စိတ်အနှောင့်အယှက်ပေးလွန်းတဲ့ ပိုးဟပ်တွေရန်က ကင်းဝေးအောင်လုပ်နိုင်တဲ့ နည်းလမ်း (၁၀) မျိူး

သင် သိပါသလား ပိုးဟပ်က ကမ္ဘာ့ရှေးအကျဆုံး တိရစ္ဆာန်အမျိုးနွယ်ဝင် တစ်ခုဆိုတာကို သင် သိပါသလား။ အိပ်ခန်းထဲ၊ မီးဖိုချောင်ထဲ၊ ရေချိုးခန်းထဲမှာ ကိုယ့်ရှေ့ ပြေးလွှားနေတဲ့ ပိုးဟပ်တွေ မြင်ရင် ရွံသလို စိတ်ခံစားချက် ဖြစ်ဖူးကြပါသလား။ အချို့ကလည်း ကြောက်ကြပါတယ်။ ပိုး ဟပ်ချေးအနံ့ဟာ ဆိုးဝါးလှပြီး နေရာတကာ တွေ့နိုင်ပါတယ်။ စိတ်ပျက်စရာကောင်းလှတဲ့ ဒီ သတ္တဝါလေးရန်ကနေ ကင်းဝေးအောင် လုပ်လို့ရတဲ့ နည်းလမ်းတွေတော့ ရှိပါတယ်… ဘယ်လိုနည်းလမ်းတွေနဲ့ ပိုးဟပ်တွေကို ရှင်းထုတ်ကြမလဲဆိုတာ ဆက်ကြည့်ရအောင်ပါ – (၁) သခွားသီးကို လှီးထားပြီး ပိုးဟပ်တွေ လှုပ်ရှားမှု များတဲ့ နေရာထောင့်တွေမှာ ချထားလိုက်ပါ။ သခွားသီးက ထွက်တဲ့ အနံ့တစ်မျိုးကို ပိုးဟပ်တွေ မကြိုက်ပါဘူး။ ရိုးရှင်းပြီး လွယ်ကူတဲ့နည်းပါ။ လူတွေနဲ့ ပိုးဟပ်ကြားမှာ တံတိုင်းအဖြစ် ကာကွယ်ပေးပါတယ်။ စမ်းကြည့်ကြပါစို့။(၂) နောက်တစ်နည်းကတော့ တမာဆီ အနည်းငယ် နဲ့ ရေတစ်ခွက်ရောပါ။ အနံ့မရှိသလောက် နည်းတဲ့ ဆပ်ပြာရည် နည်းနည်းထည့်ပါ။ ပိုးဟပ်တွေ လာတတ်တဲ့ နေရာတွေကိုဖြန်းထားပေးပါ။ သူကတော့ အနံ့ အနည်းငယ် ရှိပါတယ်။ တမာဆီကတော့ ပရဆေးဆိုင်တွေနဲ့ ဆေးဆိုင်တွေမှာ မေးဝယ်လို့ ရပါတယ်။(၃) ဘောရက်ပေါင်ဒါမှုန့်နဲ့ သကြား – ဘောရက်မှုန့်သုံးဆနဲ့ သကြားတစ်ဆရောပြီး ပိုး ဟပ်တွေရှိတဲ့နေရာမှာ ပုံထားလိုက်ရင် မနက်မိုးလင်းတဲ့အခါ ပိုးဟပ်တွေသေ နေတာတွေ့ရမှာပါ။ အိမ်မှာက လေးနဲ့ အိမ်မွေးတိရစ္ဆာန်ရှိရင် တော့ ဒီနည်းသုံးဖို့ မသင့်တော်ပါဘူး။ (၄) တော ရှောက်ခါးဆီ – ပိုးဟပ်ပြေး စေတဲ့ သဘာဝဆေးတစ်မျိုးဖြစ် ပြီး တောရှောက်ခါးဆီနဲ့ ရေအ နည်းငယ်ရောပြီး ဖျန်းလိုက်တာ နဲ့ ပိုးဟပ်တွေပြေးမှာသေချာပါ တယ်။

