ရာဇဝင်သမိုင်းထဲ ထီးနန်းကို မလိုချင်လို့ ငြင်းဆန်ခဲ့သူ (၇)ဦး

(၁) ဘုရင့်နောင် – ပုဂံသက္ကရာဇ် ၉၀၁ ခုနှစ်တွင် တပင်ရွှေထီးသည် ဟံသာဝတီကို ပြုပြင်ချဲ့ထွင်၍ ဟံသာဝတီ၌ စံလေသည်။၉၀၃ ခုနှစ်တွင် ယိုးဒယားကို နိုင်သည်။ ယိုးဒယားကအပြန် သင်္ဘောသား ပေါ်တူဂီဘုရင်ဂျီကို အထင်ကြီး မြှောက်စားမိရာမှထိုသူဆက်သ သော အရက်ကို သောက်မိရာ မောင်ကျန်တစ်တို့နှင့် အရက်စွဲကာ ယစ်ထုပ်ကြီးဘဝရောက်ရရှာသည်။သစ္စာကြီးသော ဘုရင့်နောင်က ဖျောင်းဖျနားချပါသော်လည်း မရတော့၊ အရက်ကို သူမဖြတ်နိုင်တော့ပြီ၊ ပေါရိသာဒသည်လူသားကို မစွန့်နိုင်သဖြင့် တိုင်းပြည်ကို စွန့်သလို တပင်ရွှေထီးလည်း အရက်ကို မစွန့်နိုင်သဖြင့် တိုင်းပြည်ကို စွန့်လေသည်။နောင်တော်ကျွနု်ပ်ကို ဘယ်လိုမှ နားချမနေနဲ့တော့၊ ကျွနု်ပ်ပျော်သလို ကျွနု်ပ်နေတော့မယ်၊ နောင်တော်သာ တိုင်းပြည်ကိုကြိုက်သလို စီမံပါတော့ ဟု မျက်တောင်မှေးမှေး၊ လျာလေးအာလေးနှင့် မိန့်တော့သည်။အရက်ဟူသည် ဆိုးဝါးလေစွ၊ ထို့ ကြောင့် ဘုရားရှင်က င့ါတပည့်သား မှန်လျှင် အရက်မသောက်ရ၊ ဥပါသကာ မှန်လျှင် အရက်မရောင်းရဟု တိကျ ပြတ်သားစွာ မိန့်ခဲ့ခြင်းဖြစ်သည်။နန်းတွင်းက မြန်မာ၊ မွန်၊ ရှမ်း မှူးမတ်တွေက ဘုရင့်နောင်ကို လျှောက်ထားကြသည်မှာ ညီတော်ကို လုံခြုံစွာထား၍ဘုရင့်နောင်အား ထီးနန်းကို သိမ်းမြန်းပါရန် တောင်းတောင်းပန်ပန် တိုက်တွန်း လျှောက်ထားကြလေသည်။သို့သော် ဘုရင့်နောင်က လက်မခံ၊ ထီးနှင့်နန်းကို ငြင်းဆန်လေသည်။အစ်ကိုတို့ကျွနု်ပ်တို့ဟာ သစ္စာစောင့်သိအပ်တယ်၊ သူယုတ်အဖြစ်နဲ့ အနှစ်တစ်ရာနေရခြင်းထက် သူတော်အဖြစ် တစ်ရက်နေရတာက ပိုမြတ်ပါတယ်။စိတ်ထဲမှာ ဘာမှမထားကြလေနဲ့၊ စားမြဲတိုင်း ရာထူးစည်းစိမ်ကိုသာ စားကြပါလေဟု မိန့်သတဲ့၊ အံ့ချီးဖွယ် အနှိုင်းမဲ့ သစ္စာရှင်ကြီးပါတကား။(၂) ရမည်းသင်းစား သီလဝ – အင်းဝဘုရင် သတိုးမင်းဖျား ကွယ်လွန်ချိန်တွင် ရမည်းသင်းစား သီလဝသည် အနီးဆုံးသော ဆွေတော်မျိုးတော် ဖြစ်သောကြောင့် ထီးနန်းအပ်ကြလေသည်။သို့သော် သီလဝမင်းသားက ငါဟာတစ်သက်လုံး ခုချိန်ထိ သုံးခါပဲ ရယ်ဖူးသေးတယ်။ငါဟာ ဣန္ဒြေကြီးတာလား၊ ဘာလားမသိ၊ လူမှုရေးအားနည်းတယ်၊ လူမှုရေး နားမလည်ဘူး၊ ဒါကြောင့် ငါ့ထက်ဖော်ရွေသူ၊လူမှုရေးကျွမ်းကျင်သူ ဘုရင့် ယောက်ဖတော် စွာစော်ကဲကိုသာ မင်းမြှောက်ကြပါဟု ဆို၍ ထီးနှင့်နန်းကို ငြင်းဆန်လေသည်။ မရွယ်ဘဲနှင့် စော်ကဲ က မင်းဖြစ်ရသည်။(၃) သီဟပတေ့ – အင်းဝမိုးညှင်းမင်းဆက် မင်းရဲကျော်စွာ ကွယ်လွန်ချိန်တွင် သားတော် သီဟသူသည် ပြည်မြို့သို့ ရောက်နေ၏။ သမက်တော် သီဟပတေ့က တကောင်းတွင် စစ်တိုက်နေ၏။မှူးကြီးမတ်ရာတွေက အင်းဝ၌ မင်းမရှိသည်ကို ရှည်ကြာစွာ ဆိုင်းငံ့ နေရန် မသင့်ချေဟု တိုင်ပင်ကြ၍ မိုးကောင်းတွင်ရှိသော သီဟပတေ့ထံမြင်းလျှင်နှင့် အမြန်လာပြီး ထီးနန်းကို သိမ်းပိုက်မှ တိုင်းပြည်ငြိမ်ဝပ်ပါမည်ဟု လျှောက်ထားခေါ်ယူကြ၏။သီဟပတေ့၏ အဖြေကား ငါဟာ မင်းဧကရာဇ်ရဲ့ သားရင်းလည်း မဟုတ်၊ ညီရင်းလည်း မဟုတ်၊ မင်းစည်းစိမ်နဲ့ မင်းလုပ်ဖို့လည်း ငါအလိုမရှိ၊ငါတို့အရှင်ရဲ့ သားတော်ငယ် ပြည်မင်း သီဟသူ ကိုပင့်ဆောင်ကာ မင်းမြှောက်ကြပါလေဟု ဆိုကာ ထီးနှင့်နန်းကို ငြင်းဆန်လေ၏။သီဟပတေ့ကား ဘုရင့်နှမအရင်း မင်းမြတ်လှ၏ ခင်ပွန်း ယောက်ဖတော်တည်း။ (၄) မင်းကြီးရန်နောင် – ပုဂံသက္ကရာဇ် ၈၈၈ ခုနှစ်တွင် အင်းဝ၌ နန်းတက်သော ရှမ်းမင်း သိုဟန်ဘွားသည် အဓမ္မိကရာဇာဖြစ်၏။သိုဟန်ဘွား၏ ညှဉ်းပန်းနှိပ်စက်မှုကို မခံနိုင်ကြသော ပြည်သူတို့သည် ရွှေနန်းကြော့ရှင် နရပတိမင်း ၏ တူတော် မင်းကြီးရန်နောင် အား တိုင်ကြားကြ၏။မင်းကြီးရန်နောင် သည် ဥပါယ်တံမျဉ်ဖြင့် စီစဉ်၍ သိုဟန်ဘွားကို ဓားနှင့် ခုတ်သတ်ပစ်လိုက်သည်။မှူးမတ်ပြည်သူတို့သည် မင်းကြီးရန်နောင်အား ထီးနန်းကို လက်ခံပါရန် တောင်းပန်ကြသည်။မင်းကြီးရန်နောင် က ထီးနှင့်နန်းကို ငြင်းပယ်၍ ကျွနု်ပ်ဟာ ထီးနန်းကို အလိုမရှိပါ၊အုန်းဘောင်ခုန်မှိုင်းဟာ ငါတို့အရှင် နရပတိနဲ့လည်း မိတ်ဆွေဖြစ်တယ်၊မြန်မာကို လိုလားသူလည်း ဖြစ်တယ်၊ သူ့ကိုသာ နန်းတင်ကြပါ ဟု ထီးနှင့်နန်းကို ငြင်းဆန်လေသည်၊ထို့နောက် တစ်နှစ်ခန့်အကြာ လောကီကိုငြီးငွေ့၍ တောထွက်ရဟန်းပြုသွားလေသည်၊ သာဓု သာဓု-ကောင်းလိုက်လေခြင်း။

