4WD မှာပါတဲ့ L ၊ H နဲ့ C ဆိုတဲ့ အက္ခရာတွေက ဘာတွေကိုကိုယ်စားပြုတာလဲ.?

2H ၊ 4H ၊ 4HLC ၊ 4LLC ဆိုပြီးတော့ပါတဲ့ 4WD ကားတွေမှာဆိုရင် _ 2H ဆိုတာ နောက်ဘီးနှစ်ဘီးယက်စနစ်ဖြစ်ပါတယ်။ သူက ပုံမှန်လမ်းတွေမှာ ပုံမှန် သွားစေပါတယ်။ 4 H ဆိုတာကတော့ ရှေ့ဘီး နောက်ဘီး နှစ်မျိုးလုံး စက်အားဖြင့် တွန်းစေတာပါ။ ရာသီဥတုဆိုးဝါးချိန်မှာ ဆွဲအားညီမျှ စေဖို့သုံးတာပါ။ 4HLC ဆိုတာကတော့ center differential ကို lock လုပ်လိုက်တာပါ။ပြောရရင် ရှေ့နောက်ဘီးတွေရဲ့လိမ်အားကို ၅၀% စီမျှတအောင် လုပ်ဆောင်စေတာပါ။

အထူးသတိပေးချင်တာက ကားရပ်ပြီးမှ ဒီMode ကို ချိန်းပေးရတာပါ။ ရွှံ့နွံ လမ်းကြမ်းတွေမှာသုံးတာပါ။ 4LLC ကတော့ Low range Gear lock center ဖြစ်စေတာပါ။ သူ့ကိုသုံးရင်လဲကားရပ်ပြီးမှာ Gear mode ကို ချိန်းပေးရမှာပါ။တောတွေတောင်ကုန်းငယ်တွေတက်တဲ့အခါသုံးပါတယ်။ နောက် ပုံမှန်ဂီယာမှာ (P) ဆိုတာ ပါကင် ရပ်ထားတာပါ။ (R) ဆိုတာ နောက်ဆုတ်ခြင်းပါ။ (N) ဆိုတာ NEUTRAL ဂီယာ။ (D) ဆိုတာ DRIVE ရှေ့သို့မောင်းနှင်ခြင်းပါ။ (+/-) ဆိုတာ အော်တိုမှ မန်ညူရယ် ချိန်းပြီး ကိုယ်တိုင်အတင်အချလုပ်ဂီယာပါ။

Credit – ကား-Car အကြောင်းစုံ

[zawgyi]

2H ၊ 4H ၊ 4HLC ၊ 4LLC ဆိုၿပီးေတာ့ပါတဲ့ 4WD ကားေတြမွာဆိုရင္ _ 2H ဆိုတာ ေနာက္ဘီးႏွစ္ဘီးယက္စနစ္ျဖစ္ပါတယ္။ သူက ပုံမွန္လမ္းေတြမွာ ပုံမွန္ သြားေစပါတယ္။ 4 H ဆိုတာကေတာ့ ေရွ႕ဘီး ေနာက္ဘီး ႏွစ္မ်ိဳးလုံး စက္အားျဖင့္ တြန္းေစတာပါ။ ရာသီဥတုဆိုးဝါးခ်ိန္မွာ ဆြဲအားညီမွ် ေစဖို႔သုံးတာပါ။ 4HLC ဆိုတာကေတာ့ center differential ကို lock လုပ္လိုက္တာပါ။ေျပာရရင္ ေရွ႕ေနာက္ဘီးေတြရဲ႕လိမ္အားကို ၅၀% စီမွ်တေအာင္ လုပ္ေဆာင္ေစတာပါ။အထူးသတိေပးခ်င္တာက ကားရပ္ၿပီးမွ ဒီMode ကို ခ်ိန္းေပးရတာပါ။ ႐ႊံ႕ႏြံ လမ္းၾကမ္းေတြမွာသုံးတာပါ။ 4LLC ကေတာ့ Low range Gear lock center ျဖစ္ေစတာပါ။ သူ႔ကိုသုံးရင္လဲကားရပ္ၿပီးမွာ Gear mode ကို ခ်ိန္းေပးရမွာပါ။ေတာေတြေတာင္ကုန္းငယ္ေတြတက္တဲ့အခါသုံးပါတယ္။ ေနာက္ ပုံမွန္ဂီယာမွာ (P) ဆိုတာ ပါကင္ ရပ္ထားတာပါ။ (R) ဆိုတာ ေနာက္ဆုတ္ျခင္းပါ။ (N) ဆိုတာ NEUTRAL ဂီယာ။ (D) ဆိုတာ DRIVE ေရွ႕သို႔ေမာင္းႏွင္ျခင္းပါ။ (+/-) ဆိုတာ ေအာ္တိုမွ မန္ညဴရယ္ ခ်ိန္းၿပီး ကိုယ္တိုင္အတင္အခ်လုပ္ဂီယာပါ။