ကားတာယာဝယ်တဲ့အခါ သတိပြုနိုင်ဖို့ နှင့် မိမိဝယ်လိုက်တဲ့ ကားတာယာ ဘယ်နှစ်ခုကထုတ်ထားလဲဆိုတာသိနိုင်တဲ့ အချက်

တာယာရဲ့ ဘေးဘက်နံရံ ( Sidewall) ကို နာရီလက်တံအတိုင်း ရှာကြည့်လိုက်ရင် DOT (Department Of Transportation) ဆိုတဲ့ စာတန်းလေးကို တွေ့နိုင်ပါတယ်။DOT ဆိုတဲ့ စာတန်းလေးရဲ့ ညာဘက်အတိုင်း ဆက်ဖတ်ကြည့်လိုက်ရင် စာလုံးလေးတွေ၊ ကိန်းဂဏန်းလေးတွေ စီတန်းပြီးရေးထားတာကို ထပ်ပြီးတွေ့ရမှာပါ။ဒီစာတန်းလေးတွေ ထဲမှာ ဂဏန်းလေးလုံးကိုဘောင်ခတ်ထားတဲ့ အမှတ်အသားလေး တစ်ခု ရှိပါတယ်။အဲ့အမှတ်အသားလေးကတော့ ကားတာယာကို ထုတ်လုပ်ထားတဲ့ “ရက်သတ္တပတ်နဲ့ ခုနှစ်” ကို ဖော်ညွှန်းထားတာပဲ ဖြစ်ပါတယ်။ဂဏန်းလေးခုထဲက ပထမ နှစ်ခုက တာယာကို ထုတ်လုပ်ထားတဲ့ ရက်သတ္တပတ်ကို ရည်ညွှန်းပြီး နောက်ကိန်းဂဏန်း နှစ်လုံးကတော့ တာယာထုတ်ထားတဲ့ ခုနှစ်ကို ဖော်ပြနေပါတယ်။ဥပမာ။ ။ လူကြီးမင်းတို့ ကားတာယာမှာ ရှာတွေ့တဲ့ ဂဏန်းလေးလုံးက “ 2118” ဖြစ်တယ်ဆိုရင်…“21” သည် တာယာကို ထုတ်လုပ်ထားတဲ့ ရက်သတ္တပတ်ဖြစ်ပြီး “18” သည် တာယာကို ထုတ်လုပ်ထားတဲ့ ခုနှစ် ဖြစ်ပါတယ်။

နောက်က “18” သည် 2018 ခုနှစ်မှာ အဆိုပါ တာယာကို ထုတ်ထားတယ်လို့ ရည်ညွှန်းပြီး ရှေ့ဂဏန်း နှစ်လုံးဖြစ်တဲ့ “21” ကတော့ 2018 ခုနှစ်ရဲ့ ၂၁ ပတ်မြောက်မှာ ထုတ်ထားတယ်လို့ ဆိုလိုပါတယ်။ထုတ်လုပ်တဲ့ လကို သိချင်ရင်တော့ တစ်လမှာ ၄ ပတ်ရှိတဲ့အတွက် အဲ့ ၂၁ ပတ်ကို ၄ နဲ့ စားလိုက်ရင် စားလဒ်အနေဲ့ ၅ ရပြီး ၁ ကြွင်းတဲ့အတွက် ၅ လပိုင်းကျော်မှာ ထုတ်ထားတယ်လို့ အဓိပ္ပါယ်ထွက်ပြီး အဆိုပါ တာယာကို ဇွန်လမှာ ထုတ်ထားတယ်လို့ ဆိုလိုပါတယ် ခင်ဗျာ ..အဲ့ဒါကြောင့် တာယာမှာပါတဲ့ “2118” ဆိုတဲ့ ညွှန်းကိန်းအရ အဆိုပါ တာယာကို ၂၀၁၈ ခုနှစ် ဇွန်လမှာ ထုတ်ထားတယ်လို့ မှတ်ယူရမှာ ဖြစ်ပါတယ်။ခုပုံမှာ ပြထားတာက “1612”ဆိုတော့ အဆိုပါတာယာကို ဘယ်နှစ်ခုနှစ် ၊ဘယ်လ မှာ ထုတ်ထားတယ်ဆိုတာ comment မှာ ဖြေကြည့်ပေး ပါအုံးခင်ဗျာ။လူကြီးမင်းတို့ ကားတာယာ သက်တမ်းကို အလွယ်တကူ တွွက်ကြည့်ပြီး သက်တမ်းလွန်နေပါက လဲလှယ်ဖို့ သတိထားနိုင်ကြပါစေဗျာ ..

