အိမ်ရှင်မတိုင်းအတွက် အလွန်အသုံးဝင်သော လျှိူ့ဝှက်ချက်လေးများ

၁။ ဆားအခတ်များသွားလျှင် အာလူးအလုံးလိုက် (၂/၄)လုံးထည့်ပါ။ ၂။ ပဲပြုတ်သည့်အခါ စားချင်သဖွယ်….အိအိဖောင်းဖောင်း စိမ့်စိမ့်လေးဖြစ်အောင် ရေလဲပြီးသောအခါ ရေအနည်ငယ် ထည့်၍ ထန်းလျက်(၂)လုံးခန့် ထည့်ထားလိုက်ပါ။၃။ ကန်စွန်းရွက်ကို အစိမ်းရောင်လေး အတိုင်းပဲ စားချင်သဖွယ်ဖြစ်လိုပါက အဖုံးမအုပ်ပဲ ကြော်ပါ။၄။ ဒန်အိုးဒန်ခွက်များ ပြောင်စင်လိုပါက ဂေါ်ဖီထုတ်မှ အရွက်ကြမ်းဖြင့် ပွတ်တိုက်ပါ။၅။ လက်ဘက်ရည်အိုး၊ခွက်၊ အစွန်း အထေးများပြောင်စင်လိုပါကဆော်ဒါ(သို့မဟုတ်-လက်ချားအမှုန့်)ထည့်ပြီး ညသိပ်ထားလိုက်ပါ။၆။ အိမ်သာကြွေခွက်,ကျောက်ပြားများ သန့်ရှင်းလိုပါက လက်ချားမှုန့်နှင့်ရှောက်ရည် ရောစပ်ပြီး ပွတ်တိုက်ပါ။၇။ ယင်ပေါလျှင် ဖယောင်းတိုင် (၂)တိုင် ထွန်းပါ။၈။ အင်္ကျီကော်လံမှ ဆီချေးများကို ရှန်ပူခေါင်းလျှော်ရည်ဖြင့်ပွတ်တိုက်လျှော်ပါ။၉။ ပုရွက်ဆိတ်မလာလိုသော်ကန့်မှုတ်ကို နည်းနည်းဖြူးပေးပါ။၁၀။ ဟင်းရဲ့အနံ့အသက် လက်မှာစွဲ နေလျှင်မာလကာရွက်နဲ့ ပွတ်တိုက်ပေးလိုက်ပါ။၁၁။ အာလူးနွမ်းပြီး မလတ်ဆတ်သော် မှန်ရောင်သကြားအနည်းငယ် ထည့်ပြီး ပြုတ်ပါ လတ်ဆတ် တဲ့အာလူပြုတ်လိုပဲ အရသာကောင်းပါလိမ့်မည်။၁၂။ ဟင်းချိုလိုသော်..ဘူးသီးခြောက်ခတ်ပြီးသောက်ရင်ချိုပါသည်။၁၃။ မီးပူလောင်သော်ကွမ်းရွက်နဲ့သကြားကို ရောကြိတ်ပြီးအုံပါ။၁၄။ အဝတ်မှင်စွန်းသော်…ရေနံဆီသန့်သန့် အစက်ချဆွတ်ပြီးဆပ်ပြာနဲ့ လျှော်ဖွတ်ပါ။၁၅။ ကြမ်းပိုးရှိသော်…..ရေနံဆီနဲ့ မကြာမကြာကြမ်းတိုက်ပါ။၁၆။ ခံတွင်းနံ့မကောင်းသော်…သွားပွတ်တံမှာ ပရုတ်ရည် တစ်စက်နှစ်စက်ထည့်ပြီးသွားတိုက်ပါ။(သို့မဟုတ်)ပရုတ်မှုန့်ထည့့်ပြီးသွားတိုက်ပါ။၁၇။ ဟင်းများဆားငန်သော်…မီးခဲရဲရဲ တစ်ခဲထည့်ပါ။(၂)မိနစ်ခန့်ကြာ၌ပြန်ထုတ်ယူပါ။

