပါ။ သူမရှိတော့ရင် အရာအားလုံးက နှောင်းသွားလိမ့်မယ်။ ၂။ ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့…

View More သင့်ဘဝမှာ ဆုံတွေ့ရမဲ့ လူ (၉) မျိုး

ဆုတောင်းပြည့်လွန်းလို့ မင်းညီ မင်းသားတွေ မဖူးရ အမိန့်ထုတ်ခဲ့ဘူးတဲ့ ရွှေကြက်ယက် ရွှေကြက်ကျ ဘုရားသမိုင်း

ဆုတောင်းပြည့်လွန်းလို့ ‘မင်းညီ မင်းသားတွေ မဖူးရ’ အမိန့်တော် ထုတ်ပြန်ပြီး သော့ခတ်လို့ အစောင့် တွေ ချထားခဲ့ရတဲ့ ဆုတောင်းပြည့်ရုပ်ပွားတော်မြတ်’ စစ်ကိုင်းတောင် တစ်ဖက်ကမ်းကရွှေကြက်ယက် ရွှေကြက်ကျဘုရားတွေဖြစ်ပြီး ဒီဆုတောင်းပြည့်ကိုယ်တော်မြတ်ကြီးက တော့ ရွှေကြက်ယက်စေတီအတွင်းမှာ ရှိပါတယ် ။အနော်ရထာမင်းကြီးလက်ထက်မှာ တစ်ကြိမ်…၊ နရပတိစည်သူမင်းကြီးလက်ထက်မှာ တစ်ကြိမ်… မည်သည့်မင်းညီမင်းသားမှ မဖူးရလို့အမိန့်တော်ထုတ်ပြန်ပြီး အစာင့်တွေချထားကာ…

View More ဆုတောင်းပြည့်လွန်းလို့ မင်းညီ မင်းသားတွေ မဖူးရ အမိန့်ထုတ်ခဲ့ဘူးတဲ့ ရွှေကြက်ယက် ရွှေကြက်ကျ ဘုရားသမိုင်း

တစ်ဘို့တည်းသမား

တစ်ခါတုန်းက ဝံပုလွေ တစ်ကောင်ဟာ သားကောင်ကို အငမ်းမရ စားရင်း လည်ချောင်းထဲမှာ အရိုးတစ်ချောင်းကန့်လန့်ခံသွားတယ်။ အရိုးကို အန်ထုတ်လို့လည်းမရ၊ မျိုချလို့လည်း မရတာကြောင့် လည်ချောင်းမှာ နာကျင်တဲ့ဝေဒနာ ခံစားနေရ တဲ့အပြင် နောက်ထပ် ဘာအစား အသောက်မှ ထပ် စားလို့မရတော့တဲ့အတွက် ဆာလောင်မူ့ ဝေဒနာကိုပါခံစားနေရတယ်။ ဒါနဲ့ ဝံပုလွေဟာ…

View More တစ်ဘို့တည်းသမား

ပညာတက် လူမိုက် သုံးယောက်

တခါတုန်းက မြို့ငယ်လေး တခုက သူငယ်ချင်း လေးယောက်ဟာ ဒိသာပါမောက္ခ ဆရာကြီး ထံမှာ သုံးနှစ် သုံးမိုး ပညာသင်ကြား ပြီးနောက် ပညာစုံလို့ မိမိမြို့ကို ပြန်လာကြတယ်။သူငယ်ချင်း လေးယောက် အနက် သုံးယောက်ဟာ ပညာ အလွန် ထူးချွန်ကြပြီး ဆရာကြီးရဲ့ မကြာခဏ ချီးကျူး ခံကြရသူတွေ…

View More ပညာတက် လူမိုက် သုံးယောက်

သူငယ်ချင်းနှစ်ယောက် နဲ့ ရတနာထုပ်

တခါတုန်းက သူငယ်ချင်း နှစ်ယောက်ဟာ ခရီးတခုကို အတူ လမ်းလျှောက်ပြီး သွားနေကြတယ်။ တယောက်က လမ်းပေါ်မှာ ကျနေတဲ့ အဝတ်အိတ် တလုံးကို တွေ့လိုက်တယ်။အိတ်ကို ကောက်ယူပြီး ဖွင့်ကြည့်လိုက်တော့ အထဲမှာ အဖိုးတန် လက်ဝတ် ရတနာတွေကို တွေ့လိုက်တယ်။ သူက သူငယ်ချင်းကို ပြောလိုက်တဲ့။ “ကံကောင်းတယ်ကွာ။ လက်ဝတ်ရတနာတွေ…

View More သူငယ်ချင်းနှစ်ယောက် နဲ့ ရတနာထုပ်

ခေါင်းဆောင်ဆိုတာ..

ပုံမှာပါတဲ့ ဝံပုလွေအုပ်မှာ အရှေ့ဆုံးမှာ သုံးကောင် အဲဒီသုံးကောင်ကအုပ်စုထဲမှာ အသက်ရွယ်အိုမင်းပြီးတော့နာမကျန်းဖြစ်နေကြတဲ့ အ ကောင်တွေဖြစ်တယ်။သူတို့ကို ရှေ့ဆုံးမှာထားရတဲ့အကြောင်းကအုပ်စု အနောက်မှာ မကျန်ခဲ့ဖို့အတွက်ဖြစ်တယ်။သုံးကောင်အနောက်က ငါးကောင်ကတော့အုပ်စုထဲမှာအသန်မာဆုံးနဲ့ တိုက်ရည်ခိုက်ရည်အကောင်းဆုံးအကောင်တွေပါ..။သူတို့ရဲ့ တာဝန်က တကယ်လို့ အရှေ့ကနေပြီး တော့ တစ်စုံတစ်ခုက အုပ်စုကို တိုက်ခိုက်လာမယ်ဆိုရင် အကာအကွယ်ပေးဖို့ ဖြစ်တယ်..ငါးကောင်ရဲ့အနောက်က ဝံပုလွေအတန်းကတော့ အုပ်စုထဲမှာ ပါတဲ့…

View More ခေါင်းဆောင်ဆိုတာ..