သင့်အိမ်မှာ မီးကွင်းဂမုန်းပင် စိုက်မထားသေးဘူးဆိုရင် စိုက်လိုက်ပါ

ဆေးစွမ်းထက်သော မီးကွင်းဂမုန်းပင် – မီးကွင်းဂမုန်းပင်သည် အလွန်ပင်ဆေးဖက်ဝင်သော အဖိုးတန်အပင်တစ်မျိုး ဖြစ်ပါသည်။ ၄င်းအပင်ကို နေရာတိုင်းမှာ လွယ်ကူစွာ မြင်တွေ့နိုင်ပါသည်။(၁) နှာခေါင်းသွေးလျှံအတွက် မီးကွင်းဂမုန်း – နှာခေါင်းသွေးလျှံဖြစ်လာပါက မီးကွင်းဂမုန်းပင်ကို ရေစင်အောင်ဆေးကာထောင်း၍ ၄င်းအဖတ်ကို နှာခေါင်းပေါ် အုံပေးပါက နှာခေါင်းသွေးတိတ်စေပါသည်။(၂) ဆီးရောဂါ၊ ဆီးကျောက်ရောဂါ – ဆီးရောဂါအမျိုးမျိုးနှင့် ဆီးကျောက်ရောဂါများအတွက် မီးကွင်းဂမုန်းကို ရေ ၃ ခွက် ၁ ခွက်တင် ကျို၍ သကြားအနည်းငယ်နှင့် သောက်ပေးပါက ဆီးရောဂါအမ်ျိုးမျိုးကို သက်သာပျောက်ကင်းစေပါသည်။

(၃) နားကိုက်၊ နားပြည်ယို – မီးကွင်းဂမုန်း၏ အရွက်သန့်သန့်ကို အရည်ညစ်ယူ၍ ကိုက်နေသော နားကို ခပ်ပေးပါက နားကိုက်၊ နားပြည်ယိုရောဂါများကို ပျောက်ကင်းစေပါသည်။ (၄) ဝမ်းကိုက်နေလျှင် – မီးကွင်းဂမုန်း၏ သတ္ထုရည်ကို သောက်ပေးပါက ဝမ်းကိုက်၊ ဝမ်းဖော၊ ဝမ်းယောင်ရောဂါကို သက်သာပျောက်ကင်းစေပါသည်။ အရွက်နုကို ပဲလှော်ထောင်းအမှုန့်နှင့် ရော၍ သုပ်စားနိုင်ပါသည်။(၅) ချောင်းဆိုး၊ သလိပ်ကပ် – ချောင်းဆို သလိပ်ကပ်ဖြစ်ပါက မီးကွင်းဂမုန်းအရွက်ကိုထောင်း၍ အရည်ညစ်ယူကာ ၄င်းဆေးရည်ကို သကြားခဲ၏ အမှုန့်နှင့် ရောသောက်ပေးလျှင် ချောင်းဆိုး သလိပ်ကပ်များ ပျောက်ကင်းစေပါသည်။ (၆) သွေးကင်ဆာ – သွေးကင်ဆာဖြစ်နေလျှင် မီးကွင်းဂမုန်း၏ ပင်စည်နှင့်အရွက်တို့ကို ရေစင်အောင်ဆေးကာ ကြိတ်၍ အရည်ညစ်ယူကာ ၅ မိနစ်ခန့် အပူပေး(ကျို၍) ခဏအအေးခံကာ ထမင်းစားဇွန်းဖြင့် မနက်တစ်ဇွန်း၊ ညတစ်ဇွန်း သောက်နိုင်ပါသည်။ တစ်ပတ်ကို ၃ ရက်ဖြင့် တစ်လလောက် သောက်ပါက ကင်ဆာဆဲလ်များကို လျှော့ချပေးစေနိုင်ပါသည်။

Credit – ကျန်းမာရေးအတွက်ဆေးတစ်ခွက်

[zawgyi]