(၅) တောနှံပင် – တောနှံရွက်လတ် လတ်ဆတ်ဆတ်ကိုခူးပြီး အိတ် တစ်ခုထဲထည့်ကာ ပိုးဟပ်ရှိတဲ့နေ ရာမှာ ချထားပေးပါ။ အရွက်တွေ လဲလဲပေးပြီး ချထားရင် ပိုးဟပ် တွေ မလာတော့ဘူးလို့ ဆိုပါ တယ်။ (၆) ကော်ဖီမှုန့် – ကရားတစ်ခုထဲကို ရေအပြည့်ထည့်ပါ။ စက္ကူခွက်တစ် ခုထဲမှာ ကော်ဖီမှုန့်ထည့်ပြီး ရေက ရားထဲမှာထည့်ထားပါ။ ကော်ဖီနံ့ က ပိုးဟပ်တွေကိုဆွဲဆောင်ပြီး ကော်ဖီရှိရာကိုလာကြတဲ့အခါ ရေ ကရားထဲကျစေတဲ့နည်းနဲ့ ဖမ်းနိုင် ပါတယ်။(၇) ဆွမ်းမွှေးရွက် – ပိုးဟပ်တွေရှိတဲ့ နေရာတွေမှာ ဆွမ်းမွှေးရွက်ချ ထားရင်လည်း ပိုးဟပ်တွေပြေး တယ်လို့ သိရပါတယ်။ (၈) အဝတ်မွှေးရနံ့ဆီ – ရနံ့ဆီနဲ့ ရေအ နည်းငယ်ရောပြီး ဖျန်းရင်လည်း ပိုး ဟပ်တွေပြေးတယ်လို့ ဆိုပါတယ်။ (၉) များသေချာ သိမ်းဆည်းခြင်း – ပိုးဟပ်တွေဟာ ရေနဲ့အစားအစာမရှိရင် အသက် မရှိင်နိုင်တာမို့ အစားအသောက် တွေကို အပြင်မှာဘာတစ်ခုမှ ချန် မထားဘဲ သိမ်းဆည်းတာမျိုး၊ ဆန်ခါအုပ်၊ အဝတ်အုပ်၊ အဖုံး အုပ်ပြီးကာကွယ်တာမျိုး၊ အမှိုက် ပုံးတွေကိုလည်း လုံအောင်ပိတ် တာမျိုးလုပ်ရင် အစားအစာမရှိ တော့တဲ့အတွက် သူ့အလိုလို နည်း သွားမှာပါ။(၁၀) အိမ်သန့်ရှင်းရေးပုံမှန်လုပ်ခြင်း- အိမ်မှာရှိတဲ့အခန်းတွေ အ ကုန်လုံးကို ပုံမှန်သန့်ရှင်းရေးလုပ် တာမျိုး၊ သပ်သပ်ရပ်ရပ်ထားတာ မျိုး၊ အထူးသဖြင့် မီးဖိုဆောင်မှာ ရှုပ်ပွနေတာမျိုး မဖြစ်စေဘဲ သန့် ပြန့်နေအောင်ထားရင် ပိုးဟပ်ကို မြင်ရမှာတောင် မဟုတ်ပါဘူး။ ပိုးဟပ် တွေဟာ ရောဂါပိုးတွေနဲ့ ဗက်တီးရီးယားတွေကို သယ် ဆောင်ဖြန့်ချိနိုင်သလို လူတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကိုလည်း ဓာတ်မတည့်တာတွေ ဖြစ်စေနိုင် တဲ့အတွက် အိမ်မှာရှိတဲ့ ပိုးဟပ် ပြေးအောင်လုပ်နည်းလေးတွေကို အခုလိုပဲ ဖော်ပြပေးလိုက်ပါတယ်။

