မိဘပိုင် လယ်ယာမြေကို မိမိအမည်ပေါက်အဖြစ် အမွေခွဲယူလိုလျှင်

မိဘ အမည်ပေါက် ပုံစံ (၇) ရှိ လယ်ယာမြေကို မိဘများ မရှိတော့တဲ့နောက် ကျန်တဲ့ သားသမီးက အမွေခွဲချင်ပါတယ်။ လယ် (၁၀) ဧကကို သားသမီး (၃) ယောက် ခွဲတဲ့အခါ ပုံစံ (၇) အမည်ပေါက် ရအောင်ဘယ်လို လုပ်ရမလဲ သိချင်ပါတယ်။လယ်ယာမြေနည်းဥပဒေ အခန်း (၄)၊ နည်း ဥပဒေ (၂၉) အရ လယ်ယာမြေ လုပ်ပိုင်ခွင့်ကို အမွေဆက်ခံခွင့်ရှိကြောင်းအထောက်အထားနှင့်အတူ ပုံစံ ၉(က) နဲ့ မြို့နယ် မြေစာရင်းဦးစီးဌာနရုံးမှာလျှောက်ထားကြရန် ဖြစ်ပါတယ်။လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ (၇) ရရှိပြီးသော ဦးပိုင်များကို အမွေဆက်ခံခြင်း အရ – ခွဲစိတ်ပြောင်းလဲ ပြင်ဆင်ပေးဖို့ အတွက် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့က (၂၄-၅-၂၀၁၇) ရက်စွဲပါညွန်ကြားချက် အမှတ် (၁/၂၀၁၇)၊ အပိုဒ် (၄)၊ အပိုဒ်ခွဲ (က) ပါ အချက်များနှင့်အညီ ဆောင်ရွက်ရပါလိမ့်မယ်။

အဆိုပါ အပိုဒ် (၄) အပိုဒ်ခွဲ(က)၊ အပိုဒ်ခွဲငယ် (၄) တွင် ဖေါ်ပြထားချက်အရအမွေဆက်ခံခွင့် ရှိကြောင်းအထောက်အထားအဖြစ်စီရင်ပိုင်ခွင့်ရှိသော တရားရုံးမှ ထုတ်ပေးသော အမွေဆက်ခံခွင့် လက်မှတ်မိတ္တူ ပါရှိရန် ဖြစ်ပါတယ်။ သားသမီးတွေ အမွေခွဲဝေတာ ကျေနပ်ကြရင် အဲဒီအမွေဆက်ခံခွင့်လက်မှတ်နဲ့ မြေစာရင်းမှာ လျှောက်ထားရုံပါပဲ။အမွေဆိုင် အချင်းချင်း ခွဲဝေမှု မကျေနပ်ရင် ဆောင်ရွက်ရမည့် နည်းလမ်းကတော့ လယ်ယာမြေဥပဒေ ပုဒ်မ ၉၊ပုဒ်မခွဲ (ဂ) ပါ လယ်ယာမြေလုပ်ပိုင်ခွင့်ကို အမွေ ဆက်ခံခြင်းနှင့် စပ်လျဉ်း၍အငြင်းပွါးမှု ပေါ်ပေါက်လာပါက တည်ဆဲ ဥပဒေနှင့်အညီ သက်ဆိုင်ရာ တရားရုံး၏အဆုံးအဖြတ်ခံယူနိုင်ခွင့် ရှိကြောင်း ပြဌာန်း ချက်အရ – တရားရုံးသို့ လယ်ယာမြေ လုပ်ပိုင်ခွင့်အား အမွေဆက်ခံခွင့် လျှောက်ထားရယူရန် ဖြစ်ပါတယ်။အထက်ပါနည်းအတိုင်း ဆောင်ရွက်ပြီး အထောက်အထားများနဲ့ မြေစာရင်းရုံးမှာ လျှောက်ထားမယ်ဆိုရင်သားသမီးသုံးဦး အမည်ပေါက် ပုံစံ (၇) ရရှိအောင် မြို့နယ်၊ ခရိုင် လယ် ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များက ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

မူရင်း Credit

[zawgyi]

