မေမေတို့အတွက် ကလေးကျိူ့ထိုးခြင်းကို သက်သာစေမယ့် နည်းလမ်း (၃) သွယ်

မေမေတို့ မသိပေမယ့် သားသားမီးမီးများက မေမေ့ ဗိုက်ထဲမှာနေကတည်းက ကျို့ထိုးတာပါ။ လူ့သက်တမ်းတလျောက် ကျို့ထိုးတဲ့ အကြိမ်ရေ အများဆုံးနှစ်က မွေးစ ပထမဆုံးနှစ်ပါ။တစ်နှစ်အောက်ကလေးများ မကြာခဏကျို့ထိုးတာ ပုံမှှန်ပါ။ အခြေခံကျကျ လေ့လာရအောင်။ ကျွန်မတို့ရဲ့ အစာအိမ် လျင်မြန်စွာ ပြည့်တင်းသွားရင် သို့မဟုတ် လိုတာထက် ပိုတင်းသွားရင် အစာအိမ်ရဲ့ အပေါ်က ရင်နဲ့ဝမ်းဗိုက်ခြားတဲ့ ကန့်လန့်ကာ ကြွက်သားလေးကို အစာအိမ်က သွားထိမိပါတယ်။ ထိမိတဲ့ ကြွက်သားလေးက ကိလိထိုးရင် ယားသလိုမျိုး ထထခုန်ပါတယ်။ ကြွက်သားထခုန်ချိန်မှာ လည်မျိုထဲက အသံအိုးလေးက လန့်ပြီး ပိတ်လိုက်တိုင်း ကျို့ထိုးသံလေး ထွက်လာပါတယ်။ကျို့ထိုးတာ အန္တရာယ် မရှိပါ။ ဒါပေမယ့် မိဘတွေက ကလေး ကျို့ထိုးတာ ကြည့်ပြီး သနားတယ်။ စိတ်ပူတယ်။ ဒါ့ကြောင့် ကလေးများ ကျို့ထိုးတာလျော့ပါးအောင် လုပ်ပေးနိုင်တဲ့ အချက်လေးများကို အုပ်စု ၃ စု ခွဲပြီး အကြံပေးပါမယ်ရှင့်။(၁) နို့မတိုက်ခင် – ကလေးတွေ ဗိုက်ဆာရင် ငိုပါတယ်။ အော်ငို ချိန်မှာ မျိုချလိုက်တဲ့ လေတွေက အစာအိမ်ထဲ ရောက်သွားတော့ နို့တိုက်တဲ့ အချိန်ကျ အမြန်ပြည့်တင်းပြီး ကျို့ထိုးပါတယ်။ ဒါကြောင့် ကလေး ငိုလောက်အောင် ဗိုက်မဆာခင် နို့ တိုက်ပါ။နို့သီးခေါင်းနဲ့ ကလေးပါးစပ် တည့်ရဲ့လား စစ်ပါ။ ပုံစံ မမှန်ရင် ကလေးစို့လိုက်တိုင်း လေတွေ ပါသွားမှာပါ။