၁၈။ ကွမ်းသွေးစွန်းသော်….ခရမ်းချဉ်သီးပွတ်တိုက်ပေးပြီးလျှော်ပါ။၁၉။ နွားနို့မချဉ်အောင်ထားလိုသော်နွားနို့ထဲသို့ ငရုတ်သီးစိမ်း(၃)တောက် အညှာဖြုတ်ပြီးထည့်ထားပါ။၂၀။ ပရွတ်ဆိတ်များမလာလိုသော် သခွားသီးအားပါးပါးလှီးပြီးချထားပါ။၂၁။ ဖန်ဖွက်ထဲ ရေနွေးပူပူထည့်လိုသော် ဇွန်းတစ်ချောင်းကို ဖန်ခွက်ထဲ အရင်ထည့်ပြီး ရေနွေးပူပူ ဖြေးဖြေးထည့်ပါ။၂၂။ သံချေးစွန်းသော် အကြမ်းပန်းကန်တစ်လုံးခန့် ဆန်ပြုတ်၍ စွန်းသောအဝတ်ကို (၅)နာရီခန့် စိမ်ပြီး ဆပ်ပြာဖြင့် ဖွတ်လျှော်ပါ။၂၃။ ကြွက်များပြေးလိုသော် ရှိန်းခိုကိုရေဖျော်၍ ကြွက်လာ လမ်းတွင်ဖျန်းထားပါ။၂၄။ ခေါင်းတစ်ခြမ်းကိုက်သော် ထောပတ်အနည်းငယ် ရှုပါ။၂၅။ ဒူးရင်းသီးတောက်သော် ဒူးရင်း သီးအခွံထဲရေထည့်၍ သောက်ပါ။ရေဝအောင်ချိုး၊မင်းကွတ်သီးစားပေးခြင်း တို့ဖြင့် ပျောက် ကင်း ပါသည်။၂၆။ ပိုးဟပ်ပြေးလိုသော် လေးညှင်းပွင့်များထောင်း၍ ဖြူးထားပါ။၂၇။ မှိုနှင့်တညင်းသီးတောက်သော် တောက်တာဥကို ဆန်ဆေးရည်နှင့်သွေး၍ သောက်ပါ။၂၈။ သံပုရာသီး ကြာရှည်ထားလိုသော်ပုလင်းသန့်သန့်ဖြင့် လေလုံအောင်ထားပါ။၂၉။ ခေါင်းကိုက်သော်လက်ဘက်ရည်ကျကျကျိုပြီးသားထဲသံပုရာရည်ညှစ်ပြီးသောက်ပါ။၃၀။ မျက်နှာလှပလိုသော် မျက်နှာမသစ်မှီ သံပုရာသီးကို ထက်ခြမ်းခွဲ၍ မျက်နှာပွတ်ပေးပြီး ရေနွေးနွေးဖြင့် ဆေးပါ အဖုအပိမ့်ကင်းစင်ပြီး ချောမွေ့စေမည်။၃၁။ ခရီးသွား ကားမူးသော် ချက်ကို ပလာစတာလုံအောင်အုပ် ကပ်ပြီးခရီးသွား ကားမမူးပါ။၃၂။ ဆီးချိုရောဂါ အမြစ်ပြတ်လိုသော်ဆလတ်ရွက်ကို နေ့စဉ်ထမင်းစား တိုင်းတို့စရာအဖြစ်စားပါ။၃၃။ ရှောက်ပင်အသီးတင်လိုသော် ပင်စည်ကို အမဲရိုးများနဲ့ ကြပ်စည်းပေးပါ။၃၄။ ဒူးနာသော် ဘဲဥအကာလိမ်းပါ။၃၅။ အနံ့ဆိုးကင်းလိုသော် အိမ်သာ (သို့မဟုတ်) ငါး ပိ,ငါးခြောက်ထားရာ လူမမာရှိရာအိမ်၏ မီဖိုချောင်ထဲမှာ ကျောက်ဖရုံသီးကို အပ်များဖြင့် အ ပေါက်ဖောက်၍ ချိတ်ဆွဲထားပါ။ကျောက်ဖရုံသီးကား ညှော်နံ့နှင့် အနံ့ဆိုးများကို စုပ်ယူပါသည်။

