မောင်းနေရင်း ကားစက်ထိုးရပ်သွားတာမျိူးမှာ စစ်ဆေးရမည့် အခြေခံအချက်များ

ကားမောင်းနေစဉ်မှာ မမျှော်လင့် ဘဲ ကားစက်ထိုးရပ်သွားတာမျိုး အတော်များများကြုံဘူးကြမယ်ထင်ပါတယ်။ အင်ဂျင်လည်တာ အရမ်းနည်းလွန်းရင် အင်ဂျင်တုန်ခါပြီး မကြာခဏစက်ရပ် သွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ မီးပွိုင့်မှာမီးနီနေလို့ စောင့်နေချိန်မှာ ရုတ်တရက်စက်ရပ် သွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ စက်ထိုးရပ်သွားရင် စက်ပြန်နှိုးလို့ရတာလည်း ရှိသလို၊ လုံးဝ စက်ပြန်နှိုးတော့လို့မရတာလည်း ရှိပါတယ်။ ဒီလိုအခြေအနေမျိူးတွေကြုံလာရင် စိတ်ကသိကအောက်ဖြစ်ရပါတယ်။ ဒီလိုဖြစ်တဲ့ အကြောင်းအရင်းကတော့ကားအင်ဂျင်စက် ရပ်သွားတာဟာ အင်ဂျင်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တစ်ခုခုဖြစ်နေလို့ပါ။ ဖြစ်ပေါ်ရတဲ့အကြောင်းရင်း၊ ချို့ယွင်းချက်အပြင် အားနည်းချက်ကို ရှာကြည့်ဖို့ လိုပါတယ်။ ကားစက်သေသွားတဲ့အခါ လမ်းပေါ်မှာ ဖြစ်နေတဲ့အတွက် အန္တရာယ်လွတ်ကင်းတဲ့ လမ်းဘေးတစ်နေရာသို့ ကားကိုအရင်ဆုံး ရွှေ့သင့်ပါတယ်။ လမ်းဘေးကားရပ်ထားတဲ့နေရာက အန္တရာယ်ကင်း ဖို့လိုပါတယ်။ နောက်ကလာတဲ့ကားက ရပ်ထားမှန်း သိအောင် သတိပေး (sign) တစ်ခုလုပ်တာ၊ အချက်ပြ မီးဖွင့်တာ လုပ်ဖို့လိုပါတယ်။ပြီးရင် အင်ဂျင် ဘောနက်အဖုံးဖွင့်ပြီး စစ်ဆေးပါ။ အင်ဂျင်အပူချိန်လွန်ကဲပြီး ရေတိုင်ကီရေဆူနေတာ၊ ဆီကုန်တာ၊ ဆီဒိုင်ခွက်မှာ လောင်စာဆီ လက်ကျန်ပြသေးလား ဆိုတာတွေကို စစ်ဆေးရပါမယ်။ ဘက်ထရီငုတ်တွေ ချောင်ပြီးလွတ်နေတာ၊ ဘက်ထရီခေါင်းချောင် နေတာကြောင့် လမ်းကြမ်းဆောင့်မိဒဏ်တွေ ဖြစ်တဲ့အခါမှာ ဘက်ထရီကြိုး လွတ်သွား တတ်ပါတယ်။ဓာတ်ဆီကားဆိုရင် – ဓာတ်ဆီကားတစ်စီးမှာ အင်ဂျင် ပုံမှန်လည်ပတ်ဖို့အတွက် လေနဲ့ ဆီရောနှော ပါဝင်နှုန်း အချိုးအစား မှန်ရပါမယ်။ မီးပေးစနစ် (Ignition System) ကောင်းဖို့ အတွက် ပလပ်(Plug) တွေက Timing အလိုက် မီးပွား (spark) ပွင့်ပေးဖို့လိုပါတယ်။ ပလတ်ကလည်း ပုံမှန်အပူချိန် မှာဘဲရှိရပါတယ်။ ရေဆူပြီး အပူလွန်ကဲတာ မျိုးဖြစ်ရင် အင်ဂျင်အတွင်းမှာရှိတဲ့ သတ္တုပစ္စတင်တွေ ပွလာပြီး အင်ဂျင်ဆလင်ဒါ ကျပ်သွားပါတယ်။ အင်ဂျင်ကျပ်ရင် စက်ရပ်သွားနိုင်ပါတယ်။ရေတိုင်ကီကိုစစ်ဆေးပါ – အင်ဂျင်အပူလွန်ကဲပြီး ရေ တိုင်ကီထဲက ရေနွေး ငွေ့တွေ ပန်းထွက်လာတဲ့အထိ အခြေအနေ ဆိုးတယ်ဆိုရင်တော့ အင်ဂျင် အပူလွန်ကဲလို့ စက်ရပ်သွားတာ ဖြစ်နိုင်ပါတယ်။ ရေတိုင်ကီထဲကို ရေလောင်းထည့်ပြီး အင်ဂျင်အေးသွားအောင် အရိပ်ရတဲ့နေရာမှာ ကားကိုရပ်နားထားပါ။ ရေတိုင်ကီ မှတစ်ဆင့် ရေယိုစိမ့်နိုင်တဲ့နေရာ တွေကို စစ်ဆေးကြည့်သင့်ပါ တယ်။ ကားရေဆူရတဲ့အကြောင်းရင်းတွေကတော့ ပန်ကာကြိုး လျော့နေရင် ပန်ကာလေသွင်း အားမကောင်းတာကြောင့် ရေတိုင်ကီက အပူထုတ်တာ အားနည်းလာပါတယ်။လျှပ်စစ်ပန်ကာနဲ့ အအေးခံ တဲ့ အမျိုးအစားဆိုရင်လည်း ပန်ကာ ပျက်နေတာလား ၊ ရေ တိုင်ကီ မှာဖုန်၊ သဲတွေပိတ်နေတာလား၊ အပူချိန်အာရုံခံ စနစ်မကောင်းတာလား စတဲ့အားနည်း ချက် တစ်ခု ခုကိုရှာ ကြည့်သင့်ပါတယ်။ အင်ဂျင်အပူလွန်ကဲတာ မြင့်လာရင် ဂက်စ်ကတ်ပြတ်နိုင်ပါတယ်။ အင်ဂျင်အအေးခံပြီး ရေတိုင်ကီမှာ ရေပြန်ဖြည့်ပါ။ ဘက်ထရီကောင်း၊ မကောင်းလည်း စစ်ဆေးကြည့်ပြီးရင်တော့ စက်နှိုး ကြည့်နိုင်ပါတယ်။ ဒါပေမဲ့ ဆီနဲ့ မီးတော့ ပုံမှန်ဖို့ လိုပါတယ်။အင်ဂျင်အေးသွား ပေမယ့် စက်နှိုးကြည့်တာ လုံးဝ မနှိုးဘူးဆိုရင်တော့ Timing Belt ကြိုးပြတ်ပြီး စက်ရပ်သွားတာ ဟုတ်၊ မဟုတ် သေချာအောင် Timing Belt Cover အဖုံးကို ဖွင့်ကြည့်သင့်ပါတယ်။ Belt ကြိုး ပြတ်တယ်ဆိုရင်တော့ ကားဝပ်ရှော့ကို အကြောင်းကြားပြီး ကားဆွဲ ရန်ပြင်ဆင်သင့်ပါတယ်။