(၅) လကျ်ာဗိုလ် – ဟံသာဝတီ ကောင်းစားစဉ်က ဆင်ကြားရှင်ခေါ်သော မြန်မာဘုရင်သည် မှူးမတ်များနှင့် စိတ်ဝမ်းကွဲ၍ ဇင်းမယ်သို့ သွားရောက်နေထိုင်သည်၊လစ်လပ်နေသော ဘုရင်နေရာတွင် မြန်မာအမတ် လကျ်ာဗိုလ်ကို ထီးနန်းလက်ခံရန် မှူးမတ်တို့က တောင်းပန်ကြ၏။လကျ်ာဗိုလ်က မင်းအဖြစ်နဲ့ ပြည့်ဝန်ကြီးကို ဆောင်ရွက်ရန် အလွန်ခဲယဉ်းလှပါတယ်၊ မင်းအဖြစ်ကိုလည်း ကျွနု်ပ်အလိုမရှိပါ၊ အမှုထမ်းရုံသာ တတ်ပါတယ်၊ပြည်ရေးတိုင်းရေးကို မစီမံနိုင်ပါ၊ စီမံနိုင်သူ မင်းလုပ်ထိုက်သူကို ညွှန်ပြမယ်ဟု ဆို၍ သူကိုယ်တိုင်က ထီးနှင့်နန်းကိုငြင်းဆန်ကာ ဗညားဒလကို ညွှန်ပြ၏၊ အများကလည်း လက်ခံသဘောတူ ကြလေသည်။(၆) အိုင်စတိုင်း – အစ္စရေးပြည် စတင်တည်ထောင်တော့ အစ္စရေးပြည်သူတို့က ဂျူးမျိုးနွယ် အိုင်စတိုင်းကို သမ္မတတင်မြှောက်ကြဖို့တညီ တညွတ်တည်း ဆုံးဖြတ်ကာ အိုင်စတိုင်းကို သမ္မတလုပ်ပါရန် တောင်းပန်ကြတော့ အိုင်စတိုင်းက ကျွနု်ပ်ဟာ သိပ္ပံပညာနဲ့တော့ နီးစပ်ပါတယ်၊လူတွေကို ကိုင်တွယ်စီမံခန့်ခွဲ လောက်အောင်ထိတော့ ပါရမီမပါပါဘူး၊ သမ္မတ မလုပ်ပါရစေနဲ့ဟု ထီးနှင့်နန်းကို ငြင်းဆန်ခဲ့လေသည်။(၇) တေမိမင်းသား – အလောင်းတော်မွေးဖွားစဉ် မိုးကြီးသည်းထန်စွာ ရွာသွန်းသောကြောင့် လည်းကောင်း၊ အားလုံး၏ စိတ်နှလုံးကို ပျော်ရွှင်မှု ပီတိသောမနဿနှင့် စိုစွတ်သောကြောင့်လည်းကောင်း တေမိယဟု မှည့်ခေါ်ကြ၏၊ အဓိပ်ပါယျက စိုစွတ်စေသူဟူ၍ ဖြစ်၏။တေမိမင်းသားလေး ဆယ်လသားအရွယ်တွင် ဖခင် ဗာရာဏသီ မင်းကြီးက သားတော်လေး ရင်ခွင်မှာထားပြီးတရားဆုံးဖြတ်၏။တရားစီရင်ရာတွင် တစ်ယောက်ကို ကြိမ်ဒဏ် အချက်တစ်ထောင်၊ တစ်ယောက်ကို လက်ထိပ်ခြေထိပ်ခတ်ပြီးအကျဉ်းချစေ၊ တစ်ယောက်ကို သတ်စေ၊ တစ်ယောက်ကို ဆူးငြှောင့်တွေအပေါ်၌ တင်ထားနှိပ်စက်စေဟု အမိန့်ချမှတ်၏။ထိုအခါ ဘဝတစ်ခုမှာ မိခင်တော်စပ်ခဲ့ဖူးသော ထီးစောင့်နတ်သမီးက ငါ့သားတေမိယဘာမှမစိုးရိမ်နဲ့၊ မင်းဒီစောရဂေဟာမှ လွတ်မြောက်ချင်ရင် အဆွံ့ယောင်ဆောင်ပါ၊အ,အယောင် ဆောင်ပါ၊ နားမကြားတဲ့သူယောင် ဆောင်ပါ၊ဟု အကြံပေး၏။တေမိမင်းသားလေးသည် နတ်သမီး