သင်္ဘောပင်စိုက်တဲ့အခါဓာတုပစ္စည်း၊ ဓာတ်မြေသြဇာမပါဘဲနဲ့ အသားထူထူ၊ အစေ့နည်းနည်း၊ ပြွတ်ခဲနေအောင်သီးစေတဲ့ သဘာဝနည်းလမ်းကောင်း

သင်္ဘောပင်စိုက်တဲ့အခါဓာတုပစ္စည်း၊ ဓာတ်မြေသြဇာမပါဘဲနဲ့ အသားထူထူ၊ အစေ့နည်းနည်း၊ ပြွတ်ခဲနေအောင် သီးစေချင်ရင် ဒါတွေလုပ်ရမယ်။မျိုးစေ့အရောင်းဆိုင်မှာ-ယိုးဒယားမျိုး (သို့) ထိုင်ဝမ်မျိုးလို့ မေးဝယ်ပြီး အစေ့ကိုရေစင်စင်ဆေးပါ။ တစ်ရက်နေလှန်းပြီးမှ ပျိုးပင်ဖောက်ပါ။အဲ့ဒီပျိုးပင်လေး (၇-ရက်)ပြည့်တဲ့အခါ ခွဲမစိုက်မီ အမြစ်ကိုသေခြာစစ်ဆေးပါ။ အမြစ်က တစ်ချောင်းထဲထွက်နေရင်တော့ အဖိုပင် ဖြစ်လို့ မစိုက်ပါနဲ့။အမြစ်က တစ်ချောင်းထက်ပိုနေမှသာ အမပင် ဖြစ်ပါတယ်။ အမပင်စိုက်မှ အသီးသီးပါတယ်။ ခွဲစိုက်မယ့်နေရာကို – (၁) တွင်းဝ တစ်ပေ၊ အနက်တစ်ပေခွဲ တူးပြီး တွင်းထဲကို သစ်ရွက်ခြောက်ဖြစ်စေ၊ ကောက်ရိုးခြောက်ဖြစ်စေ ထည့်ပြီးမီးရှို့ပါ။ နှစ်ကြိမ်ပြုလုပ်ရန် လိုအပ်ပါသည်။ ပြာကျပြီးတာနဲ့ တွင်းထဲကို ရေအပြည့်လောင်းပြီး တစ်ညထားပါ။(၂) အပင်စိုက်မယ့် တွင်းအောက်ခြေမှာ ထုံးမှုန့်ငါးဆယ်သားခန့် ဖြူးပြီး ထုံးပေါ်မှာ မြေဆွေး လက်ငါးသစ်ခန့်ထည့်ပါ။

(၃) လ္ဘက်ရည်ဆိုင်တွေမှာ စွန့်ပစ်ထားကြတဲ့ နှပ်ပြီးသား အချိုခြောက်အဖတ်တွေကိုယူ၊ နွားချေးခြောက်နှင့်ဆတူ ရောသမမွှေပြီး တစ်နေလှန်းပါ။ ပြီးလျှင် တွင်းထဲသို့ တစ်ထွာခန့် ထပ်ဖြည့်ပါ။ ၎င်းအပေါ်မှထပ်မံ၍ မြေဆွေးအပြည့် ထည့်လိုက်ပြီး ပျိုးပင်ကို စိုက်ပျိုးပါ။ (၄) ပျိုးပင်(၂-ပေ)ခန့် ကြီးလာတဲ့အခါ အပင်ရင်းပတ်လည်ကို မီးဖိုကရတဲ့ ပြာမှုန့်ရယ်၊ လ္ဘက်ရည်ဆိုင်တွေက စွန့်ပစ်ထားတဲ့ အချိုခြောက် အဖတ်တွေကိုသမပြီး အုံထားပေးပါ။ခြံကျယ်ကြီးနဲ့ စီးပွားဖြစ်စိုက်မယ်ဆိုရင်တော့ ကားတစ်စီးနဲ့ လ္ဘက်ရည်ဆိုင် အနှံ့သွားပြီး စွန့်ပစ်ထားတဲ့ လ္ဘက်ခြောက်ဖတ်တွေကို လိုက်သိမ်းပေတော့။တစ်ခုထပ်မှာရမှာက နံနက်စောစောနှင့် နေဝင်ပြီးချိန်၌ တစ်နေ့နှစ်ကြိမ် ရေမှန်မှန်လောင်းရပါမယ်။မှတ်ချက် အဝါရောင်အသားရှိတဲ့ သင်္ဘောသီးကို အနီရောင်ဖြစ်စေချင်ရင်တော့ ကျင်းအောက်ခြေမှာ ဖြူးထားတဲ့ ထုံးမှုန့်ကို ဖွဲပြာနဲ့ မြေကျက်အမှုန့် အနည်းငယ်ရောစပ်ပြီး စိုက်ပါ။ အဝါသီးဟာ အနီသီးဖြစ်သွားပြီး ပက်ပက်စက်စက်လည်း သီးပါသတဲ့။

မူရင်း – Credit

[zawgyi]