အခြားအကြောင်းရင်းတွေက – ကားသော့အုံ (Ignition Switch) မှာ ချို့ယွင်းချက် တစ်ခုခုဖြစ်လို့ လုံးဝမီးပျောက် သွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဖျူးစ် (Fuse) ပျက်သွား တာလား၊ မီးပျောက်တာ၊ ဆီ ပျောက်တာကြောင့် စက်ထိုးရပ် နိုင်ပါတယ်။ ဘယ်အစိတ်အပိုင်း က ဘာဖြစ်တာလဲဆိုတာ တိတိကျကျ သိအောင် ရှာဖို့လိုအပ်ပါ တယ်။ ကားစက်ဖုံးဖွင့်ကြည့်ချိန်မှာ အင်ဂျင်ခန်းအတွင်း ဘာတွေထူးခြား နေသလဲဆိုတာ သေချာကြည့်သင့်ပါတယ်။ ညှော်နံ့ရတာ၊ ပန်ကာကြိုးချောင်နေတာ၊ ရေတိုင်ကီ ရေဆူနေတာ၊ ရေပိုက်ပေါက်နေ တာ၊ အားလုံးကို စစ်ဆေးကြည့်ရ မှာဖြစ်ပါတယ်။ဘက်ထရီ – ကားဟွန်းကိုတီးကြည့်ပြီး ခန့်မှန်းလို့ရအောင် အသံကိုနားထောင်ကြည့်ပါ။ အသံတိုးသလား၊ ကျယ်တဲ့အသံထွက်သလား၊ ဟွန်းသံ လုံးဝမမြည်တာ၊ အသံတိုးလွန်း တာ၊ ကားမီးကြီးအလင်းရောင် အားနည်း လွန်းတာဆိုရင်တော့ ကားဘက်ထရီ အားကုန်သွားတာ မျိုး ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ဟွန်းသံကျယ်တာ၊ ဝိုင်ဘာရေ သုတ်တံလည်တာ၊ ရှေ့မီးကြီး လင်းတာတွေက ပုံမှန်ဆိုရင်တော့ ကားဘက်ထရီကောင်းပါတယ်။ဆီလှည့်စနစ်မကောင်းရင် – လောင်စာဆီပို့စနစ်ကို လည်း စစ်ဆေးပေးသင့်ပါတယ်။ ဆီတွန်းစနစ်က အသုံးပြုထားတဲ့ စနစ်အပေါ်မူတည်ပြီး ကိုယ်တိုင် စစ်ဆေးလို့ရ၊ မရကွာခြားပါ တယ်။ EFI စနစ်လို အဆင့်မြင့် စနစ်တွေဆိုရင်တော့ နားလည်ရ ခက်ခဲပြီး စစ်ဆေးတဲ့နေရာမှာ လည်း နည်းပညာပစ္စည်းအ ထောက်အပံ့တွေ လိုအပ်ပါ တယ်။ ဆီစစ်ဘူးပိတ်နေတာ၊ ဆီထဲ မှာ ရေတွေ၊ အမှိုက်စတာတွေ ရောပါနေတာတွေကြောင့် ဆီလှည့်စနစ်ကို အနှောင့်အယှက် ဖြစ်စေပါတယ်။ဆီထဲမှာ ရေရော ပါနေရင်လည်း စက်ရပ်သွားနိုင်ပါတယ်။ ကာပရိုက်တာ စနစ်သုံးကား တွေဆိုရင်တော့ ဆီပိတ်တာကို အလွယ်တကူ စစ်ဆေးနိုင်ပါတယ်။ နည်းပညာမြင့်ကားတွေမှာ တော့ EFI စနစ်၊ GDI