မတော်တဆ မှားယွင်းတီထွင်မိလိုက်ရာကနေ လက်ရှိအချိန်ထိစားသုံးနေကြတဲ့ အစားအသောက်(၇) မျိူး

အခုတစ်ခေါက် ပြောပြပေးသွားမယ့်အကြောင်းအရာကတော့ မတော်တဆ မှားယွင်းတီထွင်မိလိုက်တဲ့ ကမ္ဘာကျော်အစားအစာတွေပဲဖြစ်ပါတယ်။လူသားတွေရဲ့ သမိုင်းကြောင်းတစ်လျှောက်မှာ အမှားပေါင်းမျိုးစုံကျုးလွန်ခဲ့ကြပြီး အဲဒီထဲက အခုအမှားတွေကတော့ အမှားကောင်းတွေလို့ပဲ သတ်မှတ်ရမှာပါ။ဘာကြောင့်လဲဆိုတော့ သူတို့ကိုယ်တိုင် မသိခဲ့ဘဲ ကျုးလွန်ခဲ့တဲ့ အမှားတွေက ဘယ်သူ့ကိုမှ မထိမထိုက်ဘဲ အဲဒီအမှားတွေကနေ အလွန် အရသာရှိတဲ့ အစားအစာတွေ ဖြစ်လာစေခဲ့လို့ပဲဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုအစားအစာတွေက ဘယ်လိုအမှားအယွင်းတွေကနေ ဖြစ်လာခဲ့သလဲဆိုတာ ကြည့်လိုက်ကြရအောင်ပါ။ (၁) ရေခဲချောင်း (Frank Epperson) – ရေခဲချောင်းတွေက အခုအချိန်မှာတော့ အရသာပေါင်းစုံနဲ့အချိန်မရွေး ထုတ်လုပ်လာနိုင်ခဲ့ပြီး လူတိုင်း အလွယ်တကူ ဝယ်ယူစားသောက်နိုင်ပါတယ်။ အဲဒီရေခဲချောင်းတွေကို စတင်တီထွင်ခဲ့သူကတော့ အသက် ၁၁ နှစ်အရွယ်သာ ရှိသေးတဲ့ ကလေးတစ်ယောက်သာဖြစ်ပါတယ်။သူ့ရဲ့နာမည်ကတော့ ဖရန့်ခ် အက်ပါဆန်ဖြစ်ပြီး ၁၉၀၅ ခုနှစ်မှာ ရေခဲချောင်းလုပ်နည်းကို အမှတ်မထင် ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီ အသက် ၁၁ နှစ်အရွယ်ကလေးတစ်ယောက်က တစ်ခုသော ညမှာ ရေနဲ့သကြားအချိုခဲတွေကို ရောနှောပြီး အလည်မှာတုတ်တစ်ချောင်ထည့်ကာ အိမ် အပြင်ဘက် ပစ်ထားမိခဲ့ပါတယ်။တစ်ညလုံးဆီးနှင်းတွေကြားထဲ ကျန်ရစ်ခဲ့တဲ့ အဲဒီ ရေတွေက မနက်ရောက်ချိန်မှာ အလွန်အေးခဲသွားပြီး ရေခဲချောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။အဲဒီ ၁၁ နှစ်သားကောင်လေးက သူ မေ့မေ့လျော့လျေားပစ်ထားခဲ့တဲ့ သကြားရည်က ဖြစ်လာတဲ့ ရေခဲတွေကို လျှာနဲ့ ကောက်လျက်ကြည့်လိုက်ချိန်မှာတော့ သူဘဝမှာ တစ်ကြိမ် တစ်ခါမှ မရရှိခဲ့ဖူးတဲ့ အရသာတစ်မျိုးကို ရရှိခဲ့ပါတယ်။ဒါကြောင့် အဲ့ဒီ ရေခဲချောင်းက ကမ္ဘာ့ပထမဆုံးရေခဲချောင်းဖြစ်ပြီး နောင်တစ်ချိန်မှာတော့ သူ ကိုယ်တိုင်ပဲ အရသာမျိုးစုံ၊ အရောင်မျိုးစုံနဲ့ ရေခဲချောင်းတွေကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။(၂) အာလူးကြော် (George Crum) – အခုအချိန်မှာတော့ လူတိုင်း ကြိုက်နှစ်သက်တဲ့ အာလူးကြော်အပြားတွေလည်း အမှားအယွင်းတစ်ခုကနေ အသစ်တွေ့ရှိခဲ့တဲ့ အစားအစာတစ်မျိုးသာဖြစ်ပါတယ်။ ယနေ့ခေတ်ဈေးကွက်ထဲမှာ ရှိနေတဲ့ ပါးပါးလျလျ အာလူးကြော်တွေကို ၁၈၅၃ ခုနှစ်မှာ ဂျောချ့် ခရမ်(George Crum)ဆိုတဲ့ အမရေိကနျစားဖိုမှုးတဈယောကျကနေ မတော်တဆတွေ့ရှိခဲ့တာပါ။အဲဒီအချိန်တုန်းက သူက နယူးယောက်ခ်မှာရှိတဲ့ ဟိုတယ်တစ်ခုမှာ စားဖိုမှူးတစ်ယောက်အဖြစ် တာဝန်ယူထားတုန်းမှာပဲ ဟိုတယ်ကို လာစားတဲ့လူတစ်ယောက်နဲ့ ပြဿနာတက်ခဲ့ပါတယ်။ အဲဒီစားသုံးသူက အပြားလိုက်လှီးထားတဲ့ အာလူးကြော်တစ်ပွဲကို မှာယူထားသူတစ်ယောက်ဖြစ်ပြီး လာချတဲ့ အာလူးကြော်တွေ လုံးဝမကျွတ်ဆတ်လို့ ပွဲအသစ်တစ်ခုနဲ့ ပြန်လဲခိုင်းခဲ့ပါတယ်။အဲဒီအချိန်မှာပဲ ဂျော့ချ်ခရမ်က နောက်ထပ်ကြော်ရမယ့် အာလူးကြော်ကို အပါးလျဆုံးဖြစ်အောင် ဓားနဲ့ ပါးပါး လှီးပြီး ကြော်လိုက်ချိန်မှာတော့ အဲဒီအာလူးကြော်က လတ်ဆတ်ကျွတ်ဆက်သွားရုံတင်မကဘဲ နောင်တစ်ချိန်မှာ လူကြိုက်များတဲ့ အစားအစာတစ်ခုဖြစ်လာခဲ့ပါတော့တယ်။သူ့ရဲ့ အာလူးတွေကို အပါးလျဆုံးဖြစ်အောင် လှီးပြီး ကြော်တဲ့ ပုံစံက တစ်ကမ္ဘာလုံးကို ပျံနှံ့သွားခဲ့ပြီး နောင်မှာတော့ အခု မြင်တွေ့နေရတဲ့ အာလူးကြော်ပုံစံတွေအဖြစ် ပြောင်းလဲ ရောက်ရှိသွားခဲ့ပါတယ်။(၃) ရေခဲမုန့်ခွက် (Ice cream cone) – တစ်ချိန်ကတော့ ရေခဲမုန့်တွေကို အလွယ်တကူစားနိုင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာတစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ ရေခဲမုန့်တွေခွက်တွေ မပေါ်သေးတာကြောင့် အောက်ကနေ စက္ကူစတွေ၊ ဖန်ပြားတွေနဲ့ သတ္ထုစတွေကို ခင်းကာ ခက်ခက်ခဲခဲနဲ့ကို စားသုံးလာခဲ့ကြတာပါ။ ရေခဲမုန့်ထည့်တဲ့ ခွက်တွေဖြစ်လာခဲ့ပုံကလည်း အမှားအယွင်းတစ်ခုကနေ ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။ရေခဲမုန့်ခွက်ဖြစ်လာတဲ့ ဇာတ်လမ်းကိုတော့ အတိအကျ သမိုင်းမှတ်တမ်းရေးထိုးထားခြင်းမရှိခဲ့ပေမယ့် မုန့်နဲ့ ဝေဖာထုတ်လုပ်ရေးစက်ရုံတွေမှာ အလုပ်လုပ်ကိုင်နေတဲ့လူတစ်ယောက်ကနေပြီး ဝေဖာမုန့်တစ်ခုထုတ်လုပ်ရာမှာ သူ ထုတ်ရမယ့် ဝေဖာပုံစံအတိုင်း မထုတ်ခဲ့ဘဲ အမှားမှား အယွင်းယွင်းနဲ့ ဝေဖာထုတ်လုပ်ရာကနေ အခုလို လုံးချွန်တဲ့ ပုံသဏ္ဍာန်ရှိတဲ့ ရေခဲမုန့်ခွက်တွေဖြစ်လာတယ်လို့ သိရပါတယ်။(၄) ကိုကာကိုလာ – ယနေ့အချိန်မှာတော့ ကုတ်လို့ ခေါ်တဲ့ ကိုကာကိုလာ ကို အချိုရည်အဖြစ်နဲ့သာ တစ်ကမ္ဘာလုံး သောက်သုံးရောင်းချနေကြပေမယ့် တစ်ချိန်ကတော့ ကိုကာကိုလာ ကို ဒဏ်ရာအနာတရဖြစ်သူတွေကို သက်သာလာစေမယ့် ဆေးဝါးတစ်ခုအဖြစ် ရောင်းချဖို့ ရည်ရွယ်ထားခဲ့တာပဲ ဖြစ်ပါတယ်။ကိုကာကိုလာအချိုရည်တွေကို ပထမဆုံး စ တီထွင်တဲ့သူက