မိဘ အမည္ေပါက္ ပုံစံ (၇) ရွိ လယ္ယာေျမကို မိဘမ်ား မရွိေတာ့တဲ့ေနာက္ က်န္တဲ့ သားသမီးက အေမြခြဲခ်င္ပါတယ္။ လယ္ (၁၀) ဧကကို သားသမီး (၃) ေယာက္ ခြဲတဲ့အခါ ပုံစံ (၇) အမည္ေပါက္ ရေအာင္ဘယ္လို လုပ္ရမလဲ သိခ်င္ပါတယ္။လယ္ယာေျမနည္းဥပေဒ အခန္း (၄)၊ နည္းဥပေဒ (၂၉) အရ လယ္ယာေျမ လုပ္ပိုင္ခြင့္ကို အေမြဆက္ခံခြင့္ရွိေၾကာင္းအေထာက္အထားႏွင့္အတူ ပုံစံ ၉(က) နဲ႔ ၿမိဳ႕နယ္ ေျမစာရင္းဦးစီးဌာန႐ုံးမွာေလွ်ာက္ထားၾကရန္ ျဖစ္ပါတယ္။လယ္ယာေျမလုပ္ပိုင္ခြင့္ ပုံစံ (၇) ရရွိၿပီးေသာ ဦးပိုင္မ်ားကို အေမြဆက္ခံျခင္း အရ – ခြဲစိတ္ေျပာင္းလဲ ျပင္ဆင္ေပးဖို႔ အတြက္ ဗဟိုလယ္ယာေျမ စီမံခန႔္ခြဲမႈ အဖြဲ႕က (၂၄-၅-၂၀၁၇) ရက္စြဲပါၫြန္ၾကားခ်က္ အမွတ္ (၁/၂၀၁၇)၊ အပိုဒ္ (၄)၊ အပိုဒ္ခြဲ (က) ပါ အခ်က္မ်ားႏွင့္အညီ ေဆာင္႐ြက္ရပါလိမ့္မယ္။အဆိုပါ အပိုဒ္ (၄) အပိုဒ္ခြဲ(က)၊ အပိုဒ္ခြဲငယ္ (၄) တြင္ ေဖၚျပထားခ်က္အရအေမြဆက္ခံခြင့္ ရွိေၾကာင္းအေထာက္အထားအျဖစ္စီရင္ပိုင္ခြင့္ရွိေသာ တရား႐ုံးမွ ထုတ္ေပးေသာ အေမြဆက္ခံခြင့္ လက္မွတ္မိတၱဴ ပါရွိရန္ ျဖစ္ပါတယ္။ သားသမီးေတြ အေမြခြဲေဝတာ ေက်နပ္ၾကရင္ အဲဒီအေမြဆက္ခံခြင့္လက္မွတ္နဲ႔ ေျမစာရင္းမွာ ေလွ်ာက္ထား႐ုံပါပဲ။အေမြဆိုင္ အခ်င္းခ်င္း ခြဲေဝမႈ မေက်နပ္ရင္ ေဆာင္႐ြက္ရမည့္ နည္းလမ္းကေတာ့ လယ္ယာေျမဥပေဒ ပုဒ္မ ၉၊ပုဒ္မခြဲ (ဂ) ပါ လယ္ယာေျမလုပ္ပိုင္ခြင့္ကို အေမြ ဆက္ခံျခင္းႏွင့္ စပ္လ်ဥ္း၍အျငင္းပြါးမႈ ေပၚေပါက္လာပါက တည္ဆဲ ဥပေဒႏွင့္အညီ သက္ဆိုင္ရာ တရား႐ုံး၏အဆုံးအျဖတ္ခံယူႏိုင္ခြင့္ ရွိေၾကာင္း ျပဌာန္းခ်က္အရ – တရား႐ုံးသို႔ လယ္ယာေျမ လုပ္ပိုင္ခြင့္အား အေမြဆက္ခံခြင့္ ေလွ်ာက္ထားရယူရန္ ျဖစ္ပါတယ္။အထက္ပါနည္းအတိုင္း ေဆာင္႐ြက္ၿပီး အေထာက္အထားမ်ားနဲ႔ ေျမစာရင္း႐ုံးမွာ ေလွ်ာက္ထားမယ္ဆိုရင္သားသမီးသုံးဦး အမည္ေပါက္ ပုံစံ (၇) ရရွိေအာင္ ၿမိဳ႕နယ္၊ ခ႐ိုင္ လယ္ယာေျမ စီမံခန႔္ခြဲမႈအဖြဲ႕မ်ားက ေဆာင္႐ြက္ေပးရမွာ ျဖစ္ပါတယ္။