မူရင်း – Credit

[zawgyi]

၁။ ဆားအခတ္မ်ားသြားလွ်င္ အာလူးအလုံးလိုက္ (၂/၄)လုံးထည့္ပါ။ ၂။ ပဲျပဳတ္သည့္အခါ စားခ်င္သဖြယ္….အိအိေဖာင္းေဖာင္း စိမ့္စိမ့္ေလးျဖစ္ေအာင္ ေရလဲၿပီးေသာအခါ ေရအနည္ငယ္ ထည့္၍ ထန္းလ်က္(၂)လုံးခန႔္ ထည့္ထားလိုက္ပါ။၃။ ကန္စြန္း႐ြက္ကို အစိမ္းေရာင္ေလး အတိုင္းပဲ စားခ်င္သဖြယ္ျဖစ္လိုပါက အဖုံးမအုပ္ပဲ ေၾကာ္ပါ။၄။ ဒန္အိုးဒန္ခြက္မ်ား ေျပာင္စင္လိုပါက ေဂၚဖီထုတ္မွ အ႐ြက္ၾကမ္းျဖင့္ ပြတ္တိုက္ပါ။၅။ လက္ဘက္ရည္အိုး၊ခြက္၊ အစြန္း အေထးမ်ားေျပာင္စင္လိုပါကေဆာ္ဒါ(သို႔မဟုတ္-လက္ခ်ားအမႈန႔္)ထည့္ၿပီး ညသိပ္ထားလိုက္ပါ။၆။ အိမ္သာေႂကြခြက္,ေက်ာက္ျပားမ်ား သန႔္ရွင္းလိုပါက လက္ခ်ားမႈန႔္ႏွင့္ေရွာက္ရည္ ေရာစပ္ၿပီး ပြတ္တိုက္ပါ။၇။ ယင္ေပါလွ်င္ ဖေယာင္းတိုင္ (၂)တိုင္ ထြန္းပါ။၈။ အက်ႌေကာ္လံမွ ဆီေခ်းမ်ားကို ရွန္ပူေခါင္းေလွ်ာ္ရည္ျဖင့္ပြတ္တိုက္ေလွ်ာ္ပါ။၉။ ပု႐ြက္ဆိတ္မလာလိုေသာ္ကန႔္မႈတ္ကို နည္းနည္းျဖဴးေပးပါ။၁၀။ ဟင္းရဲ႕အနံ႔အသက္ လက္မွာစြဲ ေနလွ်င္မာလကာ႐ြက္နဲ႔ ပြတ္တိုက္ေပးလိုက္ပါ။၁၁။ အာလူးႏြမ္းၿပီး မလတ္ဆတ္ေသာ္ မွန္ေရာင္သၾကားအနည္းငယ္ ထည့္ၿပီး ျပဳတ္ပါ လတ္ဆတ္ တဲ့အာလူျပဳတ္လိုပဲ အရသာေကာင္းပါလိမ့္မည္။၁၂။ ဟင္းခ်ိဳလိုေသာ္..ဘူးသီးေျခာက္ခတ္ၿပီးေသာက္ရင္ခ်ိဳပါသည္။၁၃။ မီးပူေလာင္ေသာ္ကြမ္း႐ြက္နဲ႔သၾကားကို ေရာႀကိတ္ၿပီးအုံပါ။၁၄။ အဝတ္မွင္စြန္းေသာ္…ေရနံဆီသန႔္သန႔္ အစက္ခ်ဆြတ္ၿပီးဆပ္ျပာနဲ႔ ေလွ်ာ္ဖြတ္ပါ။၁၅။ ၾကမ္းပိုးရွိေသာ္…..ေရနံဆီနဲ႔ မၾကာမၾကာၾကမ္းတိုက္ပါ။၁၆။ ခံတြင္းနံ႔မေကာင္းေသာ္…သြားပြတ္တံမွာ ပ႐ုတ္ရည္ တစ္စက္ႏွစ္စက္ထည့္ၿပီးသြားတိုက္ပါ။(သို႔မဟုတ္)ပ႐ုတ္မႈန႔္ထည့့္ၿပီးသြားတိုက္ပါ။၁၇။ ဟင္းမ်ားဆားငန္ေသာ္…မီးခဲရဲရဲ တစ္ခဲထည့္ပါ။(၂)မိနစ္ခန႔္ၾကာ၌ျပန္ထုတ္ယူပါ။၁၈။ ကြမ္းေသြးစြန္းေသာ္….