ကျန်းမာရေးထိခိုက်စေတာကြောင့် အိမ်မှာ မစိုက်သင့်တဲ့ အပင် (၁၀) မျိူး

တိုက်ခန်းသေးသေးလေးတွေမှာ နေတဲ့လူအများစုက အိမ်ထဲမှာ ပန်းလေးတွေနဲ့ အလှဆင်တတ်ကြပါတယ်။ ဒီလိုအလှဆင်တဲ့အခါမှာ အချိူ့အပင်တွေက ကျန်းမာရေးကို ထိခိုက်စေနိုင်လို့ အထူးပဲ သတိထားသင့်ပါတယ်။သစ်ပင်လေးတွေကို အိမ်ထဲမှာ စိုက်ထားတာကလည်း အလွန်လှပါတယ်။ သင့်အတွက် မကောင်းတဲ့ အပင်မျိုးကိုတော့ မစိုက်သင့်ပါဘူး။ ဒါဆိုရင် ဘယ်လိုအပင်မျိုးတွေက သင့်ကို ထိခိုက်စေနိုင်မလဲဆိုတာ ကြည့်လိုက်ရအောင်။ ၁ ။ ရွက်လှပင် – အပြင်ပန်းမှာတော့ လှပတဲ့အရွက်တွေ ရှိပါတယ်။ သူဟာ မူးယစ်စေတတ်တဲ့ အပင်မျိုးနွယ်ဝင်လဲ ဖြစ်ပါတယ်။ မတော်တဆ ပါးစပ်နဲ့ထိမိတာပဲဖြစ်ဖြစ်၊ စားမိတာပဲဖြစ်ဖြစ် ဝမ်းလျှောတာ၊ ပျို့အန်တာတွေကို ဖြစ်စေပါတယ်။ ဒါ့အပြင် ပါးစပ်နဲ့ လည်ချောင်းယားယံတာတွေကိုလည်း ဖြစ်စေပါတယ်။ ၂ ။ ဆင်စွယ်ဂမုန်းပင် – အများစုကတော့ မြွေပန်းလို့ခေါ်ကြပြီးတော့ အိမ်တွင်းအလှဆင်ဖို့အတွက် သုံးတာများပါတယ်။ ဒီအပင်မှာ Saponin ဆိုတဲ့ ဓာတ်တစ်မျိုးပါဝင်ပြီးတော့ မျိုချမိရင် အဆိပ်ဖြစ်စေပါတယ်။ Saponin က ပျို့အန်တာတွေကိုဖြစ်စေတာကြောင့် အိမ်မွေးတိရစ္ဆာန်တွေနဲ့ အဝေးမှာလည်း ထားသင့်ပါတယ်။၃။ ကျောက်စိမ်းဂမုန်း – ကျောက်စိမ်းဂမုန်း (သို့) ZZ လို့ သိကြတဲ့ပန်းမျိူးစိတ်ဟာ မျိူချမိရင် နာကျင်တာတွေ၊ အရေပြာယားယံတာနဲ့ ရောင်ရမ်းတာတွေကိုဖြစ်စေပါတယ်။ မတော်လို့ ထိခဲ့မိတယ်ဆိုရင် ရေနဲ့အမြန်ဆုံး ဆေးချလိုက်လို့ရပါတယ်။ ၄ ။ ရှားစောင်းလက်ပတ် – ရှားစောင်းလက်ပတ်မျိူးစိတ်က နေရာအစုံမှာ အသုံးဝင်တာကို လူတိုင်းသိပါတယ်။ ဒါဆို ရှားစောင်းလက်ပတ်က ဘာလို့ အန္တရာယ်ရှိတဲ့ထဲပါရတာလဲ?။ အဖြေကတော့ ဝမ်းလျှောစေတတ်လို့ပါ။ ပြီးတော့ ဓာတ်မတည့်တာတွေကိုလည်း ဖြစ်စေပါတယ်။၅ ။ Marigolds – Marigolds ကို မတော်ဘဲ စားမိခဲ့ရင် အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ပြဿနာရှိစေနိုင်ပါတယ်။ ပြီးတော့ အရေပြားမှာလည်း အဖုအပိမ့်တွေ ထစေနိုင်ပါတယ်။