(၂) နို့တိုက်နေစဉ် – နို့တိုက်ချိန် ကလေးခေါင်းနဲ့ လည်ပင်းလေး မတ်နေပါစေ။ ဒါမှ မျိုထားတဲ့ လေရှိရင်တောင် အပေါ်ကို အလိုလို ထွက်လွယ်မှာပါ။နို့ဗူးတိုက်ရင် ၄၅ ဒီဂရီ အပေါ်ထောင်တိုက်ပါ။ နို့ဗူးရဲ့ ချိုလိမ်ပေါက် မကြာခဏ စစ်ဆေးပါ။ သိပ်ကျယ်နေရင် အစာအိမ် အမြန်တင်းကားသွားနိုင်ပါတယ်။နို့တိုက်ရင်း ကလေးအသက်ရှူသံ နားထောင်ပါ။ လည်ပင်းထဲ ဂွီးဂွီးဂေါ်ဂေါ် စဆူညံလာရင်နို့တိုက်ခဏ ရပ်ပါ။ လေထုတ်ပေးပါ။ကလေးနို့စို့မြန်တဲ့ အသံမို့လို့ အစာအိမ် အမြန် ပြည့်ကားမသွားအောင် တားဆီးတာပါ။ နို့တိုက်ရင်း ကျို့ထိုးလာရင် ၁၀-၁၅ မိနစ်လောက် ရပ်လိုက်ပါ။ အစာအိမ် ထပ်မတင်းကားအောင် အချိန်ပေးတာပါ။ ပမာန နည်းနည်းနဲ့ အကြိမ်ရေ ပိုတိုက်ပါ။(၃) နို့တိုက်ပြီးချိန် – ကျို့ထိုးတတ်ရင် နို့တိုက်ပြီးတိုင်း ပြည့်နေတဲ့ အစာအိမ်ထဲက လေကိုထုတ်ပေးပါ။ ကလေးကို မိနစ် ၂ဝကြာ မတ်တပ်ချီပါ။ကျို့ထိုးလာရင် လေထပ်ထုတ်ပေးပါ။မရရင် ကျောကို ပွတ်ပေးတာ၊ အားမသုံးပဲ ဖွဖွလေးပုတ်ပေးတာမျိုး လုပ်နိုင်ပါတယ်။ဆက်ကျို့ထိုးနေသေးရင် ချိုလိမ်လေး တပ်ပေးလိုက်ပါ။ဆက်ထိုးနေသေးရင် ဘာမှ မလုပ်ပဲ အလိုလိုရပ်သွားချိန်ကိုသာ စောင့်လိုက်ပါ။ကလေးကို ခြောက်လှန့်ခြင်း, ကလေးလျှာကို ဆွဲထုတ်ခြင်းများက ကျို့ထိုးတာကို မရပ်တန့်စေပဲ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

Credot – နေနေမိုးဆွေ ( Child Health Myanmar )

[zawgyi]