ဂျွန် ပန်ဘာတွန် (John Pemberton) ဆိုတဲ့ စစ်မှုထမ်းဟောင်းတစ်ယောက်ပဲဖြစ်ပါတယ်။ သူက စစ်ပွဲအတွင်းမှာ ဒဏ်ရာတွေရရှိလာတာကြောင့် နောက်တန်းကို ပြန်လာခဲ့ချိန်မှာတော့ ဒဏ်ရာတွေကနေ သက်သာစေမယ့်မော်ဖင်းကို အင်မတန်စွဲလမ်းနေသူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့ သူက မော်ဖင်းအစားထိုး ဆေးတစ်မျိုးကို ဖော်ထုတ်ဖို့ကြိုးစားခဲ့ချိန်မှာတော့ ကိုကာကိုလာအချိုရည်တွေဖြစ်လာမယ့် ပထမဆုံးဖော်မြူလာကို တွက်ချက် ရရှိလာခဲ့ပါတယ်။အဲဒီ ဖော်မြုလာအရတော့ ကိုကာကိုလာထဲမှာ ကိုကင်းဓာတ်အနည်းငယ်ကို ထည့်သွင်းကာ ချက်လုပ်မှာဖြစ်ပြီး ဒဏ်ရာတွေကို သက်သာလာစေဖို့နဲ့ စိတ်ငြိမ်စေဖို့အတွက်သာ မူလက ရည်ရွယ်ထားခဲ့တာပါ။ ၁၈၈၇ ခုနှစ်မှာတော့ အေစပ် ကန်ဒဲလာ ( Asa Candler) ဆိုတဲ့ စီးပွားရေးသမားတစ်ယောက်ရောက်ရှိလာခဲ့ပြီး သူလုပ်ကိုင်နေတဲ့ ကိုကာကိုလာဖော်မြူလာတွေကို ဒေါ်လာ ၂,၃၀၀ နဲ့ ဝယ်ယူသွားခဲ့ပါတယ်။သူ့လက်ထက်အရောက်မှာတော့ တစ်ချိန်က ဆေးဝါးတစ်ခုအဖြစ်နဲ့သာ ထုတ်လုပ်ဖို့ရည်ရွယ်ထားတဲ့ ကိုကာကိုလာတွေက လူတွေကြားမှာ ထင်ရှားလာတဲ့ အချိုရည်အမှတ်တံဆိပ်တစ်ခုဖြစ်လာခဲ့ပါတော့တယ်။

(၅) ဘီယာ – ဘီယာကို ဘယ်လူမျိုးတွေက ပထမဆုံးစတင်တွေ့ရှိခဲ့သလဲဆိုတာ တိကျတဲ့ အထောက်အထားတွေမရှိခဲ့ပေမယ့် ကမ္ဘာမှာ ဘီယာလို့ သတ်မှတ်လို့ရနိုင်တဲ့ အဖျော်ယာမကာတစ်မျိုးကို အစောဆုံး မှတ်တမ်းတင်တွေ့ရှိခဲ့တာကတော့ အီဂျစ်ခေတ်နဲ့ မက်ဆိုပိုတေးနီးယားခေတ်မှာပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့ နှစ်ပေါင်း ၁,၀၀၀ ကျော်လောက်ကတည်းက ဘီယာတွေက စတင်ပေါ်ပေါက်လာခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ မက်ဆိုပိုတေးနီးယားဒေသက လူမျိုးတွေက ပေါင်မုန့်ပြုလုပ်ဖို့အတွက် ဂျုံ၊ စပါးတွေကို အရေအတွက်များများ သိုလှောင်ထားလေ့ရှိကြပါတယ်။ဒီလို သိုလှောင်ထားတဲ့နေရာမှာလည်း အလျင်မီအောင် လုပ်ဆောင်နိုင်ခြင်းမရှိတာကြောင့် ဂျုံတွေ၊ စပါးတွေက မကြာခဏ စိုထိုင်းသွားပြီး အချဉ်ဖောက်လာခဲ့ပါတော့တယ်။အဲဒီ ဂျုံတွေ၊ စပါးတွေက ထွက်ရှိလာတဲ့ အချဉ်ဖောက်ခြင်း၊ ကဇော်ဖောက်ခြင်းတွေက လူသားတွေ ပထမဆုံး ရှာဖွေတွေ့ရှိခဲ့တဲ့ ဘီယာရဲ့ ပထမဆုံးမျိုးဆက်တစ်ခုသာ ဖြစ်ပြီး အမှတ်မထင်မတော်တဆအဖြစ်နဲ့ တွေ့ရှိခဲ့ရတယ်လို့ သမိုင်းမှတ်တမ်းတွေမှာ ရေးထိုးထားခဲ့ပါတယ်။(၆) တို့ဟူး( tofu) – မြန်မာနိုင်ငံနဲ့ မစိမ်းတဲ့တို့ဟူးရဲ့နာမည်အရင်းကတော့ တရုတ်ဘာသာစကား တို့ဖူ (Tofu) ကနေ ဆင်းသက်လာတာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်လောက်ကတည်းက တို့ဟူးတွေကို တရုတ်နိုင်ငံမှာ အစဉ်အဆက်စားသုံးလာခဲ့ကြတယ်လို့ သိရပါတယ်။တို့ဟူးဖြစ်ပေါ်လာခဲ့ခြင်းဇာတ်လမ်းတွေက တရုတ်နိုင်ငံအတွင်းမှာလည်း တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်းဆိုသလို ဒေသအလိုက် ဇာတ်လမ်းမျိုးစုံ ကွဲပြားနေကြပါတယ်။ မူရင်းလို့ သတ်မှတ်ထားကြတဲ့ တို့ဟူးဖြစ်ပေါ်လာပုံဇာတ်လမ်းထဲမှာတော့ လူတွေစားဖို့အတွက် ချက်ထားတဲ့ ပဲပိစပ်ဟင်းရည်အိုးထဲကို မသန့်စင်ရသေးတဲ့ ပင်လယ်ဆားကြမ်းတွေမတော်တဆရောနှောသွားရာကအစ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။အဲဒီဆားကြမ်းတွေက ပင်လယ်ထဲက ရရှိလာတဲ့ အကြမ်းထည်ဆားတွေသာဖြစ်ပြီး ကယ်ဆီယမ်ဓာတ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေ ပါဝင်ပါတယ်။အဲဒီဆားတွေကြောင့် ပဲပိစပ်ဟင်းအိုးကြီးတစ်ခုလုံး ပျက်သွားခဲ့ကာ ဂျယ်လ်လိုမျိုး အဆီပျစ်တွေအဖြစ် ပြောင်းလဲသွားခဲ့ရာက အစ တို့ဟူးဖြစ်လာခဲ့တယ်လို့ သိရပါတယ်။နောက်ထပ်ဇာတ်လမ်းတစ်ပုဒ်မှာတော့ တရုတျစားဖိုမှုူးတဈယောကျကနပွေီး ပဲပိစပ်အိုးထဲကို နဂါရီ( nigari ) လို့ခေါ်တဲ့ အရာဝတ္ထုတွေကို မှားမှားယွင်းယွင်းနဲ့ ထည့်မိသွားရာက အစ ဟင်းအိုးတစ်အိုးလုံးအချဉ်ဖောက်သွားကာ တို့ဟူးဖြစ်လာတယ်လို့လည်း သိရပါတယ်။ ဇာတ်လမ်းနှစ်ပုဒ်စလုံးက တို့ဟူးရယ်လို့ ရည်ရွယ်ပြီး ပြုလုပ်ခဲ့ကြတာမဟုတ်ဘဲ အမှတ်မထင်မတော်တဆကနေ ဖြစ်လာတဲ့ အမှားအယွင်းတွေကနေ တို့ဟူးဖြစ်လာခဲ့ပါတယ်။(၇) ရှန်ပိန် – ရှန်ပိန်တွေကလည်း ဘယ်သူက စပြီး တီထွင်လိုက်မှန်းမသိဘဲ ပေါ်ထွက်လာခဲ့တဲ့ အဖျော်ယာမကာတစ်မျိုးပဲဖြစ်ပါတယ်။ မှတ်တမ်းတွေအရတော့ ၁၄၉၀ တစ်ဝိုက်မှာ ရှန်ပိန်တွေ စတင်ပေါ်ပေါက်လာခဲ့တယ်လို့ သိရပါတယ်။ ရှန်ပိန်တွေကလည်း အမှားအယွင်းတစ်ခုကနေ ဖြစ်လာခဲ့တဲ့ ထုတ်ကုန်တစ်ခုအဖြစ် သတ်မှတ်ထားကြပါတယ်။ဝိုင်ထုတ်လုပ်သူတွေက အရောင်မပါတဲ့ ပလိန်းဝိုင်တစ်ခုကို ထုတ်လုပ်ဖို့ စီစဉ်ခဲ့ကြရာက ရှန်ပိန်လို့ ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။ ရှန်ပိန်တွေရဲ့ အမှတ်သင်္ကေတတစ်ခုဖြစ်တဲ့ ကာဘွန်ဒိုင်အောက်ဆိုက်အမြှုပ်တွေကတော့ ကစော်ဖောက်စဉ်အချိန်မှာကြုံတွေ့ခဲ့ရတဲ့ဆောင်းရာသီကြောင့်ဖြစ်တယ်လို့ သိရပါတယ်။အစတုန်းကတော့ ရှန်ပိန်တွေထဲမှာ ပါဝင်တဲ့ ရေမြှုပ်တွေက ပုလင်းတွေကို ကွဲထွက်သွားအောင် အထိ အင်မတန်အင်အားပြင်းထန်လွန်းခဲ့ပြီး နောက်ပိုင်းမှသာ အဆင့်ဆင့်ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြီးမှ အခုလို ရှန်ပိန်လို့ ခေါ်တဲ့ အဖျော်ယာမကာတစ်ခုအဖြစ်ကို ရောက်ရှိသွားလာခဲ့တာပဲဖြစ်ပါတယ်။