အကြံပေးသည့်အတိုင်း ဆွံ့အနားမကြားယောင်ဆောင်ကာ မလှုပ်မယှက် နေလေတော့၏။အထိန်းတော်တွေက နို့ကို ပုံမှန်မတိုက်ဘဲနှင့် အကဲစမ်းရာ တစ်နှစ်ကြာ၏။ မုန့်နှင့်မြူဆွယ်တာက တစ်နှစ်ကြာ၏။သစ်သီးနှင့် မြူဆွယ်တာက တစ်နှစ်ကြာ၏။ အရုပ်မျိုးစုံပြ မြူဆွယ်တာက တစ်နှစ်ကြာ၏၊ နောက်တစ်နှစ် မုန့်တွေစားစရာတွေနှင့် မြူဆွယ်ကြပြန်၏။ငါးနှစ်သားအရွယ်မှာ မီးနှင့်ရှို့ပြီး ခြောက်လှန့်ကြ၏။ ခြောက်နှစ်အရွယ်မှာ ဆင်နှင့်တိုက်သတ်ဟန်ပြုပြီး ခြောက်လှန့်ကြ၏၊ ခုနစ်နှစ်သား အရွယ်မှာ မြွေတွေနှင့် ခြောက်လှန့်ကြ၏။ရှစ်နှစ်အရွယ်မှာ အတီးအမှုတ် အကအခုန်တွေနှင့် စမ်းသပ်ကြ၏။ကိုးနှစ်အရွယ်မှာ လူသတ်သမားတွေနှင့် ခြောက်လှန့်ကြ၏။ ဆယ်နှစ်သားအရွယ်မှာ ခရုသင်းကြီးတွေမှုတ်ပြီး စမ်းသပ်ကြ၏။ဆယ့်တစ်နှစ်သားအရွယ်မှာ စည်ကြီးတီး၍ စမ်းသပ်ကြ၏။ဆယ့်နှစ်နှစ်သားအရွယ်မှာ အမှောင်တိုက်ထဲထားပြီး စမ်းသပ်ကြ၏။ထူးထူးဆန်းဆန်း ဆယ့်သုံးနှစ်သားအရွယ်မှာ တစ်ကိုယ်လုံး သကာရည်တွေသုတ်၊ ယင်တွေအုံ၊ ပုရွက်ဆိတ်တွေကိုက်စေပြီး စမ်းသပ်ကြ၏။ဆယ့်လေးနှစ်သား အရွယ်မှာ ကျင်ကြီး ကျင်ငယ်တွေ ထဲမှာထား၊ ယင်တွေ၊ လောက်တွေ တဖွားဖွားနှင့် စမ်းသပ်ကြ၏။ဆယ့်ငါးနှစ်သားအရွယ်မှာ ရှားမီးကျီးခဲတွေနှင့်ထားပြီး စမ်းသပ်ကြ၏။ဆယ့်ခြောက်နှစ် အရွယ်မှာတော့ အကြမ်းနည်းနှင့်တော့ ရမှာမဟုတ်၊ အနုနည်းနှင့်စမ်းသပ်မည်ဟု တိုင်ပင်ကာ မိန်းမလှလေးတွေကို အနားမှာ ပွတ်သီးပွတ်သပ် လုပ်စေပြီး စမ်းသပ်ကြ၏။အလောင်းတော်တေမိမင်းသားသည် ထီးနန်းကို ကြောက်ရွံ့သောကြောင့် တစ်ဆယ့်ခြောက်နှစ်လုံးလုံး ဆွံ့အ နားမကြားယောင်ဆောင်ကာ မလှုပ်မယှက်ဖြင့် အောင့်အီးသီးခံကာ အဓိဌာန်ပါရမီကို အောင်မြင်ပြီးမြောက်စေခဲ့သည်။ ယခုဖော်ပြသောအထဲတွင်မပါသော်လည်း ထီးနန်းကို ငြင်းဆန်ခဲ့သူများတွင် ကျန်ရှိခဲ့သော ဘုရင်တစ်ပါးမှာ ကျန်စစ်သားဖြစ်သည်။မိမိအား ထီးနန်းကို အုပ်စိုးရန် မှူးမတ်ပြည်သူတို့ကလျှောက်ထားသော်လည်း လက်မခံပဲ ၊ ထီးနန်းအုပ်ချုပ်ရန် စောလူးမင်းကိုသွားရောက်ကယ်ဆယ်ခဲ့သေးကာ မတတ်သာသည့် အဆုံးမှ ထီးနန်းကို ရယူခဲ့ခြင်းဖြစ်သည်။)

အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်) အား လေးစားစွာ ခရက်ဒစ်ပေးပါတယ် ဘုရား။

[zawgyi]

(၁) ဘုရင့္ေနာင္ – ပုဂံသကၠရာဇ္ ၉၀၁ ခုႏွစ္တြင္ တပင္ေ႐ႊထီးသည္ ဟံသာဝတီကို ျပဳျပင္ခ်ဲ႕ထြင္၍ ဟံသာဝတီ၌ စံေလသည္။၉၀၃ ခုႏွစ္တြင္ ယိုးဒယားကို ႏိုင္သည္။ ယိုးဒယားကအျပန္ သေဘၤာသား ေပၚတူဂီဘုရင္ဂ်ီကို အထင္ႀကီး ေျမႇာက္စားမိရာမွထိုသူဆက္သ ေသာ အရက္ကို ေသာက္မိရာ ေမာင္က်န္တစ္တို႔ႏွင့္ အရက္စြဲကာ ယစ္ထုပ္ႀကီးဘဝေရာက္ရရွာသည္။သစၥာႀကီးေသာ ဘုရင့္ေနာင္က ေဖ်ာင္းဖ်နားခ်ပါေသာ္လည္း မရေတာ့၊ အရက္ကို သူမျဖတ္ႏိုင္ေတာ့ၿပီ၊ ေပါရိသာဒသည္လူသားကို မစြန္႔ႏိုင္သျဖင့္ တိုင္းျပည္ကို စြန္႔သလို တပင္ေ႐ႊထီးလည္း အရက္ကို မစြန္႔ႏိုင္သျဖင့္ တိုင္းျပည္ကို စြန္႔ေလသည္။ေနာင္ေတာ္ကြၽႏု္ပ္ကို ဘယ္လိုမွ နားခ်မေနနဲ႔ေတာ့၊ ကြၽႏု္ပ္ေပ်ာ္သလို ကြၽႏု္ပ္ေနေတာ့မယ္၊ ေနာင္ေတာ္သာ တိုင္းျပည္ကိုႀကိဳက္သလို စီမံပါေတာ့ ဟု မ်က္ေတာင္ေမွးေမွး၊ လ်ာေလးအာေလးႏွင့္ မိန္႔ေတာ့သည္။အရက္ဟူသည္ ဆိုးဝါးေလစြ၊ ထို႔ ေၾကာင့္ ဘုရားရွင္က င့ါတပည့္သား မွန္လွ်င္ အရက္မေသာက္ရ၊ ဥပါသကာ မွန္လွ်င္ အရက္မေရာင္းရဟု တိက် ျပတ္သားစြာ မိန္႔ခဲ့ျခင္းျဖစ္သည္။နန္းတြင္းက ျမန္မာ၊ မြန္၊ ရွမ္း မႉးမတ္ေတြက ဘုရင့္ေနာင္ကို ေလွ်ာက္ထားၾကသည္မွာ ညီေတာ္ကို လုံၿခဳံစြာထား၍ဘုရင့္ေနာင္အား ထီးနန္းကို သိမ္းျမန္းပါရန္ ေတာင္းေတာင္းပန္ပန္ တိုက္တြန္း ေလွ်ာက္ထားၾကေလသည္။သို႔ေသာ္ ဘုရင့္ေနာင္က လက္မခံ၊ ထီးႏွင့္နန္းကို ျငင္းဆန္ေလသည္။အစ္ကိုတို႔ကြၽႏု္ပ္တို႔ဟာ သစၥာေစာင့္သိအပ္တယ္၊ သူယုတ္အျဖစ္နဲ႔ အႏွစ္တစ္ရာေနရျခင္းထက္ သူေတာ္အျဖစ္ တစ္ရက္ေနရတာက ပိုျမတ္ပါတယ္။စိတ္ထဲမွာ ဘာမွမထားၾကေလနဲ႔၊ စားၿမဲတိုင္း ရာထူးစည္းစိမ္ကိုသာ စားၾကပါေလဟု မိန္႔သတဲ့၊ အံ့ခ်ီးဖြယ္ အႏႈိင္းမဲ့ သစၥာရွင္ႀကီးပါတကား။(၂) ရမည္းသင္းစား သီလဝ – အင္းဝဘုရင္ သတိုးမင္းဖ်ား ကြယ္လြန္ခ်ိန္တြင္ ရမည္းသင္းစား သီလဝသည္ အနီးဆုံးေသာ ေဆြေတာ္မ်ိဳးေတာ္ ျဖစ္ေသာေၾကာင့္ ထီးနန္းအပ္ၾကေလသည္။သို႔ေသာ္ သီလဝမင္းသားက ငါဟာတစ္သက္လုံး