ေမေမတို႔ မသိေပမယ့္ သားသားမီးမီးမ်ားက ေမေမ့ ဗိုက္ထဲမွာေနကတည္းက က်ိဳ႕ထိုးတာပါ။ လူ႔သက္တမ္းတေလ်ာက္ က်ိဳ႕ထိုးတဲ့ အႀကိမ္ေရ အမ်ားဆုံးႏွစ္က ေမြးစ ပထမဆုံးႏွစ္ပါ။တစ္ႏွစ္ေအာက္ကေလးမ်ား မၾကာခဏက်ိဳ႕ထိုးတာ ပုံမွွန္ပါ။ အေျခခံက်က် ေလ့လာရေအာင္။ ကြၽန္မတို႔ရဲ႕ အစာအိမ္ လ်င္ျမန္စြာ ျပည့္တင္းသြားရင္ သို႔မဟုတ္ လိုတာထက္ ပိုတင္းသြားရင္ အစာအိမ္ရဲ႕ အေပၚက ရင္နဲ႔ဝမ္းဗိုက္ျခားတဲ့ ကန႔္လန႔္ကာ ႂကြက္သားေလးကို အစာအိမ္က သြားထိမိပါတယ္။ ထိမိတဲ့ ႂကြက္သားေလးက ကိလိထိုးရင္ ယားသလိုမ်ိဳး ထထခုန္ပါတယ္။ ႂကြက္သားထခုန္ခ်ိန္မွာ လည္မ်ိဳထဲက အသံအိုးေလးက လန႔္ၿပီး ပိတ္လိုက္တိုင္း က်ိဳ႕ထိုးသံေလး ထြက္လာပါတယ္။က်ိဳ႕ထိုးတာ အႏၲရာယ္ မရွိပါ။ ဒါေပမယ့္ မိဘေတြက ကေလး က်ိဳ႕ထိုးတာ ၾကည့္ၿပီး သနားတယ္။ စိတ္ပူတယ္။ ဒါ့ေၾကာင့္ ကေလးမ်ား က်ိဳ႕ထိုးတာေလ်ာ့ပါးေအာင္ လုပ္ေပးႏိုင္တဲ့ အခ်က္ေလးမ်ားကို အုပ္စု ၃ စု ခြဲၿပီး အႀကံေပးပါမယ္ရွင့္။(၁) ႏို႔မတိုက္ခင္ – ကေလးေတြ ဗိုက္ဆာရင္ ငိုပါတယ္။ ေအာ္ငို ခ်ိန္မွာ မ်ိဳခ်လိုက္တဲ့ ေလေတြက အစာအိမ္ထဲ ေရာက္သြားေတာ့ ႏို႔တိုက္တဲ့ အခ်ိန္က် အျမန္ျပည့္တင္းၿပီး က်ိဳ႕ထိုးပါတယ္။ ဒါေၾကာင့္ ကေလး ငိုေလာက္ေအာင္ ဗိုက္မဆာခင္ ႏို႔ တိုက္ပါ။ႏို႔သီးေခါင္းနဲ႔ ကေလးပါးစပ္ တည့္ရဲ႕လား စစ္ပါ။ ပုံစံ မမွန္ရင္ ကေလးစို႔လိုက္တိုင္း ေလေတြ ပါသြားမွာပါ။(၂) ႏို႔တိုက္ေနစဥ္ – ႏို႔တိုက္ခ်ိန္ ကေလးေခါင္းနဲ႔ လည္ပင္းေလး မတ္ေနပါေစ။ ဒါမွ မ်ိဳထားတဲ့ ေလရွိရင္ေတာင္ အေပၚကို အလိုလို ထြက္လြယ္မွာပါ။ႏို႔ဗူးတိုက္ရင္ ၄၅ ဒီဂရီ အေပၚေထာင္တိုက္ပါ။ ႏို႔ဗူးရဲ႕ ခ်ိဳလိမ္ေပါက္ မၾကာခဏ စစ္ေဆးပါ။ သိပ္က်ယ္ေနရင္ အစာအိမ္ အျမန္တင္းကားသြားႏိုင္ပါတယ္။ႏို႔တိုက္ရင္း ကေလးအသက္ရႉသံ နားေထာင္ပါ။ လည္ပင္းထဲ ဂြီးဂြီးေဂၚေဂၚ စဆူညံလာရင္ႏို႔တိုက္ခဏ ရပ္ပါ။ ေလထုတ္ေပးပါ။ကေလးႏို႔စို႔ျမန္တဲ့ အသံမို႔လို႔ အစာအိမ္ အျမန္ ျပည့္ကားမသြားေအာင္ တားဆီးတာပါ။ ႏို႔တိုက္ရင္း က်ိဳ႕ထိုးလာရင္ ၁၀-၁၅ မိနစ္ေလာက္ ရပ္လိုက္ပါ။ အစာအိမ္ ထပ္မတင္းကားေအာင္ အခ်ိန္ေပးတာပါ။ ပမာန နည္းနည္းနဲ႔ အႀကိမ္ေရ ပိုတိုက္ပါ။(၃) ႏို႔တိုက္ၿပီးခ်ိန္ – က်ိဳ႕ထိုးတတ္ရင္ ႏို႔တိုက္ၿပီးတိုင္း ျပည့္ေနတဲ့ အစာအိမ္ထဲက ေလကိုထုတ္ေပးပါ။ ကေလးကို မိနစ္ ၂ဝၾကာ မတ္တပ္ခ်ီပါ။က်ိဳ႕ထိုးလာရင္ ေလထပ္ထုတ္ေပးပါ။မရရင္ ေက်ာကို ပြတ္ေပးတာ၊ အားမသုံးပဲ ဖြဖြေလးပုတ္ေပးတာမ်ိဳး လုပ္ႏိုင္ပါတယ္။ဆက္က်ိဳ႕ထိုးေနေသးရင္ ခ်ိဳလိမ္ေလး တပ္ေပးလိုက္ပါ။ဆက္ထိုးေနေသးရင္ ဘာမွ မလုပ္ပဲ အလိုလိုရပ္သြားခ်ိန္ကိုသာ ေစာင့္လိုက္ပါ။ကေလးကို ေျခာက္လွန႔္ျခင္း, ကေလးလွ်ာကို ဆြဲထုတ္ျခင္းမ်ားက က်ိဳ႕ထိုးတာကို မရပ္တန႔္ေစပဲ အႏၲရာယ္ျဖစ္ေစႏိုင္ပါတယ္။