စနစ်သုံးလာ တာကြောင့် စစ်ဆေးဖို့ခက်ခဲပါ တယ်။ ကားစက်ရပ်တာက ပလတ်ပျက်ရင်လည်း ဖြစ်နိုင်ပါတယ်။ပလတ်ထိပ်ဖျားမှာ တိုင်မင် ကိုက် မီးပွားပွင့်မထွက်တာ၊ ပလတ်ထိပ်မှာ မီးမကူးတာတွေဖြစ်ရင် အင်ဂျင်စက်ရပ် သွားနိုင်ပါတယ်။ ပလတ် မီးမကူးနိုင်တဲ့ အကြောင်းရင်းတွေ အများအပြားရှိပါတယ်။ မော်ဒယ်နိမ့်ကားတွေမှာတော့ ပွိုင့်က မီးဖြတ်ပြီး Ignition Coil ကထွက်လာတဲ့ High Voltage ကို Distributor က မီးဖျန်းပေးပါတယ်။မော်ဒယ်မြင့်ကားတွေကို တော့ Distributor ကတစ်ဆင့် မီးဖြတ်တဲ့ စနစ်မဟုတ်တော့ဘဲ ပလပ်တစ်လုံးချင်းကို မီးကွိုင် တစ်လုံးစီက မီးပေးပါတယ်။ မီး Timing ကို ကွန်ပျူတာနဲ့ချိတ် ဆက်ထားတဲ့ ECU (Electronic Control Unit) က ထိန်းချုပ်ပါ တယ်။ Crank Shaft Position Sensor က ပို့လိုက်တဲ့သတင်း အချက်အလက်အရ ECU က မီး Timing ကို ဆုံးဖြတ်အမိန့်ပေးပါပါတယ်။ အဲ့ဒီနေရာမှာ Crank Shaft Position Sensor မကောင်းရင် ECU က အမိန့်ပေး ဆောင်ရွက်ချက်လွဲသွားစေပါ တယ်။ ကွန်ပျူတာစနစ်သုံးတဲ့ မော်ဒယ်မြင့်ကား တွေမှာ ECU ကို ပါဝါ ပို့ပေးတဲ့ Relay ဘူးတွေကောင်းဖို့ လိုပါတယ်။နောက်တစ်ချက်က ဗို့အား မတည်မငြိမ်ဖြစ်ရင်လည်း ပြဿနာဖြစ်နိုင်ပါတယ်။ ECU က 12 Volt မှာပဲအလုပ်လုပ်ပါ တယ်။ ဗို့အားလျော့တာ (သို့ မဟုတ်) overcharging ဖြစ်လို့ သတ်မှတ်ဗို့အားထက် ပိုမြင့်သွား တာမျိုးဆိုရင်တော့ ECU စနစ် အလုပ် မလုပ်နိုင်တော့ပါဘူး။ ဒီလို မျိုးမီးပြဿနာဖြစ်ရင်တော့ ကား ဝပ်ရှော့ပ်မှာပဲ OBD Scan Tool နဲ့ စစ်ဆေးရပါတယ်။ မော်ဒယ်နိမ့်ကားတွေဆိုရင် တော့ ပလပ်ကိုမီးမရောက်တာ ကို စစ်ဆေးရတာလွယ်ပါတယ်။Coil တွေ၊ Distributor တွေ၊ Plug Wire တွေ ရေစိုသွားရင်တော့ ပလပ်ကို မီးမရောက်တော့ဘဲ စက်ရပ်သွားစေပါတယ်။ ဒီလို ပြဿနာမျိုးတွေကတော့ မိုးတွင်း ရေကြီးတဲ့လမ်းကို ဖြတ်မောင်း မိရင်တော့ ပလပ်ကို မီးမရောက် လို့ အင်ဂျင်စက်ရပ်သွားတာ ဖြစ်နိုင်ပါတယ်။