ခုခ်ိန္ထိ သုံးခါပဲ ရယ္ဖူးေသးတယ္။ငါဟာ ဣေျႏၵႀကီးတာလား၊ ဘာလားမသိ၊ လူမႈေရးအားနည္းတယ္၊ လူမႈေရး နားမလည္ဘူး၊ ဒါေၾကာင့္ ငါ့ထက္ေဖာ္ေ႐ြသူ၊လူမႈေရးကြၽမ္းက်င္သူ ဘုရင့္ ေယာက္ဖေတာ္ စြာေစာ္ကဲကိုသာ မင္းေျမႇာက္ၾကပါဟု ဆို၍ ထီးႏွင့္နန္းကို ျငင္းဆန္ေလသည္။ မ႐ြယ္ဘဲႏွင့္ ေစာ္ကဲ က မင္းျဖစ္ရသည္။(၃) သီဟပေတ့ – အင္းဝမိုးညႇင္းမင္းဆက္ မင္းရဲေက်ာ္စြာ ကြယ္လြန္ခ်ိန္တြင္ သားေတာ္ သီဟသူသည္ ျပည္ၿမိဳ႕သို႔ ေရာက္ေန၏။ သမက္ေတာ္ သီဟပေတ့က တေကာင္းတြင္ စစ္တိုက္ေန၏။မႉးႀကီးမတ္ရာေတြက အင္းဝ၌ မင္းမရွိသည္ကို ရွည္ၾကာစြာ ဆိုင္းငံ့ ေနရန္ မသင့္ေခ်ဟု တိုင္ပင္ၾက၍ မိုးေကာင္းတြင္ရွိေသာ သီဟပေတ့ထံျမင္းလွ်င္ႏွင့္ အျမန္လာၿပီး ထီးနန္းကို သိမ္းပိုက္မွ တိုင္းျပည္ၿငိမ္ဝပ္ပါမည္ဟု ေလွ်ာက္ထားေခၚယူၾက၏။သီဟပေတ့၏ အေျဖကား ငါဟာ မင္းဧကရာဇ္ရဲ႕ သားရင္းလည္း မဟုတ္၊ ညီရင္းလည္း မဟုတ္၊ မင္းစည္းစိမ္နဲ႔ မင္းလုပ္ဖို႔လည္း ငါအလိုမရွိ၊ငါတို႔အရွင္ရဲ႕ သားေတာ္ငယ္ ျပည္မင္း သီဟသူ ကိုပင့္ေဆာင္ကာ မင္းေျမႇာက္ၾကပါေလဟု ဆိုကာ ထီးႏွင့္နန္းကို ျငင္းဆန္ေလ၏။သီဟပေတ့ကား ဘုရင့္ႏွမအရင္း မင္းျမတ္လွ၏ ခင္ပြန္း ေယာက္ဖေတာ္တည္း။ (၄) မင္းႀကီးရန္ေနာင္ – ပုဂံသကၠရာဇ္ ၈၈၈ ခုႏွစ္တြင္ အင္းဝ၌ နန္းတက္ေသာ ရွမ္းမင္း သိုဟန္ဘြားသည္ အဓမၼိကရာဇာျဖစ္၏။သိုဟန္ဘြား၏ ညႇဥ္းပန္းႏွိပ္စက္မႈကို မခံႏိုင္ၾကေသာ ျပည္သူတို႔သည္ ေ႐ႊနန္းေၾကာ့ရွင္ နရပတိမင္း ၏ တူေတာ္ မင္းႀကီးရန္ေနာင္ အား တိုင္ၾကားၾက၏။မင္းႀကီးရန္ေနာင္ သည္ ဥပါယ္တံမ်ဥ္ျဖင့္ စီစဥ္၍ သိုဟန္ဘြားကို ဓားႏွင့္ ခုတ္သတ္ပစ္လိုက္သည္။မႉးမတ္ျပည္သူတို႔သည္ မင္းႀကီးရန္ေနာင္အား ထီးနန္းကို လက္ခံပါရန္ ေတာင္းပန္ၾကသည္။မင္းႀကီးရန္ေနာင္ က ထီးႏွင့္နန္းကို ျငင္းပယ္၍ ကြၽႏု္ပ္ဟာ ထီးနန္းကို အလိုမရွိပါ၊အုန္းေဘာင္ခုန္မႈိင္းဟာ ငါတို႔အရွင္ နရပတိနဲ႔လည္း မိတ္ေဆြျဖစ္တယ္၊ျမန္မာကို လိုလားသူလည္း ျဖစ္တယ္၊ သူ႔ကိုသာ နန္းတင္ၾကပါ ဟု ထီးႏွင့္နန္းကို ျငင္းဆန္ေလသည္၊ထို႔ေနာက္ တစ္ႏွစ္ခန္႔အၾကာ ေလာကီကိုၿငီးေငြ႕၍ ေတာထြက္ရဟန္းျပဳသြားေလသည္၊ သာဓု