သံသရာလည်မှာကြောက်တဲ့ ဘုရင်ကြီး

တစ်ခါတုန်းက အလွန်ရက်စက် ကြမ်းကြုတ်တဲ ဘုရင်တပါး ရှိတယ်။ တစ်ရက်မှာတော့ ဘုရင်ကြီးဟာ ရုတ်တရက်ပဲ ပြုပြင်ပြောင်းလဲမှုတွေလုပ်တော့မယ်လို့ ကြေငြာလိုက်တယ်။ရက်စက်ကြမ်းကြုတ်မှုတွေ မရှိစေရဘူး မတရား​မှုတွေ မရှိစေရဘူး လို့ပြည်သူလူထုကို ကတိပေးလိုက်တယ်။ သူပြောခဲ့သလိုပဲ ကတိတည်စွာ နေထိုင်ခဲ့တယ်။ ကြီးမြတ်သော တရားမျှတသော ဧကရာဇ် ဖြစ်လာခဲ့တယ်။ပြောင်းလဲခဲ့ပြီး လအတန်ကြာတော့ ဝန်ကြီးတစ်ဦးဟာ အဘယ်ကြောင့်…

View More သံသရာလည်မှာကြောက်တဲ့ ဘုရင်ကြီး

သမင်မကြီးရဲ့ ဆုံးဖြတ်ချက်

သမင်မကြီးဟာ ကိုယ်ဝန်အရင့်အမာနဲ့ မွေးခါနီးဖွားခါနီး ယာတောစပ်က မြစ်ကမ်းဘေးမှာထိုင်ချလိုက်တယ်။ကလေးမွေးတော့အံ့ဆဲဆဲ အချိန်မှာမိုးသည်းထန်စွာရွာချတယ်။ မိုးနဲ့အတူ မုန်တိုင်းပါ ပါလာတဲ့အတွက် ကောင်းကင် တစ်ခွင်ဟာ ကြောက်စရာကောင်းလောက်အောင် မဲမှောင်ပြီး လျှပ်စီးတွေလက်နေတယ်။မုန်တိုင်းကြောင့် မြစ်ရေပြင်ဟာလည်း တဝုန်းဝုန်းနဲ့ကြမ်းသထက် ကြမ်းလာတယ်။အဲ့ဒီအချိန်မှာပဲ ယာတောထဲကို မိုးကြိုးပစ်ချ လိုက်တဲ့အခါ ယာတောခင်းကြီး ဟာလည်း မီးထလောင်တယ်။သမင်မကြီးရဲ့အနောက်မှာတော့ မုဆိုးတစ်ယောက်ဟာ မြှားနဲ့…

View More သမင်မကြီးရဲ့ ဆုံးဖြတ်ချက်

စိတ်ကို ကျွဲထိန်းသလို ထိန်းပါ

တစ်ခါတော့ ..မြစ်၀ကျွန်းပေါ် ဒေသတစ်ခုသို့ဆရာတော် တရားဟောကြွလေ၏ ။ထိုဒေသတွင် မိုးများသည့်အတွက်တောင်ယာသမား အ များစုသည်နွားအစား ကျွဲများဖြင့်သာထွန်ယက်စိုက်ပျိုးကြရလေ၏ ။ကျွဲများသည် သန်မာထွားကျိုင်းပြီး ချိုကြီးများကားနေ၏ ။ဆရာတော်သည် ..ကျွဲကြီးများကို မြင်သောအခါထိုဒေသမှ ဒကာကြီးများကိုယခုကဲ့သို့ မေးကြည့်လေ၏ ။“ ဒကာကြီး ..ဒီလောက်သန်မာတဲ့ ကျွဲကြီးတွေကဒကာကြီးတို့ကို ပြန်ပြီးရန်မမူကြဘူးလား ”“ တစ်ခါတလေတော့ ရန်မူတယ်ဘုရား…

View More စိတ်ကို ကျွဲထိန်းသလို ထိန်းပါ

စတိဗ်ဂျော့စ် (Steve Jobs) ရဲ့ နောက်ဆုံးစကား

စီးပွားရေးလောကမှာ ကျွန်တော်ဟာ အထွဋ်အထိပ်ကို ရောက်ခဲ့ပါတယ်။ အများတကာမျက်လုံးထဲမှာတော့ ကျွန်တော်ဟာ အောင်မြင်မှုရဲ့ ပြယုဂ်ပေါ့။ သို့ပေမယ့် အလုပ်ပြင်ပမှာ ကျွန်တော့်အတွက် ပျော်ရွှင်စရာဆိုတာ မရှိ။ နောက်ဆုံးမှာတော့ ချမ်းသာကြွယ်ဝြခင်းဆိုတာ ကျွန် တော်အဖို့ ထူးပြီးမဆန်းတဲ့ ကိစ္စ၊ ကျွန်တော့်ဘ၀ရဲ့ အစိတ်အပိုင်းတခုသက်သက်ပါပဲ။နေထိုင်မကောင်းလို့ အိပ်ရာထဲလဲနေရတဲ့ အခုလိုအချိန်မှာ ကျွန်တော့်ဘ၀ကို ပြန်စဉ်းစားကြည့်တော့…

View More စတိဗ်ဂျော့စ် (Steve Jobs) ရဲ့ နောက်ဆုံးစကား