Credit: 7daycars

[zawgyi]

ကားေမာင္းေနစဥ္မွာ မေမွ်ာ္လင့္ ဘဲ ကားစက္ထိုးရပ္သြားတာမ်ိဳး အေတာ္မ်ားမ်ားႀကဳံဘူးၾကမယ္ထင္ပါတယ္။ အင္ဂ်င္လည္တာ အရမ္းနည္းလြန္းရင္ အင္ဂ်င္တုန္ခါၿပီး မၾကာခဏစက္ရပ္ သြားတာမ်ိဳးလည္း ျဖစ္တတ္ပါတယ္။ မီးပြိဳင့္မွာမီးနီေနလို႔ ေစာင့္ေနခ်ိန္မွာ ႐ုတ္တရက္စက္ရပ္ သြားတာမ်ိဳးလည္း ျဖစ္တတ္ပါတယ္။ စက္ထိုးရပ္သြားရင္ စက္ျပန္ႏႈိးလို႔ရတာလည္း ရွိသလို၊ လုံးဝ စက္ျပန္ႏႈိးေတာ့လို႔မရတာလည္း ရွိပါတယ္။ ဒီလိုအေျခအေနမ်ိဴးေတြႀကဳံလာရင္ စိတ္ကသိကေအာက္ျဖစ္ရပါတယ္။ ဒီလိုျဖစ္တဲ့ အေၾကာင္းအရင္းကေတာ့ကားအင္ဂ်င္စက္ ရပ္သြားတာဟာ အင္ဂ်င္ပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းခ်က္တစ္ခုခုျဖစ္ေနလို႔ပါ။ ျဖစ္ေပၚရတဲ့အေၾကာင္းရင္း၊ ခ်ိဳ႕ယြင္းခ်က္အျပင္ အားနည္းခ်က္ကို ရွာၾကည့္ဖို႔ လိုပါတယ္။ ကားစက္ေသသြားတဲ့အခါ လမ္းေပၚမွာ ျဖစ္ေနတဲ့အတြက္ အႏၲရာယ္လြတ္ကင္းတဲ့ လမ္းေဘးတစ္ေနရာသို႔ ကားကိုအရင္ဆုံး ေ႐ႊ႕သင့္ပါတယ္။ လမ္းေဘးကားရပ္ထားတဲ့ေနရာက အႏၲရာယ္ကင္း ဖို႔လိုပါတယ္။ ေနာက္ကလာတဲ့ကားက ရပ္ထားမွန္း သိေအာင္ သတိေပး (sign) တစ္ခုလုပ္တာ၊ အခ်က္ျပ မီးဖြင့္တာ လုပ္ဖို႔လိုပါတယ္။ၿပီးရင္ အင္ဂ်င္ ေဘာနက္အဖုံးဖြင့္ၿပီး စစ္ေဆးပါ။ အင္ဂ်င္အပူခ်ိန္လြန္ကဲၿပီး ေရတိုင္ကီေရဆူေနတာ၊ ဆီကုန္တာ၊ ဆီဒိုင္ခြက္မွာ ေလာင္စာဆီ လက္က်န္ျပေသးလား ဆိုတာေတြကို စစ္ေဆးရပါမယ္။ ဘက္ထရီငုတ္ေတြ ေခ်ာင္ၿပီးလြတ္ေနတာ၊ ဘက္ထရီေခါင္းေခ်ာင္ ေနတာေၾကာင့္ လမ္းၾကမ္းေဆာင့္မိဒဏ္ေတြ ျဖစ္တဲ့အခါမွာ ဘက္ထရီႀကိဳး လြတ္သြား တတ္ပါတယ္။ဓာတ္ဆီကားဆိုရင္ – ဓာတ္ဆီကားတစ္စီးမွာ အင္ဂ်င္ ပုံမွန္လည္ပတ္ဖို႔အတြက္ ေလနဲ႔ ဆီေရာေႏွာ ပါဝင္ႏႈန္း အခ်ိဳးအစား မွန္ရပါမယ္။ မီးေပးစနစ္ (Ignition System) ေကာင္းဖို႔ အတြက္ ပလပ္(Plug) ေတြက Timing အလိုက္ မီးပြား (spark) ပြင့္ေပးဖို႔လိုပါတယ္။ ပလတ္ကလည္း ပုံမွန္အပူခ်ိန္ မွာဘဲရွိရပါတယ္။ ေရဆူၿပီး အပူလြန္ကဲတာ မ်ိဳးျဖစ္ရင္ အင္ဂ်င္အတြင္းမွာရွိတဲ့ သတၱဳပစၥတင္ေတြ ပြလာၿပီး အင္ဂ်င္ဆလင္ဒါ က်ပ္သြားပါတယ္။ အင္ဂ်င္က်ပ္ရင္ စက္ရပ္သြားႏိုင္ပါတယ္။ေရတိုင္ကီကိုစစ္ေဆးပါ – အင္ဂ်င္အပူလြန္ကဲၿပီး ေရ တိုင္ကီထဲက ေရေႏြးေငြ႕ေတြ ပန္းထြက္လာတဲ့အထိ အေျခအေန ဆိုးတယ္ဆိုရင္ေတာ့ အင္ဂ်င္ အပူလြန္ကဲလို႔ စက္ရပ္သြားတာ ျဖစ္ႏိုင္ပါတယ္။ ေရတိုင္ကီထဲကို ေရေလာင္းထည့္ၿပီး အင္ဂ်င္ေအးသြားေအာင္ အရိပ္ရတဲ့ေနရာမွာ ကားကိုရပ္နားထားပါ။ ေရတိုင္ကီ မွတစ္ဆင့္ ေရယိုစိမ့္ႏိုင္တဲ့ေနရာ ေတြကို စစ္ေဆးၾကည့္သင့္ပါ တယ္။ ကားေရဆူရတဲ့အေၾကာင္းရင္းေတြကေတာ့ ပန္ကာႀကိဳး ေလ်ာ့ေနရင္ ပန္ကာေလသြင္း အားမေကာင္းတာေၾကာင့္ ေရတိုင္ကီက အပူထုတ္တာ အားနည္းလာပါတယ္။လွ်ပ္စစ္ပန္ကာနဲ႔ အေအးခံ တဲ့ အမ်ိဳးအစားဆိုရင္လည္း ပန္ကာ ပ်က္ေနတာလား ၊ ေရတိုင္ကီ မွာဖုန္၊ သဲေတြပိတ္ေနတာလား၊ အပူခ်ိန္အာ႐ုံခံ စနစ္မေကာင္းတာလား စတဲ့အားနည္းခ်က္ တစ္ခု ခုကိုရွာ ၾကည့္သင့္ပါတယ္။ အင္ဂ်င္အပူလြန္ကဲတာ ျမင့္လာရင္ ဂက္စ္ကတ္ျပတ္ႏိုင္ပါတယ္။ အင္ဂ်င္အေအးခံၿပီး ေရတိုင္ကီမွာ ေရျပန္ျဖည့္ပါ။ ဘက္ထရီေကာင္း၊ မေကာင္းလည္း စစ္ေဆးၾကည့္ၿပီးရင္ေတာ့ စက္ႏႈိး ၾကည့္ႏိုင္ပါတယ္။ ဒါေပမဲ့ ဆီနဲ႔ မီးေတာ့ ပုံမွန္ဖို႔ လိုပါတယ္။အင္ဂ်င္ေအးသြား ေပမယ့္ စက္ႏႈိးၾကည့္တာ လုံးဝ မႏႈိးဘူးဆိုရင္ေတာ့ Timing Belt ႀကိဳးျပတ္ၿပီး စက္ရပ္သြားတာ ဟုတ္၊ မဟုတ္ ေသခ်ာေအာင္ Timing Belt Cover အဖုံးကို ဖြင့္ၾကည့္သင့္ပါတယ္။ Belt ႀကိဳး ျပတ္တယ္ဆိုရင္ေတာ့ ကားဝပ္ေရွာ့ကို အေၾကာင္းၾကားၿပီး ကားဆြဲ ရန္ျပင္ဆင္သင့္ပါတယ္။အျခားအေၾကာင္းရင္းေတြက – ကားေသာ့အုံ (Ignition Switch) မွာ ခ်ိဳ႕ယြင္းခ်က္ တစ္ခုခုျဖစ္လို႔ လုံးဝမီးေပ်ာက္ သြားတာမ်ိဳးလည္း ျဖစ္တတ္ပါတယ္။ ဖ်ဴးစ္ (Fuse) ပ်က္သြား တာလား၊ မီးေပ်ာက္တာ၊ ဆီ ေပ်ာက္တာေၾကာင့္ စက္ထိုးရပ္ ႏိုင္ပါတယ္။ ဘယ္အစိတ္အပိုင္း က ဘာျဖစ္တာလဲဆိုတာ တိတိက်က် သိေအာင္ ရွာဖို႔လိုအပ္ပါ တယ္။ ကားစက္ဖုံးဖြင့္ၾကည့္ခ်ိန္မွာ အင္ဂ်င္ခန္းအတြင္း ဘာေတြထူးျခား ေနသလဲဆိုတာ ေသခ်ာၾကည့္သင့္ပါတယ္။ ေညႇာ္နံ႔ရတာ၊ ပန္ကာႀကိဳးေခ်ာင္ေနတာ၊ ေရတိုင္ကီ ေရဆူေနတာ၊ ေရပိုက္ေပါက္ေန တာ၊ အားလုံးကို စစ္ေဆးၾကည့္ရ မွာျဖစ္ပါတယ္။ဘက္ထရီ – ကားဟြန္းကိုတီးၾကည့္ၿပီး ခန႔္မွန္းလို႔ရေအာင္ အသံကိုနားေထာင္ၾကည့္ပါ။ အသံတိုးသလား၊ က်ယ္တဲ့အသံထြက္သလား၊ ဟြန္းသံ လုံးဝမျမည္တာ၊ အသံတိုးလြန္း တာ၊ ကားမီးႀကီးအလင္းေရာင္ အားနည္း လြန္းတာဆိုရင္ေတာ့ ကားဘက္ထရီ အားကုန္သြားတာ မ်ိဳး ျဖစ္ႏိုင္ပါတယ္။ ဒါမွမဟုတ္ ဟြန္းသံက်ယ္တာ၊ ဝိုင္ဘာေရ သုတ္တံလည္တာ၊ ေရွ႕မီးႀကီး လင္းတာေတြက ပုံမွန္ဆိုရင္ေတာ့ ကားဘက္ထရီေကာင္းပါတယ္။ဆီလွည့္စနစ္မေကာင္းရင္ – ေလာင္စာဆီပို႔စနစ္ကို လည္း စစ္ေဆးေပးသင့္ပါတယ္။ ဆီတြန္းစနစ္က အသုံးျပဳထားတဲ့ စနစ္အေပၚမူတည္ၿပီး ကိုယ္တိုင္ စစ္ေဆးလို႔ရ၊ မရကြာျခားပါ တယ္။ EFI စနစ္လို အဆင့္ျမင့္ စနစ္ေတြဆိုရင္ေတာ့ နားလည္ရ ခက္ခဲၿပီး စစ္ေဆးတဲ့ေနရာမွာ လည္း နည္းပညာပစၥည္းအ ေထာက္အပံ့ေတြ လိုအပ္ပါ တယ္။ ဆီစစ္ဘူးပိတ္ေနတာ၊ ဆီထဲ မွာ ေရေတြ၊ အမႈိက္စတာေတြ ေရာပါေနတာေတြေၾကာင့္ ဆီလွည့္စနစ္ကို အေႏွာင့္အယွက္ ျဖစ္ေစပါတယ္။ဆီထဲမွာ ေရေရာ ပါေနရင္လည္း စက္ရပ္သြားႏိုင္ပါတယ္။ ကာပ႐ိုက္တာ စနစ္သုံးကား ေတြဆိုရင္ေတာ့ ဆီပိတ္တာကို အလြယ္တကူ စစ္ေဆးႏိုင္ပါတယ္။ နည္းပညာျမင့္ကားေတြမွာ ေတာ့ EFI စနစ္၊ GDI စနစ္သုံးလာ တာေၾကာင့္ စစ္ေဆးဖို႔ခက္ခဲပါ တယ္။ ကားစက္ရပ္တာက ပလတ္ပ်က္ရင္လည္း