သာဓု-ေကာင္းလိုက္ေလျခင္း။(၅) လက်္ာဗိုလ္ – ဟံသာဝတီ ေကာင္းစားစဥ္က ဆင္ၾကားရွင္ေခၚေသာ ျမန္မာဘုရင္သည္ မႉးမတ္မ်ားႏွင့္ စိတ္ဝမ္းကြဲ၍ ဇင္းမယ္သို႔ သြားေရာက္ေနထိုင္သည္၊လစ္လပ္ေနေသာ ဘုရင္ေနရာတြင္ ျမန္မာအမတ္ လက်္ာဗိုလ္ကို ထီးနန္းလက္ခံရန္ မႉးမတ္တို႔က ေတာင္းပန္ၾက၏။လက်္ာဗိုလ္က မင္းအျဖစ္နဲ႔ ျပည့္ဝန္ႀကီးကို ေဆာင္႐ြက္ရန္ အလြန္ခဲယဥ္းလွပါတယ္၊ မင္းအျဖစ္ကိုလည္း ကြၽႏု္ပ္အလိုမရွိပါ၊ အမႈထမ္း႐ုံသာ တတ္ပါတယ္၊ျပည္ေရးတိုင္းေရးကို မစီမံႏိုင္ပါ၊ စီမံႏိုင္သူ မင္းလုပ္ထိုက္သူကို ၫႊန္ျပမယ္ဟု ဆို၍ သူကိုယ္တိုင္က ထီးႏွင့္နန္းကိုျငင္းဆန္ကာ ဗညားဒလကို ၫႊန္ျပ၏၊ အမ်ားကလည္း လက္ခံသေဘာတူ ၾကေလသည္။(၆) အိုင္စတိုင္း – အစၥေရးျပည္ စတင္တည္ေထာင္ေတာ့ အစၥေရးျပည္သူတို႔က ဂ်ဴးမ်ိဳးႏြယ္ အိုင္စတိုင္းကို သမၼတတင္ေျမႇာက္ၾကဖို႔တညီ တၫြတ္တည္း ဆုံးျဖတ္ကာ အိုင္စတိုင္းကို သမၼတလုပ္ပါရန္ ေတာင္းပန္ၾကေတာ့ အိုင္စတိုင္းက ကြၽႏု္ပ္ဟာ သိပၸံပညာနဲ႔ေတာ့ နီးစပ္ပါတယ္၊လူေတြကို ကိုင္တြယ္စီမံခန္႔ခြဲ ေလာက္ေအာင္ထိေတာ့ ပါရမီမပါပါဘူး၊ သမၼတ မလုပ္ပါရေစနဲ႔ဟု ထီးႏွင့္နန္းကို ျငင္းဆန္ခဲ့ေလသည္။(၇) ေတမိမင္းသား – အေလာင္းေတာ္ေမြးဖြားစဥ္ မိုးႀကီးသည္းထန္စြာ ႐ြာသြန္းေသာေၾကာင့္ လည္းေကာင္း၊ အားလုံး၏ စိတ္ႏွလုံးကို ေပ်ာ္႐ႊင္မႈ ပီတိေသာမနႆႏွင့္ စိုစြတ္ေသာေၾကာင့္လည္းေကာင္း ေတမိယဟု မွည့္ေခၚၾက၏၊ အဓိပ္ပါယ်က စိုစြတ္ေစသူဟူ၍ ျဖစ္၏။ေတမိမင္းသားေလး ဆယ္လသားအ႐ြယ္တြင္ ဖခင္ ဗာရာဏသီ မင္းႀကီးက သားေတာ္ေလး ရင္ခြင္မွာထားၿပီးတရားဆုံးျဖတ္၏။တရားစီရင္ရာတြင္ တစ္ေယာက္ကို ႀကိမ္ဒဏ္ အခ်က္တစ္ေထာင္၊ တစ္ေယာက္ကို လက္ထိပ္ေျခထိပ္ခတ္ၿပီးအက်ဥ္းခ်ေစ၊ တစ္ေယာက္ကို သတ္ေစ၊ တစ္ေယာက္ကို ဆူးေျငႇာင့္ေတြအေပၚ၌ တင္ထားႏွိပ္စက္ေစဟု အမိန္႔ခ်မွတ္၏။ထိုအခါ ဘဝတစ္ခုမွာ မိခင္ေတာ္စပ္ခဲ့ဖူးေသာ ထီးေစာင့္နတ္သမီးက ငါ့သားေတမိယဘာမွမစိုးရိမ္နဲ႔၊ မင္းဒီေစာရေဂဟာမွ လြတ္ေျမာက္ခ်င္ရင္ အဆြံ႕ေယာင္ေဆာင္ပါ၊အ,အေယာင္ ေဆာင္ပါ၊ နားမၾကားတဲ့သူေယာင္ ေဆာင္ပါ၊ဟု အႀကံေပး၏။ေတမိမင္းသားေလးသည္ နတ္သမီး