သေဘၤာပင္စိုက္တဲ့အခါဓာတုပစၥည္း၊ ဓာတ္ေျမၾသဇာမပါဘဲနဲ႔ အသားထူထူ၊ အေစ့နည္းနည္း၊ ႁပြတ္ခဲေနေအာင္ သီးေစခ်င္ရင္ ဒါေတြလုပ္ရမယ္။မ်ိဳးေစ့အေရာင္းဆိုင္မွာ-ယိုးဒယားမ်ိဳး (သို႔) ထိုင္ဝမ္မ်ိဳးလို႔ ေမးဝယ္ၿပီး အေစ့ကိုေရစင္စင္ေဆးပါ။ တစ္ရက္ေနလွန္းၿပီးမွ ပ်ိဳးပင္ေဖာက္ပါ။အဲ့ဒီပ်ိဳးပင္ေလး (၇-ရက္)ျပည့္တဲ့အခါ ခြဲမစိုက္မီ အျမစ္ကိုေသျခာစစ္ေဆးပါ။ အျမစ္က တစ္ေခ်ာင္းထဲထြက္ေနရင္ေတာ့ အဖိုပင္ ျဖစ္လို႔ မစိုက္ပါနဲ႔။အျမစ္က တစ္ေခ်ာင္းထက္ပိုေနမွသာ အမပင္ ျဖစ္ပါတယ္။ အမပင္စိုက္မွ အသီးသီးပါတယ္။ ခြဲစိုက္မယ့္ေနရာကို – (၁) တြင္းဝ တစ္ေပ၊ အနက္တစ္ေပခြဲ တူးၿပီး တြင္းထဲကို သစ္႐ြက္ေျခာက္ျဖစ္ေစ၊ ေကာက္႐ိုးေျခာက္ျဖစ္ေစ ထည့္ၿပီးမီးရႈိ႕ပါ။ ႏွစ္ႀကိမ္ျပဳလုပ္ရန္ လိုအပ္ပါသည္။ ျပာက်ၿပီးတာနဲ႔ တြင္းထဲကို ေရအျပည့္ေလာင္းၿပီး တစ္ညထားပါ။(၂) အပင္စိုက္မယ့္ တြင္းေအာက္ေျခမွာ ထုံးမႈန႔္ငါးဆယ္သားခန႔္ ျဖဴးၿပီး ထုံးေပၚမွာ ေျမေဆြး လက္ငါးသစ္ခန႔္ထည့္ပါ။(၃) လၻက္ရည္ဆိုင္ေတြမွာ စြန႔္ပစ္ထားၾကတဲ့ ႏွပ္ၿပီးသား အခ်ိဳေျခာက္အဖတ္ေတြကိုယူ၊ ႏြားေခ်းေျခာက္ႏွင့္ဆတူ ေရာသမေမႊၿပီး တစ္ေနလွန္းပါ။ ၿပီးလွ်င္ တြင္းထဲသို႔ တစ္ထြာခန႔္ ထပ္ျဖည့္ပါ။ ၎အေပၚမွထပ္မံ၍ ေျမေဆြးအျပည့္ ထည့္လိုက္ၿပီး ပ်ိဳးပင္ကို စိုက္ပ်ိဳးပါ။ (၄) ပ်ိဳးပင္(၂-ေပ)ခန႔္ ႀကီးလာတဲ့အခါ အပင္ရင္းပတ္လည္ကို မီးဖိုကရတဲ့ ျပာမႈန႔္ရယ္၊ လၻက္ရည္ဆိုင္ေတြက စြန႔္ပစ္ထားတဲ့ အခ်ိဳေျခာက္ အဖတ္ေတြကိုသမၿပီး အုံထားေပးပါ။ၿခံက်ယ္ႀကီးနဲ႔ စီးပြားျဖစ္စိုက္မယ္ဆိုရင္ေတာ့ ကားတစ္စီးနဲ႔ လၻက္ရည္ဆိုင္ အႏွံ႔သြားၿပီး စြန႔္ပစ္ထားတဲ့ လၻက္ေျခာက္ဖတ္ေတြကို လိုက္သိမ္းေပေတာ့။တစ္ခုထပ္မွာရမွာက နံနက္ေစာေစာႏွင့္ ေနဝင္ၿပီးခ်ိန္၌ တစ္ေန႔ႏွစ္ႀကိမ္ ေရမွန္မွန္ေလာင္းရပါမယ္။မွတ္ခ်က္ အဝါေရာင္အသားရွိတဲ့ သေဘၤာသီးကို အနီေရာင္ျဖစ္ေစခ်င္ရင္ေတာ့ က်င္းေအာက္ေျခမွာ ျဖဴးထားတဲ့ ထုံးမႈန႔္ကို ဖြဲျပာနဲ႔ ေျမက်က္အမႈန႔္ အနည္းငယ္ေရာစပ္ၿပီး စိုက္ပါ။ အဝါသီးဟာ အနီသီးျဖစ္သြားၿပီး ပက္ပက္စက္စက္လည္း သီးပါသတဲ့။