ျဖစ္ႏိုင္ပါတယ္။ပလတ္ထိပ္ဖ်ားမွာ တိုင္မင္ ကိုက္ မီးပြားပြင့္မထြက္တာ၊ ပလတ္ထိပ္မွာ မီးမကူးတာေတြျဖစ္ရင္ အင္ဂ်င္စက္ရပ္ သြားႏိုင္ပါတယ္။ ပလတ္ မီးမကူးႏိုင္တဲ့ အေၾကာင္းရင္းေတြ အမ်ားအျပားရွိပါတယ္။ ေမာ္ဒယ္နိမ့္ကားေတြမွာေတာ့ ပြိဳင့္က မီးျဖတ္ၿပီး Ignition Coil ကထြက္လာတဲ့ High Voltage ကို Distributor က မီးဖ်န္းေပးပါတယ္။ေမာ္ဒယ္ျမင့္ကားေတြကို ေတာ့ Distributor ကတစ္ဆင့္ မီးျဖတ္တဲ့ စနစ္မဟုတ္ေတာ့ဘဲ ပလပ္တစ္လုံးခ်င္းကို မီးကြိဳင္ တစ္လုံးစီက မီးေပးပါတယ္။ မီး Timing ကို ကြန္ပ်ဴတာနဲ႔ခ်ိတ္ ဆက္ထားတဲ့ ECU (Electronic Control Unit) က ထိန္းခ်ဳပ္ပါ တယ္။ Crank Shaft Position Sensor က ပို႔လိုက္တဲ့သတင္း အခ်က္အလက္အရ ECU က မီး Timing ကို ဆုံးျဖတ္အမိန႔္ေပးပါပါတယ္။ အဲ့ဒီေနရာမွာ Crank Shaft Position Sensor မေကာင္းရင္ ECU က အမိန႔္ေပး ေဆာင္႐ြက္ခ်က္လြဲသြားေစပါ တယ္။ ကြန္ပ်ဴတာစနစ္သုံးတဲ့ ေမာ္ဒယ္ျမင့္ကား ေတြမွာ ECU ကို ပါဝါ ပို႔ေပးတဲ့ Relay ဘူးေတြေကာင္းဖို႔ လိုပါတယ္။ေနာက္တစ္ခ်က္က ဗို႔အား မတည္မၿငိမ္ျဖစ္ရင္လည္း ျပႆနာျဖစ္ႏိုင္ပါတယ္။ ECU က 12 Volt မွာပဲအလုပ္လုပ္ပါ တယ္။ ဗို႔အားေလ်ာ့တာ (သို႔ မဟုတ္) overcharging ျဖစ္လို႔ သတ္မွတ္ဗို႔အားထက္ ပိုျမင့္သြား တာမ်ိဳးဆိုရင္ေတာ့ ECU စနစ္ အလုပ္ မလုပ္ႏိုင္ေတာ့ပါဘူး။ ဒီလို မ်ိဳးမီးျပႆနာျဖစ္ရင္ေတာ့ ကား ဝပ္ေရွာ့ပ္မွာပဲ OBD Scan Tool နဲ႔ စစ္ေဆးရပါတယ္။ ေမာ္ဒယ္နိမ့္ကားေတြဆိုရင္ ေတာ့ ပလပ္ကိုမီးမေရာက္တာ ကို စစ္ေဆးရတာလြယ္ပါတယ္။Coil ေတြ၊ Distributor ေတြ၊ Plug Wire ေတြ ေရစိုသြားရင္ေတာ့ ပလပ္ကို မီးမေရာက္ေတာ့ဘဲ စက္ရပ္သြားေစပါတယ္။ ဒီလို ျပႆနာမ်ိဳးေတြကေတာ့ မိုးတြင္း ေရႀကီးတဲ့လမ္းကို ျဖတ္ေမာင္း မိရင္ေတာ့ ပလပ္ကို မီးမေရာက္ လို႔ အင္ဂ်င္စက္ရပ္သြားတာ ျဖစ္ႏိုင္ပါတယ္။