Credit – မူရင်း

[zawgyi]

အခုတစ္ေခါက္ ေျပာျပေပးသြားမယ့္အေၾကာင္းအရာကေတာ့ မေတာ္တဆ မွားယြင္းတီထြင္မိလိုက္တဲ့ ကမာၻေက်ာ္အစားအစာေတြပဲျဖစ္ပါတယ္။လူသားေတြရဲ႕ သမိုင္းေၾကာင္းတစ္ေလွ်ာက္မွာ အမွားေပါင္းမ်ိဳးစုံက်ဳးလြန္ခဲ့ၾကၿပီး အဲဒီထဲက အခုအမွားေတြကေတာ့ အမွားေကာင္းေတြလို႔ပဲ သတ္မွတ္ရမွာပါ။ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ကိုယ္တိုင္ မသိခဲ့ဘဲ က်ဳးလြန္ခဲ့တဲ့ အမွားေတြက ဘယ္သူ႔ကိုမွ မထိမထိုက္ဘဲ အဲဒီအမွားေတြကေန အလြန္ အရသာရွိတဲ့ အစားအစာေတြ ျဖစ္လာေစခဲ့လို႔ပဲျဖစ္ပါတယ္။ ဒါေၾကာင့္ ဘယ္လိုအစားအစာေတြက ဘယ္လိုအမွားအယြင္းေတြကေန ျဖစ္လာခဲ့သလဲဆိုတာ ၾကည့္လိုက္ၾကရေအာင္ပါ။ (၁) ေရခဲေခ်ာင္း (Frank Epperson) – ေရခဲေခ်ာင္းေတြက အခုအခ်ိန္မွာေတာ့ အရသာေပါင္းစုံနဲ႔အခ်ိန္မေ႐ြး ထုတ္လုပ္လာႏိုင္ခဲ့ၿပီး လူတိုင္း အလြယ္တကူ ဝယ္ယူစားေသာက္ႏိုင္ပါတယ္။ အဲဒီေရခဲေခ်ာင္းေတြကို စတင္တီထြင္ခဲ့သူကေတာ့ အသက္ ၁၁ ႏွစ္အ႐ြယ္သာ ရွိေသးတဲ့ ကေလးတစ္ေယာက္သာျဖစ္ပါတယ္။သူ႔ရဲ႕နာမည္ကေတာ့ ဖရန႔္ခ္ အက္ပါဆန္ျဖစ္ၿပီး ၁၉၀၅ ခုႏွစ္မွာ ေရခဲေခ်ာင္းလုပ္နည္းကို အမွတ္မထင္ ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ အဲဒီ အသက္ ၁၁ ႏွစ္အ႐ြယ္ကေလးတစ္ေယာက္က တစ္ခုေသာ ညမွာ ေရနဲ႔သၾကားအခ်ိဳခဲေတြကို ေရာေႏွာၿပီး အလည္မွာတုတ္တစ္ေခ်ာင္ထည့္ကာ အိမ္ အျပင္ဘက္ ပစ္ထားမိခဲ့ပါတယ္။တစ္ညလုံးဆီးႏွင္းေတြၾကားထဲ က်န္ရစ္ခဲ့တဲ့ အဲဒီ ေရေတြက မနက္ေရာက္ခ်ိန္မွာ အလြန္ေအးခဲသြားၿပီး ေရခဲေခ်ာင္းတစ္ခု ျဖစ္လာခဲ့ပါတယ္။အဲဒီ ၁၁ ႏွစ္သားေကာင္ေလးက သူ ေမ့ေမ့ေလ်ာ့ေလ်ားပစ္ထားခဲ့တဲ့ သၾကားရည္က ျဖစ္လာတဲ့ ေရခဲေတြကို လွ်ာနဲ႔ ေကာက္လ်က္ၾကည့္လိုက္ခ်ိန္မွာေတာ့ သူဘဝမွာ တစ္ႀကိမ္ တစ္ခါမွ မရရွိခဲ့ဖူးတဲ့ အရသာတစ္မ်ိဳးကို ရရွိခဲ့ပါတယ္။ဒါေၾကာင့္ အဲ့ဒီ ေရခဲေခ်ာင္းက ကမာၻ႔ပထမဆုံးေရခဲေခ်ာင္းျဖစ္ၿပီး ေနာင္တစ္ခ်ိန္မွာေတာ့ သူ ကိုယ္တိုင္ပဲ အရသာမ်ိဳးစုံ၊ အေရာင္မ်ိဳးစုံနဲ႔ ေရခဲေခ်ာင္းေတြကို ထုတ္လုပ္ေရာင္းခ်ခဲ့ပါတယ္။(၂) အာလူးေၾကာ္ (George Crum) – အခုအခ်ိန္မွာေတာ့ လူတိုင္း ႀကိဳက္ႏွစ္သက္တဲ့ အာလူးေၾကာ္အျပားေတြလည္း အမွားအယြင္းတစ္ခုကေန အသစ္ေတြ႕ရွိခဲ့တဲ့ အစားအစာတစ္မ်ိဳးသာျဖစ္ပါတယ္။ ယေန႔ေခတ္ေဈးကြက္ထဲမွာ ရွိေနတဲ့ ပါးပါးလ်လ် အာလူးေၾကာ္ေတြကို ၁၈၅၃ ခုႏွစ္မွာ ေဂ်ာခ်႕္ ခရမ္(George Crum)ဆိုတဲ့ အမေရိကန်စားဖိုမႈးတဈေယာက်ကေန မေတာ္တဆေတြ႕ရွိခဲ့တာပါ။အဲဒီအခ်ိန္တုန္းက သူက နယူးေယာက္ခ္မွာရွိတဲ့ ဟိုတယ္တစ္ခုမွာ စားဖိုမႉးတစ္ေယာက္အျဖစ္ တာဝန္ယူထားတုန္းမွာပဲ ဟိုတယ္ကို လာစားတဲ့လူတစ္ေယာက္နဲ႔ ျပႆနာတက္ခဲ့ပါတယ္။ အဲဒီစားသုံးသူက အျပားလိုက္လွီးထားတဲ့ အာလူးေၾကာ္တစ္ပြဲကို မွာယူထားသူတစ္ေယာက္ျဖစ္ၿပီး လာခ်တဲ့ အာလူးေၾကာ္ေတြ လုံးဝမကြၽတ္ဆတ္လို႔ ပြဲအသစ္တစ္ခုနဲ႔ ျပန္လဲခိုင္းခဲ့ပါတယ္။အဲဒီအခ်ိန္မွာပဲ ေဂ်ာ့ခ်္ခရမ္က ေနာက္ထပ္ေၾကာ္ရမယ့္ အာလူးေၾကာ္ကို အပါးလ်ဆုံးျဖစ္ေအာင္ ဓားနဲ႔ ပါးပါး လွီးၿပီး ေၾကာ္လိုက္ခ်ိန္မွာေတာ့ အဲဒီအာလူးေၾကာ္က လတ္ဆတ္ကြၽတ္ဆက္သြား႐ုံတင္မကဘဲ ေနာင္တစ္ခ်ိန္မွာ လူႀကိဳက္မ်ားတဲ့ အစားအစာတစ္ခုျဖစ္လာခဲ့ပါေတာ့တယ္။သူ႔ရဲ႕ အာလူးေတြကို အပါးလ်ဆုံးျဖစ္ေအာင္ လွီးၿပီး ေၾကာ္တဲ့ ပုံစံက တစ္ကမာၻလုံးကို ပ်ံႏွံ႔သြားခဲ့ၿပီး ေနာင္မွာေတာ့ အခု ျမင္ေတြ႕ေနရတဲ့ အာလူးေၾကာ္ပုံစံေတြအျဖစ္ ေျပာင္းလဲ ေရာက္ရွိသြားခဲ့ပါတယ္။(၃) ေရခဲမုန႔္ခြက္ (Ice cream cone) – တစ္ခ်ိန္ကေတာ့ ေရခဲမုန႔္ေတြကို အလြယ္တကူစားႏိုင္ဖို႔ဆိုတာ မျဖစ္ႏိုင္တဲ့အရာတစ္ခုပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ ေရခဲမုန႔္ေတြခြက္ေတြ မေပၚေသးတာေၾကာင့္ ေအာက္ကေန စကၠဴစေတြ၊ ဖန္ျပားေတြနဲ႔ သတၳဳစေတြကို ခင္းကာ ခက္ခက္ခဲခဲနဲ႔ကို စားသုံးလာခဲ့ၾကတာပါ။ ေရခဲမုန႔္ထည့္တဲ့ ခြက္ေတြျဖစ္လာခဲ့ပုံကလည္း အမွားအယြင္းတစ္ခုကေန ျဖစ္လာခဲ့တယ္လို႔ သိရပါတယ္။ေရခဲမုန႔္ခြက္ျဖစ္လာတဲ့ ဇာတ္လမ္းကိုေတာ့ အတိအက် သမိုင္းမွတ္တမ္းေရးထိုးထားျခင္းမရွိခဲ့ေပမယ့္ မုန႔္နဲ႔ ေဝဖာထုတ္လုပ္ေရးစက္႐ုံေတြမွာ အလုပ္လုပ္ကိုင္ေနတဲ့လူတစ္ေယာက္ကေနၿပီး ေဝဖာမုန႔္တစ္ခုထုတ္လုပ္ရာမွာ သူ ထုတ္ရမယ့္ ေဝဖာပုံစံအတိုင္း မထုတ္ခဲ့ဘဲ အမွားမွား အယြင္းယြင္းနဲ႔ ေဝဖာထုတ္လုပ္ရာကေန အခုလို လုံးခြၽန္တဲ့ ပုံသ႑ာန္ရွိတဲ့ ေရခဲမုန႔္ခြက္ေတြျဖစ္လာတယ္လို႔ သိရပါတယ္။(၄) ကိုကာကိုလာ – ယေန႔အခ်ိန္မွာေတာ့ ကုတ္လို႔ ေခၚတဲ့ ကိုကာကိုလာ ကို အခ်ိဳရည္အျဖစ္နဲ႔သာ တစ္ကမာၻလုံး ေသာက္သုံးေရာင္းခ်ေနၾကေပမယ့္ တစ္ခ်ိန္ကေတာ့ ကိုကာကိုလာ ကို ဒဏ္ရာအနာတရျဖစ္သူေတြကို သက္သာလာေစမယ့္ ေဆးဝါးတစ္ခုအျဖစ္ ေရာင္းခ်ဖို႔ ရည္႐ြယ္ထားခဲ့တာပဲ ျဖစ္ပါတယ္။ကိုကာကိုလာအခ်ိဳရည္ေတြကို ပထမဆုံး စ တီထြင္တဲ့သူက ဂြၽန္ ပန္ဘာတြန္ (John Pemberton) ဆိုတဲ့ စစ္မႈထမ္းေဟာင္းတစ္ေယာက္ပဲျဖစ္ပါတယ္။ သူက စစ္ပြဲအတြင္းမွာ ဒဏ္ရာေတြရရွိလာတာေၾကာင့္ ေနာက္တန္းကို ျပန္လာခဲ့ခ်ိန္မွာေတာ့ ဒဏ္ရာေတြကေန သက္သာေစမယ့္ေမာ္ဖင္းကို အင္မတန္စြဲလမ္းေနသူတစ္ေယာက္ျဖစ္လာခဲ့ပါတယ္။အဲဒီေနာက္မွာေတာ့ သူက ေမာ္ဖင္းအစားထိုး ေဆးတစ္မ်ိဳးကို ေဖာ္ထုတ္ဖို႔ႀကိဳးစားခဲ့ခ်ိန္မွာေတာ့ ကိုကာကိုလာအခ်ိဳရည္ေတြျဖစ္လာမယ့္ ပထမဆုံးေဖာ္ျမဴလာကို တြက္ခ်က္ ရရွိလာခဲ့ပါတယ္။အဲဒီ ေဖာ္ျမဳလာအရေတာ့ ကိုကာကိုလာထဲမွာ ကိုကင္းဓာတ္အနည္းငယ္ကို ထည့္သြင္းကာ ခ်က္လုပ္မွာျဖစ္ၿပီး ဒဏ္ရာေတြကို သက္သာလာေစဖို႔နဲ႔ စိတ္ၿငိမ္ေစဖို႔အတြက္သာ မူလက ရည္႐ြယ္ထားခဲ့တာပါ။ ၁၈၈၇ ခုႏွစ္မွာေတာ့ ေအစပ္ ကန္ဒဲလာ ( Asa Candler) ဆိုတဲ့ စီးပြားေရးသမားတစ္ေယာက္ေရာက္ရွိလာခဲ့ၿပီး သူလုပ္ကိုင္ေနတဲ့ ကိုကာကိုလာေဖာ္ျမဴလာေတြကို ေဒၚလာ ၂,၃၀၀ နဲ႔ ဝယ္ယူသြားခဲ့ပါတယ္။သူ႔လက္ထက္အေရာက္မွာေတာ့ တစ္ခ်ိန္က ေဆးဝါးတစ္ခုအျဖစ္နဲ႔သာ ထုတ္လုပ္ဖို႔ရည္႐ြယ္ထားတဲ့ ကိုကာကိုလာေတြက လူေတြၾကားမွာ ထင္ရွားလာတဲ့ အခ်ိဳရည္အမွတ္တံဆိပ္တစ္ခုျဖစ္လာခဲ့ပါေတာ့တယ္။(၅) ဘီယာ – ဘီယာကို ဘယ္လူမ်ိဳးေတြက ပထမဆုံးစတင္ေတြ႕ရွိခဲ့သလဲဆိုတာ တိက်တဲ့ အေထာက္အထားေတြမရွိခဲ့ေပမယ့္ ကမာၻမွာ ဘီယာလို႔ သတ္မွတ္လို႔ရႏိုင္တဲ့ အေဖ်ာ္ယာမကာတစ္မ်ိဳးကို အေစာဆုံး မွတ္တမ္းတင္ေတြ႕ရွိခဲ့တာကေတာ့ အီဂ်စ္ေခတ္နဲ႔ မက္ဆိုပိုေတးနီးယားေခတ္မွာပဲျဖစ္ပါတယ္။လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၁,၀၀၀ ေက်ာ္ေလာက္ကတည္းက ဘီယာေတြက စတင္ေပၚေပါက္လာခဲ့တယ္လို႔ မွတ္တမ္းေတြအရ သိရပါတယ္။ မက္ဆိုပိုေတးနီးယားေဒသက လူမ်ိဳးေတြက ေပါင္မုန႔္ျပဳလုပ္ဖို႔အတြက္ ဂ်ဳံ၊ စပါးေတြကို အေရအတြက္မ်ားမ်ား သိုေလွာင္ထားေလ့ရွိၾကပါတယ္။ဒီလို သိုေလွာင္ထားတဲ့ေနရာမွာလည္း အလ်င္မီေအာင္ လုပ္ေဆာင္ႏိုင္ျခင္းမရွိတာေၾကာင့္ ဂ်ဳံေတြ၊ စပါးေတြက မၾကာခဏ စိုထိုင္းသြားၿပီး အခ်ဥ္ေဖာက္လာခဲ့ပါေတာ့တယ္။အဲဒီ ဂ်ဳံေတြ၊ စပါးေတြက ထြက္ရွိလာတဲ့ အခ်ဥ္ေဖာက္ျခင္း၊ ကေဇာ္ေဖာက္ျခင္းေတြက လူသားေတြ ပထမဆုံး ရွာေဖြေတြ႕ရွိခဲ့တဲ့ ဘီယာရဲ႕ ပထမဆုံးမ်ိဳးဆက္တစ္ခုသာ ျဖစ္ၿပီး အမွတ္မထင္မေတာ္တဆအျဖစ္နဲ႔ ေတြ႕ရွိခဲ့ရတယ္လို႔ သမိုင္းမွတ္တမ္းေတြမွာ ေရးထိုးထားခဲ့ပါတယ္။(၆) တို႔ဟူး( tofu) – ျမန္မာႏိုင္ငံနဲ႔ မစိမ္းတဲ့တို႔ဟူးရဲ႕နာမည္အရင္းကေတာ့ တ႐ုတ္ဘာသာစကား တို႔ဖူ (Tofu) ကေန ဆင္းသက္လာတာပါ။ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂၀၀၀ ေက်ာ္ေလာက္ကတည္းက တို႔ဟူးေတြကို တ႐ုတ္ႏိုင္ငံမွာ အစဥ္အဆက္စားသုံးလာခဲ့ၾကတယ္လို႔ သိရပါတယ္။တို႔ဟူးျဖစ္ေပၚလာခဲ့ျခင္းဇာတ္လမ္းေတြက တ႐ုတ္ႏိုင္ငံအတြင္းမွာလည္း တစ္ေက်ာင္းတစ္ဂါထာ၊ တစ္႐ြာ တစ္ပုဒ္ဆန္းဆိုသလို ေဒသအလိုက္ ဇာတ္လမ္းမ်ိဳးစုံ ကြဲျပားေနၾကပါတယ္။ မူရင္းလို႔ သတ္မွတ္ထားၾကတဲ့ တို႔ဟူးျဖစ္ေပၚလာပုံဇာတ္လမ္းထဲမွာေတာ့ လူေတြစားဖို႔အတြက္ ခ်က္ထားတဲ့ ပဲပိစပ္ဟင္းရည္အိုးထဲကို မသန႔္စင္ရေသးတဲ့ ပင္လယ္ဆားၾကမ္းေတြမေတာ္တဆေရာေႏွာသြားရာကအစ ျဖစ္လာခဲ့တယ္လို႔ ဆိုပါတယ္။အဲဒီဆားၾကမ္းေတြက ပင္လယ္ထဲက ရရွိလာတဲ့ အၾကမ္းထည္ဆားေတြသာျဖစ္ၿပီး ကယ္ဆီယမ္ဓာတ္နဲ႔ မဂၢနီဆီယမ္ဓာတ္ေတြ ပါဝင္ပါတယ္။အဲဒီဆားေတြေၾကာင့္ ပဲပိစပ္ဟင္းအိုးႀကီးတစ္ခုလုံး ပ်က္သြားခဲ့ကာ ဂ်ယ္လ္လိုမ်ိဳး အဆီပ်စ္ေတြအျဖစ္ ေျပာင္းလဲသြားခဲ့ရာက အစ တို႔ဟူးျဖစ္လာခဲ့တယ္လို႔ သိရပါတယ္။ေနာက္ထပ္ဇာတ္လမ္းတစ္ပုဒ္မွာေတာ့ တ႐ုတ်စားဖိုမႈူးတဈေယာက်ကနေပြီး ပဲပိစပ္အိုးထဲကို နဂါရီ( nigari ) လို႔ေခၚတဲ့ အရာဝတၳဳေတြကို မွားမွားယြင္းယြင္းနဲ႔ ထည့္မိသြားရာက အစ ဟင္းအိုးတစ္အိုးလုံးအခ်ဥ္ေဖာက္သြားကာ တို႔ဟူးျဖစ္လာတယ္လို႔လည္း သိရပါတယ္။ ဇာတ္လမ္းႏွစ္ပုဒ္စလုံးက တို႔ဟူးရယ္လို႔ ရည္႐ြယ္ၿပီး ျပဳလုပ္ခဲ့ၾကတာမဟုတ္ဘဲ အမွတ္မထင္မေတာ္တဆကေန ျဖစ္လာတဲ့ အမွားအယြင္းေတြကေန တို႔ဟူးျဖစ္လာခဲ့ပါတယ္။(၇) ရွန္ပိန္ – ရွန္ပိန္ေတြကလည္း ဘယ္သူက စၿပီး တီထြင္လိုက္မွန္းမသိဘဲ ေပၚထြက္လာခဲ့တဲ့ အေဖ်ာ္ယာမကာတစ္မ်ိဳးပဲျဖစ္ပါတယ္။ မွတ္တမ္းေတြအရေတာ့ ၁၄၉၀ တစ္ဝိုက္မွာ ရွန္ပိန္ေတြ စတင္ေပၚေပါက္လာခဲ့တယ္လို႔ သိရပါတယ္။ ရွန္ပိန္ေတြကလည္း အမွားအယြင္းတစ္ခုကေန ျဖစ္လာခဲ့တဲ့ ထုတ္ကုန္တစ္ခုအျဖစ္ သတ္မွတ္ထားၾကပါတယ္။ဝိုင္ထုတ္လုပ္သူေတြက အေရာင္မပါတဲ့ ပလိန္းဝိုင္တစ္ခုကို ထုတ္လုပ္ဖို႔ စီစဥ္ခဲ့ၾကရာက ရွန္ပိန္လို႔ ျဖစ္လာခဲ့တယ္လို႔ သိရပါတယ္။ ရွန္ပိန္ေတြရဲ႕ အမွတ္သေကၤတတစ္ခုျဖစ္တဲ့ ကာဘြန္ဒိုင္ေအာက္ဆိုက္အျမႇဳပ္ေတြကေတာ့ ကေစာ္ေဖာက္စဥ္အခ်ိန္မွာႀကဳံေတြ႕ခဲ့ရတဲ့ေဆာင္းရာသီေၾကာင့္ျဖစ္တယ္လို႔ သိရပါတယ္။အစတုန္းကေတာ့ ရွန္ပိန္ေတြထဲမွာ ပါဝင္တဲ့ ေရျမႇဳပ္ေတြက ပုလင္းေတြကို ကြဲထြက္သြားေအာင္ အထိ အင္မတန္အင္အားျပင္းထန္လြန္းခဲ့ၿပီး ေနာက္ပိုင္းမွသာ အဆင့္ဆင့္ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ၿပီးမွ အခုလို ရွန္ပိန္လို႔ ေခၚတဲ့ အေဖ်ာ္ယာမကာတစ္ခုအျဖစ္ကို ေရာက္ရွိသြားလာခဲ့တာပဲျဖစ္ပါတယ္။