ေဆးစြမ္းထက္ေသာ မီးကြင္းဂမုန္းပင္ – မီးကြင္းဂမုန္းပင္သည္ အလြန္ပင္ေဆးဖက္ဝင္ေသာ အဖိုးတန္အပင္တစ္မ်ိဳး ျဖစ္ပါသည္။ ၄င္းအပင္ကို ေနရာတိုင္းမွာ လြယ္ကူစြာ ျမင္ေတြ႕ႏိုင္ပါသည္။(၁) ႏွာေခါင္းေသြးလွ်ံအတြက္ မီးကြင္းဂမုန္း – ႏွာေခါင္းေသြးလွ်ံျဖစ္လာပါက မီးကြင္းဂမုန္းပင္ကို ေရစင္ေအာင္ေဆးကာေထာင္း၍ ၄င္းအဖတ္ကို ႏွာေခါင္းေပၚ အုံေပးပါက ႏွာေခါင္းေသြးတိတ္ေစပါသည္။(၂) ဆီးေရာဂါ၊ ဆီးေက်ာက္ေရာဂါ – ဆီးေရာဂါအမ်ိဳးမ်ိဳးႏွင့္ ဆီးေက်ာက္ေရာဂါမ်ားအတြက္ မီးကြင္းဂမုန္းကို ေရ ၃ ခြက္ ၁ ခြက္တင္ က်ိဳ၍ သၾကားအနည္းငယ္ႏွင့္ ေသာက္ေပးပါက ဆီးေရာဂါအမ္်ိဳးမ်ိဳးကို သက္သာေပ်ာက္ကင္းေစပါသည္။(၃) နားကိုက္၊ နားျပည္ယို – မီးကြင္းဂမုန္း၏ အ႐ြက္သန႔္သန႔္ကို အရည္ညစ္ယူ၍ ကိုက္ေနေသာ နားကို ခပ္ေပးပါက နားကိုက္၊ နားျပည္ယိုေရာဂါမ်ားကို ေပ်ာက္ကင္းေစပါသည္။ (၄) ဝမ္းကိုက္ေနလွ်င္ – မီးကြင္းဂမုန္း၏ သတၳဳရည္ကို ေသာက္ေပးပါက ဝမ္းကိုက္၊ ဝမ္းေဖာ၊ ဝမ္းေယာင္ေရာဂါကို သက္သာေပ်ာက္ကင္းေစပါသည္။ အ႐ြက္ႏုကို ပဲေလွာ္ေထာင္းအမႈန႔္ႏွင့္ ေရာ၍ သုပ္စားႏိုင္ပါသည္။(၅) ေခ်ာင္းဆိုး၊ သလိပ္ကပ္ – ေခ်ာင္းဆို သလိပ္ကပ္ျဖစ္ပါက မီးကြင္းဂမုန္းအ႐ြက္ကိုေထာင္း၍ အရည္ညစ္ယူကာ ၄င္းေဆးရည္ကို သၾကားခဲ၏ အမႈန႔္ႏွင့္ ေရာေသာက္ေပးလွ်င္ ေခ်ာင္းဆိုး သလိပ္ကပ္မ်ား ေပ်ာက္ကင္းေစပါသည္။ (၆) ေသြးကင္ဆာ – ေသြးကင္ဆာျဖစ္ေနလွ်င္ မီးကြင္းဂမုန္း၏ ပင္စည္ႏွင့္အ႐ြက္တို႔ကို ေရစင္ေအာင္ေဆးကာ ႀကိတ္၍ အရည္ညစ္ယူကာ ၅ မိနစ္ခန႔္ အပူေပး(က်ိဳ၍) ခဏအေအးခံကာ ထမင္းစားဇြန္းျဖင့္ မနက္တစ္ဇြန္း၊ ညတစ္ဇြန္း ေသာက္ႏိုင္ပါသည္။ တစ္ပတ္ကို ၃ ရက္ျဖင့္ တစ္လေလာက္ ေသာက္ပါက ကင္ဆာဆဲလ္မ်ားကို ေလွ်ာ့ခ်ေပးေစႏိုင္ပါသည္။