အႀကံေပးသည့္အတိုင္း ဆြံ႕အနားမၾကားေယာင္ေဆာင္ကာ မလႈပ္မယွက္ ေနေလေတာ့၏။အထိန္းေတာ္ေတြက ႏို႔ကို ပုံမွန္မတိုက္ဘဲႏွင့္ အကဲစမ္းရာ တစ္ႏွစ္ၾကာ၏။ မုန္႔ႏွင့္ျမဴဆြယ္တာက တစ္ႏွစ္ၾကာ၏။သစ္သီးႏွင့္ ျမဴဆြယ္တာက တစ္ႏွစ္ၾကာ၏။ အ႐ုပ္မ်ိဳးစုံျပ ျမဴဆြယ္တာက တစ္ႏွစ္ၾကာ၏၊ ေနာက္တစ္ႏွစ္ မုန္႔ေတြစားစရာေတြႏွင့္ ျမဴဆြယ္ၾကျပန္၏။ငါးႏွစ္သားအ႐ြယ္မွာ မီးႏွင့္ရႈိ႕ၿပီး ေျခာက္လွန္႔ၾက၏။ ေျခာက္ႏွစ္အ႐ြယ္မွာ ဆင္ႏွင့္တိုက္သတ္ဟန္ျပဳၿပီး ေျခာက္လွန္႔ၾက၏၊ ခုနစ္ႏွစ္သား အ႐ြယ္မွာ ေႁမြေတြႏွင့္ ေျခာက္လွန္႔ၾက၏။ရွစ္ႏွစ္အ႐ြယ္မွာ အတီးအမႈတ္ အကအခုန္ေတြႏွင့္ စမ္းသပ္ၾက၏။ကိုးႏွစ္အ႐ြယ္မွာ လူသတ္သမားေတြႏွင့္ ေျခာက္လွန္႔ၾက၏။ ဆယ္ႏွစ္သားအ႐ြယ္မွာ ခ႐ုသင္းႀကီးေတြမႈတ္ၿပီး စမ္းသပ္ၾက၏။ဆယ့္တစ္ႏွစ္သားအ႐ြယ္မွာ စည္ႀကီးတီး၍ စမ္းသပ္ၾက၏။ဆယ့္ႏွစ္ႏွစ္သားအ႐ြယ္မွာ အေမွာင္တိုက္ထဲထားၿပီး စမ္းသပ္ၾက၏။ထူးထူးဆန္းဆန္း ဆယ့္သုံးႏွစ္သားအ႐ြယ္မွာ တစ္ကိုယ္လုံး သကာရည္ေတြသုတ္၊ ယင္ေတြအုံ၊ ပု႐ြက္ဆိတ္ေတြကိုက္ေစၿပီး စမ္းသပ္ၾက၏။ဆယ့္ေလးႏွစ္သား အ႐ြယ္မွာ က်င္ႀကီး က်င္ငယ္ေတြ ထဲမွာထား၊ ယင္ေတြ၊ ေလာက္ေတြ တဖြားဖြားႏွင့္ စမ္းသပ္ၾက၏။ဆယ့္ငါးႏွစ္သားအ႐ြယ္မွာ ရွားမီးက်ီးခဲေတြႏွင့္ထားၿပီး စမ္းသပ္ၾက၏။ဆယ့္ေျခာက္ႏွစ္ အ႐ြယ္မွာေတာ့ အၾကမ္းနည္းႏွင့္ေတာ့ ရမွာမဟုတ္၊ အႏုနည္းႏွင့္စမ္းသပ္မည္ဟု တိုင္ပင္ကာ မိန္းမလွေလးေတြကို အနားမွာ ပြတ္သီးပြတ္သပ္ လုပ္ေစၿပီး စမ္းသပ္ၾက၏။အေလာင္းေတာ္ေတမိမင္းသားသည္ ထီးနန္းကို ေၾကာက္႐ြံ႕ေသာေၾကာင့္ တစ္ဆယ့္ေျခာက္ႏွစ္လုံးလုံး ဆြံ႕အ နားမၾကားေယာင္ေဆာင္ကာ မလႈပ္မယွက္ျဖင့္ ေအာင့္အီးသီးခံကာ အဓိဌာန္ပါရမီကို ေအာင္ျမင္ၿပီးေျမာက္ေစခဲ့သည္။ ယခုေဖာ္ျပေသာအထဲတြင္မပါေသာ္လည္း ထီးနန္းကို ျငင္းဆန္ခဲ့သူမ်ားတြင္ က်န္ရွိခဲ့ေသာ ဘုရင္တစ္ပါးမွာ က်န္စစ္သားျဖစ္သည္။မိမိအား ထီးနန္းကို အုပ္စိုးရန္ မႉးမတ္ျပည္သူတို႔ကေလွ်ာက္ထားေသာ္လည္း လက္မခံပဲ ၊ ထီးနန္းအုပ္ခ်ဳပ္ရန္ ေစာလူးမင္းကိုသြားေရာက္ကယ္ဆယ္ခဲ့ေသးကာ မတတ္သာသည့္ အဆုံးမွ ထီးနန္းကို ရယူခဲ့ျခင္းျဖစ္သည္။)