၆ ။ ရွှေလာငွေလာနွယ်ပင် – သူ့မှာတော့ Calcium Oxalate ဆိုတဲ့ ဓာတ်တစ်မျိူးပါဝင်ပြီးတော့ လည်ချောင်းနာတာတွေ၊ အစားစားရခက်တာတွေကို ဖြစ်စေနိုင်ပါတယ်။ အရွက်တွေကလှပေမယ့်လည်း အိမ်မွေးတိရစ္ဆာန်တွေရဲ့ အဝေးမှာ ထားသင့်ပါတယ်။၇ ။ ပိန်းရွက်လှ – သူကတော့ အသည်းပုံစံ အရွက်တွေရှိပြီးတော့ အရမ်းလှပါတယ်။ လှသလောက်လဲ အဆိပ်ပြင်းပါတယ်။ တိရစ္ဆာန်တွေနဲ့ ကလေးငယ်တွေဟာ ဒီလိုအပင်မျိူးနဲ့ ထိတွေ့မိရင် အသက်ရှူကြပ်တာမျိူးတွေ ဖြစ်စေပါတယ်။၈ ။ ရွှေလာငွေလာပင် – ရွှေလာငွေလာပင်မှာတော့ လှပတဲ့အရွက်တွေ ရှိပါတယ်။ အိမ်တွင်းအလှဆင်တဲ့နေရာမှာ အလွန်ကြော့ရှင်းတာကြောင့် လူကြိုက်များပါတယ်။ နာမည်ကတော့ ထူးဆန်းပါတယ်။ သူဟာလဲ အပေါ်မှာ ဖော်ပြခဲ့တဲ့ အပင်တွေလိုပဲ Calcium Oxalate ဆိုတဲ့ဓာတ်ပါဝင်ပြီး နှုတ်ခမ်း၊ ပါးစပ်နဲ့ လျှာကို နာကျင်စေပါတယ်။၉ ။ Euphorbia tirucalli – Euphorbia tirucalli ကတော့ အရေပြားနဲ့ မျက်လုံးကို ယားယံစေပါတယ်။ ဒါကြောင့် ဒီအပင်ကို ကိုင်တွယ်ရင် လက်အိတ်ဝတ်သင့်ပါတယ်။ တကယ်လို့ တိုက်ရိုက်ထိတွေ့ခဲ့မယ်ဆိုရင် မျက်လုံးနီခြင်းနဲ့ ယားယံခြင်းကိုဖြစ်စေလို့ အထူးဂရုစိုက်သင့်ပါတယ်။၁၀ ။ ကျောက်ကွဲပင် – သူကတော့ ဆွဲဆောင်မှုရှိပြီး အရမ်းလှတဲ့ပန်းမျိူး ဖြစ်ပါတယ်။ ခရမ်းရောင်အဆင်းရှိပြီးတော့ အိမ်တွင်းအလှဆင်တဲ့နေရာမှာ အသုံးများပါတယ်။ အစေ့နဲ့ အရွက်ကို စားသုံးမိရင် လူရော တိရစ္ဆာန်ပါ သေစေနိုင်ပါတယ်။အဆိပ်ဖြစ်စေတဲ့အတွက် အိမ်ထဲမှာ မစိုက်သင့်ပါဘူး။ တကယ်လို့ စိုက်ထားတယ်ဆိုရင်လည်း သင့်ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ဝေးဝေးမှာပဲထားပါ။ ကိုင်တွယ်ရင်လည်း လက်အိတ်ဝတ်သင့်ပါတယ်။

credit – မူရင်း

[zawgyi]

တိုက္ခန္းေသးေသးေလးေတြမွာ ေနတဲ့လူအမ်ားစုက အိမ္ထဲမွာ ပန္းေလးေတြနဲ႔ အလွဆင္တတ္ၾကပါတယ္။ ဒီလိုအလွဆင္တဲ့အခါမွာ အခ်ိဴ႕အပင္ေတြက က်န္းမာေရးကို ထိခိုက္ေစႏိုင္လို႔ အထူးပဲ သတိထားသင့္ပါတယ္။သစ္ပင္ေလးေတြကို အိမ္ထဲမွာ စိုက္ထားတာကလည္း အလြန္လွပါတယ္။ သင့္အတြက္ မေကာင္းတဲ့ အပင္မ်ိဳးကိုေတာ့ မစိုက္သင့္ပါဘူး။ ဒါဆိုရင္ ဘယ္လိုအပင္မ်ိဳးေတြက သင့္ကို ထိခိုက္ေစႏိုင္မလဲဆိုတာ ၾကည့္လိုက္ရေအာင္။ ၁ ။ ႐ြက္လွပင္ – အျပင္ပန္းမွာေတာ့ လွပတဲ့အ႐ြက္ေတြ ရွိပါတယ္။ သူဟာ မူးယစ္ေစတတ္တဲ့ အပင္မ်ိဳးႏြယ္ဝင္လဲ ျဖစ္ပါတယ္။ မေတာ္တဆ ပါးစပ္နဲ႔ထိမိတာပဲျဖစ္ျဖစ္၊ စားမိတာပဲျဖစ္ျဖစ္ ဝမ္းေလွ်ာတာ၊ ပ်ိဳ႕အန္တာေတြကို ျဖစ္ေစပါတယ္။ ဒါ့အျပင္ ပါးစပ္နဲ႔ လည္ေခ်ာင္းယားယံတာေတြကိုလည္း ျဖစ္ေစပါတယ္။ ၂ ။ ဆင္စြယ္ဂမုန္းပင္ – အမ်ားစုကေတာ့ ေႁမြပန္းလို႔ေခၚၾကၿပီးေတာ့ အိမ္တြင္းအလွဆင္ဖို႔အတြက္ သုံးတာမ်ားပါတယ္။ ဒီအပင္မွာ Saponin ဆိုတဲ့ ဓာတ္တစ္မ်ိဳးပါဝင္ၿပီးေတာ့ မ်ိဳခ်မိရင္ အဆိပ္ျဖစ္ေစပါတယ္။ Saponin က ပ်ိဳ႕အန္တာေတြကိုျဖစ္ေစတာေၾကာင့္ အိမ္ေမြးတိရစာၦန္ေတြနဲ႔ အေဝးမွာလည္း ထားသင့္ပါတယ္။၃။ ေက်ာက္စိမ္းဂမုန္း – ေက်ာက္စိမ္းဂမုန္း (သို႔) ZZ လို႔ သိၾကတဲ့ပန္းမ်ိဴးစိတ္ဟာ မ်ိဴခ်မိရင္ နာက်င္တာေတြ၊ အေရျပာယားယံတာနဲ႔ ေရာင္ရမ္းတာေတြကိုျဖစ္ေစပါတယ္။ မေတာ္လို႔ ထိခဲ့မိတယ္ဆိုရင္ ေရနဲ႔အျမန္ဆုံး ေဆးခ်လိုက္လို႔ရပါတယ္။ ၄ ။ ရွားေစာင္းလက္ပတ္ – ရွားေစာင္းလက္ပတ္မ်ိဴးစိတ္က ေနရာအစုံမွာ အသုံးဝင္တာကို လူတိုင္းသိပါတယ္။ ဒါဆို ရွားေစာင္းလက္ပတ္က ဘာလို႔ အႏၲရာယ္ရွိတဲ့ထဲပါရတာလဲ?။ အေျဖကေတာ့ ဝမ္းေလွ်ာေစတတ္လို႔ပါ။ ၿပီးေတာ့ ဓာတ္မတည့္တာေတြကိုလည္း ျဖစ္ေစပါတယ္။၅ ။ Marigolds – Marigolds ကို မေတာ္ဘဲ စားမိခဲ့ရင္ အစာအိမ္နဲ႔ အူလမ္းေၾကာင္းမွာ ျပႆနာရွိေစႏိုင္ပါတယ္။ ၿပီးေတာ့ အေရျပားမွာလည္း အဖုအပိမ့္ေတြ ထေစႏိုင္ပါတယ္။

၆ ။ ေ႐ႊလာေငြလာႏြယ္ပင္ – သူ႔မွာေတာ့ Calcium Oxalate ဆိုတဲ့ ဓာတ္တစ္မ်ိဴးပါဝင္ၿပီးေတာ့ လည္ေခ်ာင္းနာတာေတြ၊ အစားစားရခက္တာေတြကို ျဖစ္ေစႏိုင္ပါတယ္။ အ႐ြက္ေတြကလွေပမယ့္လည္း အိမ္ေမြးတိရစာၦန္ေတြရဲ႕ အေဝးမွာ ထားသင့္ပါတယ္။၇ ။ ပိန္း႐ြက္လွ – သူကေတာ့ အသည္းပုံစံ အ႐ြက္ေတြရွိၿပီးေတာ့ အရမ္းလွပါတယ္။ လွသေလာက္လဲ အဆိပ္ျပင္းပါတယ္။ တိရစာၦန္ေတြနဲ႔ ကေလးငယ္ေတြဟာ ဒီလိုအပင္မ်ိဴးနဲ႔ ထိေတြ႕မိရင္ အသက္ရႉၾကပ္တာမ်ိဴးေတြ ျဖစ္ေစပါတယ္။၈ ။ ေ႐ႊလာေငြလာပင္ – ေ႐ႊလာေငြလာပင္မွာေတာ့ လွပတဲ့အ႐ြက္ေတြ ရွိပါတယ္။ အိမ္တြင္းအလွဆင္တဲ့ေနရာမွာ အလြန္ေၾကာ့ရွင္းတာေၾကာင့္ လူႀကိဳက္မ်ားပါတယ္။ နာမည္ကေတာ့ ထူးဆန္းပါတယ္။ သူဟာလဲ အေပၚမွာ ေဖာ္ျပခဲ့တဲ့ အပင္ေတြလိုပဲ Calcium Oxalate ဆိုတဲ့ဓာတ္ပါဝင္ၿပီး ႏႈတ္ခမ္း၊ ပါးစပ္နဲ႔ လွ်ာကို နာက်င္ေစပါတယ္။၉ ။ Euphorbia tirucalli – Euphorbia tirucalli ကေတာ့ အေရျပားနဲ႔ မ်က္လုံးကို ယားယံေစပါတယ္။ ဒါေၾကာင့္ ဒီအပင္ကို ကိုင္တြယ္ရင္ လက္အိတ္ဝတ္သင့္ပါတယ္။ တကယ္လို႔ တိုက္႐ိုက္ထိေတြ႕ခဲ့မယ္ဆိုရင္ မ်က္လုံးနီျခင္းနဲ႔ ယားယံျခင္းကိုျဖစ္ေစလို႔ အထူးဂ႐ုစိုက္သင့္ပါတယ္။၁၀ ။ ေက်ာက္ကြဲပင္ – သူကေတာ့ ဆြဲေဆာင္မႈရွိၿပီး အရမ္းလွတဲ့ပန္းမ်ိဴး ျဖစ္ပါတယ္။ ခရမ္းေရာင္အဆင္းရွိၿပီးေတာ့ အိမ္တြင္းအလွဆင္တဲ့ေနရာမွာ အသုံးမ်ားပါတယ္။ အေစ့နဲ႔ အ႐ြက္ကို စားသုံးမိရင္ လူေရာ တိရစာၦန္ပါ ေသေစႏိုင္ပါတယ္။အဆိပ္ျဖစ္ေစတဲ့အတြက္ အိမ္ထဲမွာ မစိုက္သင့္ပါဘူး။ တကယ္လို႔ စိုက္ထားတယ္ဆိုရင္လည္း သင့္ရဲ႕ အိမ္ေမြးတိရစာၦန္ေလးေတြနဲ႔ ေဝးေဝးမွာပဲထားပါ။ ကိုင္တြယ္ရင္လည္း လက္အိတ္ဝတ္သင့္ပါတယ္။