ခရမ္းခ်ဥ္သီးပြတ္တိုက္ေပးၿပီးေလွ်ာ္ပါ။၁၉။ ႏြားႏို႔မခ်ဥ္ေအာင္ထားလိုေသာ္ႏြားႏို႔ထဲသို႔ င႐ုတ္သီးစိမ္း(၃)ေတာက္ အညႇာျဖဳတ္ၿပီးထည့္ထားပါ။၂၀။ ပ႐ြတ္ဆိတ္မ်ားမလာလိုေသာ္ သခြားသီးအားပါးပါးလွီးၿပီးခ်ထားပါ။၂၁။ ဖန္ဖြက္ထဲ ေရေႏြးပူပူထည့္လိုေသာ္ ဇြန္းတစ္ေခ်ာင္းကို ဖန္ခြက္ထဲ အရင္ထည့္ၿပီး ေရေႏြးပူပူ ေျဖးေျဖးထည့္ပါ။၂၂။ သံေခ်းစြန္းေသာ္ အၾကမ္းပန္းကန္တစ္လုံးခန႔္ ဆန္ျပဳတ္၍ စြန္းေသာအဝတ္ကို (၅)နာရီခန႔္ စိမ္ၿပီး ဆပ္ျပာျဖင့္ ဖြတ္ေလွ်ာ္ပါ။၂၃။ ႂကြက္မ်ားေျပးလိုေသာ္ ရွိန္းခိုကိုေရေဖ်ာ္၍ ႂကြက္လာ လမ္းတြင္ဖ်န္းထားပါ။၂၄။ ေခါင္းတစ္ျခမ္းကိုက္ေသာ္ ေထာပတ္အနည္းငယ္ ရႈပါ။၂၅။ ဒူးရင္းသီးေတာက္ေသာ္ ဒူးရင္းသီးအခြံထဲေရထည့္၍ ေသာက္ပါ။ေရဝေအာင္ခ်ိဳး၊မင္းကြတ္သီးစားေပးျခင္း တို႔ျဖင့္ ေပ်ာက္ကင္းပါသည္။၂၆။ ပိုးဟပ္ေျပးလိုေသာ္ ေလးညႇင္းပြင့္မ်ားေထာင္း၍ ျဖဴးထားပါ။၂၇။ မႈိႏွင့္တညင္းသီးေတာက္ေသာ္ ေတာက္တာဥကို ဆန္ေဆးရည္ႏွင့္ေသြး၍ ေသာက္ပါ။၂၈။ သံပုရာသီး ၾကာရွည္ထားလိုေသာ္ပုလင္းသန႔္သန႔္ျဖင့္ ေလလုံေအာင္ထားပါ။၂၉။ ေခါင္းကိုက္ေသာ္လက္ဘက္ရည္က်က်က်ိဳၿပီးသားထဲသံပုရာရည္ညႇစ္ၿပီးေသာက္ပါ။၃၀။ မ်က္ႏွာလွပလိုေသာ္ မ်က္ႏွာမသစ္မွီ သံပုရာသီးကို ထက္ျခမ္းခြဲ၍ မ်က္ႏွာပြတ္ေပးၿပီး ေရေႏြးေႏြးျဖင့္ ေဆးပါ အဖုအပိမ့္ကင္းစင္ၿပီး ေခ်ာေမြ႕ေစမည္။၃၁။ ခရီးသြား ကားမူးေသာ္ ခ်က္ကို ပလာစတာလုံေအာင္အုပ္ ကပ္ၿပီးခရီးသြား ကားမမူးပါ။၃၂။ ဆီးခ်ိဳေရာဂါ အျမစ္ျပတ္လိုေသာ္ဆလတ္႐ြက္ကို ေန႔စဥ္ထမင္းစား တိုင္းတို႔စရာအျဖစ္စားပါ။၃၃။ ေရွာက္ပင္အသီးတင္လိုေသာ္ ပင္စည္ကို အမဲ႐ိုးမ်ားနဲ႔ ၾကပ္စည္းေပးပါ။၃၄။ ဒူးနာေသာ္ ဘဲဥအကာလိမ္းပါ။၃၅။ အနံ႔ဆိုးကင္းလိုေသာ္ အိမ္သာ (သို႔မဟုတ္) ငါးပိ,ငါးေျခာက္ထားရာ လူမမာရွိရာအိမ္၏ မီဖိုေခ်ာင္ထဲမွာ ေက်ာက္ဖ႐ုံသီးကို အပ္မ်ားျဖင့္ အေပါက္ေဖာက္၍ ခ်ိတ္ဆြဲထားပါ။ေက်ာက္ဖ႐ုံသီးကား ေညႇာ္နံ႔ႏွင့္ အနံ႔ဆိုးမ်ားကို စုပ္ယူပါသည္။