Credit – မူရင်း

[zawgyi]

သင္ သိပါသလား ပိုးဟပ္က ကမာၻ႔ေရွးအက်ဆုံး တိရစာၦန္အမ်ိဳးႏြယ္ဝင္ တစ္ခုဆိုတာကို သင္ သိပါသလား။ အိပ္ခန္းထဲ၊ မီးဖိုေခ်ာင္ထဲ၊ ေရခ်ိဳးခန္းထဲမွာ ကိုယ့္ေရွ႕ ေျပးလႊားေနတဲ့ ပိုးဟပ္ေတြ ျမင္ရင္ ႐ြံသလို စိတ္ခံစားခ်က္ ျဖစ္ဖူးၾကပါသလား။ အခ်ိဳ႕ကလည္း ေၾကာက္ၾကပါတယ္။ ပိုးဟပ္ေခ်းအနံ႔ဟာ ဆိုးဝါးလွၿပီး ေနရာတကာ ေတြ႕ႏိုင္ပါတယ္။ စိတ္ပ်က္စရာေကာင္းလွတဲ့ ဒီ သတၱဝါေလးရန္ကေန ကင္းေဝးေအာင္ လုပ္လို႔ရတဲ့ နည္းလမ္းေတြေတာ့ ရွိပါတယ္… ဘယ္လိုနည္းလမ္းေတြနဲ႔ ပိုးဟပ္ေတြကို ရွင္းထုတ္ၾကမလဲဆိုတာ ဆက္ၾကည့္ရေအာင္ပါ – (၁) သခြားသီးကို လွီးထားၿပီး ပိုးဟပ္ေတြ လႈပ္ရွားမႈ မ်ားတဲ့ ေနရာေထာင့္ေတြမွာ ခ်ထားလိုက္ပါ။ သခြားသီးက ထြက္တဲ့ အနံ႔တစ္မ်ိဳးကို ပိုးဟပ္ေတြ မႀကိဳက္ပါဘူး။ ႐ိုးရွင္းၿပီး လြယ္ကူတဲ့နည္းပါ။ လူေတြနဲ႔ ပိုးဟပ္ၾကားမွာ တံတိုင္းအျဖစ္ ကာကြယ္ေပးပါတယ္။ စမ္းၾကည့္ၾကပါစို႔။(၂) ေနာက္တစ္နည္းကေတာ့ တမာဆီ အနည္းငယ္ နဲ႔ ေရတစ္ခြက္ေရာပါ။ အနံ႔မရွိသေလာက္ နည္းတဲ့ ဆပ္ျပာရည္ နည္းနည္းထည့္ပါ။ ပိုးဟပ္ေတြ လာတတ္တဲ့ ေနရာေတြကိုျဖန္းထားေပးပါ။ သူကေတာ့ အနံ႔ အနည္းငယ္ ရွိပါတယ္။ တမာဆီကေတာ့ ပရေဆးဆိုင္ေတြနဲ႔ ေဆးဆိုင္ေတြမွာ ေမးဝယ္လို႔ ရပါတယ္။(၃) ေဘာရက္ေပါင္ဒါမႈန႔္နဲ႔ သၾကား – ေဘာရက္မႈန႔္သုံးဆနဲ႔ သၾကားတစ္ဆေရာၿပီး ပိုးဟပ္ေတြရွိတဲ့ေနရာမွာ ပုံထားလိုက္ရင္ မနက္မိုးလင္းတဲ့အခါ ပိုးဟပ္ေတြေသ ေနတာေတြ႕ရမွာပါ။ အိမ္မွာက ေလးနဲ႔ အိမ္ေမြးတိရစာၦန္ရွိရင္ ေတာ့ ဒီနည္းသုံးဖို႔ မသင့္ေတာ္ပါဘူး။ (၄) ေတာေရွာက္ခါးဆီ – ပိုးဟပ္ေျပး ေစတဲ့ သဘာဝေဆးတစ္မ်ိဳးျဖစ္ ၿပီး ေတာေရွာက္ခါးဆီနဲ႔ ေရအ နည္းငယ္ေရာၿပီး ဖ်န္းလိုက္တာ နဲ႔ ပိုးဟပ္ေတြေျပးမွာေသခ်ာပါ တယ္။(၅) ေတာႏွံပင္ – ေတာႏွံ႐ြက္လတ္ လတ္ဆတ္ဆတ္ကိုခူးၿပီး အိတ္ တစ္ခုထဲထည့္ကာ ပိုးဟပ္ရွိတဲ့ေန ရာမွာ ခ်ထားေပးပါ။ အ႐ြက္ေတြ လဲလဲေပးၿပီး ခ်ထားရင္ ပိုးဟပ္ ေတြ မလာေတာ့ဘူးလို႔ ဆိုပါ တယ္။ (၆) ေကာ္ဖီမႈန႔္ – ကရားတစ္ခုထဲကို ေရအျပည့္ထည့္ပါ။ စကၠဴခြက္တစ္ ခုထဲမွာ ေကာ္ဖီမႈန႔္ထည့္ၿပီး ေရက ရားထဲမွာထည့္ထားပါ။ ေကာ္ဖီနံ႔ က ပိုးဟပ္ေတြကိုဆြဲေဆာင္ၿပီး ေကာ္ဖီရွိရာကိုလာၾကတဲ့အခါ ေရ ကရားထဲက်ေစတဲ့နည္းနဲ႔ ဖမ္းႏိုင္ ပါတယ္။(၇) ဆြမ္းေမႊး႐ြက္ – ပိုးဟပ္ေတြရွိတဲ့ ေနရာေတြမွာ ဆြမ္းေမႊး႐ြက္ခ် ထားရင္လည္း ပိုးဟပ္ေတြေျပး တယ္လို႔ သိရပါတယ္။ (၈) အဝတ္ေမႊးရနံ႔ဆီ – ရနံ႔ဆီနဲ႔ ေရအ နည္းငယ္ေရာၿပီး ဖ်န္းရင္လည္း ပိုး ဟပ္ေတြေျပးတယ္လို႔ ဆိုပါတယ္။ (၉) မ်ားေသခ်ာ သိမ္းဆည္းျခင္း – ပိုးဟပ္ေတြဟာ ေရနဲ႔အစားအစာမရွိရင္ အသက္ မရွိင္ႏိုင္တာမို႔ အစားအေသာက္ ေတြကို အျပင္မွာဘာတစ္ခုမွ ခ်န္ မထားဘဲ သိမ္းဆည္းတာမ်ိဳး၊ ဆန္ခါအုပ္၊ အဝတ္အုပ္၊ အဖုံး အုပ္ၿပီးကာကြယ္တာမ်ိဳး၊ အမႈိက္ ပုံးေတြကိုလည္း လုံေအာင္ပိတ္ တာမ်ိဳးလုပ္ရင္ အစားအစာမရွိ ေတာ့တဲ့အတြက္ သူ႔အလိုလို နည္း သြားမွာပါ။(၁၀) အိမ္သန႔္ရွင္းေရးပုံမွန္လုပ္ျခင္း- အိမ္မွာရွိတဲ့အခန္းေတြ အ ကုန္လုံးကို ပုံမွန္သန႔္ရွင္းေရးလုပ္ တာမ်ိဳး၊ သပ္သပ္ရပ္ရပ္ထားတာ မ်ိဳး၊ အထူးသျဖင့္ မီးဖိုေဆာင္မွာ ရႈပ္ပြေနတာမ်ိဳး မျဖစ္ေစဘဲ သန႔္ ျပန႔္ေနေအာင္ထားရင္ ပိုးဟပ္ကို ျမင္ရမွာေတာင္ မဟုတ္ပါဘူး။ ပိုးဟပ္ ေတြဟာ ေရာဂါပိုးေတြနဲ႔ ဗက္တီးရီးယားေတြကို သယ္ ေဆာင္ျဖန႔္ခ်ိႏိုင္သလို လူေတြနဲ႔ အိမ္ေမြးတိရစာၦန္ေတြကိုလည္း ဓာတ္မတည့္တာေတြ ျဖစ္ေစႏိုင္ တဲ့အတြက္ အိမ္မွာရွိတဲ့ ပိုးဟပ္ ေျပးေအာင္လုပ္နည္းေလးေတြကို အခုလိုပဲ ေဖာ္ျပေပးလိုက္ပါတယ္။