Credit – O₂ Oxygjen

[zawgyi]

တာယာရဲ႕ ေဘးဘက္နံရံ ( Sidewall) ကို နာရီလက္တံအတိုင္း ရွာၾကည့္လိုက္ရင္ DOT (Department Of Transportation) ဆိုတဲ့ စာတန္းေလးကို ေတြ႕ႏိုင္ပါတယ္။DOT ဆိုတဲ့ စာတန္းေလးရဲ႕ ညာဘက္အတိုင္း ဆက္ဖတ္ၾကည့္လိုက္ရင္ စာလုံးေလးေတြ၊ ကိန္းဂဏန္းေလးေတြ စီတန္းၿပီးေရးထားတာကို ထပ္ၿပီးေတြ႕ရမွာပါ။ဒီစာတန္းေလးေတြ ထဲမွာ ဂဏန္းေလးလုံးကိုေဘာင္ခတ္ထားတဲ့ အမွတ္အသားေလး တစ္ခု ရွိပါတယ္။အဲ့အမွတ္အသားေလးကေတာ့ ကားတာယာကို ထုတ္လုပ္ထားတဲ့ “ရက္သတၱပတ္နဲ႔ ခုႏွစ္” ကို ေဖာ္ၫႊန္းထားတာပဲ ျဖစ္ပါတယ္။ဂဏန္းေလးခုထဲက ပထမ ႏွစ္ခုက တာယာကို ထုတ္လုပ္ထားတဲ့ ရက္သတၱပတ္ကို ရည္ၫႊန္းၿပီး ေနာက္ကိန္းဂဏန္း ႏွစ္လုံးကေတာ့ တာယာထုတ္ထားတဲ့ ခုႏွစ္ကို ေဖာ္ျပေနပါတယ္။ဥပမာ။ ။ လူႀကီးမင္းတို႔ ကားတာယာမွာ ရွာေတြ႕တဲ့ ဂဏန္းေလးလုံးက “ 2118” ျဖစ္တယ္ဆိုရင္…“21” သည္ တာယာကို ထုတ္လုပ္ထားတဲ့ ရက္သတၱပတ္ျဖစ္ၿပီး “18” သည္ တာယာကို ထုတ္လုပ္ထားတဲ့ ခုႏွစ္ ျဖစ္ပါတယ္။ေနာက္က “18” သည္ 2018 ခုႏွစ္မွာ အဆိုပါ တာယာကို ထုတ္ထားတယ္လို႔ ရည္ၫႊန္းၿပီး ေရွ႕ဂဏန္း ႏွစ္လုံးျဖစ္တဲ့ “21” ကေတာ့ 2018 ခုႏွစ္ရဲ႕ ၂၁ ပတ္ေျမာက္မွာ ထုတ္ထားတယ္လို႔ ဆိုလိုပါတယ္။ထုတ္လုပ္တဲ့ လကို သိခ်င္ရင္ေတာ့ တစ္လမွာ ၄ ပတ္ရွိတဲ့အတြက္ အဲ့ ၂၁ ပတ္ကို ၄ နဲ႔ စားလိုက္ရင္ စားလဒ္အေနဲ႔ ၅ ရၿပီး ၁ ႂကြင္းတဲ့အတြက္ ၅ လပိုင္းေက်ာ္မွာ ထုတ္ထားတယ္လို႔ အဓိပၸါယ္ထြက္ၿပီး အဆိုပါ တာယာကို ဇြန္လမွာ ထုတ္ထားတယ္လို႔ ဆိုလိုပါတယ္ ခင္ဗ်ာ ..အဲ့ဒါေၾကာင့္ တာယာမွာပါတဲ့ “2118” ဆိုတဲ့ ၫႊန္းကိန္းအရ အဆိုပါ တာယာကို ၂၀၁၈ ခုႏွစ္ ဇြန္လမွာ ထုတ္ထားတယ္လို႔ မွတ္ယူရမွာ ျဖစ္ပါတယ္။ခုပုံမွာ ျပထားတာက “1612”ဆိုေတာ့ အဆိုပါတာယာကို ဘယ္ႏွစ္ခုႏွစ္ ၊ဘယ္လ မွာ ထုတ္ထားတယ္ဆိုတာ comment မွာ ေျဖၾကည့္ေပး ပါအုံးခင္ဗ်ာ။လူႀကီးမင္းတို႔ ကားတာယာ သက္တမ္းကို အလြယ္တကူ တြြက္ၾကည့္ၿပီး သက္တမ္းလြန္ေနပါက လဲလွယ္ဖို႔ သတိထားႏိုင္ၾကပါေစဗ်ာ ..